The REDS Show

The REDS Show

แชร์

⭐️⭐️⭐️⭐️⭐️⭐️
You’ll Never Walk Alone! We Are “LIVERPOOL”, This Mean More! Daily LIVERPOOL FC Update News By KO ZIN
“FOOTBALL” More Than “ENTERTAINMENT”

16/10/2025

🔴🏆 𝐌𝐎 𝐒𝐀𝐋𝐀𝐇 💫✨

🏆 လီပါပူးလ်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး 𝐌𝐨 𝐒𝐚𝐥𝐚𝐡 ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းကြီး (၅)သင်းနဲ့ ထိပ်တိုက်တွေ့ဆုံရာမှာ သွင်းဂိုး (၅၀)ဂိုးအထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု (၂၄)ကြိမ်အထိ ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်.....။

📌 𝐌𝐨 𝐒𝐚𝐥𝐚𝐡 𝐕𝐬 မန်ယူနိုက်တတ်
⚽️(၁၃)ဂိုး + ဂိုးဖန်တီးမှု (၆)ကြိမ်

📌 𝐌𝐨 𝐒𝐚𝐥𝐚𝐡 𝐕𝐬 စပါး
⚽️ (၁၂)ဂိုး + ဂိုးဖန်တီးမှု (၄)ကြိမ်

📌 𝐌𝐨 𝐒𝐚𝐥𝐚𝐡 𝐕𝐬 အာဆင်နယ်
⚽️ (၁၁)ဂိုး + ဂိုးဖန်တီးမှု (၄)ကြိမ်

📌 𝐌𝐨 𝐒𝐚𝐥𝐚𝐡 𝐕𝐬 မန်စီးတီး
⚽️ (၉)ဂိုး + ဂိုးဖန်တီးမှု (၆)ကြိမ်

📌 𝐌𝐨 𝐒𝐚𝐥𝐚𝐡 𝐕𝐬 ချဲလ်ဆီး
⚽️ (၅)ဂိုး + ဂိုးဖန်တီးမှု (၄)ကြိမ်

🔴🏆 ယခုတစ်ကြိမ် လီပါပူးလ်နဲ့ မန်ချက်စတာ ယူနိုက်တတ်တို့ရဲ့ အင်္ဂလန်ဒါဘီမှာရော 𝐌𝐨 𝐒𝐚𝐥𝐚𝐡 ဆီက သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေကို မြင်တွေ့သွားနိုင်မလား ✍️✍️✍️

(✍️𝐃𝐚𝐭𝐚 - 𝐓𝐍𝐓 𝐒𝐩𝐨𝐫𝐭𝐬)

16/10/2025

🔴🏆 ယခုတစ်ပတ် နိုင်ငံတကာပွဲစဥ်ကာလ လီပါပူးလ် ကစားသမားတွေရဲ့ သက်ဆိုင်ရာ နိုင်ငံအလိုက် စွမ်းဆောင်ရည် အခြေအနေ ✍️✅

