Master MAL Esport Predictions

Master  MAL Esport Predictions

แชร์

Esports Tournament Updates များနှင့် ပွဲကြိုသုံးသပ်ချက်များကို တင်ဆက်ပေးသွားပါမည်....
"Counter Strike 2"
"Dota 2"

05/05/2026

Dota 2 fan တွေအတွက်တော့ စိတ်မကောင်းစရာသတင်းလေးပါ။ Heroic ဆိုတဲ့ Organization ဟာ ၎င်းတို့ရဲ့ Dota 2 အသင်းကို လက်တွဲဖြုတ်လိုက်ပါပြီ ။ ခုဆိုရင် SA region မှာရှိတဲ့ SAR နဲ့ Heroic နှစ်သင်းလုံးဟာ Organization လက်မဲ့နှစ်သင်းဖြစ်သွားပါပြီ။အမှန်ဆိုရင် Tai Lung လို Star player လေးကိုခေါ်ယူပြီးတဲ့နောက်မှာ အတော်လေး အလားအလာရှိခဲ့တာပါ။

03/05/2026

🔥 Vitality vs NAVI ဗိုလ်လုပွဲ လာပြီ 🔥

ဒီနေ့ည Fort Worth မြို့ရဲ့ Dickies Arena မှာ CS2 ပရိသတ်တွေ စောင့်မျှော်နေတဲ့ BLAST Rivals Spring 2026 ရဲ့ Grand Final ပွဲစဉ်ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် (၁) နေရာကို ထိန်းထားတဲ့ Vitality နဲ့ ဒီပြိုင်ပွဲမှာ တစ်ပွဲမှ မရှုံးသေးတဲ့ NAVI တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ တကယ့်ကို ရင်ခုန်စရာပါ။

Team Vitality (The Final Boss): ဗီတာလစ်တီးဟာ ဒီရာသီမှာ အင်အားအကောင်းဆုံးအသင်း ဖြစ်နေဆဲပါ။ သူတို့ရဲ့ Roster မှာ ZywOo အပြင် Flamez ပါ လက်စွမ်းပြနေတာကြောင့် ဘယ်လို အခြေအနေမျိုးကမဆို ပြန်လာနိုင်တဲ့ အစွမ်း ရှိပါတယ်။ ဗိုလ်လုပွဲရောက်ရင် ပိုပြီး လက်စွမ်းပြတတ်တဲ့ Vitality ဟာ အခုပွဲကိုလည်း Bo5 (၅ ပွဲ ၃ ပွဲနိုင်) ပုံစံနဲ့ ကစားရမှာဖြစ်လို့ သူတို့အတွက် ပိုပြီး အားသာချက် ရှိနေပါတယ်။

NAVI (The Revenge Seekers): နာဗီကတော့ ဒီပြိုင်ပွဲမှာ ပုံစံကောင်း ပြသနေပြီး အုပ်စုပွဲစဉ်ကနေ ဗိုလ်လုပွဲအထိ တစ်ချက်မှ မရှုံးသေးဘဲ (Clean Sheet) တက်လှမ်းလာတာပါ။ နည်းပြ Blad3 နဲ့ IGL Aleksib ရဲ့ Tactics တွေနဲ့ Makazze ရဲ့ လက်စွမ်းတက်နေမှုက Vitality ကို တကယ် ခြိမ်းခြောက်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ဗိုလ်လုပွဲတွေမှာ Vitality ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတဲ့အတွက် ဒီနေ့ပွဲက သူတို့အတွက် ကလဲ့စားချေမယ့် ပွဲလည်း ဖြစ်ပါတယ်။

🎯 ခန့်မှန်းရလဒ်: Team Vitality ၃ - ၁ NAVI
(Best of 5 ပွဲစဉ်ဖြစ်တာကြောင့် NAVI က အနည်းဆုံး ၁ ပွဲလောက် ပြန်နိုင်ဖို့ ရှိပေမယ့် Vitality ရဲ့ အတွေ့အကြုံက အနိုင်ရလဒ်ကို ဆောင်ကြဉ်းပေးသွားနိုင်ပါတယ်)

