LONDON.BLUE

LONDON.BLUE

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก LONDON.BLUE, กีฬา, บึงคำพร้อย, Bangkok.

ကျွန်တော့်ရဲ့ LONDON.BLUE ပေချ့်ကို ကြည့်ရှူအားပေးကြသော အပြာရောင်ညီအကိုများအားလုံး တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။🙏🙏

Viber - 080-445-0883

Telegram - https://t.me/Sai_aung_kham

29/05/2026

𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 𝐍𝐄𝐖𝐒 🚨

ပြင်သစ်သတင်းဌာန L'Equipe မှဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ စာချုပ်သက်တမ်း ကုန်ဆုံးတာကြောင့် လီဗာပူးလ် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်တော့မယ့် ကိုနာတေး ကို ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် တို့နဲ့အတူခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ချဲလ်ဆီး အသင်းဟာ ဇာဗီ အလွန်ဆိုအတွက် ဗဟိုခံစစ်အားဖြည့်ပေးသွားဖို့ အစီအစဉ်ရှိနေသလို ခေါ်ယူမယ့် ကစားသမားဟာ အသင့်သုံးနိုင်တဲ့ ကစားသမားမျိုး ခေါ်ယူဖို့ ပစ်မှတ်ထားနေတာကြောင့် လီဗာပူးလ် အသင်းနဲ့ဆုဖလားဆွတ်ခူးဖူးပြီး ပရီးမီးယားလိဂ် အတွေ့အကြုံပါ ရှိနေတဲ့ ကိုနာတေးကို ခေါ်-ယူချင်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ ချဲလ်ဆီးအနေနဲ့ ဥရောပကစားခွင့်မရတဲ့အပြင် လစာပိုင်းမှာလည်း ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ်လောက် ပေးနိုင်မှာမဟုတ်တဲ့အတွက် ဒီအသင်းတွေနဲ့ယှဥ်ပြီး ကိုနာတေးကိုခေါ်-ယူနိုင်ဖို့ဆိုတာ မလွယ်ဘူးဟု ပြောရမှာပါ။

{Photo credit}

LONDON.BLUE

29/05/2026

✅သုံးပါတ်ခန့်အထိ အနားယူရဖွယ်ရှိနေသလို ပါနာမား အေဂျက် တို့နဲ့ကစားရမယ့် ခြေစစ်ပွဲအပြင် မက္ကဆီကို နဲ့ ကစားရမယ့် ကမ္ဘာ့ဖလား အဖွင့်ပွဲအထိပါ လွဲချော်ဖို့ရှိနေတဲ့ ဒဏ်ရာကြောင့် ဘရာဇီးအသင်းဘက်က နေမာရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေသလို အကယ်၍ သက်သာမလာခဲ့ပါက နေမာ နေရာကိုတစ်ခြားကစားသမားနဲ့ အစားထိုးသွားနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။

✅သ-တ်မှတ်ထားတဲ့ အချိန်ထက် နေမာသာ ပြန်မကစားနိုင်ခဲ့ရင် ဘရာဇီးအသင်းဟာ နေမာ ကိုအသင်းရဲ့ လူစာရင်းကနေ ထုတ်ပယ်သွားဖို့ရှိနေပြီး နေမာရဲ့နေရာမှာ ချဲလ်ဆီး အသင်းရဲ့တိုက်စစ်မှုး ဂျာအို ပက်ဒရို ၊ ဖလာမင်ဂို အသင်းရဲ့တိုက်စစ် ကစားသမား ပက်ဒရို တို့နဲ့ အစားထိုးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

✅ဒါပေမဲ့ သ-တ်မှတ်ထားချိန်အတွင်း နေမာရဲ့ဒဏ်ရာပြန်လည်သက်သာရင် နေမာကိုအသင်းမှာပဲ ဆက်လက်ထည့်သွင်းသွားဖို့ ရှိနေကြောင်း သိရပါတယ်။

