12/10/2025
https://www.facebook.com/share/p/1ajq1yV3z9/
ဒဏ်ရာကပြန်လာတော့မဲ့လီဆန်ဒရိုမာတီနက်ဇ်နဲ့ယူနိုက်တက်ကွင်းလယ် ⁉️
အသင်းကထွက်ပေါ်လာတဲ့ကြေငြာချက်များအရဒဏ်ရာနဲ့ကာလရှည်အနားယူနေရတဲ့နောက်ခံလူမာတီနက်ဇ်တစ်ယောက်လာမဲ့နိုဝင်ဘာလဆန်းအတွင်းပြန်ကစားနိုင်တော့မယ်လို့ဆိုပါတယ်။ယူနိုက်တက်ပရိတ်သတ်တွေအနေနဲ့ဒီလစ်-ယိုရို-မာတီနက် ခံစစ်အတွဲကိုမြင်ရဖို့ရှိသလိုအချို့သောယူနိုက်တက်ပရိတ်သတ်များကတော့လက်ရှိအားမရသေးတဲ့ကွင်းလယ်မှာမာတီနက်ဇ်ကိုကစားချင်နေကြတာတွေ့ရပါတယ်။
မာတီနက်ဇ်ဟာကြံ့ခိုင်မှုနဲ့စိတ်အားထက်သန်မှုအသားပေးကစားသမားဆိုပေမဲ့သူ့ရဲ့ပွဲကိုဖတ်နိုင်မှု၊အန္တရာယ်ရှိတဲ့ပေးပို့မှုတွေလုပ်ဆောင်နိုင်မှုစွမ်းရည်တွေကိုလည်းပိုင်ဆိုင်ထားပါတယ်။မာတီနက်ဇ်ဟာအေဂျက်အသင်းမှာကွင်းလယ်ခံစစ်အနေနဲ့ကစားဘူးတဲ့အတွေ့အကြုံရှိခဲ့သလိုတစ်ဘက်အသင်းကစားကွက်တည်ဆောက်မှုကိုကြန့်ကြာစေတာ၊တန်ပြန်တိုက်စစ်တွေကိုဟန့်တားခြင်းနဲ့ခံစစ်-တိုက်စစ်အကူးအပြောင်းဖြစ်စေတဲ့ဘောလုံးပေးပို့မှုတွေလုပ်ဆောင်ခြင်းတို့မှာလက်ရှိနာမည်ကြီးကွင်းလယ်ခံစစ်ကစားသမားတွေကိုမမှီသော်ငြားကောင်းကောင်းလုပ်ဆောင်နိုင်စွမ်းရှိတာတော့လက်ခံရမှာပါ။
တစ်ခုရှိတာကမာတီနက်ဇ်ကိုသုံးခဲ့သည်ရှိသော်အမိုရင်အနေနဲ့ကတ်ရှ်မဲရိုး-မာတီနက်ဇ်ကို double pivot တွဲပြီးဘရူနိုကိုအရင်ကစားနေကြနံပါတ် ၁၀ နေရာကိုပို့မလား (သို့) ကတ်ရှ်မဲရိုးကိုအရန်ခုံပို့ပြီးမာတီနက်ဇ်-ဘရူနိုတွဲမလားဆိုတာစဉ်းစားစရာဖြစ်လာဖို့ရှိပါတယ်။
ဘရူနိုအနေနဲ့လက်ရှိကစားရတဲ့နေရာမှာရုန်းကန်နေရပေမဲ့နည်းပြအမိုရင်ကတော့ဘရူနိုကို double pivot နေရာမှာဆက်တိုက်ပွဲထုတ်ထားတာတွေ့ရပြီးမာတီနက်ဇ်-ကတ်ရှ်မဲရိုးတွဲခဲ့ရင်တိုက်စစ် ၂ နေရာက အမ်ဘွီမို၊မောင့်၊ကူညာတို့ရှိနေတာကြောင့်ဘရူနိုကိုရှေ့ပို့ခဲ့ရင်လည်းပွဲထွက်လူစာရင်းကအပြောင်းအလဲကြီးကြီးမားမားဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့်ကျွန်တော်တို့ယူနိုက်တက်ပရိတ်သတ်တွေမြင်ချင်တဲ့မာတီနက်ဇ်ပါတဲ့ကွင်းလယ်အတွဲကိုမြင်ရဖို့ရာခိုင်နှုန်းတော်တော်နည်းတယ်လို့ထင်မိပါတယ်ဗျ...✌️
ပို့စ်ကို like & share လုပ်ပြီး page ကိုအားပေးဖို့ယူနိုက်တက်ဖန်ညိုကီတို့ကိုတောင်းဆိုချင်ပါတယ်...👏👏
#မန်ယူနေ့စဉ်