🌧️ Rainy Season Special 🌊
မိုးရာသီမှာလည်း fun မပျက်ဘူးနော်! 💦ရေကူးရင်း chill လုပ်ဖို့ အကောင်းဆုံးအချိန်ရောက်လာပြီ 🏊♂️
💥 Promotion အထူး 💥
👤 တစ်ယောက် — 5% OFF
👥 နှစ်ယောက်နှင့်အထက် — 10% OFF
သူငယ်ချင်းတွေနဲ့အတူလာရင် ပိုပြီး save လို့ရပြီး ပိုပြီးပျော်စရာတွေဖြစ်မယ်နော်။
အသေးစိတ်ကို Cb ကနေတစ်ဆင့်မေးမြန်းနိုင်သလို
📞 0837037818 ကနေလဲဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။
Zeta Swimming Class
အခြေခံမှစအဆင့်မြင့်အထိတတ်မြောက်အောင်သင်ကြားပေးပါသည်။
ဘန်ကောက်က ဆရာမနဲ့ရေကူးသင်ချင်တဲ့ ရွှေမြန်မာတို့အတွက် Special Slot(limited)လေး ရပါမယ်ဗျ! 🏊♀️✨
လက်ရွေးစင်ဟောင်းများမှ စနစ်တကျ သေသေချာချာ သင်ပေးမှာမို့ လက်မလွှတ်ရအောင် အမြန်လေး Booking လုပ်ထားလိုက်တော့နော်။
ဘာလို့ Zeta Swimming Class ဆီမှာ သင်သင့်တာလဲ?
• professional ပြိုင်ပွဲဝင်ဟောင်းများဖြစ်လို့ Technique ပိုင်း အထူးစိတ်ချရခြင်း၊
• ရေကူးသင်ကြားရေး အတွေ့အကြုံ (၄) နှစ်နှင့်အထက် ရှိသူများမှ သင်ကြားပေးခြင်း၊
• Location Choice: ရေကူးကန်ရှာစရာမလိုပဲ Coach ရှိတဲ့ Main Pool မှာ လာသင်နိုင်ခြင်း
• 1-on-1 Coaching: ကလေး/လူကြီး မိမိတို့ Condo အထိ လာသင်ပေးခြင်း၊
limited time slot ဖြစ်တာမို့အမြန်ဆုံးအချိန်ညှိပေးဖို့တော့လိုပါတယ်ဗျ
Skills
✅ Basic , Advanced
✅ Technical Corrections
အသေးစိတ်ကို Messenger ကနေဖြစ်စေ၊ အောက်ပါ ဖုန်းနံပါတ်ကနေဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ။💌
📞 Contact: +66 94 221 679
#ဘန်ကောက်
ရေမကူးတတ်လို့ ရေကူးကန်ဘေးမှာပဲ ဓာတ်ပုံရိုက်နေရတဲ့ ခေတ်ကုန်ပြီနော်! 😎
ဆရာမနဲ့သင်ချင်သူများအတွက်အတန်းလေးပြန်စဖွင့်ပါပြီ။
ဆရာမက Bangkok မှာ ခဏပဲရှိနေမှာမို့ နောက်မကျခင် အတန်းလေးတွေ မြန်မြန်အပ်ထားလိုက်တော့နော်။
ရေအရမ်းကြောက်တတ်လို့၊ တစ်ခါမှ မကူးဖူးလို့ စိုးရိမ်နေစရာ လုံးဝမလိုပါဘူး။ အခြေခံကနေစပြီး စနစ်တကျ သင်ကြားပေးတာမို့ ၁၀ ရက်အတွင်း အခြေခံကူးနည်း (၃) မျိုးလုံးကို ကျွမ်းကျင်သွားတဲ့ အစ်မရဲ့ Video လေးကို ကြည့်လိုက်ပါဦး။ 🔥