📌 Marcel Rizzo - Estadao

{Photo credit}

LONDON.BLUE

29/05/2026

မကြာမီ ချဲလ်ဆီးအသင်းထံရောက်လာတော့မယ့် လူငယ်ကြယ်ပွင့် ကစားသမားလေး ဗယ်လင်တန်ဗာကို ဟာ ကမ္ဘာ့ဖလားယှဥ်ပြိုင်ကစားမယ့် အာဂျင်တီးနားအသင်းရဲ့ ၂၆ ဦးစာရင်းမှာပါဝင်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။ တကယ်ကို ဂုဏ်ယူစရာပါ။ အသက် ၂၁ သာရှိသေးတဲ့ လူငယ်ကစားသမား တစ်ယောက်အနေနဲ့ အာဂျင်တီးနားလိုလက်ရှိကမ္ဘာ့ချန်ပီယံအသင်းမျိုးမှာ ပါဝင်ခွင့်ရတယ်ဆိုတာ ကျေနပ်တယ်ဆိုတာထက်ကို ပိုပါတယ်။

မိမိနိုင်ငံအတွက် ကမ္ဘာ့ဖလားပါဝင်ကစားခွင့်ရဖို့ဆိုတာ ကစားသမားတိုင်းရဲ့အိပ်မက်တစ်ခုဖြစ်သလို ဒီအသက်အရွယ်နဲ့ စကာလိုနီရဲ့ယုံကြည်မှုရတာဟာ ဗာကိုအတွက်တော့ တစ်ကမ္ဘာလုံးစောင့်ကြည့်နေတဲ့ ဒီပြိုင်ပွဲမှာ ခြေစွမ်းပြသဖို့ တကယ်ကို အခွင့်အရေးကောင်းပါပဲ။ ဒီလိုအခွင့်အရေး ရရှိလာအောင်လည်း ဗာကိုဟာ စထရက်ဘောဂ်အသင်းမှာ ခြေစွမ်းပြခဲ့တာဖြစ်ပြီး နေရာစုံကစားနိုင်တဲ့အပြင် လှုပ်အားကောင်းကောင်းနဲ့ ကွင်းလယ်ပိုင်းကိုထိန်းချုပ်ပြထားတဲ့ သူ့အရည်အသွေးကို စကာလိုနီ သဘောကျနေတာ ဖြစ်ပါတယ်။

ဒီလို ကစားသမားကို အရခေါ်ထားတဲ့ ချဲလ်ဆီးအနေနဲ့ လက်သွက်တယ်လို့ပြောရမှာဖြစ်သလို ဗာကို အနေနဲ့လည်း လူကောင်သေးပေမယ့် " ဇ " မသေးတဲ့အကြောင်းကို ဒီပြိုင်ပွဲမှာ ခြေစွမ်းထုတ်ပြရင်း ဘောလုံးလောက ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်အဖြစ် လူပြောများမယ့် မီဒီယာစာမျက်နှာပေါ် တစ်နေရာရယူသွားနိုင်မလား? ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

{Photo Credit}

LONDON.BLUE

28/05/2026

ကမ္ဘာ့ဖလား ပါဝင်ကစားကြမယ့် ဘရာဇီး အသင်းရဲ့ ကစားသမားရွေးချယ်မှုပုံစံကို လူမှုကွန်ရက်မှာ တစ်နေ့ထက် တစ်နေ့အပြောများလာခဲ့ပြီ ဖြစ်ပါတယ်။ အစောပိုင်းက အသေးစား လောက်သာ ဒဏ်ရာရှိထားတယ်ဆိုပြီး အန်ဆယ်လော့တီ ရွေးချယ်ထားတဲ့ နေမာဂျူနီယာ ဟာ မနေ့က MRI စစ်ဆေးမှုအပြီးမှာ ဒဏ်ရာဟာ ထင်ထားတာထက် ပိုမိုပြင်းထန်နေကြောင်း အဖြေထွက်ခဲ့တယ်လို့ သိရပြီး နေမာ အနေနဲ့ကမ္ဘာ့ဖလား မကစားပေးနိုင်မှာကို စိုးရိမ်နေကြောင်း သိရပါတယ်။