⭐️ Key Players:

Vitality: ZywOo (သူ့ရဲ့ Clutch Moments တွေက ပွဲကို ပြောင်းလဲပေးနိုင်ပါတယ်)

NAVI: w0nderful (သူ့ရဲ့ AWP shots တွေအပေါ် အများကြီး မူတည်နေပါတယ်)

ပရိတ်သတ်ကြီးရေ... NAVI ကပဲ သူတို့ရဲ့ ရှုံးပွဲမရှိ စံချိန်နဲ့အတူ ဖလားယူသွားမလား? ဒါမှမဟုတ် Vitality ကပဲ ထုံးစံအတိုင်း ဗိုလ်စွဲသွားမလား? ခန့်မှန်းပေးခဲ့ကြဦးနော်! 👇


Photos from Master  MAL Esport Predictions's post 02/05/2026

Blast Rivals Spring 2026 ရဲ့ Quarter- final ပွဲစဉ်တွေကတော့ ဒီမနက်မှာပဲပြီးဆုံးသွားခဲ့ပါပြီ။ G2 နဲ့ Astralis ပရိတ်သတ်တွေအတွက်တော့ ကြေကွဲစရာ ရလဒ်တွေထွက်ပေါ်ခဲ့ပါတယ်။

G2 Vs FaZe ( 1-2 )

ဒီပွဲကတော့ တကယ့်ကို match of the day လို့ဆိုရမှာဖြစ်ပြီး broky ရဲ့ Freaky Friday ဆိုတဲ့အတိုင်း Friday မှာ ရှယ်လက်စွမ်းပြပြီး Faze တို့အနိုင်ရရှိသွားခဲ့ပါတယ်။ G2 ဘက်က SunPayus တစ်ယောက် အရမ်းကောင်းခဲ့ပေမဲ့ Dust 2 မှာ မှော်၀င်နေတဲ့ Faze ကိုမကျော်ဖြတ်နိုင်ခဲ့ပါဘူး။ Ancient မှာတော့ Heavy God တစ်ယောက် သူဘာလုပ်နိုင်လဲဆိုတာပြသွားပြီး 1V3 clutch တွေမှာတောင် အနိုင်ယူပြပြီး Arena တစ်ခုလုံးကိုအသံတိတ်သွားစေခဲ့ပါတယ်။ တကယ့်ပွဲက Mirage မှာဖြစ်ပြီး နှစ်သင်းလုံး ပယ်ပယ်နှယ်နှယ်ဆော်ခဲ့ကြတာပါ။ G2 တို့ 12-9 ဆိုတဲ့ရလဒ်နဲ့ Point အရင်ရောက်ခဲ့ပေမဲ့ Frozen၊Twistz နှစ်ယောက်တွဲလုံးနဲ့ 2 Vs 5 clutch ပြသွားတဲ့နောက်မှာ G2 တို့ mentality အတော်လေးထိခိုက်သွားခဲ့ပါတယ်။ အဲ့ဒီကနေ OT တက်ပြီး Faze တို့ရဲ့ signature FazeBullsh*t တွေနဲ့အတူ အနိုင်ယူပြီး Semi Final တက်ရောက်သွားခဲ့ပါတယ်။

Gamer Legion Vs Astralis ( 2-0 )

Gamer Legion ဆိုတဲ့အသင်းက တကယ့်ကို Gaint Killer စစ်စစ်ဖြစ်တယ်ဆိုတာကို သက်သေပြသွားခဲ့ပါတယ်။ Astralis တို့ သူတို့အိမ်ကွင်း Overpass ကိုရွေးပြီး 6 round မြောက်မှာပဲ သူတို့မှားပြီဆိုတာ သိလိုက်ရပါတယ်။ Overpass ဟာ GL ရဲ့အကောင်းဆုံး map pools ထဲက map ဖြစ်တယ်ဆိုတာ Astralis တို့မေ့လျော့နေခဲ့ပါတယ်။ Inferno မှာတို့ Astralis တို့ ပြန်လာနိုင်ခဲ့တယ်ဆိုခါမှ 12-4 မှာ Choke သွားခဲ့ပါတယ်။ GL တို့ match points 8 points ကို PR ရဲ့ ဖောက်မရတဲ့ အကောင်ဆုံး B Defence ကိုပြသသွားပြီး Overtime ထိခေါ်သွားနိုင်ခဲ့ပါတယ်။ Overtime မှာတော့ momentum ရနေတဲ့ GL ကပဲ ပွဲကိုဦးဆောင်ပြီး အဆုံးသတ်နိုင်ခဲ့ပါတယ်။

