20/08/2026
ကျွန်တော်တို့ သင်တန်းမှာ အသုံးပြုဖို့ Skeleton အရုပ်ကို Batch 1 တုန်းကတည်းက ဝယ်ယူခဲ့တာပါ။ အကြောင်းအမျိုးမျိုးကြောင့် မရောက်လာခဲ့ပေမယ့်၊ အခု Batch 2 မှာတော့ ကျွန်တော်တို့လက်ထဲ ရောက်လာပါပြီ! 🤝
ဒီ Skeleton အရုပ်က ကျွန်တော်တို့ရဲ့ သင်တန်းသားတွေ (Anatomy & Physiology) ကို ပိုမိုနားလည်လွယ်အောင်၊ မျက်စိထဲမြင်သာအောင် သင်ကြားပေးနိုင်ဖို့ အဓိက သင်ထောက်ကူပစ္စည်းတစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် ... ကျွန်တော်တို့ရဲ့ သင်ကြားမှုနဲ့စေတနာက ဒီ full skeleton တစ်ခုတည်းမှာတင် ရပ်မနေပါဘူး!
သင်တန်းသားတွေအနေနဲ့ အဆစ်တစ်ခုချင်းစီရဲ့ တည်ဆောက်ပုံကို "မျက်စိနဲ့ မြင်ရုံမက" လက်တွေ့ကျကျ ပိုမိုနားလည်စေဖို့အတွက် အဓိက အဆစ်တွေကို အသေးစိတ်ပြသထားတဲ့ specialized models တွေကိုလည်း ကျွန်တော်တို့ ထပ်ထည့်ထားပါတယ်။
ကျွန်တော်တို့ Knee Joint model ကို ligament တွေနဲ့ အသေးစိတ် ပြသထားသလို၊ ဘေးမှာတော့ ကျောရိုးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Lumbar Spine Model (ကျောရိုးဆစ်နှစ်ခု) မှာ Intervertebral Disc (အနီရောင်) နဲ့ Spinal Nerves (အဝါရောင်) ပါဝင်ပုံကို ရှင်းလင်းစွာ ပြသထားပါတယ်။ ဒူးနာတာ၊ ကျောရိုးပြဿနာတွေကို ဒီ models တွေနဲ့ အရှင်းဆုံး ပြသနိုင်မှာပါ။
Shoulder model လေးလည်း ကြွက်သား ၊ ligament နဲ့ အရိုး ဖွဲ့စည်းပုံတွေပါဝင်အောင် ပြင်ဆင်ထားပါတယ်! အဆစ်တွေရဲ့ လှုပ်ရှားမှုအမျိုးမျိုးနဲ့ ကြွက်သားတွေရဲ့ အခန်းကဏ္ဍကို လက်တွေ့ကျကျ နားလည်နိုင်မှာပါ။
full 180cm skeleton ရဲ့ ဖွဲ့စည်းပုံနဲ့အတူ၊ Muscle, Ligament, Disc တွေကို သေချာပြသနိုင်တဲ့ specialized visual aids များစွာကို သင်တန်းမှာ ပြန်အသုံးချထားတာမလို့၊ သင်တန်းသားတွေအနေနဲ့ ခန္ဓာဗေဒပညာရပ်ကို poster တွေထက် ပိုမိုလက်တွေ့ကျကျ၊ ထိထိရောက်ရောက် နားလည်လာမှာ သေချာပါတယ်။
သင်တန်းသားတွေ ပိုမိုနားလည်သဘောပေါက်စေဖို့အတွက် ဘယ်လောက်အထိ အားစိုက်ထုတ်ထားလဲဆိုတာကို ဒီသင်ထောက်ကူပစ္စည်းများစွာက ပြသနေပါတယ်။ ကျွန်တော့်ရဲ့ စေတနာကို နားလည်ပြီး ဒီအရုပ်တွေအားလုံးကို ကောင်းကောင်းအသုံးချပြီး သင်တန်းမှာ ပညာတွေအများကြီးရသွားစေချင်ပါတယ်။
Batch 1 က မရောက်ခဲ့ပေမယ့်၊ အခု Batch 2 ကစပြီး ပိုမိုပြည့်စုံတဲ့ SETUP ကြီးနဲ့အတူ ထိရောက်တဲ့ သင်ကြားပြသမှုတွေကို ပြုလုပ်သွားမှာပါ။ နောက်ထပ်လဲမှာထားတာတွေရှိနေပါသေးတယ် ၊ On the way . Stay tuned 🏆🏆🏆
15/08/2026
ဒီနေ့ Advanced sports nutrition and Modern training techniques သင်တန်း Batch2 စပါပီ ၊ သင်တန်းကြေးသွင်းပီး private group link မ join ထားသူတွေအမြန်ဆုံး join ပေးကြပါခင်ဗျာ ။
04/08/2026
8/AUG/2026 နေ့တွင်စတင်မည့် Advanced sports nutrition and Modern training techniques BATCH(2) သင်တန်းအား 15/AUG/2026 နေ့သို့ တပတ်တိတိ ရွှေ့ပြောင်းလိုက်ပါတယ်ခင်ဗျာ ၊
🚨🚨အကြောင်းရင်းကတော့ ဗီဇာ ကိစ္စ ရုံးကိစ္စ မပီးမြောက်သေးသောကြောင့် တပတ်တိတိ အချိန် ရွှေ့ပြောင်းလိုက်ကြောင်း သင်တန်း အပ်နှံသူများကို အားနာစွာဖြင့်အသိပေးလိုက်ပါရစေခင်ဗျာ။
31/07/2026
Gym ထဲမှာ အချိန်တွေ၊ ငွေတွေ၊ ချွေးတွေ အများကြီး ကုန်ပီး ရင်းနှီးခဲ့ပြီးပြီ... ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်က ထင်သလောက် မပြောင်းလဲဘူး ဖြစ်နေလား? တွေ့သမျှသင်တန်းတွေတက်ပီး သင်တန်းပီးလက်မှတ်ရတာနဲ့တကယ်တတ်ကျွမ်းတာမျိုးရော ဟုတ်ရဲ့လား?