ဒါ့အပြင် ဘရာဇီး သတင်းဌာန Globo ဖော်ပြခဲ့တဲ့သတင်းအရ ကမ္ဘာ့ဖလားမတိုင်ခင် ကြိုတင်ခြေစမ်းပွဲအဖြစ် ဘရာဇီးအသင်း ကစားမယ့် ပါနာမား အသင်းနဲ့ အေဂျက်အသင်းတို့ရဲ့ပွဲစဉ်ကို နေမာအနေနဲ့ ပါဝင်ကစားနိုင်ဖို့ မရှိတော့ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နေမာရဲ့ဒဏ်ရာအခြေအနေ အစစ်အမှန်ကို ဆန်းတိုစ့်အသင်းဘက်က လျှို့ဝှက်ထားတယ်လို့ အန်ဆယ်လော့တီ နဲ့ ဘရာဇီးတာဝန်ရှိသူများက ယူဆနေတာဖြစ်ပါတယ်။

နေမာ ဒဏ်ရာရတဲ့သတင်းတွေအောက်မှာတော့ ဘရာဇီးအသင်းဟာ ကစားသမားရဲ့လက်ရှိခြေစွမ်းထက် နာမည်ကျော်ကြားမှုကိုဦးစားပေးပြီး ရွေးချယ်နေကြောင်း ဝေဖန်ကြသလို ပက်ဒရို ကိုပြန်ခေါ်ဖို့ တောင်းဆိုနေကြတာ တွေ့ရပါတယ်။

{Photo credit}

LONDON.BLUE

28/05/2026

🆕ရီးရဲလ်မက်ဒရစ် အနေနဲ့ ချဲလ်ဆီး အသင်းရဲ့အားထားရတဲ့ ကွင်းလယ်ကစားသမား အန်ဇိုဖယ်နန်ဒက်စ် ကိုအလိုရှိနေပေမယ့် ချဲလ်ဆီး တောင်းဆိုတဲ့စျေးကို ပေးချေလိုခြင်းမရှိတဲ့အတွက် ငွေသားပေါင်သန်း ၅၀ အပြင် အာဒါ ဂူရယ် ကိုအလိုက်သဘောနဲ့ ကမ်းလှမ်းလာနိုင်တယ်ဆိုပြီး ကောလဟာလ သတင်းထွက်နေတာ တွေ့ရတယ်။ ဒီသတင်းဟာ ချဲလ်ဆီးဖန်တွေ သဘောကျစေမယ့် သတင်းဆိုပေမယ့် လက်တွေ့မှာတော့ တကယ်ဖြစ်လာဖို့ခဲယဉ်းပါတယ်။

🆕ဘာလို့လည်း ဆိုတော့ အာဒါ ဂူရယ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့အထိမခံတဲ့ ကစားသမားတစ်ဦးဖြစ်သလို ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံမှာ ပွဲထွက်ကစားခွင့် ၃၈ ပွဲ ၊ အရံအဖြစ် ၁၁ ပွဲအထိ ကစားခွင့်ရထားတာကြည့်ရင် အာဒါ ဂူရယ်ဟာ ပုံမှန်ကစားခွင့်ရပြီး ရီးရဲလ်အတွက် အရေးပါနေတဲ့ ကစားသမားတစ်ဦးဆိုတာ မေ့ထားလို့မရပါဘူး။ ဒါ့အပြင် ရီးရဲလ်အတွက် သွင်းဂိုး ၆ ဂိုး ဖန်တီးမှု ၁၆ ကြိမ်အထိ ပြုလုပ်ထားပြီး ခြေစွမ်းပြနေတဲ့ ကစားသမားဖြစ်တာကြောင့် ဒီလို ကစားသမားကို ရီးရဲလ်တို့လက်လွတ်ဖို့ အကြောင်းမရှိပါဘူး။

