" ၂၀၁၀ ခုနှစ်ကနာမည်ကြီးကစားသမားတွေဘယ်ရောက်ကုန်ပြီလဲ ? "
Goat or Goal
Honoring every Goat, Celebrating every Goal Your ultimate destination for all things football. Subscribe and be a part of our passionate football community!
From jaw-dropping goals to in-depth analyses of the greatest players of all time, we've got it all covered. Whether you're here for the latest match highlights, player interviews, or expert breakdowns, our content is designed to keep every football fan engaged and informed. Join us as we explore the beautiful game, celebrate legendary GOATs, and cheer for stunning goals.
" ကစားသမားဘဝတစ်လျှောက်အနီကတ်မထိဖူးတဲ့သူများ "
" ဥရောပကမဟုတ်ဘဲ Euro ပြိုင်ပွဲဝင်ခွင့်ရထားတဲ့နိုင်ငံများ "
" မကြာခင်စတင်တော့မယ့် Euro Cup ပြိုင်ပွဲရဲ့ထူးခြားချက်များ "
04/06/2024
အာဆင်နယ်အသင်းရဲ့ကစားသမား ဂျပန်လက်ရွေးစင် တိုမီယဆုကတော့ မြန်မာအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ယှဉ်ပြိုင်ကစားရန် ရန်ကုန်မြိုကို ရောက်ရှိနေပြီဖြစ်ပါတယ်။
အာဆင်နယ်ဖန်တွေဆိုရင် မြန်မာနဲ့ကစားမယ့်ပွဲကို သွားလည်းကြည့်ရင်း ကောင်းတဲ့ VPN လေးတွေလည်းညွှန်းခဲ့ကြပါအုံး။
03/06/2024
" တူရကီ ကလပ် ဖီနာဘာချီ ရဲ့ နည်းပြအသစ်ဖြစ်လာတဲ့ စပယ်ရှမ်ဝမ်း "
ပေါ်တို,ချဲလ်ဆီး,ရီးရဲလ်,မန်ယူနဲ့ ရိုးမားတို့အသင်းမှာ အောင်မြင်မှုတွေရယူထားနိုင်ခဲ့တဲ့ မော်ရင်ဟိုတစ်ယောက်ကတော့ တူရကီ ကလပ် ဖီနာဘာချီ ရဲ့ နည်းပြအသစ်ဖြစ်လာခဲ့ပြီး ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ဖီနာဘာချီ အသင်းအနေနဲ့ လိဂ်မှာ အဆင့် ၂ နေရာနဲ့ ရာသီသိမ်းခဲ့ပြီး ချန်ပီယံလိပ်ဝင်ခွင့်ရရှိထားတာလည်းဖြစ်ပါတယ်။ဒါအပြင် တပည့်ဟောင်း ဖရတ်ဒ်လည်းရှိနေတာကြောင့် ဆရာတပည့်တွေ တစ်ဖြန်ပြန်ပြီး အောင်မြင်မှုတွေရယူနိုင်မလားဆိုကတော့ စိတ်ဝင်စားစရာပါပဲ။Under dog အသင်းတွေကိုလည်း အောင်မြင်မှုတွေရယူထားနိုင်ပေးခဲ့တဲ့ စပယ်ရှယ် ဝမ်းတစ်ယောက် ဒီတစ်ခါမှာလည်း အောင်မြင်မှုတွေရယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
02/06/2024
" Here We Go! Real Madrid🤝✔️ Mbappe "
ညက ချန်ပီယံလိပ်ဖလားယူ မနက်ကျ Mbappe ကိုစာချုပ်ချုပ်။
ကဲ ရီးရဲလ်ရဲ့ တိုက်စစ်ကို ဘယ်သူတွေ ဘယ်လို ရပ်တန့်မှာလဲ?