01/05/2026

အစတုန်းကတော့ သေချာလေး Draft Phase နဲ့ သေချာလေး ရေးမလို့ပါပဲ ဒါပေမဲ့ နှစ်သင်းလုံးက Dreamleague ကို ပါ၀င်ယှဉ်ပြိုင်ခွင့်ရပြီးသားဆိုတော့ ပြောင်ကြီး Draft စမ်းနေတာလဲ သိပ်တော့မဆန်းပါဘူး။

01/05/2026

Nigma Vs SAR ( Dreamleague Dvision 2 Final)

Map 1 ကတော့ SAR ရဲ့ Laning Stage က ညဏ်ကောင်းသွားတာပါ။ Nigma ဘက်က SAR QOP mid Pango offlane လို့ပဲတွက်ထားခဲ့တာပါ။ SAR ဘက်က QOp ကို Frank ကိုပေးပြီး Monkey နဲ့တွေ့ခိုင်းလိုက်တာ MK ဆိုတဲ့မျောက်က Melee သာနိုင်စားသာ QOP နဲ့ဆိုရင် ရှေ့ကို Creep တက်စားမရတဲ့အမျိုးဆိုတော့ ပွဲစကတည်းက Nigma Safe Lane ကကားကျိတ်ပါတယ်။ Nigma ဘက်က MK ယူထားတာက Alche jungle နေတဲ့အချိန်ရှာပြီး Punish လုပ်ဖို့ပါ Laning မှာရှယ်ကျိူးနေတဲ့ MK က alche ကိုရှာဖို့မပြောနဲ့ network တောင် support နဲ့နင်လားငါလားဖြစ်နေတဲ့အတွက် Nigma ရဲ့ Game plan က ပွဲစ ဆယ်မိနစ်လောက်ကတည်းက ပျက်ခဲ့ရပြီး Map 1 ကို SAR ကိုပေးလိုက်ရပါတယ်။

01/05/2026

Blast Rival Spring 2026 Quarter Final Prediction

⬜ G2 Vs Faze Clan 🟥(2:00AM)

G2 ဟာဒီ Tournament မှာ အတော်လေးကောင်းမွန်တဲ့လက်စွမ်းကို ပြသထားပါတယ်။ Astralis ကို 2-0 နဲ့ အပြတ်နိုင်ထားပြီး Vitality ကို comeback ဖို့ နီးစပ်ခဲ့တဲ့အနေအထားပါ။ Faze ကတော့ Furia ကိုနိုင်ခဲ့တယ် ဆိုရုံမျှဆိုနိုင်ပြီး လက်စွမ်းမှန်ဖို့ရုံးကန်နေရဆဲပါ။ Play off ကို Arena ထဲမှာဆော့ရမှာဆိုတဲ့အတွက်ကြောင့် Faze အတွက်အနည်းငယ်အခွင့်အရေးရှိနေပေမဲ့ G2 ကနှာတစ်ဖျားသာနေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ Faze ရဲ့ CT side က Furia နဲ့ဆော့တုန်းက အမှားတွေများခဲ့သလို ဒီလို အမှားတွေဟာ G2 နဲ့ပွဲမှာထပ်ဖြစ်ရင်တော့ သေချာပေါက် G2 လိုအသင်းကအခွင့်အရေးအပြည့်အ၀ယူသွားမှာပါ။

Prediction - Faze ဘက်က arena အားနဲ့ တစ်ပွဲလောက်တော့နိုင်အောင်ဆော့နိုင်မယ်ယူဆပြီး Map Winner ကတော့ G2 ကိုပဲရွေးချယ်ချင်ပါတယ်။

