18/10/2023
၂၀၂၆ ကမ္ဘာ့ဖလား ( အာရှဇုန်) ခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုမဲခွဲမှုမှာမြန်မာအသင်းဟာ ဂျပန်၊ ဆီးရီးယား၊ မြောက်ကိုရီးယားတို့ပါဝင်နေတဲ့ အုပ်စု ( B ) မှာ ကျရောက်နေပါသောကြောင့်
မြန်မာအသင်းဟာနောက်တဆင့်(ဝါ)တတိယအဆင့်သို့တက်ရောက်နိူင်မလားဆိုတာကိုတော့
စောင့်မျှော်ကြည့်ရှုအားပေးကြနော်ပရိတ်သတ်
အပေါင်းတို့ရေး။
27/09/2023
အာရှအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ယူ-၂၄ ဘောလုံးအသင်းသည် ၁၉၇၄ ပြိုင်ပွဲ နောက်ပိုင်း ၁၆ သင်းအဆင့်သို့ပြန်လည်တက်ရောက်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုအပ်ပါသည်။
Congratulations Myanmar U-24 for advancing to the round of 16 in the Asian Games after 1974
27/09/2023
၄၉နှစ်အကြာမှာပြန်လည်ပြီး၁၆သင်းအဆင့်သို့
ပြန်လည်တက်ရောက်နိူင်သောမြန်မာယူ၂၃အမျိုးသားဘော်လုံးအသင်း big storytime
07/01/2023
☎ ဖီဖာက အင်ဒိုနီးရှားနဲ့ ဗီယက်နမ်ကြားက လုံခြုံရေးကို တင်းကြပ်ဖို့ တောင်းဆို
| ဇန်နဝါရီ ၆ ရက်က အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ ယှဉ်ပြိုင်ကစားမည့် AFF မစ်ဆူဘီရှီ Electric Cup ၂၀၂၂ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် တင်းမာနေသဖြင့် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (FIFA) က ပြိုင်ပွဲလုံခြုံရေးကို တင်းကြပ် ထားရန် တောင်းဆို
– FIFA က ပြိုင်ပွဲကြီးကြပ်ရန် အတွေ့အကြုံရှိ တရားဝင် ၁ ဦး အင်ဒိုနီးရှားသို့စေလွှတ်မည် ว
AFC မှ ပွဲကြီးကြပ် ၂ ဦး၊ ဒိုင်ကြီးကြပ် ၁ ဦး၊ လုံခြုံရေး ကျွမ်းကျင် ၁ ဦး ခန့်အပ်
– AFF က လုံခြုံရေးကျွမ်းကျင်သူ ၁ ဦးကို အကူအညီ စေလွှတ်
ပွဲစဉ် ၁ ခုထက်ပိုပြီး စောင့်ကြည့်ရတဲ့အခါ AFF Cup သမိုင်းမှာ မကြုံစဖူး ဖြစ်ခဲ့ရပါတယ်။
လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စိုးရိမ်သဖြင့် အိမ်ရှင် အ င်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ ယှဉ်ပြိုင်ကစားမည့် ဆီမီးဖိုင် နယ် ပထမအကျော့ပွဲစဉ်ကို ၁၆:၃၀ တွင် ကျင်းပမည်ဟု အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် (PSSI) က ဆုံးဖြတ်လိုက် သည်။
07/01/2023
2021ခုနှစ်နောက်ပိုင်းမှတ်တမ်းတင်ရမည်တချိန်တုန်းက
အာရှကျားကြီးအခုတော့ရေမြွေလောက်လောက်တောင်
အဆိပ်မရှိတော့ဘူး။
🔴 မြန်မာ 🇲🇲 0-10 🇯🇵 ဂျပန် (28-May-2021)
🔴 မြန်မာ 🇲🇲 1-8 🇰🇬 ကာဂျစ္စတန် (11-Jun-2021)
🔴 မြန်မာ 🇲🇲 0-4 🇹🇯 တာဂျီကစ္စတန် (15-Jun-2021)
🔴 မြန်မာ 🇲🇲 1-2 🇧🇮 ဘူရွန်ဒီ (14-Nov-2021) ခြေစမ်းပွဲ
🔴 မြန်မာ 🇲🇲 1-4 🇮🇩 အင်ဒိုနီးရှား (25-Nov-2021) ခြေစမ်းပွဲ
🔴 မြန်မာ 🇲🇲 0-3 🇸🇬 စင်ကာပူ (05-Dec-2021)
🟢 မြန်မာ 🇲🇲 2-0 🇹🇱 အရှေ့တီမော (08-Dec-2021)
🔴 မြန်မာ 🇲🇲 0-4 🇹🇭 ထိုင်း (11-Dec-2021)
🔴 မြန်မာ 🇲🇲 2-3 🇵🇭 ဖိလစ်ပိုင် (18-Dec-2021)
🔵 မြန်မာ 🇲🇲 0-0 🇭🇰 ဟောင်ကောင် (24-May-2022) ခြေစမ်းပွဲ
🔴 မြန်မာ 🇲🇲 0-2 🇧🇭 ဘာရိန်း (27-May-2022) ခြေစမ်းပွဲ
🔴 မြန်မာ 🇲🇲 0-4 🇹🇯 တာဂျီကစ္စတန် (08-Jun-2022)
🔴 မြန်မာ 🇲🇲 0-2 🇰🇬 ကာဂျစ္စတန် (11-Jun-2022)
🔴 မြန်မာ 🇲🇲 2-6 🇸🇬 စင်ကာပူ (14-Jun-2022)
🔴 မြန်မာ 🇲🇲 0-2 🇭🇰 ဟောင်ကောင် (21-Sep-2022)
(ခြေစမ်းပွဲ)
🔵 မြန်မာ 🇲🇲 0-0 🇭🇰 ဟောင်ကောင် (24-Sep-2022) (ခြေစမ်းပွဲ)
🔴 မြန်မာ 🇲🇲 0-6 🇹🇭 ထိုင်း (11-Dec-2022) (ခြေစမ်းပွဲ)
