16/11/2025
"ကျွန်တော့်ရဲ့ကစားသမားဘဝမှာ အကြမ်းတမ်းဆုံးအချိန်ကတော့ အာဆင်နယ်က ကျွန်တော်ဟာ သူတို့ရဲ့အစီအစဉ်ထဲ မပါတော့ဘူးလို့ အသိပေးလိုက်တဲ့အချိန်ပါပဲ။"
"ဒါဟာ ကျွန်တော့်နှလုံးသားကို ချိုးဖဲ့ခဲ့တဲ့ တစ်ခုတည်းသောအခြေအနေပါ။ အိမ်ပြန်ပြီး ငိုရှိုက်ခဲ့ရတာကို အခုထိ အမှတ်ရနေဆဲပါ။"
"၂၀၁၅ ခုနှစ်က ရေချိုးခန်းထဲ ဆေးလိပ်သောက်တဲ့ဖြစ်စဉ်ဟာ အရာရာကိုပြောင်းလဲသွားစေတဲ့ အချက်ပါပဲ။ အာဆင်ဝင်းဂါးက အဲဒီအချိန်ကတည်းက ဆုံးဖြတ်ချက်ချခဲ့တာကို ကျွန်တော် နောက်ပိုင်းမှ ပိုနားလည်လာရတယ်။"
- ဆက်ဇီနီ
16/11/2025
"ကျွန်တော့်ဘဝမှာ အဆိုးဆုံးအချိန်က ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာရတဲ့အချိန်ပါပဲ။ အားကစားကွင်းကိုသွားတော့ ကျွန်တော့်အဝတ်လဲခန်းဗီရိုဟာ ဗလာကြီးဖြစ်နေတယ်၊ ပစ္စည်းအားလုံးဘေးဖယ်ထားခံရတာ တွေ့တော့ ကျွန်တော့် ဂုဏ်သိက္ခာချိုးနှိမ်ခံရသလို ခံစားရတယ်။"
"ဥက္ကဌဆီသွားတွေ့ခဲ့ပေမယ့် သူက အချိန်မပေးခဲ့ဘူး။ 'မင်းဟာ ငါတို့ရဲ့အစီအစဉ်ထဲမှာ မပါတော့ဘူး၊ ငါတို့က ချန်ပီယံလိဂ်ဖလား ရချင်တယ်' ဒါပဲ ပြောတယ်။ ကျွန်တော် ထွက်မသွားခင်မှာ - 'ခင်ဗျားကို သိစေချင်တာက... ကျွန်တော်ဘယ်နေရာရောက်ရောက် ဒီဖလားရအောင် ကစားမှာပါ' ဆိုပြီး သူ့ကို ပြောခဲ့တယ်"
"နှစ်ရက်ကြာတော့ မော်ရင်ဟိုက ဖုန်းဆက်လာတယ်။ Chivu ကနေ ကျွန်တော့်နံပါတ်ရသွားတယ်ထင်တယ်၊ အရင်က သူနဲ့ တစ်ခါမှ မသိခဲ့ဘူးလေ။
သူကပြောတယ် - 'ဝက်စ်လီ၊ အဲဒီမှာ မင်းအခြေအနေ ခက်ခဲနေတယ်ဆိုတာသိရတယ်။ အင်တာကိုလာခဲ့၊ ငါတို့ ဖလားတွေ အတူတူ ဆွတ်ခူးကြမယ်' ဆိုပြီးတော့ပေါ့"
"သူနဲ့ ချစ်ခြင်းမေတ္တာဟာ ပထမဆုံးမျက်နှာချင်းဆိုင်ကတည်းက ဖြစ်သွားသလိုပဲ။ ကျွန်တော်ဟာ အရေးပါဆုံးကစားသမားတစ်ယောက်ဖြစ်ကြောင်း၊ အတူတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ကြောင်း သူက အာမခံခဲ့တယ်။
သူက လူတိုင်းလိုလို ဒီလိုပြောမှာပဲ၊ ဒါပေမယ့် ကျွန်တော်ပြောတာကို ယုံပါ... သူနဲ့တစ်နှစ်ဟာ အခြားနည်းပြတစ်ယောက်နဲ့ ၁၀ နှစ်နေရသလို အတွေ့အကြုံရခဲ့တယ်။"
