Myanmar Sports News - MSN

Myanmar Sports News - MSN

แชร์

Myanmar Sports News (MSN). မြန်မာ့အားကစားသတင်းများ နှင့် ကမ္ဘာ့အားကစားသတင်းများကို တင်ဆက်ပေးနေပါတယ်။

Photos from Myanmar Sports News - MSN's post 14/08/2026

😍😅 Sparring ကစားနေရင်း အရင်စိတ်ပြန်ပေါ်လာလို့ လက်ခမောင်း ခတ်နေခဲ့တဲ့ တွေ့မရှောင်


Photos from Myanmar Sports News - MSN's post 14/08/2026

❎ ဒီည ONE တွဲဆိုင်းတွေကတော့ ONE သမိုင်းမှာ စိတ်ဝင်စားမှုအကင်းမဲ့ဆုံးဖြစ်မယ်ထင်တယ်... 😂😂

အချိန်တန်လို့သာ ပွဲကျင်းပရတာ၊ တွဲဆိုင်းတေက တစ်ခုမှ စိတ်ဝင်စားစရာမကောင်းတာ... ကြည့်ရှုသူအရေအတွက်ကိုစောင့်ကြည့်နေမယ်။

မနက်ဖြန်မနက်ပွဲတွေမှာလည်း ပရိတ်သတ်အစောင့်မျှော်ဆုံးပွဲဖြစ်တဲ့ Nonthachai vs. Nabati တွဲဆိုင်းက ပျက်သွားတယ်။ Nonthachai ဖျားလို့ပါ။

လာမယ့် ၂၁ ရက်ကိုပဲ စောင့်နေရတော့မယ်။ ကျော်ကြီး နှင့် စောမင်းမင်းပွဲပါတယ်ဆိုတော့...


13/08/2026

တွေ့မရှောင် လက်ဝှေ့လောကထဲ ပြန်ဝင်လာတာ အရမ်းကိုကျေနပ်မိပါတယ် 👏👏 အခု တပည့်တော်တော်များများကို မွေးထုတ်နေတယ်၊ လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။


13/08/2026

😱 Shimon vs. Suablack (135 Muay Thai) ONE Samurai 3 အတွက်တည်လိုက်ပါပြီ

ထိုင်းကရင် ဖိုက်တာ Suablack ကတော့ နောက်ထပ်တက်လူငယ်လေးနဲ့ထိုးရဦးမှာပါ။ ဂျပန်သား Shimon ဖြစ်ပါတယ်။ သူကတော့ Jo Jo ကိုလည်း အနိုင်ရခဲ့တဲ့ လူငယ်လေးပါ။ နည်းစနစ်အတော်လေးကိုကောင်းပြီး မာဂုဏ်လည်းအတော်အတင့်မြင့်တဲ့သူပါ။

Suablack ကတော့ Muay Thai မှာအတော်လေးကို နာမည်ရှိတဲ့သူပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်းရှုံးပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့သူပါ။ အခုတော့ နည်းနည်းလေး ပြန်တက်လာနေတာပါ။ သူ့ရဲ့နောက်ဆုံးပွဲမှာ Steven Irving ကို တံတောင်နဲ့ လှလှပပအလဲထိုးပြီး $50,000 Bonus လည်း သိမ်းပိုက်ခဲ့ပါတယ်။

Shimon နဲ့ပွဲကတော့ ONE Samurai 3, September 12 ရက်မှာ ထိုးကြမှာပါ။

13/08/2026

"သွေးမကြောင်တဲ့ တွေ့မရှောင်" 💪💪👊👊 Coach အနေနဲ့ မြင်ချင်ပါတယ်ဗျာ်

ကိုယ့်ပညာ၊ အတွေ့အကြုံတွေကို ခေတ်လူငယ်ကစားသမားတွေကို လက်ဆင့်ကမ်းစေချင်လိုက်တာဗျာ်...

11/08/2026

Kyaw Swar Win ရဲ့ ပထမဆုံး ထိုင်းမှာထိုးတဲ့မွေထိုင်းပွဲမှာ သူ့ရဲ့မှတ်တမ်းကိုအခုလို ရေးခဲ့ကြပါတယ်...

တကယ်တော့ ကျော်ကြီးက မြန်မာနိုင်ငံမှာ ၁ ပွဲပဲ ရှုံးခဲ့တာပါ (မှတ်တမ်းအရ)။ သူလက်ရည်နိမ့်တဲ့ပွဲတွေအများကြီးရှိခဲ့မှာပါ၊ ဒါပေမယ့် ရိုးရာစနစ်အရ အလဲထိုးမဖြစ်ရင် သရေကို... အဲ‌တော့ ပွဲပေါင်း ၁၀၀ နီးပါးထိုးသတ်ခဲ့ပြီး ထွန်းထွန်းမင်းတစ်ယောက်ကိုပဲ အလဲထိုးနဲ့ရှုံးခဲ့တာ အားလုံးအသိဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်းမှာပထမဆုံးထိုးတော့ သူ့ရဲ့မှတ်တမ်းမှာ ရှုံးပွဲ ၃၀ တောင်ရေးထားတာတွေ့ရပါတယ်။ အကြောင်းရင်းကတော့ သူ့ကိုပွဲတည်ပေးတဲ့သူတွေက အရမ်းကြီးဝါရင့်နေသူကြီးနဲ့မတည်ပေးအောင် မှတ်တမ်းကို လိမ်ထားခဲ့တာလို့ သိခဲ့ရပါတယ်။

