28/10/2025
အလိမ်ခံနေရလား Block ပြေးနေလား
အဲ့တာတွေအတွက်အဖြေက ဒီမှာရှိပါတယ်နော်
ယုံကြည်စိတ်ချ Lucky9နဲ့မှ
ရှမ်းကိုရမီးဘူကြီးABCDဂိမ်းများကစားချင်ပါက Viber Telegram 09779041018
28/10/2025
အလိမ်ခံနေရလား Block ပြေးနေလား
အဲ့တာတွေအတွက်အဖြေက ဒီမှာရှိပါတယ်နော်
ယုံကြည်စိတ်ချ Lucky9နဲ့မှ
14/10/2025
ရှမ်း ကိုး မီး , ဘူကြီး, ငါး ပ, စ် ABCDဂိမ်း
စိတ်ကြိုက်ကစား စိတ်ကြိုက်ဒိုင်ကိုင်
13/06/2025
မိုးထက်အောင်ဟာ ထိုင်းဖိုက်တာ Khunponnoi ကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါပြီ....။
နည်းစနစ်ပိုင်း လိုအပ်ချက်တွေရှိသလို Clinch ပိုင်းလဲ ဘာမှပြင်ဆင်မလာဘူး...။
ကိုယ့်ကစားသမား Clinchလုပ်ခံထိပြီး ဒူးနဲ့ချုပ်တိုက်ခံနေရတာမြင်တော့တကယ်စိတ်မကောင်းဘူး...။
အကောင်းဆုံး ပုံစံနဲ့ ပြန်လာခဲ့ပါညီလေး
မင်းကိုအပြစ်မတင်ရက်ပါဘူး။အကောင်းဆုံးကြိုးစားခဲ့တာတွေမြင်ရပါတယ်...။
နည်းစနစ်ပိုင်း Clinchပိုင်း
မွေထိုင်းထိုးမယ့်သူဟာ မွေထိုင်းနည်းစနစ်ကိုပိုင်နိုင်အောင်အရင်လေ့ကျင့်ဖို့လိုတဲ့အကြောင်း နည်းပြကောင်းတွေလိုတဲ့အကြောင်း
လက်ဝှေ့သမားတွေရဲ့ အားသာချက်အားနည်းချက်တွေအကြောင်း သုံးသပ်ဝေဖန်ချက်တွေ ကျွန်တော်အများကြီးအမုန်းခံရေးခဲ့ပါတယ်...။
သို့သော်..... ....... ....... တစ်ရာဖိုးသုံးပုဒ် တွေလောက်ဘောင်မဝင်ခဲ့ပါဘူး။
(LCM)
13/06/2025
" သြစတေးလျ ဖိုက်တာအား စောမင်းမင်း အလဲထိုးနဲ့ အနိုင်ရရှိ "
စောမင်းမင်းက သြစတေးလျဖိုက်တာကို ပထမအချီမှာကတည်းက လိုက်ဖိထိုးတာပါ။
ထိုးပေါက်ကကောင်းပါတယ်။ပွဲနားထားတာကြာလို့လား Training ပဲ မပြည့်လို့လားမသိ သက်လုံက ပထမအချီမပြီးသေးဘူး ကျနေပါပြီ။
သြစတေးလျ ဖိုက်တာကလည်း တော်တော်မာတာပါ။စောမင်းမင်းရဲ့လက်သီးတွေကို ဖြုံတဲ့ပုံမပြဘဲ Elbow တွေနဲ့ပြန်ကြိတ်တာ စောမင်းမင်းဒုတိယအချီမှာမျက်ခုံးကွဲနေပြီ။
ဒုတိယအချီမှာလဲ စောမင်းမင်းကလိုက်ဖိထိုးတာပါပဲ။အားမရတာတစ်ခုက လက်သီးပါဝါပဲ။ဘယ်လိုမှအားရစရာမရှိဘူး။အများကြီးကြိုးစားဖို့လိုပါသေးတယ်။သက်လုံကတော့ နှစ်ယောက်စလုံး အာမနာတမ်းပြောရရင် အားရစရာမရှိပါဘူး။
တတိယအချီမှာ နှစ်ယောက်စလုံး သက်လုံ ကုန်နေပါပြီ။ဒါပေမယ့် စောမင်းမင်းကလိုက်ထိုးနိုင်သေးတယ်။ သြစတေးလျဖိုက်တာလေး Joshမျက်နှာပေါ်လက်သီးချက်တွေထပ်ထိတယ်။
