02/09/2026
🚨 **မြန်မာ U-20 အတွက် မဖြစ်မနေအနိုင်ယူရမယ့်ပွဲ ရောက်လာပါပြီ! 🇲🇲🔥**
မနက်ဖြန်ညနေမှာ မြန်မာ U-20 အသင်းဟာ ဘရူနိုင်း U-20 ကို AFC U-20 Asian Cup 2027 Qualifiers အုပ်စုပွဲစဉ်မှာ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။
ပထမပွဲမှာ မြန်မာအသင်းက သီရိလင်္ကာကို ၄-၀ နဲ့ အပြတ်အသတ်အနိုင်ယူပြီး ယုံကြည်မှုအပြည့်နဲ့ ပွဲထွက်လာနိုင်သလို၊ ဘရူနိုင်းကတော့ အဖွင့်ပွဲမှာ ရှုံးနိမ့်ထားတာကြောင့် အမှားမခံနိုင်တဲ့အခြေအနေနဲ့ ကစားလာဖို့ ရှိနေပါတယ်။
⚽ **မြန်မာအသင်း အနိုင်ရဖို့ အဓိကသော့ချက် ၃ ချက်**
✅ အစောပိုင်းဂိုးရယူနိုင်ဖို့
✅ ကွင်းလယ်ကို အသာစီးရယူပြီး ပွဲကို ထိန်းချုပ်ဖို့
✅ ဂိုးသွင်းအခွင့်အရေးတွေကို အလေအလွင့်မဖြစ်စေဖို့
💪 လက်ရှိခြေစွမ်းနဲ့ အိမ်ကွင်းအားပေးမှုကို ကြည့်ရင် မြန်မာ U-20 အသင်းက အသာစီးရနေပါတယ်။ ဒါပေမယ့် လူငယ်ပြိုင်ပွဲဆိုတာ အမှားတစ်ချက်ကပဲ ပွဲရလဒ်ကို ပြောင်းလဲသွားစေနိုင်တာကြောင့် ပေါ့ဆလို့မရပါဘူး။
🎯 **ကျွန်တော့်ရဲ့ ခန့်မှန်းရလဒ်**
🇲🇲 Myanmar U-20 **3️⃣–0️⃣** Brunei U-20
🔥 မြန်မာအသင်း ဂိုးဘယ်နှဂိုးသွင်းနိုင်မယ်လို့ ထင်လဲ?
👇 **Comment မှာ Score Prediction ရေးခဲ့ပါ။**
👍 **3-0**
❤️ **4-0**
🔥 **5 ဂိုးနဲ့အထက်**
😮 **တခြားရလဒ်**
** **
02/09/2026
ပရီးမီးယားလိဂ်ရဲ့နွေရာသီအသုံးစရိတ် စံချိန်သစ်တင်
အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အင်္ဂလိဂ်ပပရီးမီးယားလိဂ်ရဲ့အသုံးစရိတ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရတယ်။
ဒီနှစ်မှာ ပရီးမီးယားလိဂ်ရဲ့ ငွေကြေးအများဆုံးသုံးစွဲတဲ့အသင်းအဖြစ် မန်စီးတီးအသင်းက ပေါင်(၄၅၈)သန်းနဲ့ မှတ်တမ်းဝင်ခဲ့ပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ငွေကြေးအများဆုံးသုံးစွဲတဲ့ နွေရာသီ ဖြစ်ခဲ့သလို၊ ပြီးခဲ့တဲ့နှစ်က ပေါင်(၄၁၅)သန်းသုံးစွဲခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ စံချိန်ကိုလည်း ကျော်ဖြတ်ခဲ့ပါတယ်။ ကစားသမားတွေထဲမှာတော့ ချယ်လ်ဆီးကနေ မန်စီးတီးကို ပေါင်(၁၂၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်က ဒီနှစ်နွေရာသီရဲ့ တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မန်စီးတီးအသင်းက ကစားသမားခေါ်ယူမှုအတွက် ပေါင်(၄၅၈)သန်း သုံးစွဲခဲ့ပေမဲ့ ကစားသမားရောင်းချမှုကနေ ပေါင်(၃၀၄)သန်း ပြန်ရခဲ့တာကြောင့် အသားတင်အသုံးစရိတ်ကတော့ ပေါင်(၁၅၄)သန်းသာ ရှိခဲ့ပါတယ်။