အချက်အလက်ကမမှန်ပေမယ့် ကိုယ့်ကစားသမားအတွက် ပွဲအရမ်းမကြပ်အောင်စီစဉ်ပေးရာကျပါတယ်။ ဒါပေမယ့် အချက်အလက်မှန်ကန်ဖို့တော့ သတိပြုရမှာပါ။ ဘာမဆို လိုင်းပေါ်ရောက်ပြီး တစ်ကမ္ဘာလုံးက မြင်နိုင် သိနိုင်တဲ့ခေတ်မှာ သတိထားဖို့လိုပါတယ်။



11/08/2026

မြန်မာနိုင်ငံရဲ့ ပြည်သူ့အချစ်တော် ၂ ယောက် 👏🇲🇲 R Zarni & Joshua Van

Van ရဲ့ပွဲအတွက် R Zarni က walkout song ဆိုပေးရင် ဘယ်လောက်မိုက်မလဲနော်


11/08/2026

MLWC 11 မှာ Kabar Shar ကို ဆရာဝန်ပွဲရပ်ဖြင့်အနိုင်ယူပြီး ချန်ပီယံဖြစ်လာတဲ့ Naing Win Tun

ပွဲရပ်တဲ့ဖြစ်ရပ်ကတော့ အတော်လေးကို ဝေဖန်စရာတွေများခဲ့ပါတယ်။ ဒါက ပွဲရပ်တဲ့ဆရာဝန်ရဲ့ တိုက်ခိုက်ရေးဆိုင်ရာ ဒဏ်ရာအကဲဖြတ်ခြင်း အတွေ့အကြုံနည်းပါးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အဲတုန်းက Skynet ပြတ်တောက်သွားတာဆိုတော့ ဘာတွေဖြစ်သွားတာလဲ မမြင်ခဲ့လိုက်ရဘူး။

ပွဲပြီးနောက်ပြန်ပြောပြချက်တွေအရတော့ ဒဏ်ရာက ဆိုးဆိုးရွားရွားကြီးတော့မဟုတ်ဘူး လို့ သိရပါတယ်။ သာမာန်ပွဲတွေမှာတော့ ဒဏ်ရာအရမ်းမဆိုးဝါးရင်လည်း ပွဲရပ်တာတွေရှိတတ်ပါတယ်။ ဒါပေမယ့် အရေးပါတဲ့ ခါးပါတ်လုပွဲတွေမှာတော့ ဒဏ်ရာအရမ်းမဆိုးရွားရင်တော့ ဆက်ထိုးခွင့်ပြုတာများပါတယ်၊ အဲလိုပဲ ဖြစ်လည်းဖြစ်သင့်ပါတယ်။

အဖြစ်အပျက်ကိုမမြင်လိုက်ရတော့ ပြောဖို့ကအတော်လေးကိုခက်ပါတယ်။

ဘယ်လိုထင်ခဲ့ကြလဲဗျ?


11/08/2026

လာမယ့် တနင်္ဂနွေနေ့မှာ လာပါပြီနော် 💪💪Makhachev vs. Ian Garry (UFC welterweight championship)

Islam Makhachev ကတော့ သူ့ရဲ့ 170 တန်းခါးပါတ်ကို Ireland သားကြီး (ငရှည်ကြီး) နဲ့ ကာကွယ်ရတော့မှာပါ။ တော်တော်များများကတော့ Islam နိုင်ဖို့ရွေးချယ်ကြပါတယ်။ ဒါပေမယ့် Garry ကလည်း Striking အရမ်းကောင်းနေတဲ့သူမို့ ထင်သလောက်တော့ လွယ်မှာမဟုတ်ပါဘူး။

Garry ရဲ့ Takedown defense ခိုင်ဖို့တော့လိုမယ်။ မခိုင်လို့ကတော့ Islam က အသာလေးလှဲချပြီး အချိန်ကုန်အောင်လုပ်ပြီး အမှတ်နဲ့နိုင်နိုင်ပါတယ် (ဒါက အလွယ်လမ်းပေါ့)။ မဟုတ်ရင် ချုပ်ရင်လည်းချုပ်ပစ်နိုင်ပါတယ်။

လာမယ့် ဩဂုတ်လ ၁၆ ရက်၊ နက်ပိုင်း ၁၁ နာရီဝန်းကျင်မှာလာမှာပါ။

ဘယ်သူနိုင်သွားမယ်ထင်လဲ?


06/08/2026

ONE ရဲ့ 115 တန်းဘုရင်ကြီး Nadaka နဲ့ ထိုးရမယ့် Har Ling Om 💪💪

ဒီပွဲက Kickboxing ပွဲဖြစ်ပါတယ်။ နှစ်ယောက်လုံးအတွက် ပထမဆုံးပွဲထိုးရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် Nadaka ရဲ့ နဂိုပုံစံက Kickboxing ဖြစ်ပါတယ်။ တံတောင်သုံးတဲ့သူမဟုတ်လို့ပါပဲ၊ ပြီးတော့ ခြေဖမ်းတာ၊ Clinch ဆွဲတာလည်း နဂိုကတည်းက မရှိတဲ့အတွက် Nadaka အတွက်တော့ အရမ်းထူးဆန်းတဲ့ အပြောင်းအလဲတော့ မဟုတ်ဘူး။

ဒို့ကစားသမား Har Ling Om အတွက်တော့ အနည်းငယ်ရုန်းရဖို့ရှိပါတယ်။ သူက တံတောင်သုံးတတ်တယ်။ ပြီးတော့ clinch လည်းနည်းနည်းအသုံးပြုတဲ့သူဖြစ်တာကြောင့် ဒါတွေကိုဖြုတ်ကစားရမှာဖြစ်လို့ သူ့အတွက် အားနည်းချက်တွေ ပိုများနေတာပါ။

အကောင်းဆုံး ယှဉ်ပြိုင်နိုင်ပါစေဗျာ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Watthana
Bangkok
10110