"ဘယ်လိုနိဂုံးချုပ်သလဲဆိုတော့ ဘာနေဗျူးမှာ ချန်ပီယံလိဂ်ဖလားနိုင်ခဲ့တယ်။ အဲဒီဖလားကို ကျွန်တော့်အဝတ်လဲခန်းအရှေ့မှာထားပြီး 'ငါဟာ ကတိအမြဲတည်တယ်' ဆိုပြီး ပြောခဲ့တယ်။ ဒါဟာ ကျွန်တော့်ဘဝမှာ အလှပဆုံးအချိန်ပါပဲ။"
- ဝက်စ်လီ စနိုက်ဒါ
14/11/2025
"ချယ်လ်ဆီးက ကျွန်တော့်အတွက် အဆိုးရွားဆုံး ကလပ်ပါပဲ။ အဲဒါဟာ ကြီးမားတဲ့ အမှားကြီးတစ်ခုလို့ ထင်ပါတယ်... တကယ့်ကို ကြီးမားတဲ့ အမှားပေါ့။"
"အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ဘာစီလိုနာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်တော့်အိမ်ကို ခိုးဝင်ခံရပြီး ဘာစီလိုနာကလည်း ကစားသမားတစ်ယောက်ကို ရောင်းဖို့လိုအပ်နေတယ်၊ ကျွန်တော်ဖြစ်ဖြစ် ဒီပေး ဖြစ်ဖြစ် ရောင်းရမှာပါ။ တစ်ခုတည်းသော ရွေးချယ်စရာက ချယ်လ်ဆီးပဲ ဖြစ်နေပါတယ်"
"ဒါနဲ့ ကျွန်တော်ပြောလိုက်တယ် - 'ကောင်းပြီ၊ ကျွန်တော့်မိသားစုအတွက် ကျွန်တော်သွားရမယ့်ကလပ်က ချယ်လ်ဆီး ဖြစ်နေရင်တောင် ပြောင်းမယ်'။ ကျွန်တော်ကိုယ့်ကိုယ်ကို ဒါဟာအဆင်ပြေနိုင်တယ်လို့ ပြောတယ်၊ အိုလီဗီယာ ဂျရူးဟာ အာဆင်နယ်ကနေ ချယ်လ်ဆီးကို ပြဿနာမရှိဘဲ ပြောင်းသွားတယ်၊ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ မတူခဲ့ဘူး"
- အူဘာမီယန်း
13/11/2025
"ဘာစီလိုနာမှာ ကျွန်တော့်ရဲ့ နည်းပြဘဝခရီးကို ကစားသမားတွေနဲ့ ကလပ်အပေါ် မြင့်မားတဲ့ တောင်းဆိုမှုတွေနဲ့ စတင်ခဲ့တယ်။ အဲဒီတုန်းက ကလပ်ဟာ တောင်းဆိုမှုတွေ မရှိသေးတဲ့ ကာလတစ်ခုမှာပါ"
"ကျွန်တော်ရောက်ရှိတဲ့အချိန်ကနေ လာလီဂါ၊ စူပါဖလားတွေ အနိုင်ရချိန်အထိ တစ်နှစ်တာအတွင်း မြင့်မားတဲ့ စံချိန်စံညွှန်းတွေကို ဆက်ထိန်းထားနိုင်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်တော် ရပ်တန့်သွားခဲ့တယ်... ဒါဟာ ဘာစီလိုနာ နည်းပြအဖြစ် ကျွန်တော့်ရဲ့ အကြီးမားဆုံး အမှားပါ။ ဒီအချိန်ကြာပြီးနောက်ပိုင်းမှာ ကျွန်တော် ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်တတ်လာပြီး 'ငါ ဘာတွေဖြစ်သွားတာလဲ' လို့ ကိုယ့်ကိုယ်ကို ပြန်မေးခဲ့တယ်။"