🟦Gamer Legion Vs Astralis🟥 (5:00AM)

Gamer Legion ဟာ ဒီ tournament မှာ underdog အနေနဲ့ လာခဲ့ပြီး Furia ကိုအနိုင်ယူပြီး Navi ပွဲမှာ round တစ်ချို့မှာ အတော်လေးကောင်းမွန်ခဲ့ပါတယ်။ Astralis ကတော့ ပွဲဦးထွက်မှာ အကျိတ်ခံလိုက်ရပေမဲ့ FUT ကို 2-0 ဆိုတဲ့ရလဒ်နဲ့ မာမာထန်ထန် တုံ့ပြန်ပြနိုင်ခဲ့ပါတယ်။ Gamer Legion ဘက်‌ကတော့ ဖိအားနည်းနည်းနဲ့ဆော့ရမှာဖြစ်ပြီး Astralis ကတော့ big stage အတွေ့အကြုံပိုရှိတဲ့အတွက် ဒီတွေ့ဆုံမှုမှာ ဒီအတွေ့အကြုံကလဲ စကားပြောပါလိမ့်မယ်။ Astralis သာ Gamer Legion ရဲ့ Aggressive open duel တွေကို structure ကောင်းကောင်းနဲ့ ထိန်းနိုငိမယ်ဆိုရင် ဒီပွဲက Astralis ရဲ့ပွဲပါပဲ။

Prediction - Gamer Legion ကတော့ momentum ကိုအားပြုကစားရမှာဖြစ်ပြီး အကယ်၍ Map 1 မှာနိုင်ပြီး အဲ့ဒီအရှိန်နဲ့ 2-0 ဆိုပြီးလဲနိုင်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ ဒီနှစ်သင်းတွေ့ဆုံမှုမှာ အတွေ့အကြုံနဲ့ Structure ပိုကောင်းတဲ့ Astralis ပဲအနိုင်ယူသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Photos from Master  MAL Esport Predictions's post 01/05/2026

Blast Rival Day 2 ပွဲစဉ်တွေကတော့ Faze Vs Furia ပွဲစဉ်က‌လွဲလို့ ကျန်သုံးပွဲက ကြိုတင်ခန့်မှန်းချက်အတိုင်း ကစားသွားတာမို့ အများကြီး review လုပ်စရာ ရှိမနေခဲ့ပါဘူး။
ကျနော့်ရဲ့ predictions >>https://www.facebook.com/share/p/1BnA5CPZJJ/

CS2 and Dota2 news and predictions တွေ ကြည့်ရဖို့ ကျတော့်ရဲ့ Page ကို follow ထားပေးကြပါခင်ဗျ။

30/04/2026

Master Mg Arr Loun ရဲ့ Blast Rival Day 2 ပွဲစဉ်တွေရဲ့ ကြိုတင်ခန့်မှန်းချက်လေးတွေတင်ပေးလိုက်ပါတယ်။

1.FUT Vs Astralis (9:30)

ဒီနှစ်သင်းတွေ့ဆုံမှုက အတော်လေးကြည့်လို့ကောင်းဦးမှာပါ ။PGL Bucherest မှာ Astralis တို့ 3-1 နဲ့အပြတ်အသတ်ကို ဆော်ခံထားရတာပါ ။ဒီတစ်ခေါက်တွေ့ဆုံမှုမှာ FUT ဘက်က Launx မပါပဲအားနည်းနေတာကိုအခွင့်ကောင်းယူပြီး Astralis တို့ကလဲ့စားချေဖို့ကြိုးစားမှာပါ။ လူမစုံတဲ့ FUT ရဲ့ defence ကို Astralis တို့ သေချာဖောက်နိုင်မယ်လို့ယုံကြည်တဲ့အတွက် Astralis Map Winner အဖြစ်ခန့်မှန်းချင်ပါတယ်။

