Haha Express

Haha Express

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Haha Express, ลีกกีฬา, SATHU pradit, Bangkok.

01/11/2025

Hello november အားလုံးအတွက်စိတ်ချမ်းသာခြင်း ပျော်ရွှင်ခြင်းတွေ ကံကောင်းခြင်းတွေသယ်ဆောင်လာပေးပါ🍀🍀🍀
နိုဝင်ဘာလလေးက အလုပ်အကိုင်တွေကောင်းပြီးဝင်ငွေကောင်းတဲ့လလေးပါတဲ့
အားလုံးအဆင်ပြေကြပါစေ🌻

25/06/2025

💚 Asparagus (ကညွတ်) ၏ ကျန်းမာရေး အကျိုးကျေးဇူးများ**🌿

ကညွတ်ကို ဟင်းလျာအဖြစ် စားသုံးရတာ ကြိုက်နှစ်သက်သူများအတွက် သတင်းကောင်းပါ! ဒီအစိမ်းရောင်အရွက်လေးမှာ သင့်ကျန်းမာရေးအတွက် အံ့မခန်းအကျိုးကျေးဇူးတွေ ပါဝင်နေပါတယ်။

# # # **1. အာဟာရဓာတ်ကြွယ်ဝစွာပါဝင်**
ကညွတ်မှာ **ဗီတာမင် K, ဗီတာမင် C, ဖောလိတ်၊ ပိုတက်ဆီယမ်၊ ဖော့စဖရပ်** နဲ့ **အမျှင်ဓာတ်** တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် အင်တီအောက်ဆီးဒင့်လည်း များစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

# # # **2. နှလုံးကျန်းမာရေးကို ကောင်းမွန်စေ**
ကညွတ်မှာပါတဲ့ **ဖောလိတ်နဲ့ ပိုတက်ဆီယမ်** တို့ဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။

# # # **3. အစာခြေစနစ်ကို အားကောင်းစေ**
အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

# # # **4. ဆီးချိုထိန်းညှိရာတွင် အထောက်အကူပြု**
ကညွတ်မှာပါဝင်တဲ့ **အမျှင်ဓာတ်နဲ့ အင်ဆူလင်အာနိသင်** ကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

# # # **5. ကိုယ်အလေးချိန်ကျစေ**
ကယ်လိုရီနည်းပြီး အဆာခံနိုင်တဲ့အတွက် ကိုယ်အလေးချိန်လျှော့ချနေသူများ စားသုံးသင့်တဲ့ အသီးအရွက်ပါ။

# # # **6. အရိုးသန်မာစေ**
ဗီတာမင် K ကြွယ်ဝတဲ့အတွက် အရိုးသိပ်သည်းဆကို ကောင်းမွန်စေပြီး အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

---
**ဘယ်လိုစားမလဲ?**
- ကြော်စားခြင်း၊ ဟင်းချိုချက်ခြင်း
- သံပုရာရည်ညှစ်ပြီး အစိမ်းသုပ်စားခြင်း
- ကြက်ဥနဲ့တွဲဖက်ပြုတ်စားခြင်း

ဒီလိုမျိုး အာဟာရနဲ့ ပြည့်စုံတဲ့ **ကညွတ်**ကို မကြာခဏ စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာပါ။ 😊

** #ကျန်းမာရေး #ကညွတ် **

ကျေးဇူးပြု၍ **Like & Share** လုပ်ပေးပါနော်! 💚

Photos from Haha Express's post 13/06/2025

🛫 [NEWS UPDATE] ၁၂ ဇွန်မှာပျက် ကျသွားတဲ့ ---Air India Flight AI171ရဲ့နောက်ဆက်တွဲသီတင်းများ