"ကျွန်တော်ဟာ အဲဒီမြင့်မားတဲ့ စံနှုန်းတွေကို လျှော့ချလိုက်ပြီးတဲ့နောက်မှာ ကစားသမားတွေမှာလည်း အရင်လို စိတ်ထား၊ အရင်လို လေးစားမှု၊ အရင်လို အားထုတ်မှုတွေ မရှိတော့ဘူး။ စံနှုန်းတွေဟာ တဖြေးဖြေး နိမ့်ကျလာပြီး နောက်ဆုံးရာသီမှာ ကျွန်တော်တို့ ဘာဖလားမှ မရတော့ပါဘူး။ ဒီအချက်ကနေ ကျွန်တော် သင်ယူလိုက်ရတာက ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်တတ်ဖို့ပါပဲ။"
- ဇာဗီ
13/11/2025
"အသင်းမှာ အတ္တကြီးတဲ့ ကစားသမားတွေရှိဖို့ အရေးကြီးတယ်။ ဒါပေမယ့် တစ်ဦးချင်းစီရဲ့ အတ္တက အသင်းရဲ့ ရည်မှန်းချက်တွေထက် ပိုမကြီးသင့်ဘူး။"
"လွန်ခဲ့တဲ့ နှစ်ပတ်က ဘရာဇီးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော် ပြောခဲ့တယ် - 'ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ချင်တဲ့သူတွေကို မလိုချင်ဘူး။ ကမ္ဘာ့ဖလား ဆွတ်ခူးချင်တဲ့သူတွေကိုပဲ လိုချင်တယ်' လို့။"
"တစ်ဦးချင်းအတ္တဟာ အသင်းရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အရေးပါတယ်။ ပြီးတော့ ကျွန်တော် ထပ်ပြောချင်တာက အဆင့်မြင့်ကစားသမားတွေကို စီမံခန့်ခွဲရတာ မခက်ခဲပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ သက်ဆိုင်ရာ ပရိုဖက်ရှင်နယ် အကျင့်စာရိတ္တ ပြည့်ဝကြတာများတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုဟာ အဲဒီလို ပရိုဖက်ရှင်နယ် ကစားသမားတွေထဲက တစ်ဦးပါပဲ။ ဆာဂျီယိုရာမို့စ်ကလည်း အတ္တနဲ့ စိတ်ဓါတ်ပြင်းထန်သူပါ၊ ဒါပေမယ့် အဲဒီအတ္တဟာ အသင်းအတွက် အကျိုးရှိပါတယ်"
- ကားလို့စ်အန်ဆယ်လော့တီ
13/11/2025
မေး - ကမ္ဘာ့ဖလား နောက်တစ်လုံး (သို့) ရွှေဘောလုံးဆု နောက်တစ်ခု?
မက်ဆီ - "နောက်ထပ် ကမ္ဘာ့ဖလား"
မေး - မီယာမီရဲ့ ရာသီဥတုမှာ ကစားချင်လား (သို့) ဘာစီလိုနာရဲ့ ရာသီဥတုမှာ ကစားချင်လား?
မက်ဆီ - "ဘာစီလိုနာ"
မေး - ဟက်ထရစ်ဂိုး သွင်းပြီး ရှုံးရတာနဲ့ (သို့) အနိုင်ရဂိုး သွင်းရမှာနဲ့?
မက်ဆီ - "အနိုင်ရဂိုး သွင်းမယ်"
မေး - နည်းပြ ဖြစ်ချင်လား (သို့) ကလပ်ပိုင်ရှင် ဖြစ်ချင်လား?
