05/07/2026
တူညီတဲ့ Skill ရှိတဲ့ ဟိုတယ်ဝန်ထမ်း ၂ ယောက်ထဲက…
ဘာကြောင့် တစ်ယောက်တည်းက Supervisor ရဲ့ ယုံကြည်မှုကို ပိုရသွားတာလဲ?
အဖြေက Skill တစ်ခုတည်းကြောင့် မဟုတ်ပါဘူး
Hospitality လုပ်ငန်းမှာ Supervisor တွေက Technical Skill အပြင် နေ့စဉ်အလုပ်လုပ်ပုံနဲ့ Professional Habits (အလုပ်အပေါ်ထားတဲ့ အကျင့်ကောင်းတွေ) ကိုလည်း အရေးကြီးစွာ သတိထားကြည့်ကြပါတယ်
WAWF မှာ Hospitality Career Preparation နဲ့ပါတ်သတ်တာတွေကို သင်ကြားပေးရင်း ကျွန်တော်တို့ မကြာခဏ တွေ့ရတာက
Technical Skill က အလုပ်အခွင့်အရေး ရဖို့ ကူညီနိုင်ပေမယ့် Professional Habits ကတော့ ယုံကြည်မှုကို တည်ဆောက်ပေးပြီး ရေရှည်အောင်မြင်မှုကို ဖန်တီးပေးပါတယ်
ဥပမာ…
◾ Shift မစခင် ကြိုတင်ပြင်ဆင်ထားသလား?
◾ Guest နဲ့ Colleague တွေကို ရှင်းလင်းပြီး လေးစားမှုရှိရှိ ဆက်သွယ်ပြောဆိုနိုင်သလား?
◾ အလုပ်များတဲ့အချိန်မှာလည်း Team ကို ကူညီပေးတတ်သလား?
◾ Guest Complaint ကြုံလာရင် တည်ငြိမ်စွာ ကိုင်တွယ်နိုင်သလား?
◾ Feedback ကို လက်ခံပြီး ကိုယ့်ကိုယ်ကို ဆက်လက်တိုးတက်အောင် လုပ်ဆောင်နေသလား?
ဒီလို အကျင့်ကောင်းလေးတွေက အသေးအဖွဲလို့ ထင်ရပေမယ့် နေ့စဉ် ထပ်ခါထပ်ခါ လုပ်ဆောင်လာတဲ့အခါ Supervisor တွေရဲ့ ယုံကြည်မှုကို တဖြည်းဖြည်း တည်ဆောက်ပေးပါတယ်
နိုင်ငံတကာ Hotel Career ကို ပြင်ဆင်နေတဲ့ မြန်မာ Hospitality Professionals တွေအတွက် ဒီအချက်ကို အခုကတည်းက နားလည်ထားဖို့ အရေးကြီးပါတယ်
Professional ဖြစ်ဖို့ဆိုတာ အလုပ်ရပြီးမှ စတင်ရတာ မဟုတ်ပါဘူး
ဒီနေ့ သင်ရွေးချယ်တဲ့ Professional Habits တွေက မနက်ဖြန် သင့်ရဲ့ Career ကို တည်ဆောက်ပေးတာပါ
သင်သာ Supervisor ဖြစ်ရင် Professional Habits တွေထဲက ဘယ်တစ်ခုကို အရေးကြီးဆုံးလို့ သတ်မှတ်မလဲ?
Comment မှာ သင့်အမြင်ကို မျှဝေခဲ့ပေးပါ