ရီးယဲလ်ကစားမားတွေရဲ့ လေ့ကျင့်ရေးကွင်းက အခြေအနေ 😁
KWA Football
အားလုံးကိုကြိုဆိုပါတယ်
ကလေးအသင်း ချယ်လ်ဆီးကတော့ တန်းတက်အသင်းကို ရှုံးပြန်ပြီ
05/10/2025
🇲🇲 မြန်မာ့အကြီးကျယ်ဆုံး အားကစားသူရဲကောင်း ခေတ်တစ်ခေတ် ပြီးဆုံးခြင်း
ဘန်ကောက်ပို့စ်သတင်းစာ One ကိုယ်စားပြု ဆောင်းပါးရှင် Nick ဖော်ပြခဲ့တဲ့ Aung La N Sang နှုတ်ဆက်ကို နှုတ်ဆက်တဲ့စာသားကို ဖတ်ခွင့်ရအောင် ဘာသာပြန်တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
🇲🇲 🐍 "The Burmese Python" (မြန်မာ့စပါးအုံး) သည် Zebaztian Kadestam ကို ဒုတိယအချီမှာ TKO ဖြင့် အနိုင်ရပြီးနောက် ONE Championship ကြိုးဝိုင်းကို ကျောကိုင်းကာ ခန်းနားသော အမွေအနှစ်ကို ချန်ထားခဲ့နိုင်ခဲ့ပြီဖြစ်သည်။
အသက် ၄၀ အရွယ်ရှိပြီဖြစ်သော အောင်လက ဆွီဒင်နိုင်ငံသား၊ ONE ဝယ်လ်တာဝိတ် MMA ချန်ပီယံဟောင်းကို လက်သီးချက်များဖြင့် အနိုင်ယူလိုက်သောအခါ ဆူညံသံသည် နားကွဲမတတ် ကျယ်လောင်ခဲ့ပြီး ကွင်းရဲ့စတီးအမိုးကိုပင် လှုပ်ခါသွားစေပုံရသည်။
သို့သော် ထိုဆူညံသံမှာ နေမထွက်မီကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။
မနက် ၇ နာရီခွဲအချိန်တွင် မြန်မာအလံများ သွယ်တန်းပြီး လုမ္ပနီအားကစားရုံတစ်ဝိုက်တွင် ပရိသတ် ထောင်ပေါင်းများစွာသည် အောင်လကို နောက်ဆုံးအကြိမ် လာရောက်ကြည့်ရှုရန် စောင့်ဆိုင်းနေခဲ့ကြသည်။
နောက်ဆုံးတွင် အနီ၊ အဝါ၊ အစိမ်း ရောင်စုံခြုံလွှမ်းသော နိုင်ငံတော်အလံကိုခြုံကာ ပေါ်ထွက်လာပြီး သူ၏ လမ်းလျှောက်တီးလုံး "အမဲလိုက်အက" ကို မြန်မာရော့ခ်စတား လေးဖြူ သီဆိုလိုက်သည့်အခါ ပရိသတ်တိုင်းကို ပေးအပ်ထားသော လက်ပတ်များသည် ထိုအရောင်များအတိုင်း စည်းချက်ညီညီ လင်းလက်ခဲ့ကြသည်။
[ One ဘက်က အောင်လထွက်လာချိန်မှာ မြန်မာအလံအရောင်ရဲ့ အရောင် ဖြစ်တဲ့ ဝါ၊စိမ်း၊နီ မီးရောင်ကို ပုရိတ်သတ်တွေရဲ့ လက်ပတ်ရော ကြိုးဝိုင်းအလယ်က မီးကိုပါ ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။]
ပွဲပြီးလို့ခဏအကြာတွင် သူသည် လက်အိတ်များကို ချွတ်ကာ ကြမ်းပြင်ပေါ် တင်လိုက်ပြီး ခေတ်တစ်ခေတ်ကို အဆုံးသတ်လိုက်သည်။
ပွဲပြီးဆုံးပြီးနောက် လွန်ပီနီအပြင်ဘက်တွင် တံခါးများ ပိတ်ပြီးသည့်တိုင် "အောင်လ! အောင်လ!" ဟူသော ကြွေးကြော်သံများက ပရိဝုဏ်တစ်လျှောက် ပဲ့တင်ထပ်နေခဲ့သည်။ နောက်ဆုံးတွင် သူပေါ်လာသည့်အခါ—သူ၏ တိုက်ခိုက်ရေးဘောင်းဘီအတိုဖြင့်၊ လက်ပွန်းပဲ့နေသည့် လက်များဖြင့် ရေခဲအိတ်တစ်လုံးကို ကိုင်ရင်း—ပရိသတ် ရာပေါင်းများစွာက သူ့ကို နောက်ဆုံးအကြိမ် ဝိုင်းအုံခဲ့ကြသည်။
"မြန်မာပရိသတ်တွေ... သူတို့ကို ကျွန်တော် လွမ်းနေတော့မှာပါ" ဟု သူသည် ကျွန်တော့်ကို တိုးတိုးလေး ပြောခဲ့သည်။ "မြန်မာပရိသတ်တွေလို ပရိသတ်မျိုး မရှိပါဘူး။"
အားကစားဖြင့် စိတ်ဝမ်းကွဲပြားနေသော နိုင်ငံတစ်နိုင်ငံကို စည်းလုံးစေခဲ့သည့် ထိုသူသည် ပြုံးရွှင်လျက် လက်များကို မြှောက်ကာ ဘန်ကောက်နေ့လည်ခင်းထဲသို့ လျှောက်လှမ်းထွက်ခွာသွားခဲ့သည်။
သူသည် အောင်မြင်ချိန်၌ နှိမ့်ချပြီး၊ ရှုံးနိမ့်ချိန်၌ စိတ်ထားကောင်းထားခဲ့သည်။ ထို့အပြင် မည်သည့်နည်းနှင့်မဆို ONE Championship ရဲ့ အောင်မြင်မှု့တည်ဆောက်ရာတွင် အထောက်အကူပြုခဲ့သူဖြစ်သည်။
