Jess Wondering

Jess Wondering

แชร์

Healthy heart / Healthy Mind

20/09/2025

#2 Reminder ✉

You will never find peace in a place you are not meant to settle.

ကိုယ့်အတွက် မဟုတ်တဲ့နေရာမှာ နေ နေသရွေ့ ဘယ်တော့မှ စိတ်အေးချမ်းမှုဆိုတာကိုရှာတွေ့မှာမဟုတ်ဘူး။

ဒီစကားကိုလည်း move on နေတုန်းကတွေ့ပြီး အသေးစိတ်ကိုမှတ်မိခဲ့တာ။ ရှင်းပြမယ်။

တစ်ခါတစ်လေ ကိုယ့်အတွက်ဖြစ်လာတယ်လို့ခံစားမိတဲ့သူနဲ့တွေ့တယ်။ အချိန်တွေ ရင်းနှီးတယ်။ ဒါပေမယ့် ဆက်ဆံရေးကြီးက လုံးဝမပြေ ။ ပြတ်သင့်မှန်းလည်းသိတယ်။ လက်လွှတ်သင့်မှန်းလည်းသိတယ်။ ဒါပေမယ့် မလုပ်နိုင်ဘူး။ အဲ့ဒီ့ နေရာမှာပဲဆက်နေနေပြီး စိတ်ထဲကတော့ အေးချမ်းမှုကိုခံစားရဖို့ဆုတောင်းနေတယ်ဆိုရင် ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။

ဒါကြောင့်အခုလက်လွှတ်လိုက်ပြီဆိုရင် အချိန်ကာလအပြောင်းအလဲလေးတစ်ခုကြောင့် ခဏတော့ခံစားရလိမ့်မယ်။ ဒါပေမယ့် တစ်ကယ် စိတ်အေးချမ်းမှုကို သေချာပေါက်ရှာတွေ့လိမ့်မယ်။

ဒါကြောင့် ပြန်မတွဲနဲ့။
စာသွားမပို့နဲ့။
စကားသွားမပြောနဲ့။

Breakup reset လုပ်နည်းကို Cmt မှာ Link ချပေးမယ်။ အဲ့တာကိုလုပ်ပါ။ ကိုယ့်ကိုယ်ကိုပြန်သတိပေးဖို့ ဒီPostကို ❤ ပြီး React ပေးခဲ့ပါဦး။



19/09/2025

How to say no when your boyfriend asks for s_x 🗣
___________________________________________

မငြင်းခင် သိထားသင့်တာလေးတွေရယ် ၊ ခေါင်းထဲရှိလောက်မယ့် မေးခွန်းတွေကိုအရင်ဖြေပေးမယ်။

အခုခေတ်ကြီးထဲမှာ အဲ့ ကိစ္စ က ပုံမှန်လိုဖြစ်လာတာလား ။ ◾
-----------------------------------------------------------------------

အခုမှရယ်တော့မဟုတ်ဘူး။အရင်ကလည်းရှိပါတယ်။ ခေတ်ကာလကြောင့်ရယ်။ အခြေအနေကြောင့်ရယ် ။ လူတွေက Society နဲ့ အစ်မတို့ Generation ရဲ့ တစ်ချို့တစ်ဝက် အစွန်းရောက် သင်ကြားမှုတွေကြောင့်ရယ် ၊ လိုတာထက်ပိုပြီး အသည်းအသန်တွေရှက်အောင် ကြောက်အောင်လုပ်ထားတာတွေကြောင့် မပြောကြတာပဲရှိတာ။ အခုခေတ်ကျတော့ မတူတော့ဘူးလေ။ လူတွေကပိုပြီးပညာတွေတတ်လာကြတယ်။ ဗဟုသုတတွေရှိလာကြတယ်။ ပိုပြီးအမြင်ကျယ်လာလို့ ပိုပွင့်လင်းလာတယ်။ ဒီလောက်ပါပဲ။

ကိုယ်ကမလုပ်ချင်ရင် ၊ ကိုယ်ကခေတ်နောက်ကျနေတာလား။ မှားနေတာလား။ ◾
----------------------------------------------------------------