🆕ဒါ့အပြင် Transfer market value တန်ကြေးသ-တ်မှတ်ထားချက်အရ အာဒါ ဂူရယ်ဟာ ယူရိုသန်း ၉၀ အထိရှိနေတဲ့ ကစားသမားဖြစ်တဲ့အတွက် သတင်းထွက်နေတဲ့အတိုင်း ပေါင်သန်း ၅၀ အပြင် အလိုက်သဘောနဲ့ပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ အပြောင်းအရွှေ့ပါ။ ဒါကြောင့် အာဒါ ဂူရယ်ဟာ ကျွန်တော်ကြိုက်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ဒီသတင်း တကယ်ဖြစ်ဖို့ ခက်ခဲပါတယ်။

{Photo credit}

LONDON.BLUE

28/05/2026

✅ချဲလ်ဆီး အသင်းနဲ့ ဇာဗီအလွန်ဆိုဟာ အသင်းမှာဆက်နေဖို့ မပျော်ရွှင်တော့တဲ့ ကစားသမားကို အသင်းမှာဆက်ထိန်းထားဖို့ အလိုမရှိသလို အသင်းပြောင်းချင်တဲ့ မည်သည့်ကစားသမားမဆို တားဆီးမှာမဟုတ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ထိုက်တန်တဲ့တန်ကြေးမရပါက ရော-င်းချပေးသွားမှာ မဟုတ်ပဲ ချဲလ်ဆီး အသင်းဟာ အန်ဇိုဖယ်နန်ဒက်အတွက် ပေါင်သန်း ၁၂၀ အထိ သ-တ်မှတ်ထားပါတယ်။

✅အန်ဇိုဖယ်နန်ဒက် နဲ့ ချဲလ်ဆီးကြားက စာချုပ်သစ်ဟာ အခုထိ သဘောတူညီမှု မရသေးသလို အန်ဇိုရဲ့အမြင်မှာ ဝက်စလေ ဖိုဖာနာ တို့လိုကစားသမားတောင် တစ်ပါတ်ပေါင် နှစ်သိန်းရရှိနေတဲ့အတွက် သူ့အနေနဲ့ ၁၈၀,၀၀၀ အထက်ရဖို့ထိုက်တန်တယ်လို့ မြင်နေပါတယ်။ ဒါ့အပြင် အသင်းရဲ့ပေါ်လစီအရ ချန်ပီယံလိဂ် ဝင်ခွင့်မရတဲ့အတွက် ဖိုဖာနာကလွဲရင် အန်ဇိုဖယ်နန်ဒက် အပါအဝင် အခြားကစားသမားများဟာ လစာ လျှော့ချခံရမှာဖြစ်ပါတယ်။

✅လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ အန်ဇိုကိုစိတ်ဝင်စားနေပေမယ့် ချဲလ်ဆီး တောင်းဆိုးထားတဲ့တန်ကြေးပေးဖို့တော့ အလိုမရှိဘူးဟု သိရပါတယ်။

📌 Max Sports - PYS

{Photo credit}

LONDON.BLUE

27/05/2026

ဇာဗီ အလွန်ဆိုဆိုတာကလည်း တကယ့်ကို တည်ငြိမ်တဲ့ ဗျူဟာသမားတစ်ယောက်ပါ။ လက်ရှိမှာ အန်ဇို၊ ကိုးလ်ပါးမားနဲ့ ဂျာအို ပက်ဒရိုတို့ကို အသင်းမှာ ဆက်ရှိနေစေချင်တာက သူ့ရဲ့ Tactical Setup အတွက် အရေးအကြီးဆုံး အချက်ဖြစ်နေတယ်။ အသင်းရဲ့ Midfield Dominance ကို တည်ဆောက်ဖို့အတွက် ဒီလူငယ်လေးတွေရဲ့ Creative Spark က မရှိမဖြစ်ကို လိုအပ်နေတာလေ။