ယခုအခါ Hall of Fame (ဂုဏ်ပြုချီးမြှင့်ခံရသူများ စာရင်း) သို့ သေချာပေါက် ရောက်ရှိလာတော့မည် ဖြစ်သည်။ သို့သော် ထိုဂုဏ်ပြုမှုသည်ပင် သူ၏ ခရီးလမ်းကို လိုက်ပါခဲ့သော သန်းပေါင်းများစွာသော ပရိသတ်အတွက် သူ၏ အဓိပ္ပာယ်ကို တစ်စိတ်တစ်ပိုင်းသာ ဖော်ပြနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံဧ။်ဂုဏ်ယူစရာ။ မြန်မာ့စပါးအုံး။
သူသည် ဤကုမ္ပဏီ၏ တန်ဖိုးထားသော "သမာဓိရှိခြင်း၊ နှိမ့်ချခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၊ လေးစားမှုရှိခြင်း၊ သတ္တိရှိခြင်း၊ စည်းကမ်းရှိခြင်းနှင့် ကရုဏာရှိခြင်း" ဟူသည့် တန်ဖိုးများကို ပုံဖော်ခဲ့ပြီး၊ သူ့ကို သိခွင့်ရခြင်း၊ ကြည့်ရှုခွင့်ရခြင်း၊ သူ၏ စကားများကို နားထောင်ခွင့်ရခြင်းတို့အတွက် ကျွန်ုပ်တို့အားလုံး ပိုမိုကောင်းမွန်လာခဲ့ကြသည်။
အလဲထိုးနဲ့ အနိုင်ရပြီး ဘောနပ်ဒေါ်လာ ၅ သောင်းရသွားတဲ့ ကိုအောင်လ
01/10/2025
တရားဝင်ထုတ်ပြန်ချက် - Federico Valverde
"ကျွန်တော့်ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတဲ့ ဆောင်းပါးအချို့ကို ဖတ်မိပါတယ်။ ကျွန်တော် ကစားပုံမကောင်းတဲ့ ပွဲတွေ ရှိခဲ့တယ်ဆိုတာကို သိပါတယ်။ ကျွန်တော် သတိပြုမိပါတယ်။ ကျွန်တော် ရှောင်မနေပါဘူး၊ ဝေဖန်မှုတွေကို ရင်ဆိုင်ပါတယ်။ တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။
လူတွေက ကျွန်တော့်အကြောင်း အမျိုးမျိုး ပြောနိုင်ပေမဲ့ ဘယ်အခြေအနေမျိုးမှာမှ ကျွန်တော် ကစားဖို့ ငြင်းဆန်တယ်လို့တော့ မပြောနိုင်ပါဘူး။ ဒီကလပ်အတွက် ကျွန်တော် အစွမ်းကုန်၊ အစွမ်းကုန်ထက်ပိုပြီး ပေးဆပ်ခဲ့ပါတယ်။ အရိုးကျိုးနေရင်း၊ ဒဏ်ရာရနေရင်းနဲ့ ကစားခဲ့ဖူးပါတယ်၊ ကျွန်တော် ဘယ်တုန်းကမှ မညည်းညူခဲ့ဖူးသလို နားဖို့လည်း မတောင်းဆိုခဲ့ပါဘူး။
နည်းပြနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက ကောင်းမွန်ပါတယ်၊ ဒါကြောင့် ကွင်းထဲမှာ ကျွန်တော် ဘယ်နေရာကို ပိုနှစ်သက်တယ်ဆိုတာ ပြောပြဖို့အတွက် ယုံကြည်မှုရှိစေပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်နေရာမှာမဆို၊ ဘယ်ခရီးစဉ်မှာမဆို၊ ဘယ်ပွဲမှာမဆို ကစားဖို့ အသင့်ရှိတယ်ဆိုတာကို အမြဲတမ်း၊ အမြဲတမ်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။
ဒီကလပ်မှာ ကျွန်တော့်ရဲ့ နှလုံးသားနဲ့ စိတ်ဝိဉာဉ်ကို ထားခဲ့ပြီးပါပြီ၊ တခါတလေ မလုံလောက်ဘူး၊ ဒါမှမဟုတ် ကျွန်တော် လိုချင်သလို ကစားမရဘူးဆိုရင်တောင် ဆက်ပြီး ပေးဆပ်သွားမှာပါ။
လိုအပ်တဲ့ နေရာတိုင်းမှာ ကစားရင်းနဲ့ ဘယ်တော့မှ လက်မလျှော့ဘဲ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ကျွန်တော့် ဂုဏ်သိက္ခာကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။"
28/09/2025
ဘာလို့ပင်နယ်တီမပေးတာလည်း အာဆင်နယ်ဖန်တွေ ရှင်းပြကြပါဦး။
နယူး နဲ့တွေ့ရင် ဒုက္ခရောက်နေကျ အာဆင်နယ် ခုလည်း ဦးဆောင်ဂိုး အသွင်းခံလိုက်ရပါပြီ။
Sesko ရဲ့ မန်ယူအတွက်ပထမဆုံးသွင်းဂိုး
မန်ယူနိုက်တက်ရဲ့ ခြေပဂိုး
゚viralシfypシ゚viralシalシ
ဗီနီစီယပ် ရဲ့ လှပတဲ့သွင်းဂိုး
คลิกที่นี่เพื่อเป็นสมาชิก?
ที่ตั้ง
ประเภท
เว็บไซต์
ที่อยู่
Bangkok