เส้นทาง เว็บไซต์ ติดต่อ ธุรกิจของเรา

ZAY YAR MIN LAT I like playing football, and I play it as a hobby.
(1)

ဝါသနာပါလို့သာ ဘောလုံးကန်နေရတာဗျာ… ⚽😂နောက်ဆို ဘောလုံးကန်ဖို့တောင် အချိန်ရှိတော့မှာ မဟုတ်ဘူး…ရုပ်ရှင်တွေ ရိုက်တော့မှာ 🤣🎬CM...
09/10/2026

ဝါသနာပါလို့သာ ဘောလုံးကန်နေရတာဗျာ… ⚽😂

နောက်ဆို ဘောလုံးကန်ဖို့တောင် အချိန်ရှိတော့မှာ မဟုတ်ဘူး…
ရုပ်ရှင်တွေ ရိုက်တော့မှာ 🤣🎬

CM မှာလည်း အမ Ni La တစ်ယောက်ပဲ အမြင်မှန်ရှိတာလား မသိဘူး 😂😂


#ဘောလုံးဝါသနာ
#ရုပ်ရှင်မင်းသားလောင်း

#အပျော်သဘော

ခင်ဗျားတို့ကို ဒုက္ခပေးခဲ့တဲ့သဖရ ဆံရှည်နဲ့ သထုံ ဆံရှည်… 😂⚽မယုံမရှိနဲ့နော်.. 😆ဒီနှစ်ယောက်သာ ခင်ဗျားတို့အသင်းမှာ ရှိနေရင်တ...
08/10/2026

ခင်ဗျားတို့ကို ဒုက္ခပေးခဲ့တဲ့
သဖရ ဆံရှည်နဲ့ သထုံ ဆံရှည်… 😂⚽

မယုံမရှိနဲ့နော်.. 😆

ဒီနှစ်ယောက်သာ ခင်ဗျားတို့အသင်းမှာ ရှိနေရင်တော့ ဂိုးအတွက် စိတ်မပူစေရဘူး 😂⚽

တစ်ယောက်က အရှေ့မှာ ဂိုးသွင်း​သေချာသလို…
နောက်တစ်ယောက်ကလည်း အနောက်မှာ ဂိုးသွင်း​သေချာတယ် ဆိုတော့....

ဂိုးရဖို့တော့ စိတ်ချရပြီပေါ့ဗျာ 😂🔥
ဟုတ်တယ်မလား😂


#အပျော်ကစား
#ဘောလုံးဝါသနာ

#ဆံရှည်နှစ်ယောက်

ဘောလုံးကန်ရင် ထိမှာမကြောက်ဘူးလို့ ပြောရင် အဲကောင် လိမ်တာပဲ 😂လူပဲဗျာ… ကိုယ်အသားနာမှာတော့ ကြောက်ကြတာပေါ့ 😅ကိုယ်ကသာ တခြားလူ...
08/10/2026

ဘောလုံးကန်ရင် ထိမှာမကြောက်ဘူးလို့ ပြောရင် အဲကောင် လိမ်တာပဲ 😂

လူပဲဗျာ… ကိုယ်အသားနာမှာတော့ ကြောက်ကြတာပေါ့ 😅
ကိုယ်ကသာ တခြားလူကို “​ပြန်ချကွာ… ချ....ချ” ဆိုပြီး ဘေးကနေ အားပေးနေတာ 😂 ကိုယ်ကိုထိမှာတော့ ကြောက်တာပဲလေ 🤣

တကယ်ကြောက်မကြောက် ပုံကိုသာ ကြည့်လိုက်တော့ဗျာ 😂
ရုပ်ကြမ်းကြီးတွေနဲ့ အကုန်တောင့်တင်းပြီး တွန့်နေကြတာ… အလယ်ကကောင်က ပိုဆိုးတယ် 🤣🤣

မဖြစ်စလောက်ပါလာတာလေးကို ကာကွယ်နေရသေးတယ် 😂⚽

ဟိုအကိုနှစ်ယောက်တော့ စိတ်မဆိုးကြနဲ့😂


#ဘောလုံးအမှတ်တရ

#ဘောလုံးဝါသနာ
#အပျော်ကစား

ဘာလို့ ဒဏ်ရာခဏခဏရနေလဲဆိုရင် ပုံကိုသာကြည့်လိုက်တော့ဗျာ 😅⚽တစ်ဖက်ကလည်း ဂိုးရဖို့အတွက် အစွမ်းကုန်ကြိုးစားတယ်။ ကိုယ်ကလည်း ဂို...
07/10/2026

ဘာလို့ ဒဏ်ရာခဏခဏရနေလဲဆိုရင် ပုံကိုသာကြည့်လိုက်တော့ဗျာ 😅⚽

တစ်ဖက်ကလည်း ဂိုးရဖို့အတွက် အစွမ်းကုန်ကြိုးစားတယ်။ ကိုယ်ကလည်း ဂိုးမပေးရဖို့အတွက် တားဆီးရတယ်။ အဲ့ဒီလို အပြိုင်အဆိုင် ကစားကြတော့ တစ်ခါတစ်လေ အခန့်မသင့်ရင် ထိခိုက်မိတာပေါ့ဗျာ 😂

ဘောလုံးကစားတာက ဒီလိုပါပဲ… ကိုယ်ကလည်း နိုင်ချင်၊ သူကလည်း နိုင်ချင်ဆိုတော့ တစ်ခါတလေ ဒဏ်ရာက အမှတ်တရအဖြစ် ပါလာတတ်တာပေါ့ 😄⚽