🗓 နေ့စွဲ – ဇွန် ၁၂၊ ၂၀၂၅
📍 အိန္ဒိယနိုင်ငံ Ahmedabad မှ လန်ဒန်မြို့သို့ ပျံသန်းသွားမယ့် Air India Flight AI171 (Boeing 787 Dreamliner) သည် ပျံသန်းပြီးမိနစ်ပိုင်းအတွင်း Medical hostel တစ်ခုအပေါ် ပြုတ်ကျခဲ့ပြီး အလွန်ထိခိုက်နစ်နာမှုကြီးမားသော ဆုံရှံုးမှု ဖြစ်ပွားခဲ့သည်။
လေယဥ်ပေါ်တွင်ခရီးသည် ၂၃၀၊ လေယာဥ်မောင်မယ်အပါအဝင် ဝန်ထမ်း၁၂ဦး စုစုပေါင်း ၂၄၂ဦးလိုက်ပါစီးနင်းခဲ့ကြသည့်အထဲမှ ဗြိတိန်နိုင်ငံသားခံယူထားတဲ့ Vishwash Kumar Rameshဆိုသူ၁ဦးထဲသာ emergency exitမှတဆင့်ထွက်ပြေးနိုင်ခဲ့ပြီး အလွန်ကံကောင်းစွာအသက်ရှင်ကျန်ရစ်ခဲ့ပြီး ကျန်၂၄၁ဦး အသက်ဆံုးရှံုးခဲ့ရပါသည်။ထိုသူများထဲတွင် India နိုင်ငံမြို့တော်တခုဖြစ်တဲ့Gujarat ပြည်နယ်ဝန်ကြီးချုပ်ဟောင်း Vijay Rupaniလည်းပါသွားခဲ့ပါတယ်။
မြေပြင်ပေါ်မှာ ဆရာဝန်များအပါအဝင် ၂၈ဦးအသက်ဆံုးရှံုးခဲ့ရပြီး ၆၀ဦးဒဏ်ရာရရှိထားတယ်လို့သတင်းရရှိထားပြီးဆက်လက်ရှာဖွေမှုများလုပ်​ဆောင်နေကြပါတယ်။
လေယဥ်မထွက်မှီ ခရီးသည်တချို့က Indiaနိုင်ငံကိုလာလည်ရတာ အရမ်းပျော်ရွှင်ခဲ့ရပြီး ကျေးဇူးအများကြီးတင်ပါတယ်India ဆိုပြီး social media ပေါ် vlogတင်သွားခဲ့ပါတယ်။ ဆရာဝန်၁ယောက်ကလည်း ၆နှစ်လောက်လန်ဒန်မှာကြိုးစားရုန်းကန်ခဲ့ရပြီး ကြီးမားတဲ့ေမျှာ်လင့်ချက် တွေနဲ့အခုတော့မိသားစုနဲ့အတူလန်ဒန်မှာအခြေချခွင့်ရပြီဆိုတဲ့ အကြောင်း လေယာဥ်ပေါ်မှာ ပျော်နေကြတဲ့မိသားစုပုံလေးကိုတင်ခဲ့ပြီးမိနစ်အပိုင်းအတွင်းအသက်ဆံုးရှုံးခဲ့ကြရတာပါ။
မမျော်လင့်ဘဲကံကောင်းခဲ့တဲ့အမျိုးသမီးတဦးဟာ ခရီးစဥ်လိုက်ပါဖို့အတွက် လေဆိပ်ကိုလာတဲ့လမ်းမှာယာဥ်ကြောပိတ်နေလို့ ၁၀မိနစ်ကျော်နောက်ကျသွားလို့ လေယာဥ်ပေါ်တက်ခွင့်မရဘဲကျန်ခဲ့ရလို့ သူ့ကိုယ်သူကံမကောင်းဘူးလို့တွေးနေခဲ့ကာအခုတော့ ဘုရားသခင်ကအသက်ရှင်စေချင်လို့ချန်ခဲ့မှန်းသိလိုက်ရလို့ကျေးဇူးတင်တယ်လို့ပြောခဲ့ပါတယ်။တခါတလေ ကံတရားက သေစေချင်တဲ့သူသေခိုင်းပြီး ရှင်စေချင်တဲ့သူကိုအကြောင်းအမျိုးမျိုးနဲ့ရှင်ခွင့်ရစေခဲ့တာပါဘဲ။

