Myan Sports

Myan Sports

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Myan Sports, กีฬา, Bangkok.

Photos from Myan Sports's post 07/02/2026

ပွဲကြိုသုံးသပ်ချက်များ⚽️

✅Man United Vs Tottenham

ဒီအပတ် စနေညရဲ့ အကောင်းဆုံး ပွဲကို အစောဆုံး ကန်မှာဖြစ်လို ပရိသတ်တွေ အတွက် တော်တော်လေး စိတ်ဝင်စားဖိုကောင်းပါတယ်။
ပုံမှန်အားဖြင့်ဆိုရင်တော့ ယူနိုက်တက်ရဲ့ အမြင့်ပျံ ပုံစံကောင်းတွေကြောင့် ဒီပွဲကို ယူနိုက်တက်က ပဲ အနိုင်ရမယ်လို ပြောလိုရပေမယ့် စပါးရဲ့ မန်စီးတီးကို ဒုတိယပိုင်းကစားပုံကြောင့် ဒီပွဲက ကားရစ်နဲ့ ယူနိုက်တက်တို့ ဖြေဆိုရမယ့် ပုစ္ဆာကောင်းတစ်ပုဒ်ဖြစ်လာမှာပါ။ ပထမအကျော့ ၂-၂ သရေ ရလဒ်မှာ စပါးက ပိုကောင်းတဲ့အသင်းဖြစ်ခဲ့သလို ဒီလစ်ရဲ့ နောက်ဆုံးမိနစ် ခေါင်းတိုက်ဂိုး ကြောင့် ယူနိုက်တက်တို့ သက်သာရာ ရခဲ့တာပါ။ ယူနိုက်တက်တို့ စပါးကို နောက်ဆုံးအနိုင်ခဲ့ရတာဟာ ၂၀၂၂ အောက်တိုဘာက ဖြစ်ပြီးနောက်ဆုံးတွေ့ဆုံမှု ၈ ကြိမ်လုံး အနိုင်မရခဲ့မှုကြောင့် ယူနိုက်တက်တို အစွမ်းကုန် ကြိုးစားလာမှာဖြစ်သလို လက်ရှိပုံစံကောင်းတွေကြောင့် မနှစ်က ယူရိုပါလိဂ် ဖိုင်နယ်အကြွေးကို ပါဆပ်နိုင်မလားဆိုတာစောင့်ကြည့်ချင်စရာပါ။ စပါးကတော့ အားထားရတဲ့တိုက်စစ်မှူး ဆိုလန်းကီး ပါလာမှာဖြစ်သလို ဆိုလန်းကီးပါရင် ကစားပုံကောင်းတဲ့စပါးတို ဒီအကြိမ်မှာရော အသာစီးယူနိုင် မလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

✅Wolves Vs Chelsea

နည်းပြသစ်နဲ့ ပုံစံကောင်းရနေတဲ့ အသင်းတွေထဲမှာ ချယ်ဆီးကလည်း တစ်သင်းအပါအဝင်ပါ။ အာဆင်နယ် နဲ့ ကာရာဘောင်း ရှုံးပွဲအပြီး ဝုလ် နဲ့ တွေ့ဆုံရမှာ ကြောင့် ချယ်ဆီးတို မီးကုန်ရမ်းကုန် တိုက်စစ်ဖွင့် ကစားလာမှာ ဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အနီးစပ်ဆုံး ပြိုင်ဖက်တွေ( ယူနိုက်တက် နှင့် လီဗာပူး ) ပွဲကျပ်တွေကြောင့် မဖြစ်မနေ အနိုင်ကစားဖိုလည်း လိုအပ်နေတာကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ ဝုလ်အသင်း အနေနဲ့ကတော့ တန်းမဆင်းရရေး ခေါ်ယူအားဖြည့် ထားပေမယ့် ခေါ်ယူတဲ့ အင်အားစုတွေက တော့ သိပ်အားကောင်းတဲ့ အထဲမပါ ပါဘူး။ အားမနာတမ်းပြောရရင် ဒီရာသီတန်းဆင်းဖို ရာခိုင်နှုန်း တော်တော်များနေတဲ့ အသင်းလည်း ဖြစ်တာကြောင့် ဒီပွဲမှာ ဝုလ် တို ဂိုး အများကြီး မပေးရအောင်ပဲ ကြိုးစား သွားရမှာဖြစ်ပါတယ်။