✅ ရေကြောက်တတ်သူများအတွက် သီးသန့်သင်ကြားမှု ✅ ၁၀ ရက်အတွင်း သိသာတဲ့ တိုးတက်မှု ✅ အခြေခံကနေ စနစ်တကျ သင်ယူလိုသူများအတွက်
ဘန်ကောက်မှာရှိတုန်း ရေကူးတတ်သွားချင်ရင်တော့ အခုပဲ Zeta Swimming Class ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါတော့။ 🌊🏊♀️
အသက် ၅၀ ကျော်မှ ရေကူးသင်လို့ ရပါ့မလား? ဆိုပြီး တွေးပူနေတဲ့ အန်တီတွေအတွက် သတင်းကောင်းလေးပါ! 😍
Zeta မှာ သင်တန်းတက်နေတဲ့ အန်တီတစ်ယောက်ဆိုရင် သင်တန်းချိန် ၁၀ ချိန်လေးနဲ့တင် မီတာ ၂၀ ကန်အရှည်ကြီးကို အေးအေးဆေးဆေး ကူးနိုင်နေပြီနော်။ ဖားကူး (Breaststroke) ရော၊ လက်ပစ်ကူး (Freestyle) ရော နည်းစနစ်မှန်မှန်နဲ့ ပေါ့ပေါ့ပါးပါးလေး ကူးခတ်နေတာ မြင်ရတာ တကယ်ကို အားတက်စရာပါပဲ။ ✨
အသက်အရွယ်က အဓိကမဟုတ်ပါဘူး၊ စိတ်ပါရင် Zeta မှာ အခြေခံကစပြီး စနစ်တကျ သင်ပေးမှာမို့ အချိန်ကုန်လည်း သက်သာတယ်၊ ခဏလေးနဲ့လည်း တတ်စေရမယ်။ ရေကူးတတ်ချင်တဲ့ စိတ်လေးပဲ ယူခဲ့ပါ❤️
12/12/2025
🌊 2026 ရဲ့ personal goal တွေထဲက ရေကူးသင်မယ့် Resolution ပါသလား? 🏊♂️✨
၂၀၂၅ ကုန်တော့မယ်နော်... နှစ်တိုင်း "ငါရေကူးသင်ဦးမယ်" လို့ ပြောပြီး မသင်ဖြစ်သေးဘူးဆိုရင်...ဒိအချိန်က အကောင်းဆုံးအခွင့်အရေးပဲ!
🔥 New Year, New Skill Promotion! 🔥
✅ 10% OFF — Per Person!
✅ Enroll 2,Get 1 Free!
🌟 ၂၀၂၆ မှာ သင်ဟာ "ရေကူးတတ်တဲ့သူ" တစ်ယောက် ဖြစ်နေရမယ်!
ပင်လယ်သွားရင် ဘေးကနေပဲ ကြည့်နေရတာ ငြီးငွေ့နေပြီလား? ရေကူးကန်ထဲမှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး မဆင်းရဲဘူးလား? ကျွန်တော်တို့ဆီမှာ ၁ လအတွင်း ရေထဲမှာ လွတ်လပ်စွာ ကူးခတ်နိုင်အောင် သင်ပေးဖို့ အဆင်သင့်ပါပဲ!
🤔 ဘာကြောင့် ကျွန်တော်တို့ဆီမှာ တက်သင့်တာလဲ?
"ရေကြောက်သူများအတွက် သီးသန့်" ရေထဲရောက်တာနဲ့အသက်ရှုကျပ်နေသလိုခံစားနေရလား၊ရေထဲဆင်းတာနဲ့ရေနစ်မယ်ဆိုတဲ့စိုးရိမ်မှုရှိနေလား?