🔴 မြန်မာ 🇲🇲 0-1 🇲🇾 မလေးရှား (21-Dec-2022)
🔴 မြန်မာ 🇲🇲 2-3 🇸🇬 စင်ကာပူ (24-Dec-2022)
🔵 မြန်မာ 🇲🇲 2-2 🇱🇦 လာအို (30-Dec-2022)
🔴 မြန်မာ 🇲🇲 0-3 🇻🇳 ဗီယက်နမ် (03-Jan-2023)
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၁ခုနှစ်နောက်ပိုင်း နိုင်ငံတကာပွဲစဉ် စုစုပေါင်း(၂၁)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ၁ပွဲနိုင်၊ ၃ပွဲသရေ၊ ၁၇ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလက ကမ္ဘာ့အဆင့် (၁၃၇)တွင် ရပ်တည်နေသော်လည်း ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ၂၂ရက် ဖီဖာ၏ နောက်ဆုံးထုတ်ပြန်ချက်အရ အဆင့်(၁၅၉)သို့ ရောက်ရှိနေသည်။
07/12/2022
Good bye
မြန်မာလိဂ်ကလပ်အသင်းတစ်သင်းမှာ ပြန်ဆုံနိုင်
မယ်လို့နှုတ်ဆက်စကားပြောကြားသွားတဲ့ ပိုဗေါ့
မြန်မာယူ ( ၂၃ ) အသင်းအတွက် စီမံကိန်းတွေချမှတ်ထားပြီးမှ မထင်မှတ်ပဲ အသင်းနဲ့လမ်းခွဲခဲ့
တဲ့ နည်းပြချုပ်ဟောင်း #ပိုဗေါ့ ကိုဆက်သွယ်မေးမြန်းခဲ့ရာ -
" လမ်းခွဲခဲ့ဟုတ်ပါတယ် ၊ အခု ဗီယက်နမ်မှာ
လက်မှတ်ထိုးပြီးပြီ ..
ဒါပေမယ့် အသင်းက တရားဝင်မထုတ်ပြန်သေး
တော့ မကြေငြာနိုင်သေးပါဘူး
ဆက်လက်၍ ပိုဗေါ့က -
" မြန်မာလူငယ်အသင်းကို တာဝန်ယူခွင့်ပေးခဲ့တဲ့
သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်
တစ်နေ့နေ့တော့ နိုင်ငံအသင်းအတွက်မဟုတ်ရင်
တောင် မြန်မာကလပ်တစ်သင်းသင်းအတွက်
ပြန်လာကောင်း ပြန်လာနိုင်ပါတယ်
ပရိတ်သတ်အားလုံးရဲ့ အားပေးမှုအတွက်
တကယ့်ကိုလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်
ပြန်ဆုံကြတာပေါ့ ..
မြန်မာအသင်းကို အမြဲတမ်းအားပေးနေမှာပါ "
ဟု နှုတ်ဆက်စကားပြောကြားသွားခဲ့ပါတယ် ။
________________________________________________
Gamble responsibly (21+)
ကနဦးငွေသွင်းခြင်းအတွက် MMK 5000 တန်ဖိုးရှိ အခမဲ့ အားကစားလောင်းခွင့်ဘောက်ချာကို 1 ကြိမ် ရယူနိုင်ဖို့ ပရိုမိုကုဒ် BSPORT ကိုသုံးပြီး လိဒ်စ်ယူနိုက်တက်ဘောလုံးအသင်းကြီး၏ စပွန်ဆာ ဖြစ်တဲ့ SBOTOP မှာ အခုပဲ အကောင့်ဖွင့်လိုက်ပါ။
အကောင့်ဖွင့်ရန် - https://t.me/+AaVSk9UDyr1mNjg1
SBOTOP Viber - +639617722077
SBOTOP ဖေ့စ်ဘွတ်ပေ့ချ် - https://www.facebook.com/sbotop.mmr
30/06/2022
U-19 Go to Indo
မြန်မာ ယူ- ၁၉ အသင်း အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရန် ထွက်ခွာ
........................
အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်၂ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် (AFF U-19 Boys Championship) ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ -၁၉ အသင်းသည် ဇွန် ၂၉ ရက် ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် ပြိုင်ပွဲကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့သို့ ထွက်ခွာခဲ့သည်။
မြန်မာ့လက်ရွေးစင် ယူ -၁၉ အသင်းတွင် အုပ်ချုပ်နည်းပြအဖွဲ့ဝင် ၈ ဉီး၊ ကစားသမား ၂၆ ဉီး ပါဝင်ပြီး ဇူလိုင် ၂ ရက်တွင် ဘရူနိုင်း၊ ဇူလိုင် ၄ ရက်တွင် ထိုင်း၊ ဇူလိုင် ၆ရက်တွင် ဖိလစ်ပိုင်၊ ဇူလိုင် ၈ ရက်တွင် ဗီယက်နမ်၊ ဇူလိုင် ၁၀ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
20/06/2022
မြန်မာနေစဉ်နယ်လိဂ်မကြာမီပြန်လည်ကျင်းပတော့မည်။
12/06/2022
Update News
Myanmar Football