တစ်ခါတလေ လူကို အရမ်းပင်ပန်းစေတာက “ပြဿနာ” ထက်
အဲဒီပြဿနာကို တစ်ယောက်တည်း သယ်ထားရတဲ့ feeling ကြောင့် ပိုပင်ပန်းနေရတာများပါတယ်
အထူးသဖြင့်—
• ကိုယ် အဆင်မပြေတာတွေကို မပြောရဲတာ
• ကိုယ့်ကို နားလည်မယ့်သူမရှိဘူးလို့ ခံစားရတာ
• ကိုယ်ပင်ပန်းနေတာကိုတောင် ဖုံးထားရတာ
• “ငါပဲ ခံနိုင်ရမယ်” ဆိုပြီး တင်းခံနေရတာ
ဒီလိုလုပ်ရပ်တွေက စိတ်ကို အမြဲ alert ဖြစ်နေစေတတ်ပါတယ်။
အပြင်က ပြဿနာတွေ မပြောင်းသေးပေမယ့် “တစ်ယောက်တည်း မဟုတ်တော့ဘူး” လို့ ခံစားရတဲ့အခါမှာ လူက နည်းနည်းပေါ့သွားသလို ခံစားချက်တွေ ဖြစ်တယ်
တချို့လူတွေက
“ငါ weak ဖြစ်လို့ ပင်ပန်းနေတာ” လို့ ထင်ကြပေမယ့်
တကယ်တော့
“တစ်ယောက်တည်း အကြာကြီး သယ်ထားရလို့” ပင်ပန်းနေတာမျိုးလည်း များပါတယ်။
ကိုယ့်ခံစားချက်ကို ဖွင့်ပြောလိုက်ရင် ပြဿနာချက်ချင်းမပျောက်သွားပေမယ့်—
- nervous system က safe ဖြစ်လာနိုင်တယ်
- တစ်ယောက်တည်းဆိုတဲ့ ခံစားချက်တွေ လျော့လာနိုင်တယ်
ပြီးတော့
“ငါ့ကို နားလည်ပေးနေတဲ့သူ ရှိတယ်” ဆိုတဲ့ feeling က စိတ်ကို ပြန်တည်ငြိမ်စေတတ်တယ်
တစ်ခုတော့ ရှိတယ်—
တချို့လူတွေက မျှဝေချင်ပေမယ့် “သူပင်ပန်းသွားမလား” “ကိုယ် burden ဖြစ်သွားမလား” ဆိုတဲ့စိုးရိမ်စိတ်ကြောင့် တိတ်နေတတ်ကြတယ်။
အဲဒီအချိန်မှာ ပင်ပန်းမှု + အထီးကျန်မှု နှစ်ခုလုံးကို တစ်ပြိုင်တည်း ခံနေရသလို ဖြစ်သွားနိုင်ပါတယ်။
ဒီအထိ စာတွေကို ဖတ်ပြီးသွားရင် တစ်ယောက်တည်းကြိတ်ခံစားနေရတာဟာ ကိုယ့်အတွက် ဘယ်လောက်အထိ အန္တရာယ်များနေတာကို သိသွားလိမ့်မယ်လို့ထင်ပါတယ်နော်
ပြီးတော့
ကိုယ်ခံစားနေရတဲ့ ပင်ပန်းမှုတွေကို / အထီးကျန်မှုတွေကို လျော့ချချင်တယ်ဆိုရင် ကိုယ့်အတွက် ယုံကြည့်ရတဲ့သူတစ်ယောက်ယောက်နဲ့ ရင်ဖွင့်ပြောဆိုကြည့်လိုက်ပါ
Aster Thi
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Aster Thi, Bangkok.
Coaching-Rs&Life ကြောင့်ဖြစ်လာတဲ့ပြဿနာတွေကိုမေးခွန်းမေးပြီး client ကိုယ်တိုင်ဖြေရှင်းချက်တွေ့လာအောင်ရှာပေးတယ်၊
Counseling-Psychological healing,Trauma resolution,Emotional regulation အပိုင်းတွေမှာကိုင်တွယ်ပေးတယ်။
telegram / viber contact no. +95978506517
move on ဖို့ဝန်းလေးနေတာဟာ move on ရဲ့အနက်အဓိပ္ပါယ်ကို လေးလေးနက်နက် နားမလည်ထားတာမျိုးလဲ ဖြစ်နိုင်တယ်
move on တယ်ဆိုတာဟာ အများအားဖြင့် လူတွေက
“မေ့သွားတာ”
“မချစ်တော့တာ”
“ဘာမှမခံစားတော့တာ” လို့ ထင်တတ်ကြတယ်။
ဒါပေမယ့် တကယ့် move on က အဲ့လောက် simple ဟုတ်မနေဘူး။
move on တယ်ဆိုတာဟာ—
• ဖြစ်ခဲ့တာကို ငြင်းမနေတော့တာ
• မဖြစ်နိုင်တော့တဲ့ future ကို တဖြည်းဖြည်း လက်လွှတ်လာနိုင်တာ
• နာကျင်နေသေးပေမယ့် ကိုယ့်ဘဝကို ပြန်လည်ရှင်သန်လာတာ
• “သူမပါဘဲနဲ့ ကိုယ့်ဘဝ ဆက်နေနိုင်တယ်” ဆိုတာကို အတွင်းထဲကနေ လက်ခံလာတာ ဖြစ်ပါတယ်။
တချို့လူတွေက move on ကို
“သူ့ကို မတွေးတော့မှ” လို့ ထင်ကြပေမယ့်
တကယ်တော့—
သူ့ကို သတိရသေးပေမယ့်
ကိုယ့်ကိုယ်ကို မပျောက်တော့တာ
ဒါလည်း move on ရဲ့အစိတ်အပိုင်းတစ်ခုပါ။
ဥပမာ—
အရင်က
- သူ reply မလာရင် တစ်နေ့လုံးပျက်သွားတယ်
- သူပြန်လာမလားဆိုပြီး အသက်ရှူသလို စောင့်နေတယ်
နောက်ပိုင်းမှာတော့
- သူ့ကို သတိရသေးတယ်
- သူ့ကြောင့် နာသေးတယ်
ဒါပေမယ့်
- ကိုယ့် routine ကို ပြန်လုပ်နိုင်လာတယ်
- ကိုယ့် future ကို ပြန်စဉ်းစားလာတယ်
- သူ့အပေါ်မှာပဲ emotional center မထားဖြစ်တော့ဘူးဆိုရင် move on ဖြစ်နေပါပြီ။
အချုပ်အားဖြင့်
move on တယ်ဆိုတာဟာ
“memory erase”လုပ်လိုက်တာမျိုး မဟုတ်ဘူး။
“pain နဲ့အတူ အသက်ရှင်နိုင်လာတာ” ကို ဆိုလိုတာပါ
• ညဘက် အိပ်စက်ဖို့ ခက်နေတဲ့သူတွေများရှိပါသလား?