🇬🇪 𝐆𝐢𝐨𝐫𝐠𝐢 𝐌𝐚𝐦𝐚𝐫𝐝𝐚𝐬𝐡𝐯𝐢𝐥𝐢
⏰ 180 minutes
✋ Penalty Save

🇳🇱 𝐕𝐢𝐫𝐠𝐢𝐥 𝐕𝐚𝐧 𝐃𝐢𝐣𝐤
⏰ 180 minutes
⚽️ 1 goals
✅ 2 clean sheet

🇭🇺 𝐌𝐢𝐥𝐨𝐬 𝐊𝐞𝐫𝐤𝐞𝐳
⏰ 169 minutes
✅ 1 clean sheet

🇬🇬 𝐂𝐨𝐧𝐨𝐫 𝐁𝐫𝐚𝐝𝐥𝐞𝐲
⏰ 90 minutes
✅ 1 clean sheet

🏴󠁧󠁢󠁳󠁣󠁴󠁿 𝐀𝐧𝐝𝐫𝐞𝐰 𝐑𝐨𝐛𝐞𝐫𝐭𝐬𝐨𝐧
⏰ 180 minutes
🅰️ 1 assist

🇳🇱 𝐉𝐞𝐫𝐞𝐦𝐢𝐞 𝐅𝐫𝐢𝐦𝐩𝐨𝐧𝐠
⏰ 67 minutes
✅ 1 clean sheet

🇳🇱 𝐑𝐲𝐚𝐧 𝐆𝐫𝐚𝐯𝐞𝐧𝐛𝐞𝐫𝐜𝐡
⏰ 136 minutes

🇭🇺 𝐃𝐨𝐦𝐢𝐧𝐢𝐤 𝐒𝐳𝐨𝐛𝐨𝐬𝐳𝐥𝐚𝐢
⏰ 180 minutes
⚽️ 1 goals
🅰️ 1 assist

🇩🇪 𝐅𝐥𝐨𝐫𝐢𝐚𝐧 𝐖𝐢𝐫𝐭𝐳
⏰ 180 minutes

🇦🇷 𝐀𝐥𝐞𝐱𝐢𝐬 𝐌𝐚𝐜 𝐀𝐥𝐥𝐢𝐬𝐭𝐞𝐫
⏰ 103 minutes
⚽️ 2 goals

🇫🇷 𝐇𝐮𝐠𝐨 𝐄𝐤𝐢𝐭𝐢𝐤𝐞
⏰ 81 minutes
🅰️ 1 assist

🇳🇱 𝐂𝐨𝐝𝐲 𝐆𝐚𝐤𝐩𝐨
⏰ 174 minutes
⚽️ 3 goals
🅰️ 1 assist

🇸🇪 𝐀𝐥𝐞𝐱𝐚𝐧𝐝𝐞𝐫 𝐈𝐬𝐚𝐤
⏰ 180 minutes

🇪🇬 𝐌𝐨𝐡𝐚𝐦𝐞𝐝 𝐒𝐚𝐥𝐚𝐡
⏰ 90 minutes
⚽️ 2 goals

16/10/2025

🔴🏆 𝐉𝐮𝐫𝐠𝐞𝐧 𝐊𝐥𝐨𝐩𝐩 သာ လီပါပူးလ်ကို ရောက်လာမယ်ဆိုတာ သိရင် လီပါပူးလ်မှာ ဆက်နေဖြစ်ခဲ့မှာဆိုတဲ့ လီပါပူးလ် ဂန္တဝင်ကြီး 𝐒𝐭𝐞𝐯𝐞𝐧 𝐆𝐞𝐫𝐫𝐚𝐫𝐝 ✍️✅

🏆 𝐒𝐭𝐞𝐯𝐞𝐧 𝐆𝐞𝐫𝐫𝐚𝐫𝐝 🗣

- ပြောရမယ်ဆိုရင် စိတ်ပျက်စရာတွေ ရှိခဲ့ပါတယ်။ ကျတော်က အရန်ကစားသမား တစ်ဦးအဖြစ် မနေချင်ပါဘူး။ အဲဒီအချိန်မှာက လီပါပူးလ်အသင်းရဲ့ ကွင်းလယ် ကစားသမားတွေထဲမှာ ကျတော်က အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်နေသေးတယ်လေ.....။

- 𝐉𝐮𝐫𝐠𝐞𝐧 သာ လီပါပူးလ်အသင်းဆီ နည်းပြအဖြစ် ရောက်လာမယ်ဆိုတာ ကြိုသိခဲ့ရင် ကျတော် 𝐁𝐫𝐞𝐧𝐝𝐚𝐧 𝐑𝐨𝐝𝐠𝐞𝐫𝐬 ရဲ့ လက်အောက်မှာ ဆက်နေဖြစ်ခဲ့မှာပါ။ အဲလိုဆို 𝐉𝐮𝐫𝐠𝐞𝐧 နဲ့အတူ အနည်းဆုံး (၆)လလောက် အတူတူ ရှိခွင့်ရမယ်ထင်ပါတယ်.....။

(𝐒𝐭𝐞𝐯𝐞𝐧 𝐆𝐞𝐫𝐫𝐚𝐫𝐝 - လီပါပူးလ် ဂန္တဝင်အသင်းခေါင်းဆောင်)