2. Vitality Vs G2 (12:00 am)

IEM Rio မှာ G2 တို့ Vitality ကို 2-0 နဲ့ clean sweep လုပ်ဖို့လက်တကမ်းအလိုထိ ရောက်ခဲ့တာပါ။ ဒီတစ်ခေါက်မှာတော့ Hunter လဲပါနေတဲ့အတွက် Rio တုန်းက G2 ထက် ပို Strong တဲ့ G2 အနေနဲ့မြင်ရမှာပါ။ Vitality တို့အနည်းငယ် ကားကျိတ်နေပြီး လူမစုံတဲ့ FUT ကိုခက်ခက်ခဲခဲအနိုင်ယူခဲ့ရတာပါ Map Winner အနေနဲ့ Vitality ကိုပဲဆက်လက်ရွေးချယ်ချင်ပြီး G2 တစ်ပွဲတော့သေချာပေါက်နိုင်ပါလိမ့်မယ်။

3. Faze Vs Furia (2:30 am)

ဒီနှစ်သင်းရဲ့ T Side ကထပ်တူညီတူ Weak လွန်းပါတယ်။ ခြေနေဆိုးနေတဲ့နှစ်သင်းကြားအချင်းချင်း ပိုဆိုးနေတဲ့ Faze ကိုအရှုံးခန့်မှန်းချင်ပါတယ်။

4. Navi Vs Gamer Legion (5:00 am)

Gamer Legion တို့ တိုးတက်လာတယ်ဆိုပေမဲ့ Navi ရဲ့ Level ကိုတော့မမှီသေးပါဘူး။ တစ်ခုရှိတာက Navi ရဲ့အကျင့်က Map 1 မှာ Dominate လုပ်ပြီး Map 2 မှာ အထနေးတာနဲ့ ပွဲပါပေးလိုက်ရတဲ့ထိ အားနည်းချက်ဆိုးကြီးရှိနေပါသေးတယ်။ Navi သာ နှစ်ပွဲလုံးအထမနေးခဲ့ရင် 2-0 နဲ့ clean sweep အနိုင်ရနိုင်ချေရှိပါတယ်။ ကျနော်ကတော့ Navi Map 1 Winner ကိုရွေးချယ်ပေးချင်ပါတယ်။




Photos from Master  MAL Esport Predictions's post 30/04/2026

Blast Rival Day 1 ပွဲစဉ် Review

1. Vitality 2-1 FUT

နည်းပြကိုယ်တိုင်၀င်ဆော့နေရတဲ့ FUT ကို Vitality တို့ 2-0 နဲ့အေးအေးဆေးဆေးနိုင်သွားမယ်ထင်ခဲ့ပေမဲ့ Map 2 Dust 2 မှာ 17 ပွဲဆက်ရှုံးပွဲမရှိစံချိန်ကိုပါ ချိုးခံလိုက်ရပါတယ်။ Map 3 (Nuke) မှာ 11-1 နဲ့ Dominate လုပ်လာခဲ့ပြီးမှ 13-11 ဆိုတဲ့ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အဆုံးသတ်နိုင်ခဲ့တာပါ။ Dust 2 မှာ Zywoo ဟာ K 30 ထိရခဲ့တာတောင်မှ အရှုံးပေးခဲ့ရတာပါ။ လူမစုံတဲ့ FUT ကပဲ အရမ်းကောင်းနေတာလား Vitality ကလဲ လျော့တိလျော့ရဲဆော့နေတာလားဆိုတာ နောက်ပွဲတွေမှာစောင့်ကြည့်ရဦးမှာပါ။

2.Astralis 0-2 G2

ဒီနှစ်သင်းဟာ VRS ranking မှာလဲသိပ်မကွာသလို ပြီးခဲ့တဲ့ပွဲစဉ်တွေက performance ကိုယှဉ်လိုက်ရင်လဲ မတိမ်းမယိမ်းပါပဲ ဒါပေမဲ့ မနေ့ကပွဲမှာတော့ Astralis ဟာ G2 ထက်အစစ အရာရာ နိမ့်ကျနေခဲ့ပါတယ် အထူးသဖြင့် Map2 မှာ Astralis ရွေ့မယ့်ခြေလှမ်းတိုင်း G2 ကကြိုသိနေတဲ့အပြင် ‌‌ခြေတစ်လှမ်းသာနေခဲ့ပါတယ်။ ဒါ့အပြင် ancor role ဖြစ်တဲ့ Ryu တစ်ယောက်အတော်လေးကိုရုန်းကန်နေခဲ့ရတာပါ။ တက်လှမ်းကို တဖြည်းဖြည်းတက်ဖို့ကြိုးစားနေတဲ့ Astralis အတွက်တော့ ဒီရှုံးပွဲက အတော်စိတ်ပျက်စရာကောင်းပါတယ်။