ဒီနှစ် နွေရာသီမှာ အသားတင်အသုံးစရိတ်အများဆုံးဖြစ်ခဲ့တာက လီဗာပူးလ်(ပေါင် ၁၇၂ သန်း)ဖြစ်ပြီး ဒုတိယအများဆုံးက စပါး(ပေါင် ၁၆၅ သန်း)ဖြစ်ကြောင်း သိရပါတယ်။
ဒီနှစ် နွေရာသီမှာ အပြောင်းအရွှေ့နောက်ဆုံးနေ့ တစ်ရက်တည်းရဲ့ အသုံးစရိတ်က ပေါင်(၄၇၅)သန်းရှိခဲ့ပြီး အရင်နှစ်ထက် (၈၄)သန်း ပိုမိုများပြားခဲ့ကြောင်းလည်း သိရပါတယ်။
ဒါကြောင့် အင်္ဂလိပ်ပရီးမီးယားလိဂ်ရဲ့ အသုံးစရိတ်က ပေါင်(၃.၄၆)ဘီလီယံနဲ့ စံချိန်သစ်ဖြစ်ခဲ့ပြီး (၂)နှစ်ဆက်တိုက် ပေါင်(၃)ဘီလီယံအထက် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရတယ်။
02/09/2026
Done Deal အန်ဇိုဖာနန်ဒက်
ဒီနွေမှာ ကြီးမားတဲ့ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်နေတဲ့ မန်စီးတီးအသင်းဟာ ကွင်းလယ်လူအန်ဇိုဖာနန်ဒက်ကို Transfer Deadline Day မှာ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါတယ်။
01/09/2026
Done Deal ဘာလိုဂန်
ပရီးမီးယားလိဂ်ကလပ်အဲဗာတန်အသင်းဟာ မိုနာကိုအသင်းတိုက်စစ်မှူးဘာလိုဂန်အား ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူနိုင်ခဲ့ပြီလို့ သိရတယ်။
Transfer deadline day မှာ အဲဗာတန်အသင်းဟာ သူတို့အသင်းရဲ့တိုက်စစ်ပိုင်းကိုအားဖြည့်ဖို့ စပါးအသင်းတိုက်စစ်မှူးရစ်ချာလီဆန်ကို ဦးစွာကြိုးပမ်းခဲ့ပြီး နောက်ဆုံးမှာတော့ ဒီအပြောင်းအရွှေ့ပျက်ပြယ်ခဲ့လို့ မိုနာကိုအသင်းအားထားရတဲ့တိုက်စစ်မှူး အသက် ၂၅ နှစ်ရှိ အမေရိကန်လက်ရွေးစင် ဘာလိုဂန်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့ကာ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဘာလိုဂန်ဟာ အာဆင်နယ်အသင်းအကယ်ဒမီထွက်ဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တွင် ပြင်သစ်ကလပ်မိုနာကိုအသင်းထံသို့ ပြောင်းခဲ့သူဖြစ်တယ်။ ဘာလိုဂန်ဟာ လီဂူး ၁ ကလပ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၉၁ ပွဲကစားကာ ၃၁ ဂိုးသွင်းပေးခဲ့သူ ဖြစ်ပြီး အမေရိကန်အတွက် ၃၁ ပွဲကစားကာ ၁၂ ဂိုးသွင်းပေးထားသူဖြစ်တယ်။
အဲဗာတန်အသင်းဟာ ဆီနီဂေါတောင်ပံကစားသမားအန်ဒီယာယီကို မန်စီးတီးသို့ ပေါင် ၆၅ သန်းဖြင့် ရောင်းချခဲ့ကြောင်း သိရတယ်။
01/09/2026