လက်ရှိအခြေအနေကိုကြည့်ရင် ဂျာအို ပက်ဒရိုကို ဘာစီလိုနာဆီ မရောက်သွားအောင် တားနိုင်ခဲ့တာက တကယ့်ကို Masterclass ပါပဲ။ အန်ဇိုကိုလည်း မန်စီးတီးလို အသင်းကြီးက ပစ်မှတ်ထားနေပေမယ့် အလွန်ဆိုက လက်လျော့သွားအောင် အစွမ်းကုန်ကြိုးစားနေပုံရတယ်။ အရင်က ရီးရဲလ်မှာ အလွန်ဆိုကိုယ်တိုင်က Deep-lying Playmaker အဖြစ် ကစားခဲ့တဲ့ပုံစံအတိုင်း အခုသူ့အသင်းမှာ အန်ဇိုကို Control Tower အဖြစ် အသုံးချချင်နေတာ ထင်ရှားပါတယ်။

ဒီဘဲတွေသာ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင်တော့ လာမယ့်ရာသီမှာ အလွန်ဆိုရဲ့ High-pressing system နဲ့ ဘယ်လောက်ထိ ကြမ်းပြသွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြီ။ Squad Depth လိုအပ်တဲ့ခေတ်မှာ ကိုယ့်လူတွေကို မဆုံးရှုံးအောင် ထိန်းထားနိုင်တာကလည်း နည်းပြတစ်ယောက်ရဲ့ အရည်အချင်းတစ်ခုပဲဗျာ။

လက်ရှိခြေစွမ်းနဲ့ဆိုရင်တော့ အလွန်ဆိုရဲ့ Masterplan က ပိုပြီး အသက်ဝင်လာဖို့ ရှိနေပါပြီ။ ဘောလုံးဆိုတာ စုပေါင်းစွမ်းအားနဲ့ တည်ဆောက်ရတာဖြစ်လို့ အလွန်ဆိုရဲ့ ဒီ Core Players တွေကို ထိန်းထားနိုင်မှုကပဲ သူတို့အသင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးသွားမှာပါ။

{Photo Credit}

LONDON.BLUE

27/05/2026

ကစားသမားနဲ့နီးစပ်သူတွေဆီကလာတဲ့ သတင်းမြစ်အရ နီကိုလပ် ဂျက်ဆန်ဟာ လာမယ့်ဘောလုံးရာသီမှာ ချဲလ်ဆီး အသင်းနဲ့အတူ တို-က်ပွဲဝင်သွားလိုတဲ့ဆန္ဒ ရှိနေကြောင်း football . lon don သတင်းဌာနမှ ချဲလ်ဆီးသတင်းသမား Bobby Vincent ကရေးသားဖော်ပြခဲ့ပါတယ်။ဂျက်ဆန် ဟာ ပြီးခဲ့တဲ့နွေရာသီစျေးကွက်မှာ အသင်းဘက်က ဂျာအို ပက်ဒရို ၊ လီယန် ဒီလပ် ခေါ်-ယူခဲ့တာကြောင့် ဘိုင်ယန်မြူးနစ် အသင်းထံ အငှားသွားရောက် ကစားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ ဂျက်ဆန်ဟာ သူ့အနေနဲ့ ချဲလ်ဆီးအသင်းမှာ နေရမယ်ဆိုရင်လည်း ပျော်ရွှင်စွာနဲ့နေသွားမှာဖြစ်သလို ပွဲထွက်ခွင့်နေရာ တစ်နေရာအတွက် နောက်ထပ်တစ်ကြိမ် တို-က်ပွဲဝင်သွားလိုနေပါတယ်။ ချဲလ်ဆီး အသင်း ဥရောပဝင်ခွင့်မရပေမယ့် သူ့အတွက်ပြဿနာ မရှိသလို သူ့အနေနဲ့ ချဲလ်ဆီး အသင်းမှာ မကျရှုံးသေးတဲ့အကြောင်း သက်သေပြချင်နေတာ ဖြစ်ပါတယ်။

