ဝိတ်ချတဲ့အချိန်မှာ ဘာကြောင့် ‘Muscle’ ကို အဆီချဖို့ထက်တောင် ပိုဂရုစိုက်သင့်တာလဲ?”
လူတော်တော်များများက…
Weight Loss ဆိုရင်…
အလေးချိန်လျော့တာ ကိုပဲ မြင်ကြတယ်။
ဒါပေမယ့် Exercise Science အရ…
“ဘာတွေ လျော့သွားတာလဲ?”
အလေးချိန် (Body Weight) ဆိုတာ ဘာတွေနဲ့ ဖွဲ့စည်းထားတာလဲ?
စက်ပေါ်မှာ မြင်ရတဲ့ Weight ထဲမှာ…
* Body Fat
* Skeletal Muscle
* Bone
* Organs
* Water
* Glycogen
* အစာအိမ်ထဲက အစားအစာ
အားလုံး ပါဝင်တယ်။
ဒါကြောင့်…
လူတစ်ယောက်က ၅ ကီလိုကျတယ်ဆိုရင်…
၅ ကီလိုလုံး Fat ဖြစ်ချင်မှ ဖြစ်မယ်။
Muscle လည်း ပါသွားနိုင်တယ်။
Muscle ဆုံးရှုံးရင် ဘာဖြစ်မလဲ?
Muscle ဆိုတာ…
Bodybuilding အတွက်ပဲ မဟုတ်ဘူး။
Muscle က…
အသက်ရှည်ရှည် ကျန်းမာဖို့ အရေးကြီးတဲ့ Organ တစ်ခုလို အလုပ်လုပ်တယ်။
Muscle က…
✔️ နေ့စဉ် လှုပ်ရှားနိုင်ဖို့
✔️ လှေကားတက်နိုင်ဖို့
✔️ ကလေးကို ပွေ့နိုင်ဖို့
✔️ အရိုးအဆစ်ကို ကာကွယ်ဖို့
✔️ အသက်ကြီးလာတဲ့အချိန် ဖြစ်တတ်တဲ့ မသန်တော့ဘဲ ချော်လဲကျနိုင်ခြေကို လျှော့ဖို့
ကူညီပေးတယ်။
အသက် ၃၀ ကျော်လာတာနဲ့…
Muscle Mass က တဖြည်းဖြည်း လျော့လာနိုင်တယ်။
Resistance Training မလုပ်ဘူး…
Protein မလုံလောက်ဘူးဆိုရင်…
ဒီဖြစ်စဉ် ပိုမြန်လာနိုင်တယ်။
ဝိတ်ချတဲ့အချိန်မှာ Muscle ဘာကြောင့် လျော့နိုင်တာလဲ?
Calories လျှော့စားတဲ့အချိန်မှာ…
Body က Energy လိုအပ်လာတယ်။
အဲဒီ Energy ကို…
Fat ကနေလည်း ယူတယ်။
တချို့အခြေအနေတွေမှာ…
Muscle Protein ကိုလည်း အသုံးပြုနိုင်တယ်။
ဒါကြောင့်…
Diet တစ်ခုလုပ်တိုင်း…
Fat ပဲကျမယ်ဆိုတာ မဟုတ်ဘူး။
Muscle လည်း လျော့နိုင်တယ်။
ဒါဆို Muscle ကို ဘယ်လိုကာကွယ်မလဲ?