ရေအထိအတွေ့တော့ရှိတယ်နည်းစနစ်ကျကျမကူးတတ်တဲ့သူ၊ရေအနက်ပိုင်းမှာကူးတတ်ချင်တဲ့သူ ဒါတွေအကုန်လုံးကို Zeta Swimming class ကစိတ်ပူစရာမလိုအောင် စိတ်ရှည်လက်ရှည် သင်ပေးမှာပါ။
"အချိန်ညှိရလွယ်ကူခြင်း" ရုံးဆင်းချိန်လား? ကျောင်းပိတ်ရက်လား? အဆင်ပြေမယ့်အချိန်ကို ရွေးချယ်လို့ရပါတယ်။
"Fun & Safe" ပျော်လည်းပျော်ရမယ်၊ ဘေးကင်းဖို့ကိုလည်း ၁၀၀% အာမခံပါတယ်။
⏳ Don't Wait! နေရာတွေက မြန်မြန်ပြည့်တတ်တဲ့အတွက်အခုဘဲစာရင်း စာရင်းပေးသွင်းလိုက်ပါ။
👇 အသေးစိတ်သိလိုပါက chat box ကနေဆက်သွယ်နိုင်သလို
📞 Hotline: 0837037818 ကိုလဲဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။
သင်တန်းစတက်တာ သုံးရက်ပဲ ရှိသေးတဲ့ အသက်၅၀ ကျော် အန်တီ လက်ပစ်ကူး (Freestyle) ကို နည်းစနစ်မှန်မှန်နဲ့ ကောင်းကောင်းမွန်မွန် ကူးခတ်နိုင်နေပါပြီ!
ရေကူးတတ်ချင်စိတ် ပြင်းပြနေသူတွေအတွက် အချိန်ကုန်လည်း သက်သာမယ်၊ ရေကူးနည်းစနစ်လည်း မှန်မယ်ဆိုရင် Zeta Swimming Class ကို အခုပဲ ဆက်သွယ်လိုက်ပါ။
အရွယ်ရောက်ပြီးမှ ရေကူးသင်ခြင်း - သင်ထင်သလောက် ခက်ခဲပါ့မလား?
🤔 "ကလေးဘဝမှာ မသင်ခဲ့ရင် အခုတော့ နောက်ကျသွားပြီ" - ဒါမှန်လား?
❌ လူအများ ယုံကြည်နေတဲ့ မှားယွင်းတဲ့ ခံယူချက်များ
* "အသက်ကြီးရင် ရေကူးသင်လို့ မရတော့ဘူး"
* "ရေကူးတာ ကလေးတွေပဲ သင်ရတာ"
* "အရွယ်ရောက်ပြီးမှ သင်ရင် ရှက်တယ်"
ရေကူးခြင်းသည် အသက်မရွေး သင်ယူနိုင်သော အရေးကြီးတဲ့ ဘဝကျွမ်းကျင်မှု တစ်ခုဖြစ်ပါတယ်!
📊 ဘာကြောင့် ရေကူးတတ်ဖို့ အရေးကြီးသလဲ?
🚨 WHO ၏ စိုးရိမ်ဖွယ် စာရင်းအချက််အလက်များအရ
နှစ်စဉ် ရေနစ်သေဆုံးမှု ၃သိန်းကျော်
မတော်တဆ သေဆုံးမှု အဆင့်တတိယအဆင့်
မြန်မာတွေရဲ့ ကမ်းခြေချစ်မှု 💯% (ရေကူးမတတ်ပဲနဲ့! 🤣)
💪 ရေကူးတတ်ခြင်းရဲ့ အကျိုးကျေးဇူးများ
* 🏖️ ဘေးကင်းစွာ ကမ်းခြေပျော်ပါးခြင်း
* 🚑 အရေးပေါ်အခြေအနေများတွင် အသက်ကယ်နိုင်ခြင်း
* 💪 ကိုယ်လက်အင်္ဂါ အားကောင်းခြင်း
* 🧠 စိတ်ကျန်းမာရေး တိုးတက်ခြင်း
* 🎯 ယုံကြည်မှု တိုးပွားခြင်း
😰 "ရေကြောက်တယ်" - သင်တစ်ယောက်တည်းမဟုတ်ပါဘူး
🧠 ရေကြောက်ခြင်းရဲ့ အကြောင်းရင်းများ
1. ငယ်စဉ်က ဆိုးရွားတဲ့ အတွေ့အကြုံ
2. ရေနဲ့ မရင်းနှီးမှု (Unfamiliarity)
3. အလွန်အကျွံ သတိထားမှု
🌟 ကျော်လွှားနိုင်တဲ့ နည်းလမ်းများ
* 👨🏫 ကျွမ်းကျင်တဲ့ နည်းပြဆရာ နှင့်အတူ
* 📚 တဆင့်ချင်းဆီ သင်ကြားမှု
* 🤝 စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု
* ⏰ သင့်အမြန်နှုန်းအတိုင်း ဖြေးဖြေးချင်း
🎯 အရေးကြီးဆုံး - "စိတ်ဆန္ဒ (DESIRE)"
💭 သင်ပေးနေတဲ့ အကြောင်းပြချက်များ
အကြောင်းပြချက် အမှန်တရား
"ရေကြောက်တယ်" ✅ ကျော်လွှားနိုင်ပါတယ်
"အသက်ကြီးနေပြီ" ✅ အသက် ၄၀-၅၀ တောင် သင်တတ်သူများ ရှိပါတယ်
"ရှက်တယ်" ✅ ပုဂ္ဂိုလ်ရေး သင်ကြားမှုရှိပါတယ်
"နောက်ကျနေပြီ" ❌ မှားပါတယ်! ယခုပဲ အချိန်အကောင်းဆုံး!