Photos from Haha Express's post 09/06/2025

မန်ကျည်းသီး (Tamarind) — သဘာဝကျန်းမာရေးအဖော်ကောင်း 🧉

မန်ကျည်းသီးမှည့်က ဟင်းချက်တဲ့ နေရာမှာအသုံးပြုရုံသာမက ကျန်းမာရေးအတွက်ပါ အများကြီးအကျိုးရှိတယ်ဆိုတာသိခဲ့လား?

✨ အကျိုးကျေးဇူးများ
✅ အစာချေစနစ်ကောင်းမွန်စေခြင်း – အမျှင်ဓာတ်မြင့်မားလို့ ဝမ်းချုပ်မှုကို သက်သာစေပါတယ်။
✅ အဆီကျပြီး၊ ကိုလက်စထရောလျှော့ အောင် ခန္ဓာကိုယ်အတွက် ကူညီပေးပါတယ်။
✅ အရေးအကြောင်းသက်သာစေခြင်း – အရေပြားယားယံမှု၊ ဝမ်းချုပ်ခြင်းတို့ကို သက်သာစေပါတယ်။
✅ အိုမင်းခြင်းကိုနှေးကွေးစေခြင်း – Antioxidant ဓာတ်များကြောင့် အသားအရေ ငယ်ရွယ်နုပျိုနေစေပါတယ်။
အိမ်ရှင်မတွေက အသားငါးဆေးကြောတဲ့အခါ အညှီနဲ့အချွဲကိုပျောက်ဖို့ မကျည်းသီးမှည့်ကိုအသုံးပြုကြပါတယ်။ဒီလိုဘဲလူ့ခန္ဒာကိုယ်ရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းဟာ အညစ်ကြေးတွေ အကျိအချွဲတွေအများကြီးရှိပါတယ်။ ခန္ဒာကိုယ်၁ခုလုံးရဲ့ကျန်းမာရေးဟာ အူလမ်းကြောင်းနဲ့အများကြီးသက်ဆိုင်ပါတယ် ဒါကြောင့် အူလမ်းကြောင်းကျန်းမာဖို့ မန်ကျည်းသီးမှည့်ဟာလည်း အကောင်းဆုံးသဘာဝဆေး၁ခုပါဘဲ။ မန်ကျည်းသီးမှည့်မှာပါတဲ့ အချွဲဓါတ်တွေဟာ အူလမ်းကြောင်းသန့်ရှင်းအောင်လုပ်ဆောင်ပေးပါတယ်။ဝမ်းချုပ်တတ်တဲ့သူတွေဆို မန်ကျည်းသီးမှည့်ကို ဖျော်ရည်လုပ်ပြီးသောက်သုံးတာ၊ အချဥ်ဟင်းရည်အဖြစ်ချက်သောက်တာတို့ကိုလုပ်သင့်ပါတယ်။
📌သတိထားရမှာက သူ့မှာအချဥ် အက်စစ်ဓာတ်နဲနဲရှိတဲ့အတွက် အစာအိမ်နာရောဂါရှိတဲ့သူတွေက ကိုယ့်အစာအိမ်ခံနိုင်တဲ့ပမာဏလောက်ဘဲ ချင့်ချိန်ပြီးအသုံးပြုသင့်ပါတယ်
ခြုံပြောရရင်
ဝမ်းမှန်တယ်
ဝက်ခြံပျောက်တယ်
ရင်အေးတယ်
ခန္ဒာကိုယ်အပူကင်းတယ်စသဖြင့်များစွာသောအကျိုးကျေးဇူးတွေရှိတယ်။