Research တွေအရ…
Muscle Retention အတွက် အဓိက အချက် ၃ ခုရှိတယ်။
(၁) Resistance Training
Body ကို…
“ဒီ Muscle ကို အသုံးမလိုတော့ဘူး”
လို့ မထင်စေဖို့…
Strength Training က Signal ပို့ပေးတယ်။
(၂) Protein လုံလောက်စွာစားခြင်း
Protein က…
Muscle Repair နဲ့ Muscle Protein Synthesis ကို ကူညီပေးတယ်။
Protein လုံလောက်တဲ့သူတွေက…
Diet လုပ်တဲ့အချိန်မှာ Muscle ကို ပိုထိန်းနိုင်ကြောင်း လေ့လာမှုများစွာက ဖော်ပြထားပြီးဖြစ်တယ်။
(၃) Calories ကို အလွန်အကျွံ မလျှော့ခြင်း
Crash Diet တွေ…
၁၀ ရက်အတွင်း ၅ ကီလိုကျမယ်ဆိုတဲ့ Program တွေက…
Weight မြန်မြန်ကျစေနိုင်တယ်။
ဒါပေမယ့်…
Fat တင်မဟုတ်ဘဲ…
Muscle နဲ့ Water ပါ လျော့နိုင်တယ်။
ကျွန်တော်တို့ Comeback System ရဲ့ Goal က…
**“ပိန်သွားတာ” မဟုတ်ဘူး။
“သန်မာလာတာ” ဖြစ်တယ်။
Scale ပေါ်က Number ထက်…
ကိုယ့် Body Composition ကို ပိုဂရုစိုက်တယ်။
ကိုယ့် ကျန်းမာရေးကို ပိုဂရုစိုက်တယ်။
ဒါကြောင့်…
COMEBACK မှာ…
ဝိတ်ကျဖို့ တခုထဲနောက်ကို မလိုက်ဘူး။
Overall Healthy Body ဖြစ်ဖို့နောက်ကို လိုက်
တယ်။
NAING WIN HTUN : Lifestyle Coach
Fit Logic
Online အဆီချ သင်တန်း
🇦🇪Dubai-Based PT| Online PT
အမျိုးသမီးတွေ ဝိတ်ချတဲ့နေရာမှာ “စနစ်” ရှိဖို့လိုအပ်တယ်
NAING WIN HTUN : Lifestyle Coach
03/08/2026
အမျိုးသမီးများများကို ဗိုက်ပူ ပုံပျက်ဖြစ်စေတာက
အချိန်မရှိလို့ မဟုတ်ဘူး။
Gym မသွားနိုင်လို့လဲ မဟုတ်ဘူး။
ပိုက်ဆံမရှိလို့လဲ လည်း မဟုတ်ဘူး။
အဓိကက Mindset ပဲ။
ကျွန်တော် Train ပေးနေတဲ့ Indian Client တစ်ယောက်ရှိတယ်။
သူခရီးသွားရင် Gym ကို မသွားနိုင်ဘူး။
Autoimmune ရှိတယ်။
လူအများစုလိုဆို…
“Gym မရှိလို့ မသွားတော့ဘူး။”
“ခန္ဓာကိုယ်က မလိုက်နိုင်လို့ ”
“ပြန်လာမှပဲ Gymလာတော့မယ်”
လို့ ပြောပြီး ရပ်သွားမယ်။
ဒါပေမယ့် သူက အဲဒီလိုမတွေးဘူး။
“Gym မသွားနိုင်ရင် Online ကနေ Train မယ်။”
ဒီအတွေးတစ်ခုပဲ ကွာတယ်။
အခုဆို သူက
ဘယ်နိုင်ငံရောက်ရောက်…
ဘယ်ခရီးပဲ သွားသွား…
ဘယ် Hotel မှာနေနေနေ…
Workout ကို ဆက်လုပ်တယ်။
ကျွန်တော်က Program ပြောင်းပေးတယ်။
သူကလဲ ကြိုးစားတယ်။
Result တွေလည်း တဖြည်းဖြည်း ကောင်းလာတယ်။
Fitness မှာ…
ခန္ဓာကိုယ် ပြောင်းလဲဖို့ မကြိုးစားခင်…
Mindset က အရင်ပြောင်းရတယ်။
Gym က Tool ပဲ။
Coach က Guide ပဲ။
အဆုံးအဖြတ်ပေးတာက…
ကိုယ့်အတွေးအခေါ်။
“Gym မရှိလို့ မရဘူး”
ဆိုတဲ့အတွေးနဲ့နေသရွေ့…
ဘယ် Gym ကောင်းကောင်း
ဘယ် Program ကောင်းကောင်း
Result မရနိုင်ဘူး။
ဒါပေမယ့်…
“ငါ့အခြေအနေနဲ့ အကောင်းဆုံးလုပ်မယ်”
ဆိုတဲ့အတွေးရှိတဲ့သူကတော့…
ဘယ်နေရာရောက်ရောက်
သူ့ကျန်းမာရေးကို တည်ဆောက်နိုင်တယ်။
ကျွန်တော် အမြဲပြောတာတစ်ခုရှိတယ်။
Fitness က Body Transformation မဟုတ်ဘူး။
Mindset Transformation ကအရင်ဖြစ်တယ်။
Body က နောက်ကလိုက်လာလိမ့်မယ်
NAING WIN HTUN : Lifestyle Coach
ဝိတ်ချဖို့ကြိုစားနေရင်
What the H*ll Effect ကို နားလည်ဖို့လိုတယ်
NAING WIN HTUN : Lifestyle Coach
29/07/2026
Elon Musk က.