✅Arsenal Vs Sunderland

မြိုခံပြိုင်ဘက် ချယ်ဆီးကို အနိုင်ယူခဲ့တာကြောင့် အာဆင်နယ်တို ဖလား(၄) လုံး လမ်းကြောင်းပေါ် အကောင်းဆုံးပုံစံ နဲ့ တိုင်ပွဲဝင် နေဆဲပါ။ ပထမအကျော့ နာကျင်အချိန်ပို ချေပ ဂိုးကြောင့် အမှတ်လျော့ခဲ့ရတာကြောင့် အိမ်ကွင်းမှာ အမှားအယွင်းမရှိ အနိုင်ယူဖို ကြိုးစားလာ မှာဖြစ်သလို တိုက်စစ်မှူး ဟာဗက်လည်း ဂိုး ပြန်ရလဲ့တာကြောင့် တိုက်စစ်ပိုင်း အပြောင်းအလဲတွေလည်း နည်းပြအာတီတာ ပြင်ဆင်လာနိုင်ပါတယ်။ ဆန်းဒါးလန်း အသင်းကတော့ အိမ်ကွင်းအတော် မာကျောပေမယ့် ဒီရာသီ အဝေးကွင်း ရလဒ်တွေကတော့ ထင်သလောက်မဟုတ်ပါဘူး။ ပထမအကျော့ ရလဒ်လို အမှတ်ခွဲယူနိုင်ဖို အတော်လေး ကြိုးစားရမယ့် အပြင် လန်ဒန်ဒါဘီ ပြိုင်ဘက် ကို အနိုင်ရခဲ့တဲ့ အာဆင်နယ်ဟာ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကောင်းမွန် နေတာကြောင့် ဆန်းဒါးလန်းတို တစ်မ္ဘာလုံး အံ့အားသင့် စရာ စွမ်းဆောင်ရည် ပြသနိုင်မှဘဲ အမ်းမရိတ် မှာ အမှတ်ခွဲယူနိုင်မှာပါ။

✅Liverpool Vs Man City

တနင်္ဂနွေည ရဲ့အကောင်းဆုံးပွဲ တစ်ပွဲ သိုမဟုတ် ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ကို အနည်းငယ် ဆုံးဖြတ်ပေးမယ်ပွဲဆိုလည်း မှားမယ် မထင်ပါဘူး။ လက်ရှိ အမှတ်ပေးဇယား အမှတ်ကွာခြားချက် ကြောင့် မန်းစီးတီးတို မဖြစ်မနေ အနိုင်ရဖို လိုအပ်တဲ့ ပွဲဇဉ် တစ်ပွဲလည်းဖြစ်ပါတယ်။ ပထမအကျော့ နှစ်သင်းတွေ့ဆုံစဉ် က မန်းစီးတီး အသင်းဟာ အပေါ်အသင်းဖြစ်ခဲ့သလို ဒိုကူရဲ့ အကောင်းဆုံးခြေစွမ်း တွေကြောင့် ခြေပြတ်ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယအကျော့ လက်ရှိမှာတော့ ပြောင်းပြန်အခြေအနေ ပုံစံမျိုး လိုပြောရမှာပါ။ လီဗာပူးဟာ တစ်ပွဲနှင့်တစ်ပွဲ ပိုမိုတည်ငြိမ်လာသလို တိုက်စစ်က ဖလော်ရီယန်ဗက် နဲ့ အီတီကေးတို အတွဲမိလာသလို အသင်းလိုက်ကစားပုံ လည်းတိုးတက်လာတာကြောင့် မန်စီးတီးရဲ့ အန်ဖီးလ် ခရီးစဉ်ဟာ ထင်ထားတာထက် မိုမိုခက်ခဲလာမှာပါ။ တိုက်စစ်မှူး ဆာလားလည်း ကစားသမား သစ်တွေနဲ့ပိုမို လိုက်လျောညီထွေစွာ ကစားလာနိုင်တာကြောင့် အန်ဖီးလ် မှာ ပထမအကျော့ ရှုးကြွေးကို ပြန်ဆပ်သွားနိုင်မလားဆိုတာတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုသွားရမှာပါ။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Bangkok
10100