• ဒီလိုမျိုးကို ခံစားနေရတာဟာ ဘယ်လောက်ကြာပြီးပြီးလဲ?
• ဒီလိုဖြစ်ရပ်ကြောင့် ကိုယ့်ရဲ့နေ့စဥ်ဘဝမှာ ဘယ်လောက်အခြေအနေအထိ တက်ရောက်မှုမျိုးကို ကြုံနေရပါသလဲ?
တကယ်လို့
body နဲ့ mind က “safe” မဖြစ်တဲ့အခြေအနေမှာဆိုရင် အိပ်မပျော်တာ၊ အိပ်ရခက်တာ၊ အိပ်ပျော်သွားပြီးလည်း မကြာခဏလန့်နိုးတာမျိုးတွေ အရမ်းဖြစ်တတ်ပါတယ်။
body and mind “safe”မဖြစ်ရတဲ့အကြောင်းအရင်းတွေကလည်း
1. Stress နဲ့ pressure ကို ကြာရှည်ခံထားရခြင်းကြောင့်
2. Emotionally unsafe relationship ကြောင့်
3. Childhood experiences / trauma ကြောင့်
4. Overthinking နဲ့ anxiety များခြင်းကြောင့်
5. Feelings တွေကို ဖိထားတာကြာခြင်းကြောင့်
6. Burnout / emotional exhaustion ကြောင့်
7. Environment က unstable ဖြစ်ခြင်းကြောင့်ပါ
အိပ်စက်ဖို့ ခက်နေတဲ့အချိန်မှာဆိုရင်
- မီးအလင်းလျှော့ထားခြင်း
- phone / stimulation လျှော့ခြင်း
- deep breathing ဖြည်းဖြည်းလုပ်ခြင်း
- warm shower သို့မဟုတ် warm drink
- ကိုယ့်ကို pressure မပေးဘဲ “အခုအနားယူနေရုံနဲ့လည်းရပြီ” လို့ body ကို signal ပေးခြင်း
ဒီလို လုပ်ပေးခြင်းအားဖြင့် ကိုယ်ရဲ့ body ကို safe အောင် လုပ်ပေးနိုင်သလို ကိုယ့်အတွက် အိပ်စက်ရတာလည်း ပိုပြီး အထောက်ကူဖြစ်စေနိုင်ပါတယ်
စိတ်အရမ်းကျပြီးနောက် အိပ်စက်ဖို့ခက်နေတဲ့ကိုယ့်ရဲ့အခြေအနေတွေကို ကိုယ့်အပေါ်စိတ်လုံခြုံမှုပေးနိုင်တဲ့သူမျိုးနဲ့မှ ရင်ဖွင့်ချင်တယ်၊ ဆွေးနွေးချင်တယ်၊ တိုင်ပင်ချင်တယ်ဆိုရင် counseling session ရှိပါတယ်နော်
ို့အတွက် Relationship & Mental Awareness Counselor Aster Thi
ဒီခံစားချက်တွေကို စပြီး ခံစားနေရပြီဆိုမှတော့ ကိုယ့်ရဲ့ energy တွေကလည်း စပြီး low ဖြစ်နေပါပြီ
ဒါမှမဟုတ်
ကိုယ့်ရဲ့ energy တွေ low ဖြစ်နေပြီးလျှင် ဒီခံစားချက်တွေကို စပြီး ခံစားနေရပါပြီ
အဲ့ဒီ ခံစားချက်တွေကတော့.......