မလုပ်ချင်လို့မလုပ်တာပဲ။ ဘာကမှ မှားမနေဘူး။ တစ်ကယ်လို့ ငြင်းလို့ ရည်းစားက နင်ငါ့ကိုတစ်ကယ်မချစ်ဘူးတို့ ဘာတို့နဲ့ပြောလာရင် ပြတ်လိုက်။ စောစောပြတ်လိုက် အဲ့တာ တစ်ကယ့် 🚩🚩

ဘာလို့လဲဆိုတာကို အစ်မရဲ့ကိုယ်ပိုင်အတွေ့အကြုံကနေသိလာရတာနဲ့ရှင်းပြမယ်။

----------------------------------------------------------------

....ကိစ္စ က နှစ်ဦးနှစ်ဖက်လုံး ကျေနပ်ရဖို့လိုတယ်။ ပျော်ပျော်ရွှင်ရွှင်ခံစားရဖို့လိုတယ်။ မိန်းကလေးတွေအတွက်က Before + During + After ဆိုပြီး အချိန်ကာလ သုံးခုရှိတယ်။

Before ကတော့ မလုပ်ခင်မှာ လုပ်မယ့်သူနဲ့ စိတ်လုံခြုံမှု ခံစားရဖို့လိုတယ်။ Connection ခံစားရဖို့လိုတယ်။ ယုံကြည်ရတယ်လို့ခံစားရဖို့လိုတယ်။ ဒါမှ အတွင်းစိတ်က ဒီလူကိုတစ်ကယ်ယုံကြည်ပြီး စိတ်လုံခြုံမှုရမှ During ဆိုတဲ့ လုပ်နေဆဲကာလမှ ကြောက်စိတ်မဟုတ်ပဲနဲ့ ကောင်းတဲ့ခံစားချက်ကိုအပြည့်အဝရမှာ။ကျေနပ်ရမှာ။ မဟုတ်ရင် နာကျင်ရတာပဲအဖက်တင်လိမ့်မယ်။

ပြီးရင်တော့ After ရောက်လာရင် 👩🏻 တွေရဲ့ ဖွဲ့စည်းပုံအရ အဲ့လူပေါ် Attach ဖြစ်လာတတ်တယ်။ Generation အရ တစ်ခါတစ်လေ ကိုယ့်ဘက်က ပေးလိုက်ရတယ်ဆိုပြီးလည်းတွေးတတ်တယ်။ နှစ်ဖက်လုံးသာကျေနပ်ရင်အဲ့တာပေးရတာမှမဟုတ်တာ။ ပေးရအောင် ပစ္စည်းလည်းမဟုတ်ဘူး။ အဲ့လိုအချိန်မှာ စိတ်ခံစားမှုတွေများလာပြီး တူတူလုပ်တဲ့သူဆီကနေ နောက်တစ်ခါစိတ်လုံခြုံမှုကိုထပ်ခံစားရဖို့လိုတယ် ဒါမှ တစ်ကယ်စိတ်ကျေနပ်ရတာ။မဟုတ်ရင်တော့ အဆင်မပြေဘူး။

အဲ့ဒီ့အခြေခံကို 🧔 တိုင်းသိသင့်တယ်။ တစ်ချို့တွေလည်းသိတယ်။ ဒီတော့ ကိုယ့်ကိုတောင်းဆိုတဲ့ရည်းစားက အဲ့လိုလား ဆိုတာကိုမြင်အောင်ကြည့် အဲ့လိုမဟုတ်ပဲ ကိုယ်ငြင်းတာနဲ့ပဲ ကိုယ့်အပြစ်လို့ခံစားရအောင်လုပ်နေရင် ပြတ်လိုက်ပါ။

ဘယ်အချိန်မှာငြင်းရမလဲ။ ✅
_________________________

- စိတ်လုံခြုံမှုမခံစားရရင်ငြင်းပါ။
- Ready မဖြစ်သေးဘူးလို့ခံစားရရင်ငြင်းပါ။
- လုပ်ချင်စိတ်မရှိရင်ငြင်းပါ။

ဒါပေမယ့် ကိုယ့်လူက ကောင်းတယ်လို့ယုံကြည်ရင် ကိုယ်ခံစားရတာကို ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။