📊 **Tactical Analysis | Aston Villa 0-1 Arsenal**
Arsenal က ဒီနေ့ပွဲမှာ လှလှပပတိုက်စစ်ကစားပြီး နိုင်တာထက် **Game Control** နဲ့ အနိုင်ရခဲ့တဲ့ပွဲလို့ ပြောလို့ရပါတယ်။
🔴 **(1) Villa ရဲ့ Low Block ကို စိတ်ရှည်ရှည်နဲ့ ဖြိုခဲ့တယ်**
Emery ရဲ့ Game Plan က အလယ်ပိုင်းကို ကျစ်ကျစ်လျစ်လျစ် ထိန်းထားပြီး Arsenal ကို ဘေးစည်းတွေဆီ တွန်းပို့တဲ့ပုံစံ ဖြစ်ပါတယ်။ ပထမပိုင်းမှာ Arsenal ဘောလုံးပိုင်ဆိုင်မှုများပေမယ့် အန္တရာယ်ရှိတဲ့ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့တာက ဒီအကြောင်းကြောင့်ပါ။
🔴 **(2) Saka ကို အဓိကလက်နက်အဖြစ် အသုံးချခဲ့တယ်**
ဒုတိယပိုင်းမှာ Arsenal က ညာတောင်ပံကို ပိုမိုအသုံးချလာပြီး Bukayo Saka ကို 1v1 အနေအထားရအောင် ဖန်တီးပေးခဲ့ပါတယ်။ Calafiori ရဲ့ အချိန်ကိုက်ပြေးဝင်မှုနဲ့ ဖန်တီးပေးတဲ့ Cut-back ကို Saka က အမှားမရှိ အဆုံးသတ်နိုင်ခဲ့ပါတယ်။
🔴 **(3) Counter Press က ပွဲရဲ့ အဓိကသော့ချက်**
Arsenal ဘောလုံးဆုံးရှုံးတိုင်း ချက်ချင်းဖိအားပြန်ပေးတာကြောင့် Villa က Counter Attack စတင်ဖို့ အခွင့်အရေးနည်းခဲ့ပါတယ်။ Villa ရဲ့ Transition ကို အစကတည်းက ဖြတ်တောက်နိုင်ခဲ့တာက Arsenal ရဲ့ ခံစစ်အောင်မြင်မှု ဖြစ်ပါတယ်။
🔴 **(4) Leading After Scoring**
ဂိုးရပြီးနောက် Arsenal က အလျင်လိုမတိုက်တော့ဘဲ Tempo ကို လျှော့ချပြီး ဘောလုံးပိုင်ဆိုင်မှုနဲ့ ပွဲကို ထိန်းချုပ်ခဲ့ပါတယ်။ Villa ကို ဖွင့်ကစားခွင့်မပေးဘဲ Professional Performance တစ်ပွဲ ပြသနိုင်ခဲ့ပါတယ်။
📌 **သုံးသပ်ချက်**
ဒီပွဲက Arsenal ရဲ့ အကောင်းဆုံးတိုက်စစ်ပွဲတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Championship အသင်းတစ်သင်းလို **စိတ်ရှည်မှု၊ Tactical Discipline နဲ့ Game Management** ကို အပြည့်အဝပြသခဲ့တဲ့ နိုင်ပွဲတစ်ပွဲ ဖြစ်ပါတယ်။
**Rating : Arsenal Tactical Performance – 8.5/10** ❤️🤍
31/08/2026
💔 လီယွန်နယ် မက်ဆီ အာဂျင်တီးနားလက်ရွေးစင်အသင်းမှ အနားယူကြောင်း တရားဝင်ကြေညာ
ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ အကြီးကျယ်ဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ **လီယွန်နယ် မက်ဆီ** က အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်းခဲ့တဲ့ ခရီးရှည်ကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။