Anger-
“တစ်ခုခုဆီက မတရားခံရတယ်၊ ထိခိုက်ခံရတယ်၊ boundary ကျော်ခံရတယ်၊ လိုအပ်ချက် မဖြည့်ဆည်းခံရဘူး” လို့ ခံစားရတဲ့အခါ ပေါ်လာတဲ့ emotion တစ်ခုပါ။
Desire-
“တစ်ခုခုကို လိုချင်ခြင်း၊ တောင့်တခြင်း၊ ရယူချင်ခြင်း” ဆိုတဲ့ အတွင်းက drive / wanting feeling ကို ပြောတာပါ။
Fear-
“အန္တရာယ်ရှိနိုင်တယ်၊ ထိခိုက်နိုင်တယ်၊ ဆုံးရှုံးနိုင်တယ်” လို့ brain နဲ့ body က perceive လုပ်တဲ့အခါ ပေါ်လာတဲ့ အခြေခံ emotion တစ်ခုပါ။
Grief -
“ကိုယ်လုပ်ခဲ့တဲ့ အရာတစ်ခုခုက မမှန်ဘူး၊ တစ်ယောက်ယောက်ကို ထိခိုက်စေခဲ့တယ်၊ ကိုယ့် values နဲ့ မကိုက်ညီဘူး” လို့ ခံစားရတဲ့ စိတ်ခံစားမှုကို ပြောတာပါ။
Apathy -
“ဘာမှ စိတ်မပါတော့တာ၊ စိတ်ဝင်စားမှု လျော့နည်းသွားတာ၊ အတွင်းက drive / motivation မရှိတော့သလို ခံစားရတာ” ကို ပြောတာပါ။
Guilt - စိတ်မပါတော့တာ၊ စိတ်ဝင်စားမှု လျော့နည်းသွားတာ၊ အတွင်းက drive / motivation မရှိတော့သလို ခံစားရတာ” ကို ပြောတာပါ။
Shame- “ကိုယ်က မလုံလောက်ဘူး၊ မကောင်းဘူး၊ တန်ဖိုးမရှိဘူး” လို့ ကိုယ့် identity တစ်ခုလုံးအပေါ် နာကျင်စွာ ခံစားရတဲ့ emotion ကို ပြောတာပါ။
ညဘက်ဆိုရင် အထီးကျန်ပြီး အိပ်မပျော်နေတဲ့လူတွေများ ရှိပါသလား???
တကယ်တမ်း“အထီးကျန်ခြင်း” ဆိုတာဟာ အမြဲတမ်း ကိုယ့်အနားမှာ လူမရှိလို့ခံစားရတာမျိုး မဟုတ်ပါဘူး။
တစ်ခါတလေ “ကိုယ့်စိတ်ကို နားလည်ပေးမယ့် connection မရှိတော့ဘူး” လို့ခံစားရတဲ့အချိန်တွေမှာ အထီးကျန်ခြင်းကို ပိုပြီးခံစားရတတ်ပါတယ်။
အထီးကျန်ပြီး အိပ်မရတာဟာ တစ်ခါတလေ “တစ်ယောက်တည်းရှိနေလို့” ထက် ပိုနက်တဲ့အရာတွေကြောင့် ဖြစ်တတ်ပါတယ်။
အထူးသဖြင့်.....
ညဘက် အထီးကျန်ပြီး အိပ်မပျော်တဲ့သူတွေမှာ အများဆုံးတွေ့ရတဲ့အကြောင်းအရင်းတွေက —
ကိုယ်ကိုတိုင်ရဲ့စိတ်ထဲမှာ တစ်ခုခုကို ဆွဲထားနေမိတာ
ဥပမာ-
မေ့မရတဲ့လူ၊
မဖြေရှင်းရသေးတဲ့ relationship၊
နာကျင်မှု၊
regret တွေက ညဘက်တိတ်ဆိတ်တဲ့အချိန်မှာ ပိုထင်ရှားလာတတ်တယ်။
ကိုယ်ကိုတိုင်က Overthinking / anxiety များနေခြင်း
“ဘာဖြစ်မလဲ” “ဘာကြောင့်ဒီလိုဖြစ်တာလဲ” ဆိုတဲ့အတွေးတွေက nervous system ကို alert mode ထဲမှာထားတတ်လို့ ခန္ဓာကိုယ်က အနားမယူနိုင်ဘူး။
ကိုယ်ကိုတိုင်က Emotional emptiness ဖြစ်နေခြင်း
ကိုယ့်ကိုနားလည်ပေးမယ့်သူ မရှိသလိုခံစားရတာ၊ connection ပျောက်သလိုခံစားရတာက အထီးကျန်မှုကို ပိုကြီးစေတယ်။
Survival mode ထဲမှာရှိနေခြင်း
ဥပမာ-
စိတ်နာခြင်း၊ shock၊ rejection၊ loss တွေကြုံပြီးတဲ့နောက်မှာ brain က “safe မဖြစ်သေးဘူး” လို့ထင်နေတတ်တယ်။
အဲ့ဒီအခါ body က relax မဖြစ်နိုင်လို့ အိပ်မပျော်တာတွေ ဖြစ်လာတတ်တယ်။
ကိုယ့်ကိုကိုယ် disconnect ဖြစ်နေခြင်း
ကိုယ်ဘာခံစားနေရလဲ၊ ဘာလိုအပ်နေလဲကို မသိတော့တဲ့အခါ အတွင်းမှာ empty ဖြစ်ပြီး lonely feeling ပိုလာတတ်တယ်။
အချုပ်အားဖြင့်
အထီးကျန်ခြင်းဆိုတာဟာ စိတ်ထဲမှာ မဖြေရှင်းရသေးတဲ့ခံစားချက်၊ လုံခြုံမှုမရှိတဲ့ခံစားချက်၊ သို့မဟုတ် စိတ်နဲ့ခန္ဓာက stress mode ထဲမှာ ရှိနေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဒီအထိ ကိုယ်က ဖတ်ရှူ့လေ့လာပြီးလျှင် အထီးကျန်ခြင်းရဲ့အဓိပ္ပါယ်နဲ့ အကြောင်းတရားတွေကို သိသွားမယ်လို့ ထင်ပါတယ်နော်