မက်ဆီ - "ကလပ်ပိုင်ရှင်"
မေး - nutmeg လုပ်ခံရဝာာနဲ့ (သို့) OG မိသွားတာနဲ့?
မက်ဆီ - "nutmeg ပဲ ရွေးမယ်"
မေး - ထောင့်ကန်ချက်ကနေ တိုက်ရိုက်ဂိုးသွင်းချင်လား (သို့) ကွင်းလယ်ကနေ ဂိုးသွင်းချင်လား?
မက်ဆီ - "ထောင့်ကန်ချက်ကနေ"
မေး - ခံစစ်မှူး အဖြစ်ကစားချင်လား (သို့) ဂိုးသမား အဖြစ်ကစားချင်လား?
မက်ဆီ - "ခံစစ်မှူး"
မေး - ၄-၄-၂? ၄-၃-၃?
မက်ဆီ - "၄-၃-၃"
12/11/2025
"ကျွန်တော်ဟာ တခြားအသင်းမှာ ကစားပြီး ကျွန်တော် မရခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ အခွင့်အရေးရှိခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ဟာ အသင်းကြီးတစ်သင်းရဲ့ သာမန်ကစားသမားတစ်ယောက်အဖြစ်ပဲ မလိုချင်ခဲ့ဘူး။ ကျွန်တော် အသင်းတစ်သင်းရဲ့ သမိုင်းဝင်သူရဲကောင်းဖြစ်ချင်ခဲ့တာ။
"လီဗာပူးဟာ ကျွန်တော့်ရဲ့ ဘဝ၊ ကျွန်တော့်ရဲ့ ခိုလှုံရာ နဲ့ ကျွန်တော့်ရဲ့ အကြီးမားဆုံး ဂုဏ်ယူမှုပါပဲ။ ဆုံးရှုံးမှုတွေ ဘယ်လောက်ပဲ နာကျင်စေခဲ့ပါစေ၊ ကျွန်တော် ဘယ်တော့မှ လက်လျှော့ဖို့ ဒါမှမဟုတ် အသင်းပြောင်းဖို့ မတွေးခဲ့ဘူး။
"၂၀၁၄ ခုနှစ်က ချော်လဲမှုကြောင့် ကျွန်တော် ဒီနေ့ထိ ခံစားနေရဆဲပါ။ တချို့လူတွေက အဲဒီအချိန်က အဖြစ်အပျက်နဲ့ပဲ ကျွန်တော့်ကို သတ်မှတ်ကြတာကိုလည်း သိပါတယ်။ ဒါပေမယ့် ကျွန်တော် ပြန်သွားလို့ရရင် လီဗာပူးမှာပဲ ဆက်နေမှာပါ။ ဘာလို့လဲဆိုတော့ အသင်းတစ်သင်းတည်းကိုပဲချစ်ပြီး သစ္စာရှိဖို့ဆိုတာဟာ ဝမ်းနည်းခြင်းတွေ ရှိခဲ့ရင်တောင် ရွှေတံဆိပ်ဆုတစ်ခုထက် ပို တန်ဖိုးရှိလို့ပါပဲ"
- စတီဗင် ဂျရက်
12/11/2025
"လီယိုမက်ဆီ ထွက်ခွာခဲ့ရတဲ့အကြောင်းရင်းတွေ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော် နောင်တမရပါဘူး။ ဘာစီလိုနာဟာ လူတစ်ဦးတစ်ယောက်ထက် ပိုအရေးကြီးပါတယ်။ သူထွက်ခွာချိန်တုန်းက ကျွန်တော်တို့အားလုံး လိုချင်ခဲ့တာမျိုး မဟုတ်ပေမယ့် အဲဒီအချိန်မှာတော့ မဖြစ်နိုင်ခဲ့ပါဘူး။"