ဘယ်လိုငြင်းမလဲ။ ✅
__________________

စိတ်ခံစားချက်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြီး မလုပ်ချင်သေးဘူးသာပြောလိုက်ပါ။ ကိုယ်နဲ့ပတ်သက်နေတဲ့သူကို ကိုယ့်ခံစားချက်ပွင့်ပွင့်လင်းလင်းပြောဖို့တောင်ကြောက်နေတယ်ဆိုရင် ကိုယ်ကအဲ့ဒီ့လူဆီက စိတ်လုံခြုံမှု ရနေတာမဟုတ်ဘူးနော်။ ဒါဆို Relationship ကိုပြန်စဥ်းစားသင့်ပြီ။

ငြင်းလိုက်ပြီးရင် ဒါကိုကြည့်ပါ။
_____________________________

- ကိုယ်ကမလုပ်ချင်လို့ စိတ်ဆိုးသွားတာလား။🚩

- ကိုယ်ငြင်းလို့ ကိုယ့်ကိုဝေဖန်စကားတွေပြောလား။🚩

- ကိုယ်ကမလုပ်လို့ဆိုတာကိုအကြောင်းပြပြီး ဖောက်_ပြန်လား။ 🚩🚩🚩🚩🚩🚩🚩🚩🚩

- ကိုယ်ငြင်းလို့ ဆိုပြီး စိတ်ထိခိုက်ရအောင်ပြောလား။🚩🚩🚩🚩🚩

အဲ့လိုဖြစ်လာရင် ပြတ်လိုက်ပါ။ 🟩

အပေါ်ကပြောသလိုတွေမဟုတ်ပဲ ကိုယ်ပြောပြတာကိုနားထောင်ပေးတယ်။ ကိုယ့်ဘက်က တွေးပေးတယ်။ နူးနူးညံ့ညံ့ပဲ တုံ့ပြန်ပေးတယ်။ အရင်လိုပဲချစ်​ပေးတယ်။ဘာမှမပြောင်းလဲသွားရင်တော့ မဆိုးဘူးပေါ့။

ဒီနေ့ Post ကတော့ ငယ်တဲ့သူတွေအတွက် ဗဟုသုတရအောင်လို့ Share ပေးတာဖြစ်ပါတယ်။အကျိုးရှိတယ်လို့ခံစားရရင် ဒီ Post ကို ❤ ပေးပြီး Share သွားပေးပါဦး။

19/09/2025

Reminder ✉

They were never special. You just made them special in your head.

အနာကျင်ရဆုံး အချိန်မှာ စွဲနေအောင်မှတ်မိခဲ့တဲ့စကား။ ✉

သူက ဘယ်တုန်းကမှ ထူးခြားတဲ့သူမဟုတ်ခဲ့ဘူး။ ကိုယ့်စိတ်ထဲမှာပဲ ဒီလူကတော့ ဒီလိုလေးတွေမတူဘူး။ ဒီလိုလေးတွေတော့ရှိတယ်။ ဒီလိုလေးတော့ခံစားရတယ်ဒါကြောင့်ဒီလူက ကိုယ့်အတွက် Special Person ပါဆိုပြီး စိတ်ထဲကတစ်နေရာကို ထားခဲ့တာ။

အဲ့စိတ်တွေကိုဖယ်ကြည့်လိုက်ရင် They were never special ဆိုတာကိုမြင်လာပါလိမ့်မယ်။

တစ်ခါတစ်လေကျရင် Breakup ဖြစ်လို့နာကျင်ရတာက ကိုယ့်စိတ်နဲ့ကိုယ်နာကျင်ရတာပိုများတယ်။ တစ်ဖက်လူက ကိုယ့်ကို အစမှာ ပုံစံတစ်မျိုးချပြတယ်။ စကားတွေနဲ့ ကတိတွေပေးတယ်။ ကိုယ်ကအဲ့တာကို ` မွှန် ´ ပြီးသေချာမတွေးနိုင် ၊ မမြင်နိုင်တွေဖြစ်ပြီး ရွေးချယ်လိုက်တယ်။ ပြီးရင်အဲ့ဒီ့လူနဲ့ပတ်သက်တဲ့ Fantasy တွေ ကိုယ့်ဘာသာပုံဖော်လိုက်တယ်။ ကိုယ့်စိတ်နဲ့ကိုယ်ကြည်နူးပြီး အဲ့လူကို တအားတွေ နေရာပေးနေတာ ၊ ဒါပေမယ့် တစ်ကယ့် အခြေအနေမှာ အဲ့ဒီ့လူက ကိုယ်ထင်သလို လူဘယ်တုန်းကမှမဟုတ်ခဲ့ဘူးဆိုတာကို အချိန်နဲ့အမျှသိလာရတော့ မျှော်လင့်ထားတာတွေဖြစ်မလာပဲ နာကျင်ရတာတွေပဲအစားထိုးလာတာ။