အသက် (၃၉) နှစ်အရွယ် မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ စပိန်ကို (၁-၀) နဲ့ အရေးနိမ့်ခဲ့တဲ့ နာကျင်စရာအတွေ့အကြုံအပြင် ဖခင်ဖြစ်သူနဲ့ ကာလရှည် ကိုယ်စားလှယ်လည်းဖြစ်တဲ့ **ဟော်ဟဲ မက်ဆီ** ကွယ်လွန်သွားတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်တွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။
တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သူ့ရဲ့ နှုတ်ဆက်စာထဲမှာတော့ လက်ရွေးစင်အသင်းကနေ အနားယူတော့မယ့် ဆုံးဖြတ်ချက်ကို တရားဝင် အတည်ပြုခဲ့သလို၊ ကလပ်ကစားသမားဘဝလည်း မကြာခင် အဆုံးသတ်လာနိုင်ကြောင်း သွယ်ဝိုက်ဖော်ပြခဲ့ပါတယ်။
**မက်ဆီရဲ့ နှုတ်ဆက်စကား**
*"ဗိုလ်လုပွဲပြီးကတည်းက အချိန်တစ်ခုယူပြီး သေချာစဉ်းစားခဲ့ပါတယ်။ အခုတော့ လက်ရွေးစင်အသင်းကနေ အနားယူတော့မယ်ဆိုတာကို အားလုံးကို အသိပေးချင်ပါတယ်။"*
*"ဒီဆုံးဖြတ်ချက်က ကျွန်တော့်အတွက် အရမ်းနာကျင်ရပါတယ်။ အခုထိလည်း နာကျင်နေဆဲပါ။ ဒါပေမယ့် အခုက အချိန်တန်ပြီလို့ နားလည်လာခဲ့ပါတယ်။ ကျွန်တော် အမြဲတမ်း ဒီဂျာစီအတွက် အရာအားလုံး ပေးဆပ်ခဲ့တယ်။ ဆုဖလားတွေရခဲ့တဲ့ နောက်ပိုင်းနှစ်တွေတင် မဟုတ်ဘဲ အစောပိုင်းကတည်းက အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။"*
*"အခုတော့ ကျွန်တော့်ရဲ့ အခန်းကဏ္ဍတစ်ခု ပြီးဆုံးလာပါပြီ။ ကျွန်တော်ပေးနိုင်သမျှ အကုန်ပေးခဲ့ပြီးပြီ။ နောက်မျိုးဆက် လူငယ်ကစားသမားတွေ ဒီနေရာကို ဆက်ခံဖို့ အချိန်ရောက်လာပါပြီ။"*
*"ဒီနှစ်ပေါင်း ၂၀ ကျော်အတွင်း ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုကစပြီး ကျွန်တော်လည်း ခင်ဗျားတို့လိုပဲ ဘေးကနေ အားပေးမယ့် ပရိသတ်တစ်ယောက် ဖြစ်သွားပါပြီ။"*
*"ဒီခရီးရှည်တစ်လျှောက် အမြဲအနားမှာရှိပေးခဲ့တဲ့ မိသားစု၊ နည်းပြတွေ၊ အသင်းဖော်တွေနဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ မမေ့နိုင်တဲ့ အမှတ်တရတွေကို ကျွန်တော်နဲ့အတူ ယူဆောင်သွားမှာပါ။"*
*"အသင်းဖော်တွေနဲ့အတူ အိပ်မက်လို အခိုက်အတန့်တွေကို ဖန်တီးနိုင်ခဲ့တာအတွက် ဂုဏ်ယူပါတယ်။ အားလုံးကို ချစ်ပါတယ်။ ဘုရားသခင်ရေ... ကျွန်တော့်ကို အာဂျင်တီးနားသားတစ်ယောက် ဖြစ်ခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။"*
နောက်ဆုံးမှာတော့ မက်ဆီက...