02/06/2024
" ဥရောပ ထိပ်သီးလိဂ် ၅ ခုထဲက ရှုံးပွဲမရှိ ချန်ပီယံများ "
အေစီမီလန် ( ၁၉၉၁-၉၂ )
နည်းပြ ဖေဘီယို ကာပယ်လို ရဲ့ အေစီမီလန် အသင်းဟာ ပြိုင်ပွဲအစုံ ၃၄ ပွဲ မှာ ရှုံးနိမ့်ခြင်းကို မကြုံတွေ့ ခဲ့ရဘဲ ဥရောပ ထိပ်တန်းလိဂ်တွေထဲမှာ ပထမဆုံး ရှုံးပွဲ မရှိ ချန်ပီယံ အဖြစ် စံချိန်ရေးထိုးနိုင်ခဲ့ပါတယ် ။ သူတို့ဟာ ၅၈ ပွဲ ဆက်တိုက် မရှုံးခဲ့ဘဲ အီတလီ ရဲ့ အမှတ်ပေး စံချိန်သစ်ကိုလည်း ရေးထိုးခဲ့ပါတယ် ။
အာဆင်နယ် ( ၂၀၀၃-၀၄ )
အေစီမီလန် ရဲ့ အောင်ပွဲအပြီး ၁၂ နှစ် အကြာမှာတော့ နောက်ထပ် ရှုံးပွဲမရှိ ချန်ပီယံ တသင်း အင်္ဂလန်မြေ ပေါ်မှာ ပေါ်ထွက်လာခဲ့ပါတယ် ။ အဲ့ဒီ အသင်းကတော့ အာဆင်ဝင်းဂါး ရဲ့ အာဆင်နယ်ပါ ။ ဒီကနေ့အထိ ဘယ် အင်္ဂလိပ် ထိပ်တန်းလိဂ်အသင်းမှ ဒါကို မချိုးဖျက်နိုင်ခဲ့ပါဘူး ။ အာဆင်နယ် ဟာ ဒီအောင်ပွဲကြောင့် ‘The Invincible’ ဆိုတဲ့ အမည်နာမ ၊ ရွှေရောင် ပုံစံငယ်ဖလား တစ်လုံးနဲ့ ဂုဏ်ပြု ခံခဲ့ရပါတယ် ။
ဂျူဗင်တပ် ( ၂၀၁၁-၁၂ )
နည်းပြ အန်တိုနီယို ကွန်တီ ဦးဆောင်တဲ့ ဂျူဗင်တပ် အသင်းဟာ ၂၀၁၁-၁၂ ရာသီ တခုလုံး နဲ့ နောက်ရာသီဝက် အထိ ရှုံးပွဲ မတွေ့ခဲ့ပါဘူး ။
လေဗာကူဆင် ( ၂၀၂၃-၂၄ )
ဘိုင်ယန်မြူးနစ် လို အသင်းမျိုးတောင် မရယူနိုင်ခဲ့တဲ့ ဘွန်ဒစ်လီဂါ ရှုံးပွဲမရှိ ချန်ပီယံဘွဲ့ ကို လေဗာကူဆင် အသင်းက ပထမဆုံး အမှတ်ပေး ချန်ပီယံ ဖြစ်တဲ့ ရာသီမှာတင် ရယူနိုင်ခဲ့ပါတယ် ။ နည်းပြ ဇာဘီ အလွန်ဆို ရဲ့ အသင်းဟာ ၆ ပွဲတည်းသာ သရေကျခဲ့ပြီး ၂၈ ပွဲအထိ အနိုင်ရရှိခဲ့တာပါ။
01/06/2024
" Congratulations Hala Madrid 🤍 "
ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲတစ်လျှောက်လုံး ရှုံးပွဲမရှိစံချိန်နဲ့ ၁၅ ကြိမ်မြောက် ချန်ပီယံလိပ်ဆုဖလားကို ဆွတ်ခူးရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်။
15/08/2023
𝐕𝐚𝐫𝐚𝐧𝐞 : ကျွန်တော်တို့အနေနဲ့ ရာသီအစအဖွင့်ပွဲစဉ်ကို Clean sheet ရယူနိုင်ခဲ့တာ တကယ်ကိုကောင်းပါတယ်။
ငါတို့အနေနဲ့ transition ကောင်းတဲ့အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အခက်အခဲတွေတော့ရှိခဲ့တာပါပဲ။ငါတို့အနေနဲ့ ဂိုးရဖို့အခွင့်အရေးတွေရခဲ့သလို သူတို့လည်းရခဲ့တာပါပဲ၊ဒါပေမယ့်နောက်ဆုံးမှာတော့ စည်းစည်းလုံးလုံးနဲ့ ရာသီအစကိုအနိုင်နဲ့ဖွင့်နိုင်ခဲ့တာဖြစ်ပါတယ်။
အိုနာနာနဲ့လည်းရာသီကြိုပွဲစဉ်တွေထဲကနားလည်မှုရှိခဲ့ပြီးသားပါပဲ။အချိန်ကြာလာတာနဲ့အမျှသူလည်းအသင်းနဲ့အတူအသင်းကျသွားမှာပါပဲ။ငါတို့အနေနဲ့တစ်ယောက်နဲ့တစ်ယောက်နားလည်မှုလည်းရှိတယ်၊ကစားကွက်ကလည်းနည်းပြကပြောတဲ့အတိုင်းဆော့တာဆိုတော့အချိန်ကြာလာတာနဲ့အမျှပိုကောင်းလာဖို့ပဲရှိပါတယ်
คลิกที่นี่เพื่อเป็นสมาชิก?
ที่ตั้ง
ประเภท
เว็บไซต์
ที่อยู่
Bangkok