တကယ်လို့ ကိုယ်က အထီးကျန်ပြီး ညဘက် အိပ်မပျော်နေတဲ့ပြဿနာအတွက် အဖြေရှာဖွေချင်တယ်ဆိုရင် One On One Counseling Service Session ရှိပါတယ်နော်
ို့အတွက် Relationship & Mental Awareness Counselor Aster Thi
ကိုယ့်ကိုကိုယ် ခွင့်လွတ်ဖို့ ခက်နေတဲ့သူတွေမှာ
အများဆုံးတွေ့ရတတ်တာက “အမှားတစ်ခုကို လုပ်ခဲ့တယ်” ဆိုတာထက်
“အဲဒီလုပ်ခဲ့မိတဲ့အမှားကြောင့် ငါဟာ မကောင်းတဲ့လူဖြစ်သွားပြီ” လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ထားခြင်းတွေနဲ့ပြည့်နေတတ်ပါတယ်
အများအားဖြင့် ထပ်တွေ့ရတတ်တာတွေက —
အတိတ်ကို အမြဲပြန်တွေးနေတတ်ခြင်း
“အဲ့တုန်းက အဲလိုမလုပ်ခဲ့ရင်…” ဆိုတဲ့ နောင်တ အတွင်းထဲမှာပဲ လည်နေတတ်တယ်။
ကိုယ့်ကိုကိုယ်အပေါ် တင်းကျပ်လွန်းတဲ့ standards တွေရှိနေခြင်း
အမှားလုပ်ခွင့်ကို ကိုယ့်ကိုကိုယ် မပေးနိုင်ဘူး။
“ငါက ဒီလိုမဖြစ်သင့်ဘူး” ဆိုတဲ့စိတ်က များတယ်။
guilt နဲ့ shame ကို ခွဲမမြင်နိုင်ခြင်း
guilt က “ငါအမှားလုပ်ခဲ့တယ်”
shame က “ငါက အမှားလုပ်ဖြစ်နေတဲ့လူပဲ”
ကိုယ့်အနေနဲ့ guilt ကို များများခံစားရတဲ့အခါမှာ shame ဘက်ကို ပိုဦးတည်လာတယ်။
ကိုယ့်ကို နာကျင်စေတဲ့ self-talk တွေ ပြောများနေခြင်း
“ငါက အသုံးမကျတဲ့လူပဲ”
“ငါက မထိုက်တန်ဘူး”
“ငါကြောင့်ပဲ ဖြစ်ရတာပါ” ဆိုတဲ့အတွေးတွေ များတတ်တယ်။
control လုပ်ချင်စိတ်ကြီးနေခြင်း
အတိတ်ကို ပြန်ပြင်လို့မရတာကို လက်မခံနိုင်သေးဘူး။
ဒါကြောင့် စိတ်က အတိတ်မှာပဲ stuck ဖြစ်နေတတ်တယ်။
ကိုယ့်ကိုကိုယ် ဘယ်လိုလူလို့ သတ်မှတ်ထားလဲဆိုတော့
“ငါက တာဝန်ယူတတ်တဲ့လူတစ်ယောက် ဖြစ်ရမယ်”
“ငါက ဘယ်တော့မှ မမှားသင့်ဘူး” ဆိုတဲ့ identity တွေက ပြိုသွားတဲ့အခါကျရင် ကိုယ့်ကိုကိုယ် ခွင့်မလွတ်နိုင်တော့ဘူး။
နာကျင်မှုကို punishment အဖြစ် ကိုင်ထားတတ်ခြင်း
တချို့က ကိုယ့်ကိုကိုယ် နားမလည်တဲ့အခါမှာဆိုရင်
“ငါ နာနေရင်ပဲ ငါ့အမှားအတွက် ပေးဆပ်နေတာ” လို့ ခံယူထားတတ်တယ်။
ဒါကြောင့် ပျော်ရွှင်ခွင့်ကိုတောင် ကိုယ့်ကိုကိုယ် မပေးနိုင်တော့ဘူး
တကယ်တော့ ကိုယ့်ကိုကိုယ် ခွင့်လွတ်ခြင်းဆိုတာဟာ
“ငါ လုပ်ခဲ့တာ မှန်တယ်” လို့ အတည်ပြုရတာမျိုးမဟုတ်ပါဘူး။
“ငါက လူသားတစ်ယောက်ဖြစ်လို့ အမှားလုပ်နိုင်တယ်၊ ငါမှာ မှားပိုင်ခွင့်ရှိတယ်၊ ဒါပေမယ့် ဒီအမှားတစ်ခုတည်းနဲ့ ငါ့တန်ဖိုးတစ်ခုလုံးကို မသတ်မှတ်ရဘူး၊ ငါ့ဘဝတစ်ခုလုံးကို မသတ်မှတ်ရဘူး” လို့ နားလည်လာတာက ပိုကောင်းပါတယ်နော်။
ဒီအထိ ကိုယ့်အနေနဲ့ ဖတ်ရှုလေ့လာပြီးလျှင် ဘယ်အချက်တွေက ကိုယ်နဲ့ ငြိနေလဲဆိုတာကို သတိထားမိလောက်မယ်လို့ ထင်ပါတယ်နော်
Rs & Life ကြောင့် ကိုယ့်ရဲ့ Personal Problem တွေကို ရင်ဖွင့်ချင်တယ်၊ ဆွေးနွေးချင်တယ်၊ တိုင်ပင်ချင်တယ်၊ အဖြေရှာချင်တယ်ဆိုရင် Counseling Session ကို join နိုင်ပါတယ်နော်
ို့အတွက် Relationship & Mental Awareness Counselor Aster Thi
လွတ်ချဖို့ခက်တဲ့သူတွေမှာ
တွေရတဲ့ အတွင်းပိုင်း ခံယူချက်ချက်တွေ၊ အဓိပ္ပါယ်ဖွင့်ထားပုံတွေ၊ လုံခြုံမှုလိုအပ်ချက်တွေက
➰ ဒီလူရှိမှ ငါလုံခြုံတယ်.....