ဂျက်ဆန်ဟာ ချဲလ်ဆီးအသင်းမှာကစားခဲ့စဉ်က အဆုံးသ-တ်ပိုင်းတွေမှာ အားနည်းချက်ရှိပေမယ့် သူ့ရဲ့နေရာယူမှုတွေဟာ အသင်းဖော်တွေအတွက် နေရာလွတ်ရအောင် ရှာဖွေပေးနိုင်သလို ကိုးလ်ပါးမားလို ကစားသမားမျိုးပါ ခြေစွမ်းပြနေတာဖြစ်ပါတယ်။ အသင်းဘက်က ပြန်လာဖို့ အရေးပေါ်ခေါ်ချိန်မှာ ငြင်းပယ်လိုက်လို့ စိတ်ပျက်ခဲ့ရပေမယ့် ဂျက်ဆန်ဟာ လီယန် ဒီလပ်ထက်တော့ အသင်းအတွက် အကျိုးပြုပေးနိုင်တဲ့ ကစားသမားဆိုတာ ငြင်းမရပါဘူး။ ဒါကြောင့် သူအသင်းထံ ပြန်လာပြီး ကစားမယ်ဆိုရင် အသင်းအတွက် အကျိုးရှိစေမှာ သေချာပါတယ်။

{Photo credit}

LONDON.BLUE

26/05/2026

❇️ချဲလ်ဆီး အသင်းဟာ အသင်းရဲ့မန်နေဂျာသစ်ဖြစ်လာတဲ့ ဇာဗီ အလွန်ဆို ကိုစီမံကိန်းနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်အပြည့်အဝ ပေးထားသလို အသင်းရဲ့ကစားသမားနဲ့ပတ်သက်ပြီး တော့လည်း ဘယ်သူက အသင်းမှာဆက်နေခွင့်ရဖို့ ထိုက်တန်တယ်။ ဘယ်သူက အသင်းနဲ့အံမဝင်လို့ ရှင်းထုတ်သင့်တယ်ဆိုတဲ့ အကြောင်း အလွန်ဆို ကို ဆုံးဖြတ်ခွင့် ပေးသွားမယ်လို့ သိရပါတယ်။

❇️ချဲလ်ဆီး အနေနဲ့လာမယ့် နွေရာသီဈေးကွက်မှာ ဦးစားပေးလုပ်ဆောင်ရမယ့် ပထမဆုံးအလုပ်ကတော့ ခံစစ်ပိုင်းဖြစ်ကြောင်း နားလည်သဘောပေါက်သလို ချဲလ်ဆီး အသင်းဟာ အသင့်သုံးလို့ရမယ့် ခံစစ်တစ်ဦး အနည်းဆုံး ခေါ်-ယူသွားလို့ သိရပါတယ်။

❇️ဒါ့အပြင် ချဲလ်ဆီး အသင်းဟာ ခံစစ်ပိုင်းအပြင် တစ်ခြားနေရာတွေမှာလည်း အသင့်သုံးလို့ရမယ့် ကစားသမား အနည်းဆုံး ၂ဦး သို့မဟုတ် သုံးဦးအထိ အားဖြည့်သွားဖို့ အစီအစဉ်ရှိနေကြောင်း သိရပါတယ်။

📌 Bobby Vincent - football.london

{Photo credit}

LONDON.BLUE

26/05/2026

✅အစောပိုင်းက ထွက်လာတဲ့သတင်းအရ တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ အက်စတီဗာအိုဟာ အမြန်ဆုံးပြန်လည်ကစားနိုင်လိမ့်မယ်လို့ သတင်းထွက်နေပေမယ့် ထင်ထားသလောက်မလွယ်သေးဘူးဟု သိရပါတယ်။ မန်ယူအသင်းနဲ့ပွဲမှ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ အက်စတီဗာအို ဟာလက်ရှိ ဘရာဇီးမှာဆေးကုသမှု ခံယူနေသလို တိုးတက်မှုရှိနေပေမယ့် သြဂုတ်လ လောက်မှာပြန်ကစားနိုင်မယ်လို့ သိရပါတယ်။

