26/08/2026
"ပေါင် သန်း ၇၀ နဲ့ ကားလို့စ် ဘာလီဘာ မန်ယူကို တရားဝင် ပြောင်းရွှေ့!"
မန်ချက်စတာ ယူနိုက်တက်အသင်းသည် ဘရိုက်တန်အသင်း၏ ကင်မရွန်း ကွင်းလယ်ကစားသမား ကားလို့စ် ဘာလီဘာ ကို ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း + အပိုဆောင်းကြေး ပေါင် ၅ သန်း၊ စုစုပေါင်း ပေါင် သန်း ၇၀ ဖြင့် တရားဝင် ခေါ်ယူလိုက်ပြီဖြစ်သည်။ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူသည် ဆေးစစ်ဆေးမှုများ အောင်မြင်စွာ ခံယူပြီးနောက် အိုးထရက်ဖို့ဒ်တွင် ၁ နှစ် သက်တမ်းတိုးခွင့် ပါဝင်သည့် ၅ နှစ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကာ ကျောနံပါတ် ၂၀ ကို ဝတ်ဆင်သွားမည်ဖြစ်သည်။
မန်ယူနိုက်တက်အသင်းသည် လွန်ခဲ့သည့်နှစ်ကတည်းက ဘာလီဘာကို ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ဘရိုက်တန်ဘက်က ပေါင် သန်း ၁၀၀ ကျော်အထိ တောင်းဆိုခဲ့သဖြင့် ကြန့်ကြာခဲ့ရသည်။ သို့သော်လည်း ယခုနွေရာသီတွင် ဈေးနှုန်းညှိနှိုင်းမှု အဆင်ပြေသွားခဲ့သဖြင့် နည်းပြ မိုက်ကယ် ကားရစ် ၏ ကွင်းလယ်ပိုင်း ပြန်လည်တည်ဆောက်ရေး စီမံကိန်းအတွက် ယူရီ တီလီးမန်းစ်၊ အန်ဒရီ ဆန်းတိုးစ် တို့ပြီးလျှင် တတိယမြောက် ကွင်းလယ်ခေါ်ယူမှုအဖြစ် ခိုင်မာစွာ ဆုံးဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
REF: The Independent