➰ ဒီလူမရှိရင် ငါမတည်ငြိမ်တော့ဘူး.....
➰ သူ့ရှိမှ ငါအေးချမ်းတယ်.....
➰ သူမရှိရင် ငါဘာမှမဟုတ်တော့ဘူး.....
➰ သူပျောက်သွားရင် ငါပြိုကျမယ်.....
➰ ဒီလူကိုဆုံးရှုံးလိုက်ရရင် ငါ့ဘဝပျက်သွားမယ်.....
➰ ဒီလူမရှိရင် ငါတစ်ယောက်တည်းမရှင်သန်နိုင်တော့ဘူး.....
➰ သူကပဲ ငါ့ဘဝရဲ့ အဓိပ္ပါယ်.....
➰ သူ့ကို လွတ်လိုက်ရင် ငါရှုံးသွားမယ်.....
➰ သူ့ကိုလွတ်လိုက်ရင် ငါတန်ဖိုးမရှိတော့ဘူး.....
➰ တစ်ခါတည်း ချစ်ခဲ့ရင် ထာဝရဖြစ်ရမယ်.....
➰ သူမရှိရင် ငါအဆင်မပြေတော့ဘူး.....
➰ သူမရှိရင် ငါတန်ဖိုးမရှိတော့ဘူး.....
➰ ဒီလူပဲ ငါ့အတွက် အကောင်းဆုံး.....
➰ သူမရှိရင် ငါမပြည့်စုံတော့ဘူး.....
➰ ငါ့ကို နားလည်ပေးနိုင်တာ သူပဲ.....
➰ ဒီ relationship ပျက်သွားရင် ငါရှုံးသွားမယ်.....
➰ သူ့ကို လွတ်လိုက်ရင် ငါ့အချစ်က အဓိပ္ပါယ်မရှိတော့ဘူး.....
➰ တစ်နေ့တော့ သူ ပြန်လာမယ်.....
➰ ငါသာ ပိုကောင်းခဲ့ရင် ပျက်မှာမဟုတ်ဘူး.....
➰ သူ့ကို မမေ့နိုင်တာဟာ အချစ်စစ်လို့ပါ.....
➰ သူ့ကို လွတ်လိုက်ရင် ငါ့ကိုယ်ငါ သစ္စာဖောက်သလို ဖြစ်မယ်.....
ဆိုတဲ့ ဒီလိုခံယူချက်တွေ၊ အဓိပ္ပါယ်ဖွင့်ထားပုံတွေ၊ လုံခြုံမှုလိုအပ်ချက်တွေကြောင့် လွတ်ချဖို့ ကြိုးစားလိုက်တိုင်း —
• ကြောက်စိတ်
• ဝမ်းနည်းမှု
• နာကျင်မှု
• အလွတ်ခံရသလိုခံစားရမှု
• ကိုယ်ပျောက်သွားသလိုခံစားရမှု တွေ တက်လာတတ်တာပါ။
လက်ရှိ ကိုယ်က တစ်ဖက်လူနဲ့ပတ်သက်ပြီး လွတ်ချဖို့ခက်ခဲဖြစ်နေတယ်ဆိုတာဟာ
👉 သူ့ကို ကိုယ်က ဘာနဲ့ချိတ်ပြီး ခံယူထားလဲ?
👉 သူ့ကို ကိုယ်က ဘာနဲ့ချိတ်ပြီး အဓိပ္ပါယ်ဖွင့်ထားလဲ?
👉 သူ့ကို ကိုယ်က ဘာနဲ့ချိတ်ပြီး attachment လုပ်ထားလဲ?
သူ့အပေါ် ကိုယ် ချိတ်ထားတဲ့ ခံယူချက်တွေ၊ အဓိပ္ပါယ်ဖွင့်ဆိုပုံတွေ၊ attachment တွေကို သိပြီးလျှင် ကိုယ့်ကိုကိုယ် self connection မိနေအောင် တည်ဆောက်ထားဖို့လိုနေပါပြီ
သူနဲ့ပတ်သက်တာတွေကိုပဲ ကိုယ်စိတ်ရောက်နေတာမျိုးမဟုတ်ဘဲနဲ့.....