🔴📌 ဂျာကြီးနဲ့ ယာဂင်ကိုသာ တွဲပြီး မြင်လိုက်လို့ကတော့ဗျာ။ ဘယ်လောက်တောင် မိုက်နေလိုက်မလဲ 😊

16/10/2025

🔴🏆 တိုက်စစ်မှူး 𝐇𝐮𝐠𝐨 𝐄𝐤𝐢𝐭𝐢𝐤𝐞 ကို ချီးကျူးခဲ့တဲ့ တိုက်စစ်မှူးဟောင်းကြီး 𝐃𝐣𝐢𝐛𝐫𝐢𝐥 𝐂𝐢𝐬𝐬𝐞 ✍️✅

🏆 𝐃𝐣𝐢𝐛𝐫𝐢𝐥 𝐂𝐢𝐬𝐬𝐞 🗣

- 𝐇𝐮𝐠𝐨 က အခုလောလောဆည်မှာတင် လီပါပူးလ်အသင်းအတွက် ဂိုးတွေ အများကြီး သွင်းယူထားပြီးပါပြီ။ သူက ဂျာမဏီမှာ ကတည်းက သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး အခု လီပါပူးလ်အသင်းမှာလဲ ဆက်လက်ပြနေဆဲပါပဲ.....။

- အမှန်အတိုင်း ပြောရရင်တော့ 𝐇𝐮𝐠𝐨 လီပါပူးလ်ကို ပြောင်းကာစမှာ ပွဲတွေအများကြီး မကစားရမှာကို စိတ်ပူခဲ့မိတာပါ။ဒါပေမယ့် ကျတော့် အတွေးက မှားသွားခဲ့တယ်။ 𝐇𝐮𝐠𝐨 က အကောင်းဆုံး လုပ်ပြနေပြီး ဂိုးတွေပါ သွင်းယူပြနေခဲ့ပါပြီ။ သူက 𝐌𝐨 𝐒𝐚𝐥𝐚𝐡 နဲ့ 𝐈𝐬𝐚𝐤 တို့အတွက် မတူညီတဲ့ ရွေးချယ်စရာတွေကို ယူဆောင်လာခဲ့သူပါ.....။

- 𝐇𝐮𝐠𝐨 က တကယ့်ကို ကစားသမားကောင်းတစ်ဦးပါ။ သူ့မှာ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ အရည်အသွေးတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အရိုးသားဆုံး ဝန်ခံရရင်တော့ လီပါပူးလ်အသင်းကို ရောက်ရောက်ချင်း ဒီလောက် မြန်မြန်ဆန်ဆန် အံဝင်ပြီး ကောင်းလာမယ်လို့ လုံးဝကို မထင်ထာခဲ့တာပါ.....။

(𝐃𝐣𝐢𝐛𝐫𝐢𝐥 𝐂𝐢𝐬𝐬𝐞 - လီပါပူးလ် တိုက်စစ်မှူးဟောင်း)

16/10/2025

🔴🏆 𝐏𝐋𝐀𝐘𝐄𝐑 𝐓𝐀𝐋𝐊𝐒 ✍️✅

🏆 𝐓𝐡𝐢𝐚𝐠𝐨 𝐀𝐥𝐜𝐚𝐧𝐭𝐚𝐫𝐚 🗣

- ကျတော် လီပါပူးလ်အသင်းမှာ ရှိခဲ့တဲ့ အချိန်တွေက ကျတော့်အတွက်တော့ ချစ်ခြင်းတရားတွေ လွှမ်းခြုံနေတဲ့ ကာလတွေပါပဲ။ ဆုဖလားတိုင်းအတွက် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ခံစားချက်၊ ပြိုင်ပွဲတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ဖို့ အကောင်းဆုံး ကြိုးစားရခြင်း၊ ကလပ်အသင်းတစ်သင်းအတွက် အရှုံးမပေးဘဲ တိုက်ပွဲဝင်ဖို့ ကြိုးစားနေခြင်း၊ နေရာတိုင်း အချိန်တိုင်းမှာ ရည်ရွယ်ချက်တွေ အတွက် အကောင်းဆုံး ကြိုးစားနေခဲ့ရတာပါ.....။