👉 အသုပ်၊ အချဥ်ဟင်းအရည်၊ သဘာဝဖျော်ရည်အဖြစ်သောက်သုံးနိုင်ပါတယ်။
👉 ချဉ်စပ်အရသာကြောင့် မန်ကျည်းပြားအသင့်စား snack အဖြစ်လည်း အလွယ်တကူစားနိုင်ပါတယ်။
👉 အရေပြားအတွက် mask အဖြစ်သုံးလို့ရပါတယ်။
---

❤️ ကျန်းမာရေးကို သဘာဝနည်းနဲ့ ချစ်ကြစို့။
📲 Page ကို Follow လုပ်ပြီး ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ post တွေ ဆက်လက်လေ့လာကြဖို့မမေ့နဲ့နော်။

#မန်ကျည်းသီး #သဘာဝကျန်းမာရေး

08/06/2025

ရင်ဖွင့်ချင်လို့ပါဗျ
ကျနော့်ကောင်မလေးနဲ့ကျနော်ကမယူရသေးပါဘူး။
ဒါပေမယ့် ချိန်းတွေ့တိုင်း ကျနော့ပါးလေးကို မွမွဆိုပြီးနမ်းလိုက်
နှာခေါင်းလေးကို အိခနဲ အိခနဲ ကိုက်လိုက်
နှုတ်ခမ်းလေးကို မွစိမွစိ ဆိုပြီးနမ်းလိုက်နဲ့....
တွေ့လိုက်တာနဲ့ ကျနော့ကိုချစ်လိုက်တာကိုကိုရယ်
ချစ်လိုက်တာကိုကိုရယ်နဲ့
အတင်းတွေဖက်အတင်းတွေဖြစ်နေလို့....
ရင်ထဲမှာအရမ်းကြည်နူးပြီး ရင်လာဖွင့်တာပါ။

08/06/2025

အွမ်း🤭🤭🤭

07/06/2025

' ဝါး ' ခနဲ သန်းလိုက်ပီး အိပ်ယာ နိုးလာတော့
ညက အမူးမပြေသေးတဲ့ အရှိန်နဲ့ အခန်းထဲကို
ဝေ့ကြည့် လိုက်သည်။

ကိုယ်ရဲ့ဘေးမှာ တစဆီကြွေလွင့်နေတဲ့ နှင်းဆီပန်းလေးကို တွေ့ရသည်။
မလှမ်မကမ်းမှာတော့ ကျကွဲနေသော
ကော်ဖီခွက်လေးကို တွေ့ရသည်။

' ဒါ.. ဒါ.. အိမ်ဖော်မလေးရဲ့အခန်းပဲ ' 😳

ချက်ချင်းဆိုသလို
ညက အရက်မူးမူးနဲ့ ပြန်လာတာကို
အိမ်ဖော်မလေးက လာကူတွဲပေးသည့် ပုံရိပ်တွေ
ပြန်မြင်ယောင် မိသည်။

သွားပီ ... ငါတော့
မြန်မာကားတွေ ထဲကလို အရက်မူးမူး နဲ့ စော်ကား
လိုက်မိပီ 😔

သေချာတယ် နှင်းဆီပန်းတွေ ကြွေလို့ ...
ကော်ဖီခွက်တွေလဲ ကျ ကွဲလို့ ...



' ကြီးမေ ကြီးမေ အိမ်ဖော် ခလေးမလေး ကော '

ကပျာကယာနဲ့ အခန်းပြင်ထွက်ပီး မေးမိသည်။

' ဟဲ့ မနက်အစောကြီးကပဲ
အရေးကြီး ကိစ္စရှိလို့ ဆိုပီး ရွာပြန် သွားတယ် '

ကြီးမေက မီးဖိုချောင်ထဲမှာ လှမ်းအော်သည်။


ကျနော် အော်လန်ဒိုဘလွန်း ကြေကွဲ နေဟန်ဖြင့်
နံရံကို မှီချ လိုက်သည်။ 🥺

' ငါ မူးမူးရူးရူးနဲ့ အားရပါးရ စော်ကားလိုက်တာ
သူက ရွာကို ပြန်ပြေး သွားပီ ကိုး '