ကိုယ့်ကိုကိုယ် self connection မိနေအောင် ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့နည်းမျိုးကို ကိုယ်က One On One အနေနဲ့လည်း ဆွေးနွေး၊ အဖြေရှာချင်တယ်ဆိုရင် Athi ရဲ့ Counseling Session လာပြီး join နိုင်ပါတယ်နော်
ို့အတွက်Relationship & Mental Awareness Counselor Aster Thi
relationship တစ်ခု အဆုံးသတ်သွားတဲ့အခါမှာ
အများစုတော့လူတွေက တစ်ဖက်သူကိုပဲ ကိုယ်ဆုံးရှုံးလိုက်ရတာမဟုတ်ဘဲနဲ့.....ကိုယ့်ကိုကိုယ်ပါ ပျောက်ဆုံးသွားသလို ခံစားလိုက်ရတာများတယ်
ဘာလို့လဲဆိုတော့
ကိုယ့်ရဲ့အချိန်တွေ ၊ ကိုယ့်ရဲ့စိတ်ခံစားမှုတွေ ၊ ကိုယ့်ရဲ့အနာဂတ်တွေ ၊ ကိုယ့်ရဲ့ identity တချို့တွေကို ဒီလူနဲ့အတူတူ ထည့်ထားခဲ့လို့ပါ
ဥပမာ _
ငါ = သူချစ်တဲ့လူ
ငါ့အနာဂတ် = သူနဲ့အတူ
လို့ စိတ်ထဲမှာ တည်ဆောက်ထားလိုက်တဲ့အခါ
သူထွက်သွားရင်
သူတစ်ယောက်ပဲ ပျောက်သွားတာမဟုတ်ဘူး။
တစ်ခါတလေ “ကိုယ်သိထားတဲ့ ကိုယ့်ပုံစံ” ပါ ပျောက်သွားသလို ဖြစ်တတ်တယ်။
ဥပမာ _
နေ့တိုင်း message ပို့နေကျ → အခု မရှိတော့
အရာရာကို share လုပ်နေကျ → အခု တိတ်ဆိတ်သွား
သူနဲ့ပတ်သက်ပြီး စဉ်းစားရင်း ဘဝကိုတည်ဆောက်ထား → အခု direction ပျောက်သွား
အဲ့ဒီ ကွာဟချက်ကြီးကြောင့် ဦးနှောက်က
“ဒါဆို ငါ ဘယ်သူလဲ?”ဆိုတာကို ပျောက်သွားတယ်
တစ်ချို့အချိန်တွေမှာ
ကိုယ်ပျောက်ဆုံးသလို ခံစားရတာက
relationship ကို ဆုံးရှုံးရတာထက်
ကိုယ်ယုံကြည်ထားတဲ့ အနာဂတ် ကို ဆုံးရှုံးလိုက်ရတာလည်း ဖြစ်နိုင်တယ်။
ဥပမာ _
ဒီလူနဲ့ပဲ ဘဝဆက်မယ်
ဒီလူက ငါ့ safe place
သူမရှိရင် ငါမဖြစ်ဘူးဆိုတဲ့
အဲ့လို ကိုယ့်ရဲ့ခံယူချက်ကြောင့် ကိုယ့်အနားမှာ သူမရှိတော့တဲ့အခါမှာ emotion shock လိုမျိုးဝင်လာပြီး
empty ဖြစ်သလို
numb ဖြစ်သလို
direction မရှိသလို
ကိုယ့်ကိုကိုယ် မသိတော့သလို
ခံစားရတတ်ကြပါတယ်။
ဒါပေမယ့် အဲ့ဒါက “ကိုယ်တကယ်ပျောက်သွားပြီ” ဆိုတာမဟုတ်ပါဘူး။
relationship ထဲမှာ တစ်စုတစ်စည်းတည်းဖြစ်နေခဲ့တဲ့ “ကိုယ့်အစိတ်အပိုင်းတွေ” ကို ပြန်ရှာနေရတဲ့ ကာလတစ်ခုဖြစ်နိုင်ပါတယ်။
ဥပမာ _
ကိုယ်ဘာကြိုက်တတ်လဲ
ကိုယ်ဘာလိုချင်လဲ
ကိုယ်ဘယ်လိုလူမျိုးလဲ
ဆိုတာကို အသစ်တစ်ဖန်ပြန်ရှာပြီး သိလာရမဲ့ကာလတစ်ခုပါ
ဒီလို ကိုယ်ကြိုက်တတ်တဲ့အရာ၊ ကိုယ်လိုချင်တဲ့အရာ၊ ကိုယ်ဘယ်လိုလူမျိုးလဲဆိုတဲ့အရာကို သိဖို့ဆိုရင် ကိုယ့်ဖိထားတဲ့ခံစားချက်တွေ ဆီကနေ၊ ကိုယ့်နာကျင်နေရတဲ့အပြုအမူတွေ ဆီကနေ ရှာဖွေရင်းနဲ့မှ သိလာနိုင်ပါမယ်
ို့အတွက် Aster Thi (Relationship & Mental awareness) Counselor
စိတ်တည်ငြိမ်မှုမရှိတဲ့လူတစ်ယောက်မှာ တွေ့ရတတ်တဲ့ အပြုအမူတွေက —
သူ့အနေနဲ့ ခံစားချက်အပြောင်းအလဲ မြန်ခြင်း.....
တစ်ခဏက ပျော်ရွှင်နေပြီး ခဏနေရင် ဒေါသထွက်သွားတာ
သေးသေးလေးကိုတောင် သူ့ဘက်က emotional reaction ကြီးသွားတာ
အတွေးလွန်တာ နဲ့ စိတ်အတက်အကျ အရမ်းများတာ
အလွန်အကျွံ sensitive ဖြစ်ခြင်း.....
ငြင်းပယ်ခံရတာ၊ လစ်လျူရှုတာမျိုး လုပ်ခံရတာကို အရမ်းနာကျင်တာ
“သူငါ့ကိုမချစ်တော့ဘူးလား” ဆိုတဲ့အတွေးမျိုး အမြန်ဝင်တာ
tone change သေးသေးလေးကိုတောင် threat လိုခံစားတာ
relationship မှာ ဝေးလာရင် တွယ်ကပ် / နီးလာရင် တွန်းထုတ် pattern ဖြစ်ခြင်း.....
တစ်ဖက်လူကို အရမ်းလိုချင်ပြီးဆိုရင် အနားကပ်ချင်တာ
ဒါပေမယ့် နာကျင်ရမှာကြောက်လို့ဆိုပြီး တစ်ခါတစ်လေ ထွက်ပြေးချင်တာ
“မထားခဲ့ပါနဲ့” နဲ့ “နီးမလာနဲ့” ကြား oscillate ဖြစ်နေတတ်တာ
self-worth မတည်ငြိမ်ခြင်း.....