- ကျတော့် အနေနဲ့ လီပါပူးလ်အသင်းအတွက် အမှန်တကယ် ကြိုးစားပေးခဲ့ပြီး ပျက်ကွက်ခဲ့တာတွေလဲ မရှိခဲ့ပါဘူး။ လီပါပူးလ်အသင်းမှာ ရှိနေရတဲ့ ခံစားချက်၊ အသင်းရဲ့ ဖြစ်တည်မှုနဲ့ လွှမ်းမိုးမှုတွေအတွက် အမြဲတမ်း ပြင်းပြင်းထန်ထန် ကြိုးစားနေခဲ့ရတာပါ.....။

- ကျတော် ဘောလုံးကစားသမားဖြစ်ဖို့ အချိန်တွေ အကြာကြီး ရုန်းကန်ကြိုးစားခဲ့ရတာပါ။ အဲဒီနောက်မှာတော့ ကျတော် ဖြစ်ချင်ခဲ့တဲ့ ဘောလုံးကစားသမား ဖြစ်လာခဲ့တာပေါ့။ ဒါပေမယ့် အခက်ခဲဆုံး ခြေလှမ်းက ကစားသမားဘဝရဲ့ အဆုံးသတ်ကို ရောက်လာပြီဆိုတာ လက်ခံလိုက်ရတာပါပဲ.....။

- နောက်ဆက်တွဲ ဖြစ်လာမယ့် အရာတွေက အထွေအထူး ခက်ခဲနေမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျတော်အရမ်းချစ်တဲ့ ဘောလုံးကစားသမားဘဝကိုတောင် စွန့်လွှတ်လိုက်ရတာလေဗျာ။ ဒါတွေက ကျတော် ကိုယ်တိုင် ထိန်းချုပ်လို့ မရတော့ဘူးဆိုတာ သိလိုက်ရတာပေါ့.....။

(𝐓𝐡𝐢𝐚𝐠𝐨 𝐀𝐥𝐜𝐚𝐧𝐭𝐚𝐫𝐚 - လီပါပူးလ် ကစားသမားဟောင်း)

16/10/2025

🔴🏆 လီပါပူးလ်နည်းပြကြီး 𝐀𝐫𝐧𝐞 𝐒𝐥𝐨𝐭 အနေနဲ့ 𝐑𝐨𝐛𝐞𝐫𝐭𝐬𝐨𝐧 ကို အရန်ခုံမှာ မထားသင့်ကြောင်း ပြောလာခဲ့တဲ့ ပရီးမီးယားလိဂ် နည်းပြဟောင်း 𝐀𝐥𝐚𝐧 𝐏𝐚𝐫𝐝𝐞𝐰 ✍️✅

🏆 𝐀𝐥𝐚𝐧 𝐏𝐚𝐫𝐝𝐞𝐰 🗣

- 𝐀𝐫𝐧𝐞 𝐒𝐥𝐨𝐭 အနေနဲ့ လီပါပူးလ်အသင်းကို အပြောင်းအလဲတွေ အများကြီး ပြုလုပ်ထားတာပါ။ သူတို့ အနေနဲ့ အသင်းဆီကို အရည်အချင်းကောင်းတွေရှိတဲ့ လူငယ်ကစားသမား အများကြီးကို ခေါ်ယူထားခဲ့တာပါ.....။

- အဲဒီ အခြေအနေမှာ အသင်းက ဟန်ချက်ညီဖို့ ခက်ခဲပါလိမ့်မယ်။ ကျတော့်အထင်အရတော့ အစွန်နောက်ခံလူတွေကို အပြောင်းအလဲ လုပ်သင့်တယ်လို့ ထင်ပါတယ်။ 𝐑𝐨𝐛𝐞𝐫𝐭𝐬𝐨𝐧 က ယခု နိုင်ငံတကာ ပွဲစဥ်ကာလမှာ စကော့တလန်အတွက် ဘာတွေ လုပ်ခဲ့လဲဆိုတာ မြင်သာပါတယ်။ သူက လုံးဝကို တောက်ပအောင် ကစားနေခဲ့တာပါ.....။

