10/08/2024
ဒီလစ်နဲ့ရော မာဇာရာဝီနဲ့ပါ ဒဘလယ် Here We Go လိုက်တဲ့ မန်ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ် နောက်ခံကစားသမားတွေဖြစ်တဲ့ ဒီလစ်နဲ့ မာဇာရာဝီတို့ကို ခေါ်ယူဖို့ ဘိုင်ယန်နဲ့ သဘောတူညီသွားခဲ့တယ်လို့ ဗြိတိန် နာမည်ကြီး ဘောလုံးသတင်းထောက်ဖြစ်သူ ဒေးဗစ် အွန်စတိန်းက ဖော်ပြသွားခဲ့ပါတယ်။
ဒီလစ်အတွက် ပြောင်းရွှေ့ကြေး ယူရို (၄၅)သန်း + အပိုဆုကြေး ယူရို (၅)သန်း ၊ မာဇာရာဝီအတွက်ကတော့ ပြောင်းရွှေ့ကြေး (၁၅)သန်း + အပိုဆုကြေး ယူရို (၅)သန်းတို့နဲ့ သဘောတူညီနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဝမ်ဘစ်ဆာခါကိုလည်း ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် (၁၅)သန်းနဲ့ ရောင်းချဖို့ သဘောတူညီခဲ့ပါသေးတယ်လို့ ဒေးဗစ် အွန်စတိန်းက ဖော်ပြထားပါတယ်။
09/08/2024
ပရီမီယားလိဒ် ဖလားပိုင်ရှင် မန်းစီးတီးနဲ့
FA Cup ဖလားပိုင်ရှင် မန်ယူတို့
ကွန်မြူးနဒီဒိုင်း လုပွဲ အပျော်တမ်းလေ ဂိုးခန်မှန်းပီ ဖုန်းဘေ လက်ဆောင်လေတွေ့ လာယူပါ
မေးခွန်းနံပါတ် 1=ပထမဉီးဆုံး ဂိုး ဘယ်သူအရင်သွင်းမလဲ
မေးခွန်းနံပါတ် 2= ဘယ်နှစ်ဂိုးစီး ဂိုးသွင်းပီ ဘယ်အသင်းက အနိုင်ရရှိသွားမလဲ
အရင်းဆုံးအဖြေမှန်သူကို နှစ်ဉီးကိုသားပေးသွားမည်
ပထမဆု= ဖုန်းဘေ =3000 အဖြေမှန်သူ ဖုန်းနံပါတ်ပိုပေး
ဒုတိယ အဖြေမှန်သူ = ငွေသာ =2000 အဖြေမှန်သူ ဖုန်းနံပါတ်ပိုပေး အရင်ဆုံးအဖြေမှန် သူ နှစ်ဉီးကိုသာ ပေးသွားမည် အပျော်တမ်းလေ ဂိုးခန်မှန်းပီ ဖုန်းဘေလက်ဆောင်လေတွေ့ လာယူပါ
မှတ်ချက်=Pageအကောက်ကို Like and Follow Share လုပ်ထားတဲ့သူကို ပေးသွားပါမည်
31/07/2024
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက်(17)နှစ်အရွယ် အာဆင်နယ်တိုက်စစ်မှူးအိုဘီမာတင်ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ခေါ်ဖို့ သဘောတူညီမှုရသွားခဲ့ပြီဖြစ်ပါတယ်။
အိုဘီမာတင်ဟာ အာဆင်နယ်ယူ(18)အသင်းအတွက် ပွဲ(20)ကစားခဲ့ရာမှာ သွင်းဂိုး(32)ဂိုးနဲ့ ဂိုးဖန်တီးမှု(3)ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။
အိုဘီကို တခြားကလပ်အသင်းတွေက ယူနိုက်တက်ထက် ငွေကြေးပိုင်းဆိုင်ရာပိုကောင်းတဲ့ ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းခဲ့ကြပေမယ့် ယူနိုက်တက်ကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒီအပြောင်းအရွေ့မှာ ယူနိုက်တက်နည်းပြအဖွဲ့ဝင် နစ္စတယ်ရွိုင်းက အဓိကနေရာကပါဝင်ခဲ့ပြီး အိုဘီမာတင်အနေနဲ့ နစ္စတယ်ရွိုင်းနဲ့ဆွေးနွေးမှုတွေအပြီးမှာ ယူနိုက်တက်ကိုပြောင်းဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
30/07/2024
TEAM NEWS!