ကိုယ့်တန်ဖိုးကို သူများ reaction ပေါ်မူတည်တာ
ဂုဏ်ပြုခံရရင် အရမ်းတက်ကြွပြီး ဝေဖန်ခံရရင် အရမ်းစိတ်ကျတာ
ကိုယ့်ကိုယ်ကို အပြစ်တင်လွယ်တာ
အရာရာကို control လုပ်ချင်ခြင်း.....
မသေချာရေးရာမှုကို မခံနိုင်တာ
reply delay, plan change, silence တွေကြောင့် anxiety တက်တာ
control မရရင် panic / anger / shutdown ဖြစ်တာ
stress တက်ရင် survival mode ဝင်သွားခြင်း.....
ဒေါသထွက်
ရှောင်ထွက်
ဘာမှမလုပ်နိုင်
လူတိုင်းကို pleasing လုပ်
စိတ်ထဲကနဲ့ အပြင်ကအမူ မကိုက်ညီခြင်း.....
“အဆင်ပြေပါတယ်” လို့ပြောပေမယ့် အတွင်းမှာပြိုနေခြင်း
တကယ်လိုအပ်တာကို မပြောနိုင်ဘဲ သွယ်ဝိုက်တဲ့အပြုအမူတွေနဲ့ ထွက်လာတာ
တည်ငြိမ်မှုထက် ချက်ချင်းစိတ်သက်သာနိုင်မယ့်လမ်း ကို ရွေးတတ်ခြင်း.....
loneliness ဖြစ်မှာကြောက်လို့ toxic relationship ကိုပါ မလွှတ်ချနိုင်တာ
emotional pain ကို social media, attachment, avoidance နဲ့ numb လုပ်ချတာ
body symptoms တွေပါ တွဲလာနိုင်ခြင်း.....
ရင်တုန်
အသက်ရှူမဝ
အိပ်မပျော်
ပင်ပန်းနွမ်းနယ်
အစာစား pattern ပျက်
ဒါတွေရှိတယ်ဆိုတာနဲ့ “လူမကောင်း” လို့ မဆိုလိုပါဘူး
“အမြဲတမ်း weak” ဖြစ်နေတဲ့သူလို့လည်း မဆိုလိုပါဘူး။
ကိုယ့်အတွင်းမှာ stress, fear, unresolved pain, insecurity တွေများနေတာကြောင့် ကိုယ့်ရဲ့အပြုအမူတွေက ဒီလိုမတည်ငြိမ်မှုတွေ ဖြစ်နေတာပါ
ပြီးတော့ ကိုယ့်အနေနဲ့ စိတ်တည်ငြိမ်မှုကို ဘာကြောင့် လိုအပ်ပါသလဲ
👉 အတွေးနဲ့ခံစားချက်တွေက ကိုယ့်ကို ဝါးမျိုးမသွားဖို့
👉 ကိုယ်တန်ဖိုးထားရတဲ့ relationship တွေကို လွယ် လွယ်ကူကူနဲ့ ပျက်စီးမသွားဖို့
👉 Stress တွေကို ခံနိုင်ရည်ရှိဖို့
👉 ဆုံးဖြတ်ချက်တွေမှာ ရှင်းလင်းပြတ်သားဖို့
👉 ကိုယ့်တန်ဖိုးတွေကို ကိုယ်မြင်လာဖို့
👉 နာကျင်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ပါ
ပြီးတော့ စိတ်တည်ငြိမ်မှုကို ဘယ်လိုနည်းနဲ့ တည်ဆောက်လို့ရနိုင်လဲ
ကိုယ့်ကိုကိုယ် သိရှိဖို့နဲ့ ကိုယ့်ကိုကိုယ်နားလည်ဖို့ လိုပါမယ်
အများစုကတော့ ကိုယ်ခံစားနေတဲ့အရာတွေကို သိကျပေမယ့် ဒီခံစားချက်၊
ဒီအတွေးတွေက ဘယ်ကနေဖြစ်တည်လာတာလဲဆိုတာမျိုးကို ကိုယ်ကိုတိုင် နားမလည်ကြဘူး
အဲ့ကြောင့်လည်း ကိုယ့်ရဲ့အတွေး၊ ခံစားချက်တွေက ကိုယ့်ကို ဝါးမျိုးသွားတာပါ
Rs & Life ကြောင့် ကိုယ့်အနေနဲ့ အတွေးလွန်နေတာတွေ၊ အားငယ်စိတ်တွေ၊ သိမ်ငယ်စိတ်တွေ၊ စိုးရိမ်စိတ်တွေ၊ နာကျင်မှုတွေကို ခံစားနေရတယ်၊ ဒီခံစားချက်ကနေလဲ ရုန်းထွက်ချင်ပေမယ့် ကိုယ့်ဘာကိုယ် နားလည်ဖို့ခက်နေတယ်ဆိုရင် One On One Counseling Session ကို join ပြီး ကိုယ့်ကိုကိုယ် နားလည်နိုင်ဖို့ အဖြေရှာကြည့်ပါ
တကယ်လို့ ပြဿနာတွေ၊ အဆင်မပြေမှုတွေ ကြုံလိုက်တဲ့အခါမှာ အများစုက ငါကျမှ ဖြစ်ရလေခြင်း လို့ တွေးမိလိုက်တဲ့အခါကျရင်
ဘာလို့ ငါပဲဆိုတဲ့ မတရားခံစားမှု
ပင်ပန်းမှု
