MCN Sports

MCN Sports

แชร์

Sports News For Everybody

04/12/2025

ချဲလ်ဆီးကို ဂိုးသွင်းခဲ့တဲ့ ဂျပန်သား

04/12/2025

လိပ်နင်ဂျာရဲဂိုး

22/11/2025

မြန်မာအသင်းအတွက် ဦးဆောင်ဂိုးးးးးး

22/11/2025

ကျော်စွာဝင်းနိုင်ပြီဗျို့ 🥰
ဒုတိယအချီမှာပဲ လှလှပပအလဲထိုးပြသွားပါပြီ
Crd_superfight

21/11/2025

မေဂျာလိဂ်ရာသီသစ်မှာ LAFC အသင်းနဲ့စတင်ယှဉ်ပြိုင်ရမယ့် အင်တာမိုင်ယာမီအသင်း

လီယွန်နယ်မက်ဆီ နဲ့ ဆွန်ဟောင်မင်တို့ရဲ့ ဆုံတွေ့မှုကို ဘောလုံးဝါသနာရှင်တွေ မြင်တွေ့ရတော့မှာပါ ။ လာမယ့် ၂၀၂၆ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပြန်လည်စတင်မယ့် မေဂျာလိဂ်ဘောလုံးရာသစ်ရဲ့ အဖွင့်ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းဟာ LAFC အသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဝေးကွင်းပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ် ။

ဘယ်အသင်းက အနိုင်ရရှိသွားမယ်ထင်သလဲဗျာ . . .

20/11/2025

ကမ္ဘာ့ဖလားဝင်ခွင့်အတွက် European Play-off ပွဲစဉ်တွေထွက်ပေါ်လာပါပြီ

လမ်းကြောင်းတခု ( Path ) စီမှာ အနိုင်ရဗိုလ်စွဲတဲ့အသင်း ၄ သင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့်ကို ရရှိသွားမှာပဲ ဖြစ်ပါတယ် ။ အီတလီအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ မြောက်အိုင်ယာလန်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အနိုင်ရရှိခဲ့ရင်တော့ ဝေးလ် နဲ့ ဘော့စနီးယားအသင်းတို့ရဲ့ ပွဲစဉ်က အနိုင်ရရှိလာသူနဲ့ ယှဉ်ပြိုင်ကစားရမှာပါ ။

ကမ္ဘာ့ဖလားဝင်ခွင့်လမ်းကြောင်း ၄ ခုမှာတော့ ယူကရိန်း ၊ ဆွီဒင် ၊ ပိုလန် နဲ့ အယ်လ်ဘေးနီးယားအသင်းတို့ရဲ့ Path B က အကျိတ်အနယ်အရှိဆုံးဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ် ။

ဒီပွဲစဉ်တွေကို လာမယ့် ၂၀၂၆ ခုနှစ် မတ်လထဲမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး တကျော့တည်းနဲ့ အဆုံးအဖြတ်ကစားသွားကြမှာပဲဖြစ်ပါတယ် ။ ဘယ်အသင်း ၄ သင်း ကမ္ဘာ့ဖလားဝင်ခွင့် ရရှိလာမယ် ထင်သလဲဗျာ ?

19/11/2025

အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ စီရော်နယ်လ်ဒို တွေ့ဆုံခွင့်ရခဲ့

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ မနေ့က ပြုလုပ်ခဲ့တဲ့ အိမ်ဖြူတော်ညစာစားပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရပါတယ်။

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ ကစားနေတဲ့ စီရော်နယ်လ်ဒိုဟာ အဲဒီညစာစားပွဲကို ဆော်ဒီမင်းသား မိုမာမက်ဘင်ဆယ်လ်မန်နဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပြီး အခြားနာမည်ကျော်များစွာကိုလည်း ဒေါ်နယ်ထရန့်က ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။

အဲဒီညစာစားပွဲမှာ စီရော်နယ်လ်ဒိုက ဒေါ်နယ်ထရန့်ရဲ့ သားဖြစ်သူ ဘာရွန်နဲ့လည်း တွေ့ဆုံခဲ့ရပြီး ဧည့်သည်တော်တွေကို နှုတ်ဆက်စကားပြောကြားရာမှာ ဒေါ်နယ်ထရန့်က " ကျွန်တော့်သားက စီရော်နယ်လ်ဒိုရဲ့ အကြီးစားပရိသတ်ဖြစ်တယ်" လို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။

ဒေါ်နယ်ထရန့်က စီရော်နယ်လ်ဒိုဟာ ဘောလုံးလောကရဲ့ ထာဝရအကောင်းဆုံးကစားသမားဖြစ်ကြောင်း ပြောကြားခဲ့ဖူးသူလည်းဖြစ်ပါတယ်။
Crd..
Photos: X

19/11/2025

ဘာစီလိုနာ ကစားသမားဟောင်း ပီကေးကတော့ အနားယူသွားသည့်တိုင် ချန်ပီယံလိဂ် ဆုဖလား အများဆုံးရထားတဲ့ ရီးရဲလ်မက်ဒရစ် ကို အကောင်းဆုံး အသင်း မဟုတ်ဘူး လို့ ဆက်လက်တိုက်ခိုက်နေဆဲပါပဲ။

၂၀၂၁-၂၂ဘောလုံးရာသီတုန်းက မက်ဒရစ်ဟာ ပြိုင်ဘက်တွေထက် တစ်ပွဲလုံး ပိုကောင်းခဲ့တာမျိုးမဟုတ်ပဲ နောက်ဆုံးမိနစ်တွေမှာ တိုက်ပွဲ၀င်ပြီး အံ့အားသင့်ဖွယ် တကျော့ပြန်နိုင်ပွဲတွေ ရခဲ့တာကြောင့် ဆုဖလားရခဲ့တာဆိုပြီး ပီကေးက ခုလိုဝေဖန်လာခဲ့ပါတယ်။

" ချန်ပီယံလိဂ် ဆိုတာ အသင်းတိုင်း ကစားသမားတိုင်းရဲ့ အိမ်မက် ဖလား တစ်ခုပါ ။ ဒါပေမယ့် ချန်ပီယံလိဂ်ဖလားကို ဘယ်လို ယူပြခဲ့သလဲဆိုတာတော့ အရေးကြီးပါတယ် ။ ၂၀၂၁ -၂၂ မက်ဒရစ် တို့ ချန်ပီယံ ဖြစ်ခဲ့တုန်းကဆို သူတို့ဟာ ပြိုင်ဘက်တွေထက် ပိုမကောင်းခဲ့ဘဲ ကံပိုကောင်းခဲ့တာ အထင်အရှားကြီးပါ.." လို့ ပြောခဲ့ပါတယ် ။

အဲ့ဒီနှစ် က ရီးရဲလ်ဟာ မန်စီးတိးကို ရှုံးနေပြီ ထင်ရာကနေ နောက်ဆုံးမိနစ်မှာမှ ဂိုးတွေ ဆက်တိုက်ရရင်း ကံကောင်းခဲ့တာ ဖြစ်ပါတယ်

18/05/2025

Henderson save

09/05/2025

Mountရဲ့အဝေးကန်ချက်

05/05/2025

လှည့်လည်အောင်ပွဲခံဖို့ပြင်ထားတဲ့ Leed unitedရဲ့အမိုးဖွင့်ကား

05/05/2025

Garnacho!!!

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Bangkok