ကိုယ့်ရဲ့ Client တွေကိုရော တိကျတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေနဲ့ တာဝန်ယူမှု အပြည့်နဲ့ သင်ပေးနိုင်ပြီလား?
ဒီမေးခွန်းတွေကို သင့်ကိုယ်သင် ပြန်မေးကြည့်ပါ။
Gym လောကမှာ သူများပြောစကား တွေနဲ့ ရမ်းသန်းလေ့ကျင့်နေတဲ့ခေတ် ကုန်သွားပါပြီ။ အခုချိန်မှာ မှန်ကန်တဲ့ ရလဒ်နဲ့ ဒဏ်ရာကင်းကင်း လေ့ကျင့်ချင်ရင် "Evidence-based (သိပ္ပံနည်းကျ အထောက်အထား)" ရှိမှသာ ရပါတော့မယ်။
သင်တန်းကြေး ၇ သိန်း (၇၀၀,၀၀၀ ကျပ်) ဆိုတာ ရုတ်တရက်ကြည့်ရင် များတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ဒီသင်တန်းမှာ သင်ရမယ့် အရာတွေက...
ပြိုင်ပွဲပေါင်း (၃၀) ကျော် ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံတွေရဲ့ လက်တွေ့ အတွေ့အကြုံ၊
လက်ရှိ ထိုင်းနိုင်ငံ Chulalongkorn တက္ကသိုလ်က Sports Science Master Degree ရဲ့ နိုင်ငံတကာအဆင့်မီ သုတေသန အချက်အလက်များ၊
ကိုယ်တိုင် မျက်မြင်နားလည်သွားစေမယ့် သိန်းချီတန် Physical Model များနှင့် 3D Anatomy Technology များ...
ဒါတွေအားလုံးကို ပေါင်းစပ်ပြီး သင့်ကို 'သာမန် Gym ဆော့သူ' အဆင့်ကနေ 'Professional နည်းပြ' တစ်ယောက်ဖြစ်လာတဲ့အထိ အစအဆုံး တာဝန်ယူ ပြောင်းလဲပေးမယ့် "တစ်သက်စာ ရင်းနှီးမြှုပ်နှံမှု" နဲ့ ယှဉ်လိုက်ရင် ဒီတန်ဖိုးဟာ အဆပေါင်းများစွာ သာလွန်နေတယ်ဆိုတာ သင်ကိုယ်တိုင် လက်တွေ့သိမြင်ရမှာပါ။
MODERN BODYBUILDING OF MYANMAR ရဲ့ ဒီ Batch - 2 သင်တန်းကို တက်ရောက်ပြီးသွားရင်...