အဲဒီအလုံးလေးတောင် မထိလိုက်လို့ တော်သေးတာဗျာ 😂😂


#ဘောလုံးဝါသနာ
#ဘောလုံးအမှတ်တရ

ဒီအပတ်ဘောလုံးကန်ရင်း  မြို့က ညီလေးနဲ့ ကြုံတုန်းဆုံတုန်းလေးပေါ့… ⚽❤️ဒီညီလေးကို သတိထားမိတာပွဲတိုင်း ကိုယ်လာတာတွေ့ရင် အမြဲလ...
06/10/2026

ဒီအပတ်ဘောလုံးကန်ရင်း မြို့က ညီလေးနဲ့ ကြုံတုန်းဆုံတုန်းလေးပေါ့… ⚽❤️

ဒီညီလေးကို သတိထားမိတာပွဲတိုင်း ကိုယ်လာတာတွေ့ရင် အမြဲလာနှုတ်ဆက်တယ်။အကြီးတွေကိုလည်း Respect ရှိပြီး လေးလေးစားစားနဲ့ ပြောဆိုတတ်တယ်
ဒီလိုအသေးအဖွဲလေးတွေက လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကောင်းတာကို ပြသနေတယ်လို့ မြင်မိတယ်။❤️

ဒီလိုကောင်းမွန်တဲ့ စိတ်ဓာတ်လေးကို ဆက်ထိန်းထားပြီး ဘောလုံးနဲ့ပတ်သက်ရင်လည်း ပိုကောင်းတဲ့ အောင်မြင်မှုတွေ ရရှိပါစေ ညီလေးရေ။ 🙏🔥

တကယ်တော့ ဘောလုံးကန်တာ ဘာရလဲဆိုရင်…
တစ်ခါတလေ ဒီလို ကိုယ်မြို့ကညီကိုတွေနဲ့ ဆုံရတယ်၊ ဝေးကွာနေတဲ့ သူငယ်ချင်းတွေကို ပြန်ဆုံရတယ်။ 🤝❤️

အဲ့ဒီလို အမှတ်တရတွေကြောင့် ဒီဝါသနာကို မစွန့်လွှတ် နိုင်ဖြစ်နေတာပေါ့… ⚽❤️


#ဘောလုံးဝါသနာ
#အမှတ်တရ

တစ်ရက်တည်းအပြီးကန်တဲ့ပြိုင်ပွဲကို နှစ်ပွဲ တောင် ကန်တာမမောဘူးလားတဲ့မေးတတ်တယ်နော်မောတော့မောတာပေါ့ ဝါသနာပါတာလုပ်နေရတော့လဲ မ...
05/10/2026

တစ်ရက်တည်းအပြီးကန်တဲ့ပြိုင်ပွဲကို နှစ်ပွဲ တောင် ကန်တာမမောဘူးလားတဲ့
မေးတတ်တယ်နော်
မောတော့မောတာပေါ့
ဝါသနာပါတာလုပ်နေရတော့လဲ မောရမှန်းတောင်မသိပြန်ဘူး
ခြေနေကတော့ မတ်တပ်တောင်မနဲရပ်နေရပြီ😂




လက်ဆောင်လေးပါခဲ့ပြန်ပြီဒဏ်ရာမရရင်ကိုဇေယျာမဟုတ်ခုတော့အေးဆေးပဲ ရေချိုးမှပဲသိမယ်
04/10/2026

လက်ဆောင်လေးပါခဲ့ပြန်ပြီ
ဒဏ်ရာမရရင်ကိုဇေယျာမဟုတ်
ခုတော့အေးဆေးပဲ ရေချိုးမှပဲသိမယ်



ပထမကွင်းတော့ ခြေနေကောင်းနေပြီနောက်တစ်ကွင်းပြေးရအုံးမယ်
04/10/2026

ပထမကွင်းတော့ ခြေနေကောင်းနေပြီ
နောက်တစ်ကွင်းပြေးရအုံးမယ်

မနက်ဖြန်တော့...ကွင်းသုံးကွင်းကို ပတ်ပြေးရမှာ ကိုယ့်ကိုယ်ကိုမြင်ယောင်နေပြီ😂အာမခံထားတော့လဲ ရောက်အောင်သွားရမှာပေါ့
03/10/2026

မနက်ဖြန်တော့...
ကွင်းသုံးကွင်းကို ပတ်ပြေးရမှာ
ကိုယ့်ကိုယ်ကိုမြင်ယောင်နေပြီ😂
အာမခံထားတော့လဲ ရောက်အောင်သွားရမှာပေါ့




ကိုယ်က အကောင်းဆုံးကစားသမား မဟုတ်သလို ဂိုးသွင်းပေးနိုင်တဲ့သူလည်း မဟုတ်ဘူး။ဒါပေမယ့် ကွင်းထဲရောက် ရင်တော့ ကိုယ်တတ်နိုင်သလော...
03/10/2026

ကိုယ်က အကောင်းဆုံးကစားသမား မဟုတ်သလို
ဂိုးသွင်းပေးနိုင်တဲ့သူလည်း မဟုတ်ဘူး။

ဒါပေမယ့် ကွင်းထဲရောက် ရင်တော့ ကိုယ်တတ်နိုင်သလောက် အကုန်ကစားပေးချင်တာ ⚽





ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ ZAY YAR MIN LAT โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ZAY YAR MIN LAT:

ทางลัด

แชร์