🏊♀️ ကျွန်တော်တို့Zeta Swimming Class ရေကူးသင်တန်းမှာ
📚 စနစ်တကျ သင်ကြားမှု
1. ရေနဲ့ရင်းနှီးခြင်း (Water Familiarization)
2. အခြေခံ ရေပေါ်မြောခြင်း (Basic Floating)
3. လက်ခြေ လှုပ်ရှားမှု (Basic Strokes)
4. အသက်ရှူနည်း (Breathing Techniques)
5. ယုံကြည်မှု တည်ဆောက်ခြင်း (Confidence Building)
💡 အချိန်တန်ပြီ - Action လုပ်ဖို့!
❓ သင့်ကိုယ်သင် မေးကြည့်ပါ
* ⏰ "ဒီအရွယ်မှ မသင်ရင် ဘယ်အရွယ်မှ သင်မှာလဲ?"
* 📈 "အသက်ကြီးလေလေ သင်ပိုခက်လေလေ မဟုတ်လား?"
* 🏖️ "ကမ်းခြေတွေကို ဘေးကင်းစွာ ပျော်ချင်တာ မဟုတ်လား?"
* 👨👩👧👦 "မိသားစုနဲ့အတူ ရေကစားချင်တာ မဟုတ်လား?"
🚀 ယခုပဲ စတင်လိုက်ပါ!
🌟 သင့်ရဲ့ ရေကူးခရီးကို Zeta Swimming Class နဲ့ယနေ့ပဲ စတင်လိုက်ပါ!
စိတ်ဆန္ဒရှိရင် လုပ်နိုင်မှာ အသေအချာပါပဲ! 💪✨
18/11/2025
“ဘယ်နှစ်ရက် သင်ရင် ရေကူးတတ်နိင်မလဲ”
မည်သည့်အသက်အရွယ်မဆို
ရေကူးသင်တန်းကို စတင်လေ့လာလိုသူများအတွက်
အဓိကစိုးရိမ်ချက်တစ်ခုမှာ
“ဘယ်နှစ်ရက် သင်ရင် တတ်နိုင်မလဲ?”
ဆိုသည့်မေးခွန်းဖြစ်ပါတယ်။
ကျွန်တော်တို့၏ Zeta Swimming Training Program တွင်
အသက်အရွယ်နှင့် အတွေ့အကြုံအဆင့်အလိုက်
သင်ယူရလဒ်များက သဘောတရားအတိုင်း အနည်းငယ်ကွဲပြားနိုင်ပါသည်။
Average Research တွေအရတော့ ရေကူးသင်ဖို့ အရွယ်ရောက်ပြီး (၅နှစ်အထက်)တစ်ယောက်အနေနဲ့ ၁၀နာရီကနေ ၂၀ အများဆုံးလိုအပ်တယ်လို့ ဆိုထားပါတယ်။
🔻အဓိကတော့...