သနားစိတ်နဲ့ မျက်ရည်တချက် ဝေ့ သွားသည်။ 😢

' မဖြစ်သေးပါဘူး ငါက ယောက်ျားပဲ
ငါ့ တာဝန် ငါ ယူရမယ် '


ချက်ချင်းဆိုသလို
သူ့ကို အလုပ် လာသွင်းပေးသော ပွဲစားအန်တီကြီး
ဖုန်းနံပါတ်ကို ရှာပီး ဆက်လိုက်သည်။

' ဟယ်လို မောင်ဇော် ပြောပါ '

' အန်တီ အလုပ်လာသွင်းပေးတဲ့ အိမ်ဖော်ခလေးမလေး ဘယ်မှာ နေလဲ သိလား
သူ ဒီနေ့ ရွာကို ပြန်သွား လို့ပါ '

' အဲ့လိုတော့ မသိဘူး ဧရာဝတီတိုင်းကပဲ
ဘာလို့လဲ မောင်ဇော်ရဲ့ အရေးကြီး လို့လား '

' ဟုတ် နဲနဲ '

' ဒါနဲ့ မောင်ဇော်ရဲ့
အဲ့ဒါ အိမ်ဖော်မလေး မဟုတ်ဘူး
အိမ်ဖော် အထီးလေး ပါ '

သူက အဲ့လိုပဲ နေတတ်လို့ မိန်းခလေးပုံစံ ဖြစ်နေတာ '

' ဗျာ ' 😳

ကျနော် ဖုန်းကို ကိုင်ထားရင်း ပါးစပ် အဟောင်းသားဖြစ်သွားသည်။



' ဆတ် ' ခနဲ နာလာတဲ့ ကိုယ့် ..င် ကိုယ် စမ်းကြည့်ပီး
နံရံကို မှီချ လိုက်သည်။



" တောက် " 😡

ဧရာဝတီတိုင်းကနေ ရန်ကုန်ထိ လာပြီး.. ငါ့ကို .. 😏


ဝေမျှသူ.... ရန်ကုန်တိုင်းကသူ 😎



07/06/2025

ဘဝမှာ လူအများကြီးမလိုအပ်ပါဘူး။၁ယောက်ဘဲလိုအပ်တယ် မင်းဘယ်လိုအခြေအနေမျိုးမှာမဆို တလောကလုံးကမင်းကိုပစ်ပယ်ရင်တောင် နောက်လှည့်ကြည့်ရင်မင်းအတွက်သူရှိနေ​ပေးတာ မင်းမလုပ်နိုင်ဘူးလို့ထင်တဲ့အရာတွေကို ဘေးနားကနေခွန်အားပေးပြီး လုပ်နိုင်အောင်တွန်းအားပေးတဲ့သူ မင်းရဲ့သိမ်ငယ်စိတ်တွေဖယ်ထုတ်ပေးတဲ့သူ မင်းရဲ့အားနည်းချက်တိုင်းက သူနဲ့တွေ့ရင်ဘာမှအရေးမကြီးတော့တာ ဘဝရဲ့အောင်မြင်ချိန် ကျရှုံးချိန်တိုင်းအနားမှာအတူရှိပေးတာမျိုး မင်းဝမ်းနည်းတဲ့အခါမင်းနဲ့ထပ်တူခံစားပေးပြီး မင်းပျော်စရာရှိတဲ့အခါ မင်းကိုကြည့်ပြီးတသိမ့်သိမ့်ပြုံးနေတဲ့သူမျိုးပေါ့ အဲ့ဒီလူဟာ မင်းရဲ့လက်တွဲဖော်လည်းဖြစ်နိုင်သလို၊မင်း အဖေ၊ အမေ၊ မောင်နှမ၊သူငယ်ချင်းထဲကဖြစ်နိုင်တာဘဲ ၁ယောက်ပါဘဲ အဲ့လို၁ယောက်ကိုပိုင်ဆိုင်ထားရင် ဘဝကပြည့်စုံပါပြီ။ ၁ယောက်ထက်မကပိုင်ဆိုင်ထားရင်တော့ဒါလောကကြီးက မင်းကိုပေးတဲ့မေတ္တာလက်​ဆောင်တွေဘဲ။