အားမလိုအားမရ ဖြစ်မှု
ကိုယ့်ဘဝကို ထိန်းမရတော့သလို ခံစားရမှု
တစ်ယောက်တည်း ခံနေရသလို အထီးကျန်မှု
ငါ့မှာ တစ်ခုခု မှားနေပြီလားဆိုတဲ့ ကိုယ့်ကိုကိုယ် သံသယစိတ် စသဖြင့် ဒီလိုခံစားချက်တွေ ထွက်ပေါ်လာတတ်ပါတယ်
အဲ့ဒီအချိန်မှာဆိုရင် ဦးနှောက်က ပြဿနာဖြေရှင်းတဲ့ဘက်ကို သွားဖို့ထက်
အန္တရာယ်ရှိတယ်ဆိုတဲ့ထဲကို ဝင်သွားတတ်ပါတယ်။
အဲ့လိုဝင်သွားနဲ့ —
• အတွေးတွေ အလွန်များလာမယ်
• အဆိုးဘက်ကိုပဲ မြင်လာမယ်
• အနာဂတ်ကို အဆိုးဆုံးနည်း နဲ့ တွေးလာမယ်
• ကိုယ့်ကိုကိုယ် နှိုင်းယှဉ်လာမယ်
• သေးသေးလေးကအစ burden ကြီးလို ခံစားလာမယ်
ခန္ဓာကိုယ် တုန့်ပြန်ပုံ လက္ခဏာအနေနဲ့ —
- ရင်တုန်တာ / နှလုံးခုန်မြန်တာ
- ရင်ဘတ်တင်းသလို ခံစားရတာ
- အသက်ရှူမဝသလို ဖြစ်တာ
- ပခုံး၊ လည်ပင်း၊ မေးရိုး တင်းနေခြင်း
- ခေါင်းကိုက် / ခေါင်းမူး
- အစာမဝင်တာ ဒါမှမဟုတ် အလွန်စားချင်လာတာ
- ဗိုက်အောင့်၊ ရင်အောင့်၊ ပျို့ချင်သလို ဖြစ်တာ
- ခန္ဓာကိုယ်မောနေပေမယ့် ဦးနှောက်က မနားနိုင်တာ
- ညဘက်အတွေးများပြီး အိပ်မပျော်တာ
- တိတ်တိတ်လေး freeze ဖြစ်ပြီး ဘာမှမလုပ်ချင်တော့တာ
- ဖုန်းပဲ scroll လုပ်နေချင်တာ၊ လူတွေနဲ့ ဝေးနေချင်တာ
တကယ်တော့
ဒါတွေဟာ stress တွေ၊ နာကျင်မှုတွေ၊ မျှော်လင့်ချက်ပျက်မှုတွေ များလာတဲ့အချိန်မှာ ဦးနှောက်က ထုတ်ပေးတဲ့ reaction တစ်မျိုး ဖြစ်နိုင်ပါတယ်။
ဒီလိုအချိန်မှာဆိုရင် ကိုယ့်အနေနဲ့ ဘာလုပ်ပေးသင့်လဲဆိုတော့
✅ ဒီဖြစ်နေတဲ့ ပြဿနာတွေကို ချက်ချင်းအဖြေရှာဖို့ထက်
ကိုယ့်ရဲ့ခန္ဓာကိုယ်ကို အရင်တည်ငြိမ်အောင်လုပ်ပေးပါ
✅ ကိုယ့်ရဲ့ခန္ဓာကိုယ် တည်ငြိမ်မှသာလျှင် ကိုယ့်ရဲ့စိတ်ကလည်း လိုက်ပြီး တည်ငြိမ်လာပါမယ်
✅ စိတ်တည်ငြိမ်လာတဲ့အခါကျမှ ဒီပြဿနာရဲ့အကြောင်းအရင်းတွေကို ရှာရတာ ကိုယ့်အတွက် လွယ်ကူပါမယ်
✅ ရှေ့ဆက်ပြီး ကိုယ့်အနေနဲ့ ဘယ်လိုလုပ်သင့်လဲဆိုတာကို နည်းတွေ့ပါမယ်
အများစုကတော့
👉 အဲ့ဒီခံစားချက်၊ အဲ့ဒီအတွေး၊ အဲ့ဒီခန္ဓာကိုယ် တုန့်ပြန်ပုံလိုနေရာမှာပဲ ဆက်ပြီး ပိတ်မိနေတာများပါမယ်
👉 ဒါကြောင့်လည်း ဒီပြဿနာ၊ ဒီအဆင်မပြေမှုကနေ ရုန်းမထွက်နိုင်သေးတာပါ
Rs & Life ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေ၊ အဆင်မပြေမှုတွေကို ဒီအတိုင်း အတွေးထဲ၊ ခံစားချက်ထဲ ကြာကြာမျောမနေအောင် ကိုယ့်ဘာသာကိုယ် စိတ်တည်ငြိမ်မှုရှိအောင် ဘယ်လိုပြန်တည်ဆောက်ပြီး ဒီအခက်အခဲတွေကနေ ဘယ်လိုကျော်လွားလို့ရနိုင်လဲဆိုတာကို One On One အနေနဲ့ အဖြေရှာချင်တယ်ဆိုရင် Counseling Service Session ကို join နိုင်ပါတယ်နော်
คลิกที่นี่เพื่อเป็นสมาชิก?
ที่ตั้ง
เว็บไซต์
ที่อยู่
Bangkok
เวลาทำการ
| จันทร์ | 07:30 - 19:30 |
| อังคาร | 07:30 - 19:30 |
| พุธ | 07:30 - 19:30 |
| พฤหัสบดี | 07:30 - 19:30 |
| ศุกร์ | 07:30 - 19:30 |
| เสาร์ | 09:00 - 19:30 |
| อาทิตย์ | 09:00 - 19:00 |