✔ကိုယ်ရဲ့စိတ်ပါဝင်စားမှု၊
✔နောက်ခံ Body Endurance ၊
✔သင်တန်းချိန်မှန်ခြင်း စတာတွေအရ ကွာသွားပါတယ်ခင်ဗျ။
သို့သော် လူအများစုတွင်
အောက်ပါကဲ့သို့ တိတိကျကျသော Progress Timeline ကို တွေ့မြင်ရပါသည်—
• ကလေးများ (အသက် ၃–၄ နှစ်)
၇ ရက်မှ ၁၄ ရက်အတွင်း Floating, Basic Kicking တတ်လာနိုင်သည်။
• Beginner – လူငယ်များ
၅ ရက်မှ ၁၀ ရက်အတွင်း Basic Freestyle Movement ကို သင်ယူနိုင်သည်။
• Beginner – လူကြီးများ
၇ ရက်မှ ၁၂ ရက်အတွင်း Water Confidence, Breathing Technique, Short Distance Freestyle တတ်လာသည်။
• Water-Fear Students (ရေကြောက်သူများ)
ပထမ ၃–၅ ရက်အတွင်း Water Confidence တိုးလာပြီး
၁၀ ရက်အတွင်း Basic Movement များ သင်ယူနိုင်သည်။
“ဘယ်နှစ်ရက် သင်ရင် တတ်မလဲ?”
ဆိုသည့်မေးခွန်းအတွက် အဖြေတိတိကျကျကတော့
သင်တန်းကို စတင်လိုက်သည့်နေ့ကပဲ အရေးအကြီးဆုံးဖြစ်ပါသည်။
17/11/2025
Swimming🏊♂️ Vs Gym🏋️♀️
(ဘယ်ဟာက ဘယ်သူ့အတွက်လဲ)
အနှစ်ချုပ်...
( စဆုံး Comparison မဖတ်ချင်ရင် ဒါကိုပဲဖတ်သွားလည်း ပြည့်စုံပါတယ်)
🔻ကိုယ်က Long-term regular exercise လေးလုပ်ချင်တယ် ၊ခန္ဓာကိုယ်အဆီပိုမရှိကြည့်ကောင်းချင်တယ် ၊အမောခံနိုင်ချင်တယ် ၊ပိုက်ဆံလည်းတအားမကုန်ချင်ဘူး ၊Basic Life skill အတွက် တတ်ထားချင်တယ်ဆို ရေကူးတာက ကိုယ့်အတွက်ဖြစ်မှာပါ။👌👌
🔻Gym ဆော့ခြင်းကလည်း Long term Journey ပါပဲ။
သူကျ single goal နဲ့သွားတာဆိုတော့ ဘက်ပေါင်းစုံပြည့်အောင် ကြိူးစားရတဲ့အားကစားပါ။
ကိုယ်ကရေကူးခြင်းကရတဲ့ All in one Benefits တွေဖြစ်တဲ့ whole body fit in one exercise ၊ အမောခံနိုင် စတဲ့ အကျိုးကျေးဇူးတွေထက် ကျန်းမာတဲ့ခန္ဓာကိုယ်ထက် muscle မြန်မြန်ကြီးဖို့လိုတယ်၊ စိတ်ခံစားချက်တွေကောင်းစေတယ်၊ Energetic ဖြစ်စေဖို့ဆို Gym က ကိုယ့်အတွက်ပါပဲ။😎😎
ပထမဆုံးအနေနဲ့ ကျွန်တော်က ရေကူးသင်တယ်ဆိုပြီး Gym ဆော့တာမကောင်းဖို့ ရေကူးဖို့ကိုဆွဲဆောင်ပြီးမရေးပါဘူး ။ နှစ်ခုစလုံးက ကျန်းမာရေလိုက်စားတဲ့သူတွေ ဘယ်ဟာဘယ်လိုလူမျိုးအတွက်သင့်တော်တယ်ဆိုတာကို Research တွေအရ ယှဉ်ပြသွားပါ့မယ်။
ကဲဒါဆို...