06/06/2025

‎ဝင်ငွေရဲ့ ၂၀% လောက်က
‎တတ်ထားတဲ့ ပညာကြောင့်ဝင်တာ။

‎၈၀ % က လူမှု ပေါင်းသင်း
‎ဆက်ဆံရေးကြောင့် ရတာပါ တဲ့ ။

‎emotional recognition ability
‎( မြန်မာလို အရိပ် ၃ ပါး နားလည်တာပေါ့)

‎အဲဒါမြင့်ရင် လစာ သို့မဟုတ်
‎ဝင်ငွေမြင့်တယ်တဲ့ ။

‎2014 လောက်က လုပ်ထားတဲ့ သုတေသနတစ်ခုမှာတွေ့ရှိချက်ပေါ့ ။
‎Time Magazine မှာ ပါတာပါ ။

‎( တခြားအချက်တွေဖြစ်တဲ့
‎အသက် ၊ အလုပ်ချိန် ၊
‎လုပ်ငန်းအတွေ့အကြုံ စတာတွေကို ဘုံထားပြီးတွက်တာပါ )

‎ဆိုလိုတာက ပညာတတ်တိုင်း
‎ငွေဝင်တာမဟုတ်နိုင်ဘူးပေါ့ ။

‎ငွေတင်မဟုတ်ဘူး
‎အောင်မြင်တဲ့ ဘဝရဖို့ကလဲ
‎လူကဲခတ်တတ်ပြီး
‎လူဝင်ဆံ့မှ EQ မြင့်မှ ဖြစ်မှာ ။

‎မိဘတွေ အနေနဲ့
‎သားသမီးတွေကို
‎သင်ကြားတဲ့အခါ
‎စာတော်ဖို့ တင်မဟုတ်ပဲ
‎EQ မြင့်အောင်
‎လူတောတိုးအောင်လည်း
‎သင်ကြားပေးသင့်ပါတယ် ။

‎ကိုယ့်သားသမီး ပျော်နေတာပဲ
‎တွေ့ချင်တယ်မို့လား ။

‎ဒါဆို
‎ပေါင်းသင်းဆက်ဆံရေး
‎ပြေပြစ်အောင် ၊
‎ညှိနှိုင်းဆောင်ရွက်တတ်တဲ့
‎အလေ့အကျင့်ရအောင်လည်း
‎သင်ကြားပေးသင့်ပါတယ် ။


Photos from Haha Express's post 06/06/2025

အရက်ကို ရေမရောရင်ပြင်းတယ်
အချစ်ကို ငွေမရောရင်ငြင်းတယ်
ဘယ်သူတွေအငြင်းခံခဲ့ရပြီးပြီလဲဘဝတူတွေပြောခဲ့ဦး🥺

06/06/2025

လူတွေကအားနာလို့လိုက်လျောရင်သူတို့ရပိုင်ခွင့်လို့ထင်ကြတယ်။
ပြသနာမကြီးချင်လို့သည်းခံရင်သူတို့အမှန်လို့ထင်ကြတယ်...

06/06/2025

ဟိုဘက်ကလည်းဝင်ခွင့်ပိတ် ဒီဘက်ကလည်းထွက်ခွင့်ပိတ်တဲ့သူတွေကြားမှာ ငွေမရှိတဲ့မိမိအဖြစ်ကိုတွေးမိမှဘဲစိတ်အေးရတော့တယ်😂
ကင်ချာနား အိုကေ အိုင်ဖိုင်း

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


SATHU Pradit
Bangkok
10120