29/01/2025
ဂိုးသွင်းမယ့် တိုက်စစ်မှူးမခေါ်ရင် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲမယ့် ချယ်ဆီးလ်
အခုချိန်တိုက်စစ်မှာရှိတဲ့ ဂျက်ဆန်ရဲ့ အခြေအနေအရ အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူး လိုကို လိုနေပါပြီ
တိုက်စစ်မှူးရဲ့ အရေးကြီးဆုံးအချက်က ဂိုးသွင်းနိုင်ဖို့ပါ
ဂျက်ဆင်က ဂိုးသွင်းတာကလွဲရင် အကုန်ရတယ်
နည်းပြကလည်း သူ့ပဲသုံးရဲတယ်
အန်ကူကူကို မသုံးရဲ၊ False 9 မစမ်းရဲဖြစ်နေတယ်
ဒီနည်းပြနဲ့ လက်တွဲမယ်ဆိုရင် ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးလိုကို လိုတယ်
အပြောင်းအရွှေ့ပိတ်ဖို့ ရက်နည်းနည်းပဲလိုချိန်မှာ တိုက်စစ်မှူး တစ်ဦးမရခဲ့ရင် ချယ်ဆီးလ်ပရိသတ်တွေ ဘုရားတပြီး ပွဲကြည့်နေရမယ်
26/01/2025
🔵သင်ပြရတာကို ဝါသနာပါတဲ့ ဂွါဒီယိုလာက ညက ပွဲအပြီးမှာ ပါးလ်မားနဲ့ စကားတွေ ပြောနေတာကို ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရတယ်
သူတို့ ဘာတွေပြောလဲဆိုတာတော့ ကာယကံရှင်တွေ ထုတ်ပြောမှ သိရမှာပေါ့
ဝေဖန်လေကန် ဆရာကြီးတွေကတော့ အသင်းက ရှုံးတာတောင် ပြိုင်ဘက်နည်းပြနဲ့ ပျော်ပျော်ပြုံးပြုံးစကားပြောခဲ့တဲ့ ပါးလ်မားကို ဝေဖန်နေတာတွေ့တယ်
ကျွန်တော်ကတော့ အကောင်းဘက်ကတွေးတယ်
ဂွါဒီယိုလာက သင်ပြရတာကို သဘောကျတယ်
ပါးလ်မားကိုလည်း သူ့အမြင်တွေ သူအကြံပေးနေတာတွေ ပြောမှာ သေချာတယ်
26/01/2025
👑ယနေ့က ချယ်ဆီးလ်အသင်းရဲ့ ဂန္ထဝင်နည်းပြကြီး မော်ရင်ညိုရဲ့ ၆၂ နှစ်ပြည့်မွေးနေ့ပါ
26/01/2025
ရာသီအစက ချယ်ဆီးလ်ရော ဟုတ်ပါလေစ လို့ပဲ ပြောချင်တော့တယ်
နည်းပြကအစ ဂိုးသမား အဆုံး ဘယ်နေရာမှ အသုံးမကျဘူး
ဂိုးသမားကလည်း ဘယ်လိုပရိုဂိုးသမားဖြစ်လာလည်း မတွေးတတ်တော့ဘူး
ဒီအခြေအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လို့မရနိုင်ပါ
25/01/2025
🔵အကျပ်ဆုံးပွဲနဲ့ အခက်ဆုံးစာမေးပွဲ
ချယ်ဆီးလ်အသင်းရဲ့ ဒီဇင်ဘာ ပျားရည်ဆမ်းပွဲချောင်ကာလအလွန်မှာ ချန်ပီယံမန်စီးတီးနဲ့ တွေ့တာက ပရိသတ်တွေကို ရင်ထိတ်စေပါတယ်
အမှန်တကယ်လည်း မန်စီးတီးကို အဝေးကွင်းမှာ နိုင်ဖို့ ခက်ပါတယ်
မန်စီးတီးက ကြပ်တည်းတဲ့ ကာလကို ကြုံတွေ့ခဲ့သည့်တိုင်အောင် ချယ်ဆီးလ်အသင်းကို လွှမ်းမိုးဖိအားပေးနိုင်ဆဲပါ
ပိုဆိုးတာက မန်စီးတီးအသင်း ပုံစံကောင်းပြန်ရှာတွေ့နိုင်တာပဲ
ချယ်ဆီးလ်အသင်းကတော့ အသင်းငယ်တွေနဲ့ ဆက်တိုက်တွေ့ခဲ့တာတောင် အမှန်မစုဆောင်းနိုင်ခဲ့တာက ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်ဖို့ ပိုဝေးခဲ့တယ်
အခုမန်စီးတီးကို အဝေးကွင်းမှာ ရှုံးရင် ပိုဆိုးသွားနိုင်တယ်
လက်ရှိချယ်ဆီးလ်အသင်းမှာ ယုံလို့ ရတာက ပါးလ်မား တစ်ဦးသာရှိတယ်
နည်းပြကလည်း ခေါင်းမာလွန်းပြီး တိုက်စစ်၊ ခံစစ်၊ ဂိုးသမား နေရာစုံ အားနည်းနေတယ်
ဒီလို ခြေစွမ်းမှန်ပြန်ရတဲ့ မန်စီးတီးနဲ့ တွေ့ချိန်မှာ အနိုင်ရရင်တော့ အကောင်းဆုံးဖြစ်နိုင်ပေမယ့် သရေရရင်လည်း ကျေနပ်သင့်တဲ့ပွဲပါ