- 𝐀𝐫𝐧𝐞 𝐒𝐥𝐨𝐭 အနေနဲ့ 𝐑𝐨𝐛𝐞𝐫𝐭𝐬𝐨𝐧 ကို အရန်ခုံမှာ ထားနေတာကြီးကတော့ အဆင်မပြေဘူးလို့ ထင်ပါတယ်.....။

(𝐀𝐥𝐚𝐧 𝐏𝐚𝐫𝐝𝐞𝐰 - ပရီးမီးယားလိဂ် နည်းပြဟောင်း)

🔴 ညီကိုတို့ရော...𝐑𝐨𝐛𝐞𝐫𝐭𝐬𝐨𝐧 နဲ့ 𝐊𝐞𝐫𝐤𝐞𝐳 မှာ ဘယ်သူကို ပိုပြီး ပွဲထွက်စေချင်ကြလဲဗျ ✍️✍️

16/10/2025

🔴🏆 လီပါပူးလ် ကွင်းလယ်ကြယ်ပွင့် 𝐅𝐥𝐨𝐫𝐢𝐚𝐧 𝐖𝐢𝐫𝐭𝐳 နဲ့ ပတ်သက်ပြီး ပြောလာခဲ့တဲ့ ဂျာမဏီအသင်းဖော် 𝐑𝐚𝐮𝐦 ✍️

🏆 𝐃𝐚𝐯𝐢𝐝 𝐑𝐚𝐮𝐦 🗣

-𝐅𝐥𝐨𝐫𝐢𝐚𝐧 𝐖𝐢𝐫𝐭𝐳 အနေနဲ့ လီပါပူးလ်အသင်းအတွက် အကောင်းဆုံး တာထွက်ကို မပိုင်ဆိုင်ခဲ့ဘူးဆိုတာ ကျတော် သိပါတယ်။ ဒါပေမယ့် သူက အကောင်းဆုံး ကြိုးစားနေသူပါ။ သူက လေ့ကျင့်ရေးကွင်းထဲမှာ အကြာကြီး ရှိနေပြီး ကြိုးစားလေ့ကျင့်နေပါတယ်.....။

- ကျတော့်အမြင်ကတော့ သူက အကောင်းဆုံး ပုံစံကို ရလာမယ်ဆိုတာ ယုံကြည်ပါတယ်။ ပြီးတော့ လီပါပူးလ်အသင်းမှာ ပိုပြီး ကောင်းလာမယ်ဆိုတာလဲ သေချာပါတယ်။ ဒီရာသီမှာလဲ လီပါပူးလ်အသင်းအတွက် အဓိက ကစားသမား ဖြစ်လာမယ်ဆိုတာ ကျတော် သေချာပေါက် ပြောရဲပါတယ်.....။

(𝐃𝐚𝐯𝐢𝐝 𝐑𝐚𝐮𝐦 - ဂျာမဏီနှင့် လိုက်ဇစ် နောက်ခံလူ)

16/10/2025

🔴🏆 သူ့ရဲ့ လီပါပူးလ်အသင်းအတွက် အသက်အငယ်ဆုံး ဂိုးသွင်းစံချိန်ကို ချိုးဖြတ်ခဲ့တဲ့ 𝐑𝐢𝐨 အပေါ် 𝐖𝐨𝐨𝐝𝐛𝐮𝐫𝐧 ရဲ့ ပြောစကား ✍️✅

🏆 𝐁𝐞𝐧 𝐖𝐨𝐨𝐝𝐛𝐮𝐫𝐧 🗣

- ကျတော့်ရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းစံချိန်ကို 𝐑𝐢𝐨 က ချိုးဖြတ်သွားတဲ့ အပေါ် ကျတော် သူ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်။ ကျတော့်အတွက် မှတ်တမ်းက အရေးမကြီးပါဘူး။ အဲဒီဂိုးကို ရခဲ့တဲ့အချိန်တုန်းက ကျတော် ဘယ်လောက်အထိ ခံစားချက် ကြီးမားခဲ့လဲဆိုတာ ပြောမပြတတ်အောင်ပါပဲ။ 𝐑𝐢𝐨 လဲ ကျတော့်လိုပဲ ခံစားနေရမယ်လို့ ထင်ပါတယ်.....။