"မက်ဆီကို လေးစားတဲ့အနေနဲ့၊ ကျွန်တော်တို့ရဲ့ ကစားသမားတွေနဲ့ အဖွဲ့ဝင်တွေကို လေးစားတဲ့အနေနဲ့ သူပြန်လာနိုင်မယ့် မဖြစ်နိုင်တဲ့အကြောင်းတွေကို အခုအချိန်မှာ ထင်ကြေးပေးရမယ့်အချိန် မဟုတ်သေးပါဘူး။"
- လာပေါ့တာ (ဘာစီလိုနာ ဥက္ကဌ)
12/11/2025
"အဲဒီအချိန်တုန်းက ဇီဒန်း ဒီလိုမျိုး တုံ့ပြန်လိမ့်မယ်လို့ မထင်ထားဘူး။ ဒီဖြစ်ရပ်က ကျွန်တော့်ကို အပြီးအပိုင် အံ့အားသင့်သွားစေခဲ့လို့သာ ကျွန်တော် ကံကောင်းခဲ့တာ။ နို့မို့ဆို နှစ်ယောက်လုံး အထုတ်ခံရမှာ သေချာတယ်။
ဂိုးဧရိယာထဲမှာ ကျွန်တော်တို့နှစ်ယောက် စကားများရန်ဖြစ်မှုတွေ ရှိခဲ့တယ်။ ပထမပိုင်းမှာ သူက ပြင်သစ်ရဲ့ဂိုးကိုသွင်းခဲ့တယ်၊ ကျွန်တော်တို့နည်းပြက သူ့ကိုကပ်ကစားဖို့ ကျွန်တော့်ကိုပြောတယ်။ ပထမဆုံးပဋိပက္ခဖြစ်ပြီး ကျွန်တော် တောင်းပန်ခဲ့ပေမယ့် သူက မကောင်းတဲ့ တုံ့ပြန်မှု ပြန်ပြခဲ့တယ်။"
နောက်ဆုံး ခြေအတင်းဝင် ဘောလုံးဖြတ်တာတွေ၊ ရန်ဖြစ် ဆဲဆိုတာတွေက မိနစ် ၁၀၀ အထိ ဖြစ်ပွားခဲ့ရာကနေ အရာအားလုံး ပေါက်ကွဲလုနီးပါးဖြစ်သွားခဲ့တယ်။ တတိယပဋိပက္ခအပြီးမှာ ကျွန်တော်က မျက်မှောင်ကြုတ်ပြလိုက်တော့ သူက - 'ပွဲပြီးရင် မင်းကို ငါ့ဂျာစီပေးမယ်' လို့ ပြောတယ်။ ကျွန်တော်က 'မင်းဂျာစီတော့ မလိုချင်ပါဘူး၊ မင်း ညီမပဲ လိုချင်တယ်' လို့ ပြန်ဖြေလိုက်တယ်ဗျာ"
- မာကို မာတာရာဇီ ပြောပြတဲ့ ဇီဒန်းရဲ့ သမိုင်းဝင် ခေါင်းတိုက်ချက်
12/11/2025
"ကျွန်တော် ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်ခဲ့တုန်းက တကယ့်ကို ထူးဆန်းတယ်ဗျ။ ကျွန်တော့်ကိုယ်စားလှယ်က 'မင်း ရီးရဲလ်မက်ဒရစ်မှာ ကစားချင်လား?' လို့မေးတယ်။ ကျွန်တော်က 'ကစားချင်တာပေါ့' လို့ ဖြေလိုက်တယ်။ သူက ဆက်ပြီး 'မင်းမှာ ချစ်သူရှိလား' - မရှိဘူး။ 'လက်ထပ်ပြီးပြီလား' - မထပ်ရသေးဘူး။ 'ကလေးရှိလား' - မရှိဘူး တောက်လျှောက်မေးနေတာ။ ဒါနဲ့ ကျွန်တော်က 'ဘာလို့ ဒါတွေမေးနေတာလဲ' ဆိုတော့ 'နောက်မှရှင်းပြမယ်' လို့ပဲ သူက ပြောတယ်။