✔️ ကြွက်သားတွေကြီးဖို့၊ အဆီကျဖို့အတွက် အာဟာရ (Nutrition) ကို ဂရမ် (Gram) ကအစ ကိုယ်တိုင် တိတိကျကျ တွက်ချက်တတ်သွားမယ်။
✔️ လှုပ်ရှားမှု Biomechanics နဲ့ ကြွက်သားမျှင်တွေရဲ့ အလုပ်လုပ်ပုံကို နားလည်ပြီး အထိရောက်ဆုံး Training Program တွေကို ကိုယ်တိုင် ရေးဆွဲနိုင်မယ်။
✔️ Client တွေရဲ့ မေးခွန်းတိုင်းကို ယုံကြည်မှုအပြည့်နဲ့ သိပ္ပံနည်းကျ အဖြေပေးနိုင်တဲ့ ဆရာတစ်ယောက် ဖြစ်လာမယ်။
📅 Batch - 2 သင်တန်း အသေးစိတ် အချက်အလက်များ
သင်တန်းစတင်မည့်ရက်: ၈ ရက်၊ ၈ လ၊ ၂၀၂၆ (8/8/2026)
သင်ကြားမည့်ပုံစံ: Zoom Live (အပြန်အလှန် ဆွေးနွေးမေးမြန်းနိုင်မည်)
သင်တန်းကြေး: ၇၀၀,၀၀၀ ကျပ်
အချိန်မဆွဲပါနဲ့တော့။ ကိုယ့်ကိုယ်ကို အဆင့်မြှင့်တင်ဖို့ (Upgrade) လိုအပ်နေပြီဆိုတာ သိရင် အခုပဲ Page Messenger ကနေ လာရောက် စာရင်းပေးသွင်းလိုက်ပါ။ အမှတ်စဉ် (၁) တုန်းကလိုပဲ အရည်အသွေးကို ထိန်းသိမ်းဖို့ လူဦးရေ ကန့်သတ်ထားပါတယ်။
အမှန်တကယ် ပြောင်းလဲချင်သူတွေနဲ့အတူ Batch 2 မှာ ဆုံတွေ့ကြပါစို့! 💪🇲🇲
28/07/2026
🙏 ဒုတိယဝါဆိုသင်္ကန်းနှင့် အာဟာရဒါန ကုသိုလ်တော်ကြီးအတွက် အလှူရှင်များအား ကျေးဇူးတင်ဂုဏ်ပြုလွှာ 🙏
"သဒ္ဓါတရားဖြင့် လှူဒါန်းအပ်သော ဒါန၏ အကျိုးသည် ငြိမ်းချမ်းခြင်းနှင့် မင်္ဂလာအပေါင်းကို ဆောင်ကြဉ်းပေးပါသည်။"
ယနေ့ (၂၉.၇.၂၀၂၆) ကျရောက်သော မင်္ဂလာအခါသမယတွင် သံဃာတော်အရှင်သူမြတ်များအား ဒုတိယဝါဆိုသင်္ကန်း ကပ်လှူပူဇော်ခြင်း နှင့် အာဟာရဒါန ကျွေးမွေးလှူဒါန်းခြင်း ကုသိုလ်မင်္ဂလာအပေါင်းကို စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ပါဝင်လှူဒါန်းပေးကြပါသော စေတနာရှင်/သဒ္ဓါရှင် အလှူရှင်မိသားစုအပေါင်းအား အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
ဝါဆိုသင်္ကန်းနှင့် အာဟာရဒါန လှူဒါန်းရခြင်း၏ ထူးမြတ်သော အကျိုးကျေးဇူးများ
• ဝါဆိုသင်္ကန်း ကပ်လှူရခြင်းအကျိုး - သံဃာတော်များ ဝါဆိုဝါကပ်တော်မူစဉ် သာသနာ့တာဝန်များကို စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးခြင်းဖြစ်သဖြင့်
ဘဝဆက်တိုင်း အဝတ်အထည်၊ စည်းစိမ်ဥစ္စာ ပေါကြွယ်ဝခြင်း၊
ရုပ်ဆင်းအဆင်း လှပတင့်တယ်ခြင်းနှင့် ကိုယ်ရောင်ကိုယ်ဝါ တောက်ပါးခြင်း၊
အပူအပင်၊ ဘေးအန္တရာယ် ကင်းစင်ပြီး စိတ်အေးချမ်းသာစွာ နေထိုင်ရခြင်းစသည့် မြင့်မြတ်သော အကျိုးတရားများကို ရရှိစေပါသည်။
မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့်အတိုင်းအာဟာရဒါန ကျွေးမွေးလှူဒါန်းရခြင်းအကျိုး များက
- အသက် ရှည်ခြင်း၊
- အဆင်း လှပခြင်း၊
- ချမ်းသာ သုခနှင့် ပြည့်စုံခြင်း၊
- ခွန်အား ဗလ ကြီးမားခြင်း၊
- ဉာဏ်ပညာ ထက်မြက်ခြင်း စသည့် အကျိုးတရား (၅) ပါးကို ဘဝတိုင်းတွင် ပြည့်စုံစွာ ခံစားရမည် ဖြစ်ပါသည်။
ယခုလို မြင့်မြတ်သော သဒ္ဓါ၊ စေတနာတို့ဖြင့် ပါဝင်လှူဒါန်းကြသော အလှူရှင် မိသားစုအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေ။
စီးပွားဥစ္စာ ရတနာများ ဒီရေအလား တိုးတက်ကြီးပွားကြပါစေ။လိုအင်ဆန္ဒဟူသမျှ ပြည့်စုံပီး ဘဝ၏ခရီးလမ်းတိုင်းမှာဘေးအန္တရာယ်ကင်းစင်စွာဖြင့် ချောမောပြေပြစ်စွာ အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။
ပြုပြုသမျှ ဒါနကုသိုလ်အစုစုတို့ကိုလည်း
ထပ်တူထပ်မျှ အမျှတန်း ပေးဝေငှပါ၏။
✨ သာဓု... သာဓု... သာဓု... ✨