ကောင်လေးဘယ်လိုမှ တောင့်မခံနိုင်တော့ဘဲ လဲကျသွားပါတယ်။စောမင်းမင်းအလဲထိုး ဒိုင်ပွဲရပ် နဲ့အနိုင်ရလိုက်ပါတယ်။တကယ်က စောမင်းမင်းလဲရေကုန်ရေခမ်းဖြစ်နေပါပြီ။
နိုင်တာကျေနပ်ရပေမယ့် အများကြီး နည်းစနစ် ပါဝါ သက်လုံ ဖြည့်ဖို့လိုပါသေးတယ်။
အဆင်ပြေပါစေ....။
(LCM)
11/06/2025
" မိုးထက်အောင်ရဲ့ ပြိုင်ဘက် Khunponnoi ရဲ့အားသာချက်အားနည်းချက်တွေကို သုံးသပ်ပြခြင်း"
One Friday Fights 112 မှာ မြန်မာကိုယ်စားပြုဖိုက်တာ မိုးထက်အောင်ဟာ ထိုင်းဖိုက်တာ Khunponnoi နဲ့ယှဥ်ပြိုင်ရပါမယ်။
အဲ့ဒါကြောင့် Khunponnoi ရဲ့အားသာချက်အားနည်းချက်တွေကို ကျွန်တော်နည်းနည်းဆွဲထုတ်ပြကြည့်ပါမယ်။
Khunponnoi က နည်းစနစ်ကောင်းတဲ့ဖိုက်တာပါ။One မှာ ၇ ပွဲထိုး ၅ပွဲ အနိုင် ၂ပွဲရှုံး ရလဒ်ထွက်ထားတယ်။
နောက်ဆုံး ထိုးတဲ့ (၃)ပွဲတိတိကို အနိုင်ယူပြထားပြီး Khunponnoi ကို ရှုံးဖူးတဲ့ဖိုက်တာထဲမှာ နည်းစနစ်အသားပေးကစားတဲ့ မြန်မာဖိုက်တာ ဆွန်ရတ်တောင်ပါဝင်နေပါတယ်။
ဒါကြောင့် Khunponnoi ဟာ လျော့တွက်လို့မရတဲ့ ဖိုက်တာတစ်ယောက်ဖြစ်ကြောင်း သိပ်ညွှန်းပြစရာမလိုပါဘူး။
Khunponnoi ရဲ့ကစားဟန်က ငြိမ်တယ်။အားသာချက်တွေစပြောရမယ်ဆို ပြာယာခတ်မနေဘူး။မြန်မာဖိုက်တာတွေလို စင်ပေါ်ရောက်တာနဲ့ဝူးဝူးဝါးဝါးကမူးရှုးထိုးတွေမဝင်တတ်ဘူး။ဘယ်ညာတွဲလုံးတွေကောင်းတယ်။အောက်ခြေကန်ချက်တွေက အားပါသလို မထင်ရင်မထင်သလို အမြင့်ကန်ချက်တွေလည်းထုတ်တတ်တယ်။Khunponnoiက ဘယ်သန်ဖြစ်ပုံရပါတယ်။ဒါကြောင့်ညာခြေရှေ့ထုတ်ကစားတယ်။ဘယ်ဝိုက်လက်သီးကတော်တော်အားပါပြင်းထန်ပါတယ်။ Khunponnoi နဲ့တွေ့ရင် ဘယ်ဝိုက်လက်သီးရှောင်လို့တောင်ပြောရမလိုပါ။နည်းစနစ်ကောင်းတယ် Clinch လုပ်တဲ့ပိုင်းလဲကျွမ်းကျင်တယ်။မိုးထက်အောင်လောက် မမာပေမယ့် ပျော့ဖတ်နေတဲ့ဖိုက်တာထဲမပါဘူး။မာဂုဏ်လဲအသင့်အတင့်ရှိတယ်။အားနည်းချက်က ကစားပုံနည်းနည်းနှေးတယ်။ဘယ်လက်သီးအားယူပြီးထိုးဖို့ချိန်တဲ့အခါ ခေါင်းကိုငုံ့သွားတတ်သလို မျက်နှာ Guard ကျသွားတတ်တာပါ။
မိုးထက်အောင် အနေနဲ့ Khunponnoi ကို နိုင်ဖို့ဆိုရင် သူ့ထက်မြန်အောင်ကစားနိုင်ဖို့လိုပါမယ်။မိုးထက်အောင်က လက်သီးအထွက်မြန်ပါတယ် သေချာပြင်ဆင်ရင်ရမှာပါ။ခြေကန်အကွာအဝေးသိပ်ပေးလို့မရပါဘူး။Khunponnoiရဲ့ဘယ်လက်သီးကို သတိထားကာကွယ်နိုင်ဖို့အတွက်ပြင်ဆင်လာဖို့လိုသလို Game Plan ကောင်းကောင်းရေးလာနိုင်ရင် အဆင်ပြေပါပြီ။ နိုင်ဖို့အတွက်မျှော်လင့်လို့ရနိုင်ပါတယ်။