ရက်အနည်းငယ်ကြာတော့ သူ ကျွန်တော့်ကို ရီယိုဒီဂျနေးရိုးကနေ ခေါ်ထုတ်လိုက်ပြီး ဘာမှမပြောပဲ မက်ဒရစ်ကို လေယာဉ်နဲ့တင်လွှတ်လိုက်တယ်။ ကျွန်တော် ရောက်တော့ ဥက္ကဋ္ဌက ရောက်နေပြီ၊ စားပွဲပေါ်မှာ စာချုပ်ကလည်း ရှိပြီးသား၊ ကင်မရာသမားတွေကလည်း တန်းစီနေတာပဲ၊ ဘာဖြစ်သွားမှန်း နားမလည်ခဲ့ဘူး။ ကျွန်တော် လက်မှတ်ပဲထိုးလိုက်တယ်။ ဒါနဲ့ပဲ ကျွန်တော်ဟာ မက်ဒရစ်ကစားသမား ဖြစ်သွားခဲ့တာပဲဗျာ"
- မာဆယ်လို
12/11/2025
"ဘောလုံးအကြောင်း အမျိုးသမီးတစ်ယောက်ပြောရင် လူတွေ ဘာလို့ လက်မခံနိုင်ကြတာလဲ?
အမျိုးသမီးတွေဟာ ဦးနှောက်နဲ့အာရုံကြော ခွဲစိတ်ဆရာဝန်တွေ ဖြစ်နိုင်တယ်။ သူတို့ဟာ လူတွေရဲ့ အသက်ကို ကယ်ဆယ်နိုင်တယ်။ သူတို့ဟာ လကမ္ဘာကို သွားရောက်နိုင်တယ်။ ဒါပေမယ့် ဘောလုံးအကြောင်းကို သူတို့ ထင်မြင်ချက်ပေးလို့မရဘူး။ ဒါက တစ်ကယ်ကို မှားယွင်းနေတဲ့ အပြုအမူပါ"
- လောရာ ဝုဒ်စ် ( TNT Sports Presenter)
12/11/2025
"အဂူရိုဟာ အမြဲတမ်း အိပ်ယာကို အချိန်မီလေးပဲ နိုးတတ်တယ်။ လေ့ကျင့်ရေးကိစ္စတွေကို သိပ်အလေးမထားဘူး။ အေးအေးဆေးဆေးပဲ၊ လေ့ကျင့်ရေးကို ငါးမိနစ်လောက် နောက်ကျပြီးမှ ရောက်တတ်တယ်။ နည်းပြတွေက ဒါဏ်ကြေးဆောင်ရမယ် ပြောတိုင်း သူက 'ဟုတ်ပြီ ပြဿနာမရှိပါဘူး။ စနေ့ရောက်တဲ့အထိ စောင့်လိုက်ပါ။ ဟက်ထရစ်ဂိုးသွင်းပြီး အားလုံးပျော်ကြတာပေါ့' လို့ပြန်ဖြေတတ်တယ်။"
"ကျွန်တော်ဟာ ဂရိတ်ကစားသမားတွေနဲ့အတူ ကစားခွင့်ရခဲ့လို့ ကံကောင်းပါတယ်။ ဒီဒီယာ ဒရော့ဘာဆိုရင် ကျွန်တော် အမြဲချီးကျူးလေ့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့အပြင် အသင်းအတွက်လည်း အရာရာ စွန့်လွှတ်ပေးဆပ်သူဖြစ်လို့ပါ။ ဒါပေမယ့် ဂိုးသွင်းသူစစ်စစ် ဆိုရင်တော့ အဂူရိုဟာ ကျွန်တော်နဲ့အတူကစားဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ။"
- ဖရန့်လမ်းပတ်