✅ဒါကြောင့် အက်စတီဗာအိုဟာ ဇာဗီ အလွန်ဆို လက်ထက်ကစားရမယ့် ရာသီကြိုခြေစမ်းပွဲ ပွဲစဥ်အားလုံးကို လွဲချော်သွားမှာဖြစ်သလို ပရီးမီးယားလိဂ်အဖွင့် ပွဲစဥ် ၁ ကိုပါ လွဲချော်သွားဖို့ ရှိနေကြောင်း ESPN Brasil သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ အက်စတီဗာအိုဟာ ဒဏ်ရာမရခင် ခြေစွမ်းပြကစားနေသလို ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလား ပါဝင်ကစားခွင့်ရဖို့ များနေပေမယ့် ကံမကောင်းစွာနဲ့ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

{Photo credit}

LONDON.BLUE

26/05/2026

𝐑𝐔𝐌𝐎𝐔𝐑 🚨

စပိန်ကလာတဲ့ သတင်းအရ ဂျာအို ပက်ဒရို ဟာ ဘာစီလိုနာ အသင်းကိုပြောင်းရွှေ့ကစားချင်နေသလို ချဲလ်ဆီးထွက်မယ့် အကြောင်းကိုလည်း ဇာဗီအလွန်ဆို ထံအကြောင်းကြားထားပြီဖြစ်ကြောင်း သိရပါတယ်။ ဒါပေမဲ့ ချဲလ်ဆီး အသင်းဘက်က ဂျာအို ပက်ဒရို အတွက်မည်သည့်ကမ်းလှမ်းမှုကိုမဆို လက်မခံခဲ့တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အလှမ်းဝေးနေသေးကြောင်း စပိန် သတင်းဌာန ဘက်မှဖော်ပြလာခဲ့ပါတယ်။

သတိထားမိသလောက် ဂျာအို ပက်ဒရိုရဲ့သတင်းဟာ နောက်ပိုင်းခပ်စိတ်စိတ်ထွက်လာနေတာ တွေ့ရသလို ပက်ဒရို အသင်းပြောင်းချင်နေတယ်ဆိုတဲ့ သတင်းတော်တော်များများကလည်း မတ်လော ၊ အွန်းစတင်း ၊ ရိုမာနို တို့ဆီကလာတာ မတွေ့ရသေးပဲ စပိန်ကလာတဲ့သတင်းတွေသာ များနေတာကြောင့် ဘာစီလိုနာအသင်းဟာ ကစားသမား သူတို့ဘက်ပါလာအောင် သူတို့နဲ့နီးစပ်တဲ့ သတင်းဌာနတွေကို သတင်းဖွပေးဖို့ အကြောင်းကြားထားတဲ့သဘောပေါက်နေပါတယ်။

ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ် ဆိုတာ တောင်အမေရိကသားတွေ ကစားချင်ကြတဲ့အသင်းတွေ ဖြစ်ကြတဲ့အတွက် ပက်ဒရို အနေနဲ့လည်း ဘာစီလိုနာ အသင်းထံပြောင်းရွှေ့ချင်တဲ့ စိတ်ကူးရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ပက်ဒရိုဟာ အသင်းထံရောက်လာတာ တစ်ရာသီပဲရှိသေးသလို ဘရိုက်တန် အသင်းကနေ ချဲလ်ဆီး ခေါ်ယူခဲ့စဥ်ကလည်း ပေါင်သန်း ၆၀ လောက်အထိ အသုဲးပြုရတာကြောင့် ဘာစီလိုနာဘက်က အောက်ဈေးနဲ့လာနိုက်ဖို့ ချောင်းနေတယ်ဆိုရင်တော့ ထင်သလောက်မလွယ်ဘူးလို့ ပြောရမှာဖြစ်ပြီး တကယ်ခေါ်ချင်ရင် အနည်းဆုံး တစ်ရာလောက်တော့ အသုံးပြုဖို့လိုတယ်လို့ ထင်မိပါတယ်။

{Photo Credit}

LONDON.BLUE

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

ที่อยู่


บึงคำพร้อย
Bangkok
12150