အဓိက Clinch ပိုင်းပြင်ဆင်လာစေချင်သလို Khunponnoi ကို လျင်လျင်မြန်မြန် နဲ့ ပူးကပ်ပြီး တိုက်စစ်ဆင်ကစားနိုင်ရင် မိုးထက်အောင် အဆင်ပြေမှာပါ။ ပူးကပ်ခိုင်းတာ ပြေးဖက်ခိုင်းတာမဟုတ်ပါဘူး လက်သီးနဲ့ ခြေထောက်အကွာအဝေးက လွတ်အောင် ရှေ့ကပ်နိုင်သမျှကပ်ပြီး တိုက်စစ်ဆင်ထိုးသတ်ခိုင်းတာပါ။
ဒါမှမဟုတ် Khunponnoi ရဲ့ ဘယ်လက်သီးကိုလဲမဖြေရှင်းနိုင်ဘူး၊ Clinch ပိုင်းလဲမပြင်ဆင်လာဘူး ကျွန်တော်ဆွဲထုတ်ပြထားတဲ့ Khunponnoi ရဲ့အားနည်းချက်တွေကို အသုံးချပြီးတော့လည်း မကစားနိုင်ခဲ့ဘူးဆိုရင်တော့ မိုးထက်အောင် ရလဒ်ကောင်းမှာမဟုတ်ပါဘူး...။
ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကိုယ်စားပြုဖိုက်တာတစ်ယောက်ကို အနိုင်ပဲ ရစေချင်တာ ရင်ထဲကဆန္ဒပါ။အဆင်ပြေပါစေ ညီလေး မိုးထက်အောင်... ။
(LCM)
11/06/2025
သန့်ဇင် မျက်လုံး ဆေးစစ်ချက် 100% ပြန်လည်ကောင်းမွန်ပါပြီ။ဒါကြောင့် မကြာမီ အချိန်အတော်အတွင်းမှာ သန့်ဇင်ရဲ့ ပွဲစဥ်အသစ်ကို One မှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်...။
10/06/2025
ဗန် က UFC Flyweight တန်းရဲ့ ထိပ်တန်းဖိုက်တာ (၁၀)ယောက် စာရင်းဝင်သွားပြီဖြစ်သလို လာမယ့်
June လ ၂၈ ရက်မှာ Ranking အဆင့် 1 ဖိုက်တာ Brandon Royval နဲ့ ယှဥ်ပြိုင်ရဖို့ တရားဝင် ပွဲရသွားခဲ့ပါပြီ။ပြိုင်ပွဲကျင်းပဖို့က ဒီနေ့ကနေစရေရင် ၁၈ ရက်ပဲလိုပါတော့တယ်။အဲ့ဒီအချိန်အတောအတွင်းမှာ Ranking အဆင့် ၁ က ဖိုက်တာနဲ့ ပွဲလက်ခံပြီးထိုးဖို့သဘောတူလိုက်တာဟာ တကယ်ကိုကြမ်းပါတယ်။ ဂျော့ရှူဝါဗန်သာ ဒီပွဲ နိုင်ရင် တစ်ကမ္ဘာလုံးက ဖိုက်တာတွေ မျက်ခုံးလှုပ်တဲ့အထိအံ့သြချီးကျူးရမယ့် သမိုင်းဝင်ပွဲတစ်ပွဲဖြစ်လာမှာဖြစ်သလို တစ်ခါတည်း ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်ပါ တိုက်ရိုက်အကျိုးခံစားခွင့်ရမှာပါ။နိုင်ရင် အများကြီးအမြတ်ထွက်မယ် ရှုံးရင် အရင်းပဲကျန်ပါမယ်။ဘာပဲဖြစ်ဖြစ် ဗန်အတွက် အချိန်တိုအတွင်း မှာ ပွဲလက်ခံရလို့ Recovery ပြန်မဖြစ်မှာစိုးရိမ်ရပေမယ့် ဒဏ်ရာ အနာတရကြီးကြီးမားမားသိပ်ရှိပုံမရတော့ အဆင်ပြေမှာပါ။ဘာပဲဖြစ်ဖြစ် ချင်းလေးတစ်ယောက် မြန်မာအလံကိုဂုဏ်ယူဝံ့ကြွားစွာ UFCကွင်း ကြီးထဲထိယူလာပြီး အစွမ်းကုန်ရုန်းပြအုံးမယ်ဆိုတာ ယုံကြည်ပါတယ်...။