✔ အဆီကျဖို့၊ ဝိတ်ကျဖို့အတွက် Gym vs Swimming
လောင်ကျွမ်းတဲ့ calorie ပမာဏက စားသုံးတဲ့ပမာဏထက်များရင် ဝိတ်ကျတယ်ဆိုတာ လူတိုင်းသိတဲ့ အခြေခံပါ။
Gym နဲ့ ရေကူးတာနဲ့ဆို Research တွေအရ Freestyle stroke 30 mins မှာ Calorie ၂၅၀ ကျော်၊
Butterfly 30 mins ဆို ၄၀၀ ကျော် ဘန်းပါတယ်။
ဝိတ်မ တယ်ဆို in 30 mins Calorie 80 ကနေ 100 ကြားဘန်းပါတယ်။
(Cardioတို့ Zumbaတို့မဟုတ်ပါဘူး)
Diet ထိန်းမယ်ဆို ဝိတ်ကျဖို့အတွက်က ရေကူးတာက သဘာဝအတိုင်းရော၊ Data အရရောသာပါတယ်။
✔ ကြွက်သားတည်ဆောက်ဖို့ အတွက် Swimming Vs Gym
နှစ်ခုလုံးက Resistance Training ပါပဲ။
သိသာတဲ့အချက်က Gym ဆော့မယ်ဆို အလေးတုံးတွေကို နေရာတစ်ခုကို ဗဟိုပြုကစားရတာကြောင့် တူညီနေတဲ့ ရေထုကို Resist လုပ်ပြီး ကစားရတဲ့ ရေကူးခြင်းက မယှဉ်နိုင်ပါဘူး။
အချိန်ကြာလတစ်ခုမှာရေကူးရင်း muscle တည်ဆောက်လာနိုင်ပေမဲ့ Gym မှာဆော့တဲ့ resistance ဝိတ်တုံးကလည်းတက်တက်လာတာကြောင့် တူညီတဲ့ ကာလတစ်ခုမှာ Muscle Build အတွက်ဆို Gym ဆော့တာက သိသိသာသာ သာပါတယ်။
✔ အမောခံနိုင်ရည် Endurance အတွက် Swimming or Gym
ဒီတစ်ခုကတော့ရှင်းပါတယ်။ကိုယ်က Endurance တည်ဆောက်ဖို့ဆို ရေကူးတာက Endurance training မဆော့ထားတဲ့ weight lifting သမားနဲ့ယှဉ်ရင် အချိန်တိုအတွင်းသိသာပါတယ်။
ရေကူးနေစဉ်မှာ နှလုံးသွေးလည်ပတ်မှု ၊အဆုတ်လုပ်ဆောင်ချက်တွေကောင်းနေမယ်။
နေ့စဉ်ရေပုံမှန်ကူးနေရင်း အလေ့အကျင့်မရှိပဲ ၁ မိုင်ကျော်ခရီးကိုပြေးဖို့ ၊ စက်ဘီးနင်းဖိူ့ဆိုတာ မခက်ခဲပါဘူး။
ဒါကြောင့် Endurance ယှဉ်ရင် ရေကူးခြင်းက ပြည့်စုံတဲ့ All in one Training ဖြစ်ပါတယ်။
🔻 ရေကူးအတွက် အချိန်ပေးရမှု Vs Gym အတွက် အချိန်ပေးရမှု
ရေကူးကတော့ All in one ဆိုတော့ တစ်နေ့ မိနစ် ၃၀၊ ၄၅ မိနစ်လောက်ပေးရင်ကို အဆီကျပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ရရှိနိုင်ပါတယ်။
Gym ဆော့တာလည်း ရေတို သိသိသာသာ Body Figure ပြောင်းချင်သူတွေအတွက် ရေကူးတာထက် အချိန်ပိုပေးရပေမဲ့ ရေတိုတွင်း ခန္ဓာကိုယ်ပြောင်းလဲနိင်ပါတယ်။
အနှစ်ချုပ်အနေနဲ့ အားသာချက် ၊ အားနည်းချက်ကိုယ်စီနဲ့မို့ ကိုယ်ရဲ့ ဆန္ဒပေါ်မူတည် ရွေးချယ်စရာဖြစ်မှာပါခင်ဗျာ😇😇😇
Crd
သင်တန်းရက်၁၀ရက်အတွင်းမှာဘဲအခြေခံကူးနည်း ၃မျိုးလုံးကျွမ်းကျင်စွာကူးတတ်သွားတဲ့အတွက် Congratulations ပါအမ။
คลิกที่นี่เพื่อเป็นสมาชิก?
ที่ตั้ง
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Din Daeng
Bangkok
10400