ဒါကိုမြင်အောင်တွေး ၊ ဒါကိုမြင်အောင်ကြည့်။ မြင်လာနိုင်ပြီဆိုရင် ကိုယ့်ကိုယ်ကို ပြန်ပြီး Remind လုပ်။

ဒီလူက ကိုယ်လိုချင်တဲ့ပုံစံမျိုးနဲ့သူ ဘယ်တုန်းကမှမဟုတ်ခဲ့ဘူး။ Special Person လည်းမဟုတ်ခဲ့ဘူး။ သာမာန်လူတစ်ယောက်ပဲ။ ကိုယ့်အတွက်တော့မဟုတ်ခဲ့ဘူး။ အဲ့တာ ကို လိုအပ်သလောက်ပြန်တွေးပါ။

စာသွားမပို့နဲ့။
စကားသွားမပြောနဲ့ ။

ဆက်ပြီး Move on နိုင်ဖို့ကြိုးစားပါ။ Breakup reset ဘယ်လိုလုပ်ရမလဲဆိုတာကို cmt မှာ Link ချပေးထားပါမယ်။

ကိုယ့်ကိုယ်ကို Remind လုပ်ရင်းပြန်ဖတ်လို့ရအောင်လို့ ဒီ Postကို ❤ ပေးပြီး Share သွားပေးပါဦး။



Photos from Jess Wondering's post 17/09/2025

Breakup Reset: How to start over ✉
________________________________________

ချစ်တုန်းကလည်းချစ်ပြီးပြီ ။ အကြောင်းအရင်းတွေရှိလို့လည်းလမ်းခွဲပြီးပြီ ။ ဒါဆို အတိတ်ကို အတိတ်မှာထားခဲ့ပြီး ရုန်းထွက်နိုင်ဖို့ ၊ ရှေ့ဆက်နိုင်ဖို့ Healing လုပ်နိုင်ဖို့အတွက် တစ်ယောက်တည်း တိုင်တွေပတ်နေတယ်ဆိုရင် ဒါကိုဖတ်ပါ။

မနေ့က ဂျက် ပြောပြထားသလိုပဲ ၊ လမ်းခွဲပြီးကာစ အခြေအနေကို ရင်ဆိုင်နေရသူတွေအတွက်

Breakup Reset လေးကို ဂျက်ရဲ့အတွေ့အကြုံပေါ်မူတည်ပြီး အဆင့်ဆင့်မျှဝေပေးသွားပါမယ်။ တစ်ပုံချင်းကြည့်ပြီး အကျိုးရှိရင် ဒီ Postကို ❤ ပေးပြီး Share သွားဖို့ မမေ့ပါနဲ့။



16/09/2025

ဆက်ဆံရေး တစ်ခုကို အဆုံးသတ်လိုက်ရတဲ့သူတွေအတွက် မနက်ဖြန်ကစပြီးတော့

` Breakup reset: how to start over ´ ဆိုတဲ့ ခေါင်းစဥ်နဲ့ လမ်းခွဲပြီးနောက်မှာ ခံစားရသမျှသက်သာဖို့ရယ် ၊ ဘဝကိုပြန်စတင်နိုင်ဖို့ လုပ်ရမှာတွေကို Sharing လုပ်ပေးသွားပါမယ်။ 🙏