(LCM)
08/06/2025
ဂုဏ်ယူပါတယ် ဗန်ရေ 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာတဲ့လက်ရည်က
UFC ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်နဲ့မဝေးတော့တဲ့အနေအထားကို ရောက်ရှိလာပါပြီ ...။
07/06/2025
" မြန်မာဖိုက်တာ ၃ ယောက်တိတိပါဝင်တဲ့ One Friday Fights 112 ပွဲ "
လာမယ့် (၁၃.၆.၂၀၂၅)မှာ ကျင်းပမယ့် One Friday Fights 112 မှာ မြန်မာကိုယ်စားပြုဖိုက်တာ ၃ယောက်တိတိပါဝင်လာပါတယ်။
သွေးလင်းထက်(မြန်မာ) Vs ခရစ်ပက်ခ် (ထိုင်း)
မိုးထက်အောင် (မြန်မာ) Vs ခွန်ပွန်နွိုင်(ထိုင်း)
စောမင်းမင်း (မြန်မာ) Vs ဂျော့ချ် (သြစတေးလျ)
အကုန်လုံးက ပွဲကောင်း ပွဲကြမ်းတွေချည်းဖြစ်တာကြောင့်
One Friday Fights 112 ဟာ လက်မလွှတ်သင့်တဲ့ပွဲပါပဲ။
07/06/2025
" ထိုင်းဖိုက်တာ Petwichit ကို အနိုင်ထိုးပြသွားခဲ့တဲ့ ဆွန်ရတ် ပွဲ ပွဲပြီးအကျဥ်းသုံးသပ်ချက် "
ဆွန်ရတ် နဲ့ Petwichit က ဒီတစ်ခေါက်တွေ့တာ ဒုတိယအကြိမ်ပါ။ပထမအကြိမ်မှာလဲ ဆွန်ရတ်ကအနိုင်ယူထားခဲ့ဖူးတာပါ။
ဆွန်ရတ်က ခုပွဲမှာ ပွဲစကတည်းက ပါးပါးနပ်နပ်နဲ့ Petwichit ကို ချဥ်းကပ်တယ်။
Petwichit က ဆွန်ရတ်ထက် height ရော Reach ရောသာပါတယ်။ဒါကြောင့်ဆွန်ရတ်က လိုသလောက်တိုက်စစ်ဖွင့်မရပါဘူး။ဒါကြောင့် မျက်နှာနေရာထက် Body shotသာ တွေများများသွင်းတယ်။
မျက်နှာဂတ်လွတ်ရင် မျက်နှာကို ထိုးတယ်။
အောက်ခြေအတွင်းခတ်တွေမိုက်လာတယ်။ Petwichit ကလည်းမာတယ်။နည်းစနစ်ကောင်းတယ် ။ ဆွန်ရတ်ကို Clinch လုပ်ပြီးအပိုင်ကျွေးချင်တယ်။
ဆွန်ရတ်ကလည်း ပါးနပ်တယ် Petwichit ကပ်တာနဲ့တံတောင်ရိုက်မရ ဒူးတိုက်မရအောင် ချုပ်ထား ပူးထားပြီး Clinch ပြန်လုပ်တယ်။ Petwichit ဘာမှလုပ်မရဘူး။
မြန်မာပြည်ကနေ စင်ပေါ်ရောက်တာနဲ့ ဝူးဝူးဝါးဝါးနဲ့ထိုးဖို့တစ်ခုပဲသိတဲ့ကစားသမားတွေ ကြည့်သင့်တဲ့ပွဲပါပဲ။
၃ ချီပြည့်ပွဲပြီးတော့ ဆွန်ရတ်က ရမှတ်အသာ လက်ရည်အသာနဲ့အနိုင်ရသွားတယ်။
သူ့လက်ရည်ကို Petwichit နဲ့ထပ်စမ်းခဲ့တဲ့ One စင်မြင့်ထက်မှာ အားရပါးရ ပေါက်ကွဲပြပြီး အောင်ပွဲခံသွားတယ်။အဲ့ဒီခံစားချက်ကို နားလည်ပါတယ်။
တကယ်ကို ဆွန်ရတ်က အနိုင်နဲ့ထိုက်တန်ခဲ့ပါတယ်။
(LCM)