3.Navi 2-0 Faze

ဒီပွဲကတော့ အားလုံးမျှော်မှန်းထားတဲ့အတိုင်း Navi ကပဲအပြတ်အသတ် အသာစီးယူပြီးကစားသွားခဲ့ပါတယ်။ Map 2 ( Ancient ) မှာ Faze ဆော့တာမဆိုးခဲ့ဘူးဆိုပေမဲ့ Navi ကိုအနိုင်ယူဖို့ထိတော့မလုံလောက်ခဲ့ပါဘူး။ Karrigan မရှိတဲ့ Faze ဟာ အတော်လေးအချိန်ယူပြန်တည်ဆောက်ရဦးမှာပါ။

4. Furia 1-2 GL

2026 ကုန်ကတည်းက တအိအိကျဆင်းလာတဲ့ Furiaရဲ့ လက်စွမ်းဟာ ခုထိရပ်တန့်နိုင်ခြင်းမရှိပဲ ဆက်လက်ထိုးကျနေခဲ့ပါတယ်။ ရာသီကုန်ရင် Fallen ဟာအနားယူမှာဖြစ်တဲ့အတွက် Furia တို့ အတော်လေးအကြပ်ရိုက်နေတဲ့အနေအထားဖြစ်နေပါတယ်။ မနှစ်က Breakout ဖြစ်ခဲ့တဲ့ rookie လေး Molodoy ဟာ အရင်လက်စွမ်းမှာရှိမနေပဲ ကျဆင်းနေခဲ့ပါတယ်။ အထူးသဖြင့် Furia ရဲ့ T side ဟာ အရမ်းကို အသက်မဲ့လွန်းပြီး တစ်ဖက်အသင်းအတွက် ခုခံရတာလွယ်ကူလွန်းနေပါတယ်။ Gamer Legion တို့ Map1 မှာ ရှုံးနိမ့်ခဲ့ပေနဲ့ Map2 နဲ့ Map3 ကိုအကောင်းဆုံးပြန်လာနိုင်တာကတော့ ချီးကျူးရမှာပါ။

28/04/2026

မနက်ဖြန် 29 ရက်နေ့ဆိုရင် CS 2 ဖန်တွေအတွက် Blast Rival ပွဲလေး ရှိပါမယ်။ S Tier လို့သတ်မှတ်ထားပေမဲ့ Vitality နဲ့ Navi သာ ဖိုင်နယ်မှာပြန်ဆုံပြီး Vitality ပဲနောက်ထပ်ဖလားတစ်လုံး သိမ်းသွားဦးမယ့် Tournament ဆိုတာ ပွဲမစခင်ကတည်းက လူတိုင်းစိတ်ထဲ ရှိနှင့်နေကြပြီးဖြစ်ပါတယ်။ ပြိုင်ပွဲဟာ အသင်း 8 သင်းနဲ့သာ ယှဉ်ပြိုင်ကျင်းပသွားမှာဖြစ်ပြီး ပါ၀င်တဲ့ အသင်း 8 သင်းအကြောင်းလေးတစ်ချက်ပြောပြပေးသွားပါမယ်။

1.Vitality

ထွေထွေထူးထူးဘာမှမရှိပဲ အတိတ်က Astralis Era ထက်ပိုကြမ်းလွန်းတဲ့ Vitality Era ဆိုတာသက်သေပြဖို့စိတ်အားထက်သန်နေကြပါတယ်။