ဂျက်က Relationship နည်းပြလည်းမဟုတ်ပါဘူး။ လူတွေထဲက လူတစ်ယောက်အနေနဲ့ ဆက်ဆံရေးတွေနဲ့ပတ်သက်လာရင် အမှားတွေများဖူးလို့ ၊ အမှားတွေကနေရသမျှအတွေ့အကြုံတွေကနေတစ်ဆင့် Share ပေးမှာဖြစ်ပါတယ်။

ရင်ဘတ်ကြီးနဲ့ရင်းပြီးမှသိလာရတာတွေကို လိုအပ်နေတဲ့သူတွေအတွက်မျှဝေပေးသွားမှာမို့လို့ ၊ ကိုယ့်အခြေအနေနဲ့တိုက်ဆိုင်ရင် Page ကို စောင့်ကြည့်ပေးပါဦးနော်။ 🎀

DISCLAIMER: No Copyright infringement intended I do not own the music, recordings and other videos used. They belong to the rightful owner. No Copyright infringement intended I do not own the music, recordings and other videos used. They belong to the rightful owner.


14/09/2025

အိုင်မ် ဖိုင်းး ဂင်ချားးးနားး 🤌

Photos from Jess Wondering's post 13/09/2025

လမ်းခွဲပြီးကာစမှာ ခေါင်းထဲမှာ အတွေးတွေ ၊ မေးခွန်းတွေနဲ့ ချာချာလည်နေတဲ့သူတွေအတွက် အဖြေကို ဂျက် ဒီ Post ကနေပေးပါမယ်။

အဲ့တာကြောင့် ` သူ့ဆီ စာသွားမပို့ပါနဲ့။ ´ 🖐

ဒီ Postကိုပဲ ဖတ်လိုက်ပါ။

တစ်ပုံချင်း ကြည့်ပေးနော်။ 👇



13/09/2025

September ဆိုတာ ` ပြတ်သင့်တဲ့အရာတွေ ၊ ထွက်သွားသင့်တဲ့အရာ ၊ ရှေ့မဆက်သင့်တဲ့အရာတွေကို လက်မလွှတ်ချင်ရင်တောင် လက်လွှတ်ရတဲ့ လ ´

ဒီတော့ September မှ ကိုယ့်ဆီပြန်ဝင်လာတဲ့အရာတွေကလည်း ကိုယ့်ဆီကို ရောက်လာသင့်တဲ့အရာမို့လို့ ရောက်လာတာတဲ့ ။

ဒါကိုကြည့်ခြင်းအားဖြင့် တွေးကြည့်ရင် ဂျက်အတွက် Sept မှာ ပြသာနာလေးတွေနည်းနည်းများတယ်။ အဲ့လိုပြသာနာတွေကြောင့် လက်လွှတ်လိုက်ရတာတွေရှိတယ်။ ဖြစ်ချင်တိုင်းဖြစ်မလာပဲ တစ်ခြားတစ်ခုဖြစ်လာတာတွေလည်းရှိတယ်။ အဆုံးသတ်ရတဲ့ ဆက်ဆံရေးတွေလည်းရှိတယ်။

အစကတော့ နည်းနည်းတော့ လောင် တာပေါ့နော်။ နည်းနည်းပြောရင် လိမ် တာ။ တော်တော်ကြီးကို လောင်နေတာ။ ဒါပေမယ့် အခုကျ လက်ခံနိုင်သွားတော့လည်း ` ဖြစ်သင့်လို့ပါလား။ ´ ဆိုတာမြင်လာရော။

ဒီတော့ ပေးချင်တဲ့ Message က 💌
___________________________________

ဒီလမှာ ​လမ်းခွဲရတဲ့ ဆက်ဆံရေးတွေရှိရင် အဲ့တာဖြစ်သင့်လို့ဖြစ်သွားတာ ။ ကံမပါရင်ဘယ်လိုမှလုပ်လို့မရတဲ့အရာတွေလည်းရှိတယ်။ ခွဲခွာသင့်တဲ့ကံပါလို့ခွဲရတာတွေလည်းရှိတယ်။

