08/09/2026
ဝန်ထမ်းအလိုရှိသည်
ရာထူး - Football Fan Content Creator (Full-time)
တာဝန်ထမ်းဆောင်ရမည့်နေရာ - ရန်ကုန်မြို့
အခြေခံလစာ - 500000 ( + Bonus )
တစ်ပတ်နားရက်တစ်ရက်ရမည်။
အလုပ်တာဝန်များ ✅
မိမိအားပေးသည့် အသင်း
(ဥပမာ - Arsenal, Man Utd, Chelsea ) ၏
ပွဲစဉ်များ၊ သတင်းများနှင့် အကြောင်းအရာများကို
ကင်မရာရှေ့တွင် စိတ်ပါလက်ပါ တင်ဆက်ရမည်။
မိမိအားပေးသည့် အသင်းအကြောင်းသာ
ပိုင်ပိုင်နိုင်နိုင်ပြောနိုင်ရမည်။
ပွဲကြိုသုံးသပ်ချက်၊ ပွဲပြီး ခံစားချက်/ဝေဖန်ချက်များနှင့်
Fan View Content များကို စိတ်ဝင်စားဖွယ် ဖန်တီးရမည်။
Social Media ( Facebook, TikTok )
ပရိသတ်များနှင့် ရင်းနှီးစွာ ထိတွေ့ဆက်ဆံနိုင်မည့်
Content များ စဉ်းစားရမည်။
လိုအပ်သော အရည်အချင်းများ ✅
မိမိအားပေးသည့် ဘောလုံးအသင်းအပေါ် ရူးသွပ်ပြီး အသင်းအကြောင်း၊ ကစားသမားများအကြောင်း အသေးစိတ် သေချာသိရှိသူ ဖြစ်ရမည်။
ကင်မရာရှေ့တွင် ကိုယ်ပိုင်ဟန်ပန်ဖြင့်
ရဲဝံ့စွာ တင်ဆက်ပြောဆိုနိုင်ရမည်။
မိမိအသင်းအကြောင်း ပြောဆိုရာတွင် စိတ်လှုပ်ရှားမှု၊
ဝါသနာပါမှုတို့ဖြင့် ပရိသတ်ကို ဆွဲဆောင်နိုင်သူ ဖြစ်ရမည်။
အသင်းဖော်များနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ပြီး
တာဝန်ယူမှုရှိသူ ဖြစ်ရမည်။
လျှောက်ထားရန်
မိမိအားပေးသည့် အသင်းအကြောင်း (သို့မဟုတ်) လတ်တလော ပွဲစဉ်တစ်ပွဲအကြောင်း
ကင်မရာရှေ့တွင် မိမိကိုယ်တိုင် ပြောဆိုထားသည့်
Video Clip ( 3 မိနစ်စာ ) နှင့်အတူ CV Form ကို
Viber - 09780381649
[email protected] သို့
ပေးပို့လျှောက်ထားနိုင်ပါသည်။