Furia

Furia အသင်းဟာ ဒီနှစ်ထဲမှာ လက်စွမ်းကျဆင်းနေတဲ့အပြင် အသင်းရဲ့အသက်သွေးကြော ဖြစ်တဲ့ IGL Fallen တစ်ယောက် အနားယူသွားပြီဖြစ်တဲ့အတွက် အသင်းရဲ့ playstyle, leadership, strategy အသစ်တွေနဲ့ အသင်းရဲ့စွမ်းဆောင်ရည် ပိုမိုကျဆင်းသွားဖွယ်ရှိနေပါတယ်။

Navi

Navi အသင်းရဲ့အနေအထားကတော့ ပုံမှန်ထက်ကောင်းတဲ့အနေအထားမှာရှိနေပြီး Navi အသင်းသားတွေကိုယ်တိုင်က Vitality မပါရင် သူတို့ဖလားပဲဆိုတာ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့လဲ စိတ်မကောင်းစွာနဲ့ ဒီ Blast Rivals မှာ Vitality ပါ၀င်နေတဲ့အတွက် Final Boss ကြီးကို ကျော်ဖြတ်ဖို့ခက်ခဲနေဦးမှာပါပဲ။

Astralis

IGL hooxi ရောက်လာပြီးတဲ့နောက်မှာ အသင်းကိုသွေးသစ်တွေလောင်းခဲ့တဲ့ Astralis ဟာ Tier A ပွဲတွေမှာ ဖိုင်နယ်နှစ်ခေါက်ရောက်ခဲ့ပေမဲ့ ဖလားအောင်မြင်မှုကတော့မရရှိသေးပါဘူး။ အထူးသဖြင့် Group Stage နဲ့ Play off တွေမှာ လက်စွမ်းရှယ်ပြပြီး ဖိုင်နယ်ရောက်မှ choke သွားတဲ့ Falcon ရောဂါ ရနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အတက်ဘက်သို့ ဦးတည်နေတဲ့အသင်းဖြစ်ပြီး ဖလားစိန်ခေါ်ဖို့တော့ အချိန်နဲ့အတွေ့အကြုံများစွာလိုအပ်နေပါသေးတယ်။

G2

G2 အသင်းရဲ့သတင်းကောင်းကတော့ IGL hunter တစ်ယောက် ဒီ Tournament မှာပြန်လည်ပါ၀င်လာပဲဖြစ်ပါတယ် ပြီးခဲ့တဲ့ IEM Rio မှာ Hunter မပါပဲ Vitality ကို 2-0 နဲ့ Dominate လုပ်ဖို့ထိနီးစပ်ခဲ့တာဖြစ်ပြီး တရိပ်ရပ် တိုးတက်နေတဲ့အသင်းဖြစ်ပါတယ်။ ဒီတစ်ခေါက် Hunter ပြန်လည်ပါ၀င်လာတဲ့နောက်မှာတော့ Vitality ကို အနိုင်ယူသွားနိုင်မလားစောင့်ကြည့်ရမှာပါ။

Faze

Faze ကတော့ တစ်ချိန်က ရှန်းရှန်းတောက်ခဲ့သလောက် ခုချိန်မှာတော့ ရုန်းလေနစ်လေရွှံ့နွံအိုင်တောထဲရောက်နေသလိုအနေအထားဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ major မှာ Final ကို ၎င်းတို့ရဲ့ Faze bu****it clutch စတိုင်နဲ့ တက်ရောက်ခဲ့ပေမဲ့ စည်းကမ်းကောင်းကောင်း သက်လုံကောင်းကောင်း စနစ်ကောင်းကောင်းယှဉ်ပြိုင်ရတဲ့ Best of 5 မှာတော့ Vitality ကိုအပြတ်အသတ်အရှုံးပေးခဲ့ရပါတယ်။ အဲ့ဒီကတည်းက အသင်းက နွံထဲနစ်လာခဲ့တာ ခုဆိုရင် major ပါ၀င်ခွင့်ကိုပါလွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။ အဆိုးဆုံးကတော့ အသင်းကို အဓိကမောင်းနင်နေတဲ့ Karrigan ဟာ အသင်းကနေနှုတ်ထွက်ပြီး ရေကြည်ရာမြက်နုရာ Falcon ကိုပြောင်းသွားတဲ့အတွက် အသင်းဟာ ဦးတည်ရာမဲ့နေသလိုဖြစ်နေပါတယ်။