ဘာလို့လဲဆိုတာကို ကိုယ်ပိုင်အတွေ့အကြုံနဲ့ပြောပြမယ်။

ဟိုနေ့က Post မှာ ဂျက် ပြောပြတယ်လေ။ ဒီလမှာ ရပ်လိုက်ရတဲ့ဆက်ဆံရေးရှိတယ်လို့။ အဲ့ဒီ့ ဆက်ဆံရေး က မပြေတာဘာမှကိုမရှိတာ ။ Too good to be true လိုဖြစ်နေတာ။ အားလုံးပြေပြီး ပျော်နေရလို့ ထူးဆန်းတယ်ဆိုပြီး သူငယ်ချင်းတွေကိုတောင်ပြောနေပါသေးတယ်။ ပြီးလည်းပြီးရော အနာဂတ်အတွက် မတူညီတဲ့ ဦးစားပေးမှုတွေကြောင့် ရပ်လိုက်ရရော။ တော်တော် တော့ လောင်တာပေါ့နော်။ သုံးလေးရက်လောက် ငိုလိုက်သေးတယ်။ နောက်ထပ်သုံးလေးရက်လောက် ရင်းနှီးတဲ့သူတွေဆီ ရင်တွေဖွင့်ပြီး ပြောနေမိသေးတယ်။ အခုတော့ကောင်းသွားပါပြီ။ တစ်ချက် တစ်ချက်တော့ သွားသွားတွေးမိတာတော့ရှိတယ်။

ဒီတော့ အဲ့ဒီ့အခြေအနေကနေ ဘာတွေဖြစ်လာလဲ။
____________________________________________

(1) ပင်ပန်းနေတဲ့ကာလမှာတွေ့ခဲ့လို့ အဲ့ဒီ့ကာလက အပန်းဖြေနေရသလို ပျော်ခဲ့တယ်။

(2) အတွေ့အကြုံအသစ်တွေအများကြီးရခဲ့တယ်။

(3) ကိုယ့်ရဲ့ ဝါသနာနောက်တစ်ခုကိုရှာတွေ့ခဲ့တယ်။

(4) ဂျက် ဆီမှာ Healing လုပ်ဖို့လိုနေတဲ့အရာကိုသတိထားမိလာလို့ အခုအဲ့တာကို Healing လုပ်နေပြီ။

(5) သင်ခန်းစာတစ်ချို့လည်းရခဲ့တယ်။ အဲ့တာတွေကြောင့်လည်း ပိုရင့်ကျက်လာတယ်လို့ခံစားရတယ်။

(6) ဂျက် အနာဂတ်အတွက် နောက်ထပ် ဖြစ်လာချင်တဲ့အရာတွေကိုလည်းသတိထားမိလာလို့ ကြိုးစားနေပြီ။

ဒီတော့ တွေးကြည့်ရင် ဖြစ်ရမယ့်အရာက ဖြစ်သင့်လို့ကို ဖြစ်သွားပြီးတော့ ၊ နာကျင်ရတဲ့အရာဆိုရင်တော့ အဲ့ဒီ့နာကျင်မှုကြောင့် ကိုယ်ကပိုပြီး ရင့်ကျက်လာမှာပဲ။

ဒီတော့ ကိုယ်လိုချင်တာမဖြစ်လာတဲ့အခါ ၊ ဒါကဖြစ်သင့်လို့ဖြစ်လာတာလို့ပဲတွေးပြီး ၊ ရခဲ့တဲ့သင်ခန်းစာတွေကိုအာရုံစိုက်ပါ။ မကြာခင်မှာပိုကောင်းတာတွေလည်းရလာပါလိမ့်မယ်နော်။

အခုပြောပြတာကို သဘောတူတယ် ၊ အမြင်တူတယ်ဆိုရင် ဒီ Post ကို 💜 ပေးပြီး Shareသွားပေးပါဦး။


Photos from Jess Wondering's post 12/09/2025

The theory of letting go, moving on, and starting over — based on my experiences.