အကယ်လို့ အသင်းတာဝန်ရှိသူတွေက Old Trafford ကွင်းကို ဖျက်ကာ ကွင်းအသစ်ဆောက်လုပ်မည်ဟု အစီအစဥ်ချခဲ့ လျှင် ယူနိုက်တက်က လူဦးရေ(1)သိန်းခန့်တိိတိဝင်ဆံ့မည့် ကွင်းအသစ်ကိုဆောက်လုပ်ဖို့ လုပ်ဆောင်သွားမည်ဖြစ်သည်။ ပေးရမယ့်လက်မှတ်ဖိုးတွေအတွက် ကျေနပ်မှုရှိပြီး တန်လောက်သည့် ကွင်းအနေအထားမျိုးကိုဆောက်လုပ်သွားမည် ဖြစ်သည်။ အလုပ်လုပ်မည့်အဖွဲ့စည်းဘက်ကတော့ အရင် Old Trafford ကွင်းပုံစံမျိုးလည်းဖြစ်ပြီး ယူနိုက်တက်ရဲ့ သမိုင်း၊ မြို့ရဲ့အမိုးဒီဇိုင်းတွေပါ ပါရှိကာ ပေါင်းစပ်တည်ဆောက်ဖို့ သဘောတူထားသည်။ ဆောက်လုပ်မည့်ခန့်မှန်းချက်တွေအရ ဒီနှစ်ကုန်အတွင်းစတင်ဆောက်လုပ်မည်ဆို လျှင် (6)နှစ်ခန့် အချိန်ယူရဖို့ရှိသည်။ ကွင်းအသစ်ကိုလိုလား သည့် ပူတွဲပိုင်ရှင် Jim Ratcliffe က ယခုနှစ်အကုန်တွင်း ဆောက်လုပ်ဖို့ ပိုမို သဘောတွေ့နေသည်။
[The Athletic]
Telegraph သတင်းဌာန၏အဆိုရ ယူနိုက်တက်တာဝန်ရှိသူ များသည် ကွင်းအသစ်ကိုတည်ဆောက်ဖို့အတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို မချရသေးပေ။
16/06/2024
မန်ချက်စတာ ယူနိက်တက် မိူင်းနူ ကို လုံး၀ အဆုံရူံးခံမည်မဟုတ်။
မန်ချက်စတာ ယူနိက်တက် အသင်းက တော့ လက်ရှိ မှာ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားလေး မိူင်းနူးကို ဘယ်လိုနညိးနဲ့မှ အသင်းက ထွက်ခွင့်ပေမှာမဟုတ်ဘူးလို့သိရပါတယ်။ လက်တလောမှာလည်း အသင်းကြီးတစ်ချို့က မိူင်းနူး အခြေနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိက်တက် ကလည်း မိူင်းနူးကို ယူရိုက အပြန် ရာသီ အသစ်မစ ခင် စာချုပ် အသစ်ချုပ်ဆိုဖို့လည်းပြင်ဆင်နေတာဖြစ်ပါတယိ။ တစ်ပတ် လုပ်ခ ၆ သောင်အထိ တိုးမြှင့်ပေးမှာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ယူနိက်တက် မှာ ဆက်ရှိနေခြင်းတာဖြစ်ပါတယ်။
များများလေး ကလစ်ပေးပါအုန်းနော်!!
များများ ကလစ် မှ မြန်မြန်နိင်မှာပါ!!!