Gamer Legion

Gamer Legion ကတော့ အိမ်ဖြည့်အသင်းလက်စွမ်းသာရှိနေပြီး IGL snax ရောက်လာပြီးတဲ့နောက် အသင်းစွမ်းဆောင်ရည် အနည်းငယ် စွမ်းဆောင်ရည်တက်လာခဲ့တယ်ဆိုပေမဲ့ PR နဲ့ REZ တို့နှစ်ယောက်ဟာ စွမ်းဆောင်ရည်ကျဆင်းသွားတဲ့အသင်း အရင်လို အရင်နေရာမှာပဲရှိနေပါတယ်။

FUT Esports

FUT Esports အသင်းဟာ 2026 ရဲ့ break out အသင်းတစ်သင်းဖြစ်ပြီး အတော်လေးကို fire power ကောင်းပြီး structure ကျစ်လစ်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ PGL Bucharest မှာ Astralis ကို အပြတ်အသတ် ပစ်ခတ်ပြီး ဖလားသိမ်းနိုင်ခဲ့တာပါ။ အတော်လေးကို စောင့်ကြည့်ဖို့ကောင်းတဲ့အသင်းဆိုပေမဲ့ ဒီ Tournament မှာတော့ အသင်းရဲ့energy booster Launx တစ်ယောက် တောင်တက်ခရီးသွားပြီး ကျန်းမားရေးဆိုးဝါးသွားတဲ့အတွက် ပါ၀င်ပေးနိုင်တော့မှာမဟုတ်ပါဘူး အဲ့ဒီအစား ၎င်းတို့ရဲ့နည်းပြ coolio ကိုယ်တိုင်အစားထိုး၀င်ကစားသွားမှာဖြစ်တဲ့အတွက် အတော်လေးအားနည်းသွားမှာဖြစ်ပါတယ်။

ယခုလက်ရှိ ကျဉ်းပမယ့် Blast Rivals မှာ Vitality နဲ့ Navi နှစ်သင်းသာ လူစာရင်းနဲ့ လက်စွမ်းတည်ငြိမ်ပြီး ကျန်အသင်းတွေကတော့ လူစာရင်းအပြောင်းအလဲတွေနဲ့ အားနည်းနေခဲ့ပြီး မပြိုင်ခင်ကတည်းက ဘယ်သူနိုင်မလဲသိ‌နှင့်နေပြီးသားဖြစ်ပါတယ်။ဖွင့်မပြောခင် ငြင်းခံရမယ်မှန်းသိပေမဲ့လဲ ကြိုးစားရမှာ ကိုယ့်တာ၀န်သာဆိုတဲ့စိတ်နဲ့ ပါ၀င်ယှဉ်ပြိုင်ကြမယ့် ခုနှစ်သင်းအချင်းချင်းကြားပွဲစဉ်တွေကတော့ ကြည့်လို့ကောင်းနေဦးမှာပါ။


09/01/2026

“ကြပ်သထက်ကြပ်လာတဲ့ WEU region Qualifier”

ယခုနှစ်နောက်ပိုင်း Tournament တော်တော်များများကို WEU region ကအသင်းတွေကပဲ Top 6 လောက်ထိ စိုးမိုးလာတဲ့နောက်ပိုင်း WEU qualifier ဟာလဲ တဖြည်းဖြည်းကြပ်လာပါတယ်။ ယနေ့စတင် ကစားတော့မယ် WEU Closed qualifier မှာ Ti winner team Falcon ပါ ပါ၀င်ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ ရရှိမည့် slot နေရာလေးခုအတွက် အသင်း‌ကောင်းတော်တော်များပါဝင်နေတဲ့အတွက် အတော်လေးကြည့်လို့ကောင်းမယ့် Qualifier လို့ဆိုရပါမယ်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok
10150