(𝐁𝐞𝐧 𝐖𝐨𝐨𝐝𝐛𝐮𝐫𝐧 - လီပါပူးလ် လူငယ် ကစားသမားဟောင်း)

🔴🏆 𝐖𝐨𝐨𝐝𝐛𝐮𝐫𝐧 အနေနဲ့ (၂၀၁၆)ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့မှာလိဒ်ယူနိုက်တတ် ကို (၂-၀) နိုင်ခဲ့တဲ့ပွဲမှာ ဂိုးသွင်းခဲ့တာဖြစ်ပြီး အဲဒီအချိန်က သူ့အသက်က (၁၇) နှစ် နှင့် (၄၅) ရက်သာ ရှိသေးပါတယ်.....။

15/10/2025

🔴 တချို့သော စကားတွေ ပြန်ပြောချင်ရင်တောင်
"တချိန်တုန်းက" ဆိုတဲ့ စကားလုံးကို
အသုံးပြုရတယ် ကလေးရဲ့ 🥺🥺🥺

15/10/2025

🔴🏆 ပွါတိုရီကို နဲ့ ပွဲစဥ်မှာ အာဂျင်တီးနားအသင်းအတွက် သွင်းဂိုး (၂)ဂိုး သွင်းယူပြီးနောက် 𝐌𝐚𝐜𝐜𝐚 ရဲ့ ပြောစကား ✍️

🏆 𝐀𝐥𝐞𝐱𝐢𝐬 𝐌𝐚𝐜 𝐀𝐥𝐥𝐢𝐬𝐭𝐞𝐫 🗣

- ကျတော့်ရဲ့ အမြင်အရတော့ ဒီရာသီမှာ ကျတော့်ရဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး ထုတ်မပြနိုင်သေးပါဘူး။ ဒါပေမယ့် အခုရခဲ့တဲ့ သွင်းဂိုး (၂)ဂိုးက ကျတော့်ကို ယုံကြည်မှုတွေ အများကြီး တည်ဆောက်လို့ ရစေခဲ့ပါတယ်။ ကျတော် အကောင်းဆုံး ပုံစံနဲ့ ပြန်လာခဲ့ပါ့မယ်.....။

(𝐌𝐚𝐜 𝐀𝐥𝐥𝐢𝐬𝐭𝐞𝐫 - လီပါပူးလ် ကွင်းလယ် ကစားသမား)

15/10/2025

🏆 နိုင်ငံတကာ ပွဲစဉ်တွေ အပြီး လီပါပူးလ် ကစားသမားတွေရဲ့ အခြေအနေ.....
🏆 Gravenberch ရဲ့ ဒဏ်ရာ အနေအထား.....
🏆 Konate ရဲ့ ကြံ့ခိုင်မှု အခြေအနေ.....
🏆 ယူနိုက်တတ် နဲ့ အင်္ဂလန်ဒါဘီအတွက် အဆင်သင့် ရှိနေမယ့် ကစားသမားများ.....
🏆 အပြောင်းအရွှေ့ ကောလဟလများ.....

15/10/2025

🔴🏆 𝐋𝐮𝐢𝐬 𝐒𝐮𝐚𝐫𝐞𝐳 🗣

- တစ်ခါတလေဆို ကျတော့် သမီးက အင်္ဂလိပ်လို စကားပြောရင် ကျတော် လုံးဝ နားမလည်ဘူးဗျ။ သူက 𝐒𝐜𝐨𝐮𝐬𝐞𝐫တွေရဲ့ လေယူလေသိမ်းတွေ (မာဆေးဆိုဒ်ဒေသ လေသံ) အတိုင်း ပြောနေတာပါ.....။

(𝐋𝐮𝐢𝐬 𝐒𝐮𝐚𝐫𝐞𝐳 - လီပါပူးလ် တိုက်စစ်မှူးဟောင်း)

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Bangkok