*"ဒီစာကို ဗိုလ်လုပွဲပြီး နှစ်ရက်အကြာ ဇူလိုင် ၂၁ ရက်နေ့မှာ ရေးခဲ့တာပါ။ ဒီနေ့ အဖေ့အကြောင်း ဖြစ်ခဲ့ပြီးနောက်တော့ ကျွန်တော့်ဆုံးဖြတ်ချက်က အရင်ကထက်တောင် ပိုပြီး ခိုင်မာလာခဲ့ပါတယ်။"* လို့ ထပ်မံရေးသားခဲ့ပါတယ်။
💙🤍 **ကျေးဇူးတင်ပါတယ် မက်ဆီ... အာဂျင်တီးနားဂျာစီနဲ့ မင်းဖန်တီးခဲ့တဲ့ အမှတ်တရတွေက ဘောလုံးသမိုင်းမှာ အမြဲရှင်သန်နေမှာပါ။**
31/08/2026
မန်ယူ ၅-၂ အစ်ဝှစ်တောင်း | နည်းဗျူဟာအမြင်
ရလဒ်က ၅-၂ ဆိုပေမယ့် ဒီပွဲရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်က ဂိုးအရေအတွက်မဟုတ်ဘဲ မန်ယူရဲ့ ကစားပုံပြောင်းလဲလာတာပါ။
ပွဲအစပိုင်းမှာ အစ်ဝှစ်တောင်းရဲ့ ဖိအားပေးကစားပုံကြောင့် မန်ယူက အနည်းငယ်အခက်တွေ့ခဲ့ပြီး ဦးဆောင်ဂိုးပါ ပေးလိုက်ရပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဘောလုံးကို ပိုမိုထိန်းချုပ်လာနိုင်ပြီး ပွဲရဲ့အရှိန်ကို ကိုယ့်ဘက်ကို ပြန်ဆွဲယူနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အဓိကအကျဆုံး ကစားသမားကတော့ Bruno Fernandes ပါ။ ပုံသေ No.10 တစ်ယောက်လို မကစားဘဲ ကွင်းအနှံ့ လွတ်လပ်စွာ လှုပ်ရှားပြီး နေရာလွတ်တွေကို ရှာဖွေခဲ့တာကြောင့် အစ်ဝှစ်တောင်းရဲ့ ကွင်းလယ်က သူ့ကို ထိန်းချုပ်ဖို့ အတော်လေးခက်ခဲခဲ့ပါတယ်။ ဟက်ထရစ်သွင်းနိုင်ခဲ့တာကလည်း ဒီလှုပ်ရှားမှုတွေရဲ့ အကျိုးရလဒ်ပါပဲ။
ဒါပေမယ့် ကျွန်တော့်အမြင်မှာ အသင်းရဲ့ ကစားနှုန်းကို ထိန်းပေးခဲ့သူက Kobbie Mainoo ဖြစ်ပါတယ်။ ဘောလုံးကို အေးအေးဆေးဆေးကိုင်ကစားပြီး Press ကို ကျော်ဖြတ်နိုင်သလို တိုက်စစ်ကိုလည်း အချိန်ကိုက် ချိတ်ဆက်ပေးနိုင်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ မန်ယူက ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။
Marcus Rashford ကလည်း ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူ့ရဲ့အမြန်နှုန်းနဲ့ လှုပ်ရှားမှုတွေကြောင့် နောက်တန်းကို ဆွဲဖြန့်ပေးနိုင်ခဲ့ပြီး Bruno နဲ့ တခြားတိုက်စစ်သမားတွေအတွက် နေရာလွတ်တွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။
သို့သော် အားနည်းချက်တွေတော့ ရှိနေဆဲပါ။ ခံစစ်ပိုင်းမှာ နေရာယူပုံနဲ့ ဘောလုံးဆုံးရှုံးမှုတွေကြောင့် နှစ်ဂိုးပေးလိုက်ရတာက ပိုအားကောင်းတဲ့အသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာ ပြဿနာဖြစ်လာနိုင်ပါတယ်။
အနှစ်ချုပ်ရရင် ဒီပွဲက ရလဒ်ကောင်းရုံတင်မကဘဲ မန်ယူရဲ့ တိုက်စစ်ဖန်တီးပုံနဲ့ ကွင်းလယ်ထိန်းချုပ်နိုင်စွမ်း တိုးတက်လာတာကို မြင်ရတဲ့ပွဲတစ်ပွဲလို့ ပြောလို့ရပါတယ်။ အခုလို စွမ်းဆောင်ရည်ကို ဆက်ထိန်းနိုင်မလားဆိုတာကတော့ ရာသီရဲ့ တကယ့်စမ်းသပ်မှု ဖြစ်လာပါလိမ့်မယ်။