“2036 မှာ ပိုက်ဆံက အရေးမပါတော့နိုင်ဘူး…”
လို့ interview တစ်ခုမှာ ပြောတာ တွေ့လိုက်တယ်
AI နဲ့ Robots တွေက
လူတွေအတွက် အရာအားလုံးနီးပါးကို
ဖန်တီးပေးနိုင်လာမယ်တဲ့
ဒါပေမယ့်…
AI က ခင်ဗျားအတွက်
ပိုက်ဆံရှာပေးနိုင်တယ်။
အလုပ်တွေလုပ်ပေးနိုင်တယ်။
အစားအစာတွေ ဖန်တီးပေးနိုင်တယ်။
Workout Program တွေ ရေးပေးနိုင်တယ်။
ဒါပေမယ့်…
AI က ခင်ဗျားအစား
Gym မှာ အလေးမ မပေးနိုင်ဘူး။
AI က ခင်ဗျားအစား
Healthy Habit တည်ဆောက်ပေးနိုင်ဘူး။
AI က ခင်ဗျားအစား
အိပ်ရေးဝအောင် အိပ်ပေးနိုင်ဘူး။
AI က ခင်ဗျားအစား
ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပေးနိုင်ဘူး။
Technology က ဘယ်လောက်တိုးတက်လာလာ…
ကိုယ့်ခန္ဓာကိုယ်ကိုတော့
ကိုယ်တိုင် Care လုပ်ရမယ်။
အနာဂတ်မှာ…
ပိုက်ဆံထက် ပိုတန်ဖိုးရှိလာနိုင်တာက…
ကျန်းမာတဲ့ ခန္ဓာကိုယ်…
သန်မာကြံ့ခိုင်တဲ့ Physical Capacity…
စိတ်ကြည်လင်မှု…
နဲ့…
ကိုယ်လုပ်ချင်တဲ့အရာကို
လုပ်နိုင်တဲ့ Freedom ဖြစ်နိုင်တယ်။
ပိုက်ဆံရှိပေမယ့်
ကိုယ်ခန္ဓာက မလိုက်နိုင်တော့ရင်…
ခင်ဗျားပိုင်ဆိုင်တဲ့အရာတွေကို
အပြည့်အဝ မခံစားနိုင်ဘူး။
Fitness ဆိုတာ…
ခန္ဓာကိုယ် လှဖို့တင် မဟုတ်ဘူး။
အနာဂတ်မှာ…
ဘယ်လောက် Technology တိုးတက်လာလာ…
ကိုယ့်ဘဝကို လွတ်လပ်စွာ အသက်ရှင်နိုင်ဖို့
ကိုယ့်ခန္ဓာကိုယ်ကို ရင်းနှီးမြှုပ်နှံတာပဲ။
AI က အနာဂတ်ကို ပြောင်းလဲမယ်။
Fitness ကတော့…
အဲ့ဒီအနာဂတ်ကို
ကျန်းမာစွာ အသက်ရှင်နိုင်ဖို့
ခင်ဗျားကို ပြင်ဆင်ပေးလိမ့်မယ်
NAING WIN HTUN : Lifestyle Coach
အောင်မြင်စွာဝိတ်ချနိုင်ဖို့ ခဏတာ လုပ်ရပ်တွေပြောင်းရမှာမဟုတ်
အမူအကျင့် အလေ့အကျင့် တွေ ပြောင်းရမာ
NAING WIN HTUN : Lifestyle Coach
တစ်ရက်လုံး Diet ကောင်းကောင်းလုပ်ပြီး…
ညဘက် ဘာလို့ အများကြီးစားမိတာလဲ?
ဒါက ကိုယ် သမာဓိမကောင်းလို့ တခုထဲမဟုတ်ဘူး။
တစ်နေ့လုံး…
“ဒါမစားရဘူး”
“ဟိုမစားရဘူး”
ဆိုပြီး ကိုယ့်ကိုယ်ကို တားနေတဲ့အခါ…
ညရောက်ရင်…
Brain နဲ့ Body က ပင်ပန်းသွားတယ်။
ပြီးတော့…
“ဒီနေ့ပဲ စားလိုက်ပါမယ်”
ဆိုတဲ့ အတွေးဝင်လာတယ်။
ဒါကြောင့်…
တင်းကျပ်လွန်းတဲ့ စားသောက်မှုပုံစံတွေက…
ရေရှည်မခံတတ်ဘူး။
Fat Loss မှာ…
Freedom ပါဖို့လိုတယ်။
NAING WIN HTUN : Lifestyle Coach
အမျိုးသမီးတို့
ခင်ဗျားတို့ မပျင်းပါဘူး…
ခင်ဗျားတို့ ပင်ပန်းနေတာ။
“ကျွန်မက စိတ်ဓာတ်မခိုင်ဘူးထင်တယ်။ အရင်လို ပြန်လှဖို့လဲ မကြိုးစားနိုင်တော့ဘူးထင်ပါတယ်လို့…”
Client တစ်ယောက်က ပြောဖူးတယ်။
ကျွန်တော် မေးလိုက်တယ်။
“တစ်နေ့ ဘယ်နှနာရီ အလုပ်လုပ်လဲ?”