23/01/2025
🔵ရေလိုက် လွဲနေတဲ့ ဘုတ်အဖွဲ့
ပိုင်ရှင်သစ်လက်ထက်မှာ ပေါက်ကရ အပြောင်းအရွှေ့တွေနဲ့ ပရိသတ်တွေကို ဒေါသ ရသပေးခဲ့တဲ့ အားကစားဒါရိုက်တာအဖွဲ့က အခုဇန်နဝါရီအပြောင်းအရွှေ့မှာလည်း မလိုအပ်တာတွေ လုပ်နေဆဲပါ
ပိုင်ရှင်သစ်လက်ထက်မှာ အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူးလိုအပ်တာ အားလုံးသိပေမယ့် ဘုတ်အဖွဲ့က မသိခဲ့ဘူး၊ တည်ငြိမ်တဲ့ခံစစ်မှူးလိုအပ်မှုကိုလည်း လျစ်လျူရှုခဲ့တယ်၊
အခုချိန်ထိ တိုက်စစ်ပိုင်းအားနည်းချက်ကို မပြုပြင်သလို ခံစစ်အတွက်လည်း ယုန်တောင်ပြေး ခွေးမြောက်လိုက်ဖြစ်နေတုန်းပဲ
အခုဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦးအတွက် အသံတောင်မထွက်သလို ခံစစ်အတွက်လည်း ချာလိုဘာကို ပြန်လည်ခေါ်ယူတာက လွှဲရင် ထပ်ခေါ်ဖို့ မရှိတော့ဘူး
မလိုအပ်တဲ့ တောင်ပံအတွက် ဂါနာချိုကို ခေါ်ဖို့ ကြိုးစားတာက တော်တော်လွဲပါတယ်
လာမယ့်ရာသီမှာ ဘရာဇီးလ်နဲ့ အီကွေဒေါက ရောက်လာမယ့် ကြယ်ပွင့်တွေကို အခွင့်အရေးပေးဖို့ မကြိုးစားပဲ ဂါနာချိုကို ခေါ်ဖို့ စိတ်ဝင်စားနေတာက နားမလည်နိုင်အောင်ပဲ
အခုချိန်ထိ ဘုတ်အဖွဲ့ ဘာလုပ်ချင်မှန်းမသိရသလို ဘယ်လိုရည်မှန်းချက်နဲ့ လူတွေခေါ်နေမှန်းလည်း မတွေးတတ်တော့ဘူး
22/01/2025
လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ မှာ မန်စီးတီးကို အဝေးကွင်း ကစားရပါမယ်
သူငယ်တန်း စာမေးပွဲတောင် အောင်မှတ်ရဖို့ မနည်းလုံးပမ်းနေရတဲ့ မာရက်စကားရဲ့အသင်းက ဆယ်တန်း စာမေးပွဲကို ဘယ်လို ဂုဏ်ထူးထွက်အောင် ဖြေမလဲဆိုတာ မတွေးတတ်အောင်ပါပဲ
အခုမန်စီးတီးက မနှစ်က ခြေမဟုတ်ပေမယ့် တော်တော်လေးကို ပြန်ကောင်းလာတယ်
ခြေစွမ်းပိုင်း၊ တည်ငြိမ်မှုပိုင်း၊ ဂိုးသွင်းစွမ်းရည် အကုန်လုံး အရင်ခြေပြန်ဖြစ်လာပြီ
ချယ်ဆီးကတော့ ဒီဇင်ဘာ ပွဲချောင်ကာလမှာ အမှတ်တွေ အလှူပေးခဲ့ပြီး အခုဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဘုရားတနေရတဲ့အနေအထားရောက်နေတာပါ
လာမယ့် မန်စီးတီးနဲ့ အဝေးကွင်းပွဲမှာသာ ရှုံးရင် အဆင့် ၆ က ပြေးမလွတ်လောက်တော့ဘူး
အဆုံးမသတ်တတ်တဲ့ တိုက်စစ်၊ တန်ပို မချိန်တတ်တဲ့ ကွင်းလယ်၊ ဒိုးယိုပေါက်ဖြစ်နေတဲ့ ခံစစ်၊ အသုံးမကျတဲ့ ဂိုးသမားတို့နဲ့ ဘယ်လိုရှေ့ဆက်မယ်မသိရပါ
21/01/2025
🔵"ချာလိုဘာကို ကြည့်လိုက်စမ်းဗျာ...ပြန်ရောက်လာတာနဲ့ အကောင်းဆုံးတွေ လုပ်ပြတော့တာပဲ၊ တကယ်ကို သက်သောင့်သက်သာနဲ့ လုပ်ပြသွားတာ၊ သူ့အတွက် ကျွန်တော် ဂုဏ်ယူတယ်"
တိုဆန်(အသင်းဖော် ချာလိုဘာရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး မှတ်ချက်စကား)
21/01/2025
ရာသီအစ - လူစားမှ ဖယ်ထုတ်ခံရ၊ ခစ္စတယ်ပဲလေ့ထံ အငှားချ
ဆောင်းရာသီအပြောင်းအရွှေ့ - အငှားချတာကနေ အရေးပေါ်ပြန်ခေါ်ခံရ
ဝုဗ်နဲ့ပွဲကို ပွဲထွက် ကစား၊ တစ်ဂိုးဖန်တီးခဲ့ ၊ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုရ
🏆Chelsea DNA ချာလိုဘာ