30/08/2026
**𝗠𝗔𝗧𝗖𝗛 𝗔𝗡𝗔𝗟𝗬𝗦𝗜𝗦 | Chelsea 4-3 Brighton**
စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၇ ဂိုးထိိိိိအပြန်အလှန် သွင်းယူ ခဲ့တဲ့ ပွဲစဉ်ဟာ ချဲလ်ဆီးရဲ့ တိုက်စစ်အရည်အသွေးနဲ့ ခံစစ်အားနည်းချက်ကို တစ်ပြိုင်နက်တည်း ဖော်ပြခဲ့တဲ့ မိနစ် ၉၀ ဖြစ်ခဲ့ပါတယ်။
**◉ Chelsea ရဲ့ တိုက်စစ်က ဘာကြောင့် အလုပ်ဖြစ်ခဲ့လဲ?**
ပွဲအစပိုင်းမှာ ချဲလ်ဆီးက Pressing နဲ့ Transition ကို အရှိန်မြှင့်တင်ခဲ့ပြီး ဘရိုက်တန်ရဲ့ Build-up ကို ဖြတ်တောက်နိုင်ခဲ့ပါတယ်။ ဂိုး ၃ ဂိုးအထိ အလျင်အမြန် ရရှိခဲ့တာက နေရာလွတ် တွေကို အသုံးချနိုင်မှုနဲ့ Final Third မှာ ဆုံးဖြတ်ချက်မှန်ကန်ခဲ့တာရဲ့ အကျိုးဆက်ပါ။ လာဗီယာ၊ ပက်ဒရို နက်တို၊ ဂျိုအို ပက်ဒရိုတို့ရဲ့ ဂိုးတွေက ပွဲရဲ့အစပိုင်းကို ချဲလ်ဆီးဘက် ကပွဲအပေါ်ကိုပိုပြီးစိုးမိုးနိုင်ခဲ့တယ် ။
**◉ ဒါပေမယ့် ၃-၀ ကနေ ဘာကြောင့် ပွဲရဲ့အလှည့်အပြောင်း ဖြစ်လာခဲ့တာလဲ?**
ဒုတိယပိုင်းမှာ ချဲလ်ဆီးရဲ့ Pressing အရှိန်ကျသွားခဲ့ပြီး ခံစစ်နောက်တန်းနဲ့ ကွင်းလယ်ကြား နေရာလွတ်တွေ ပေါ်လာခဲ့တယ်။ ဘရိုက်တန်က အဲဒီနေရာတွေကို အသုံးချပြီး ပွဲကို ပြန်လည်အသက်သွင်းနိုင်ခဲ့တယ်။ ချဲလ်ဆီးအတွက် အနိုင်ရခဲ့ပေမယ့် ၃ ဂိုးပေးလိုက်ရခြင်းက Game Management နဲ့ Defensive Concentration ပိုင်းမှာ အားနည်းနေသေးကြောင်း ပြသနေပါတယ်။
**◉ အလွန်အရေးပါတဲ့ အဆုံးအဖြတ်**
ကိုးလ် ပါလ်မာရဲ့ ဂိုးက ပွဲရဲ့ Turning Point ဖြစ်ခဲ့ပါတယ်။ ဘရိုက်တန် ပြန်လည်ဖိအားပေးနေချိန်မှာ အဲဒီဂိုးက ချဲလ်ဆီးရဲ့ အနိုင်ရလဒ်ကို ပိုင်ဆိုင်စေခဲ့ပြီး နောက်ဆုံးမိနစ် ဂိုးပြန်ပေးရ ပေမယ့်လည်း အဖိုးတန် အနိုင် ၃ မှတ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ဒီပွဲက ချဲလ်ဆီးအတွက် **"Attacking Identity is growing, Defensive Stability is still missing."** ဆိုတဲ့ စကားတစ်ကြောင်းနဲ့ အကျဉ်းချုပ်လို့ရပါတယ်။
ဂိုး ၄ ဂိုးသွင်းနိုင်တဲ့ တိုက်စစ်က ချန်ပီယံအသင်းတစ်သင်းရဲ့ အရည်အသွေးကို ပြသခဲ့ပေမယ့်၊ ၃ ဂိုးပြန်ပေးရတဲ့ ခံစစ်ကတော့ ရာသီရှည်တစ်လျှောက် စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ လိုအပ်နေသေးကြောင်း သတိပေးလိုက်တဲ့ ပွဲလည်း ဖြစ်ပါတယ်။
**⭐ Man of the Match: Cole Palmer**
အရေးကြီးဆုံးအချိန်မှာ အရေးကြီးဆုံးဂိုး သွင်းပေးနိုင်ခဲ့ပြီး တိုက်စစ်ရဲ့ အရှိန်ကို ဆက်လက်ဦးဆောင်ခဲ့သူ။