“ကလေးကို ဘယ်သူကြည့်လဲ?”
“ညဘယ်နှနာရီ အိပ်လဲ?”
“ဟင်းဘယ်သူချက်လဲ?”
“အိမ်မှု ကိစ္စတွေ ဘယ်သူလုပ်လဲ?”
အဲဒီနောက်…
ကျွန်တော် နားလည်သွားတယ်။
သူ့မှာ Motivation မရှိတာ မဟုတ်ဘူး။
Recovery မရှိတာ။
အမျိုးသမီး တော်တော်များများက…
ဇွဲလုံ့လ မရှိတာ မဟုတ်ဘူး။
အနားယူဖို့ အချိန်လိုတာ။
Healthy Lifestyle ဆိုတာ…
ကိုယ့်ကိုယ်ကို အပြစ်တင်တာ မဟုတ်ဘူး။
ကိုယ့်ကိုယ်ကို နားလည်ပေးတာပါ။
NAING WIN HTUN : Lifestyle Coach
ဝိတ်ချနေရင်းနဲ့ တနေရာတည်းမှာ ရပ်တန့်သွားပြီး (Plateau) လက်လျှော့ချင်စိတ် ပေါက်လာရခြင်း
အစားလည်းလျှော့တယ်၊ လေ့ကျင့်ခန်းလည်း လုပ်နေလျက်နဲ့ ဝိတ်က ဆက်မကျတော့ဘဲ တန့်သွားတဲ့အခါ လူတွေက ခြေကုန်လက်ပန်းကျပြီး လက်လျှော့လိုက်ကြပါတယ်။
Adaptive Thermogenesis— အစားလျှော့တာအချိန်ကြာလျှင် ကယ်လိုရီဝင်ရောက်မှု အလွန်အမင်းနည်းပါးနေသော ခန္ဓာကိုယ်က အသက်ရှင်ရပ်တည်ရေး (Survival mechanism) အတွက် Basal Metabolic Rate (BMR) ကို အလိုအလျောက် လျှော့ချပစ်ပါတယ်။ဗိုက်ပြည့်ပြီဟု သတင်းပေးတဲ့ ဟိုမုန်းဖြစ်တဲ့ Leptin ပမာဏ ကျဆင်းသွားပြီး Ghrelin (ဆာလောင်မှုဟိုမုန်း) မြင့်တက်လာပါတယ်
Energy Partitioning Shift—ကိုယ်ခန္ဓာက စွမ်းအင်ကို အမြတ်တနိုး ချွေတာတဲ့အတွက် ရရှိလာတဲ့ ကယ်လိုရီတိုင်းကို အဆီအဖြစ် ပြန်လည်သိမ်းဆည်းဖို့ ပိုပြီး လွယ်ကူသွားစေပါတယ်။ ဒါကြောင့် အရင်လို ဆက်လျှော့လည်း ဝိတ်က မကျတော့တာ ဖြစ်ပါတယ်။
ဒါကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မစနစ်ကို တိုက်ခိုက်မယ့်အစား Metabolic Adaptation ကို နားလည်ပြီး အစားလျှော့တဲ့Diet တွေ ခဏရပ် ခြင်း၊ ပြန်လည်အစားတိုးခြင်းRefeed တွေနဲ့ ဟိုမုန်းစနစ်ကို ပြန်လည်နှိုးဆွပေးမယ့် နည်းဗျူဟာတွေ လိုအပ်ပါတယ်။
🎯 Online Personal Training
မြန်မာစံတော်ချိန် ညနေ
၆-၇ VIP တစ်ချိန်
၇-၈ အမျိုးသမီး သီးသန့် တစ်ချိန်
ဖွင့်လှစ်ထားပါပြီ။
NAING WIN HTUN : Lifestyle Coach
Gym သွားချင်ပေမဲ့ Tariner မလိုဘဲ
ဘယ်လေ့ကျင့်ခန်း တွေကို
ဘယ်လို Train ရမလဲ သိချင်သူများအတွက်
Full Video on YouTube 👇🏽
https://youtube.com/-nai?si=cUSXZHVCOUZfBuMU
NAING WIN HTUN : Lifestyle Coach
คลิกที่นี่เพื่อเป็นสมาชิก?
ที่ตั้ง
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
ที่อยู่
Bangkok
เวลาทำการ
| จันทร์ | 09:00 - 17:00 |
| อังคาร | 09:00 - 17:00 |
| พุธ | 09:00 - 17:00 |
| พฤหัสบดี | 09:00 - 17:00 |
| ศุกร์ | 09:00 - 17:00 |
| เสาร์ | 09:00 - 17:00 |