အခုလောလောဆယ်ကာလမှာ ဘာကြောင့်ဖြစ်ဖြစ် ဆက်ဆံရေးတစ်ခုကို အဆုံးသတ်လိုက်ရတယ်။ ရင်ထဲမှာ ပြောတောင်မပြတတ်တဲ့ ခံစားချက်တွေ ဗြောင်းဆန်နေတယ်။ ဘယ်ကနေ ဘယ်လို ပြန်ပြီးကိုယ့်ကိုယ်ကို တည်ဆောက်ရမလဲတောင် မသိဘူးဖြစ်နေတဲ့သူတွေအတွက် ဂျက်ရဲ့ အတွေ့အကြုံ တွေကနေ တစ်ဆင့် Guiding လုပ်ပေးပါမယ်။ ဒါကြောင့် စာရှည်ပေမယ့်အဆုံးထိဖတ်ပါ။

1 ) Understand How This Works ✍
___________________________________________

အကြာကြီး စိတ်ရော ၊ နှလုံးသားပါ ရင်းပြီး ပတ်သက်လာတဲ့ ဆက်ဆံရေးကို လက်လွှတ်နိုင်ပြီး ၊ ဘဝကို အစကနေ ပြန်ပျော်ရအောင် တည်ဆောက်ဖို့ဆိုတာ အချိန်ခဏလေးနဲ့တော့မရပါဘူး။ ဒါပေမယ့်မဖြစ်နိုင်တာတော့ လုံးဝ မဟုတ်ပါဘူး။

ဆက်ဆံရေးတစ်ခုရဲ့ ကြာချိန် နဲ့ ခံစားချက် ဘယ်လောက်ရင်းနှီးမြုပ်နှံခဲ့လဲ ဆိုတာပေါ် မူတည်ပြီး
Healing လုပ်နိုင်မယ့် အချိန်လည်း ကွာခြားပါတယ်။ ` အချိန်ကာလ ´ တစ်ခုပဲလိုအပ်တာပါ။ လုံးဝမဖြစ်နိုင်တာမဟုတ်လို့ ` ငါ့ဘဝတော့ မပျော်ရွှင်ရတော့ဘူး။ ´ ` မဖြစ်နိုင်ဘူး။ ´ တို့ မတွေးပါနဲ့။ ဖြစ်နိုင်ကြောင်း သက်သေပြဖို့ ဂျက် ဒီ Page ကနေ တစ်ရက်ခြား တစ်ခါ Step By Step Guide တွေ Share ပေးပါမယ်။ နေ့တိုင်းလိုက်လုပ်ပေးဖို့ပဲလိုပါတယ်။

2 ) It’s Okay . Everything Will Stop ✍
_____________________________________

ရင်ဘတ်ထဲမှာ ပြောမပြတတ်အောင် ၊ နင့် နေအောင်ခံစားနေရတာ လည်း ရပ်သွားမှာပါ။ ခဏခဏ သတိရ တာလည်း ရပ်သွားမှာပါ။ တစ်ညလုံး မအိပ်နိုင်ပဲ ငိုရတာလည်း ရပ်သွားမှာပါ။ ဘာဆက်လုပ်ရမှန်းမသိတာတွေလည်း ရပ်သွားမှာပါ။ နည်းနည်းလေးတော့ အားတင်းထားဖို့တော့လိုမယ်။ ကိုယ်တိုင်ကလည်း Move On လုပ်ချင်စိတ်ရှိဖို့လည်းလိုမယ်။ ဒါဆိုရင်ရပါပြီ။

3 ) Happiness and Love Will Come Again
______________________________________

ပြန်ပြီးပျော်ရွှင်ရမှာပါ။ ထပ်ပြီးလည်း ချစ်နိုင်မှာပါ။ အားလုံးကို ပြန်လုပ်နိုင်ပြီးတော့ ကိုယ့်ဘဝမှာ အပျော်ရွှင်ရဆုံးအချိန်တွေကိုလည်း ထပ်ရလာဦးမှာပါနော်။

_____________________________

Theory
________________

ပြတ်သွားပြီးတဲ့ နောက်မှာ ချက်ချင်း Move On နိုင်တာတို့ ၊ ချက်ချင်းကြီးရှေ့ဆက်နိုင်သွားတာတို့ဆိုတာက သိပ်တော့မလွယ်ဘူး။ ပြတ်ပြီးပြီးချင်းလည်း အရာအားလုံးမေ့သွားတာမျိုးမဟုတ် ၊ သတိမရတော့တာမျိုးလည်းမဟုတ်ပဲနဲ့ ချက်ချင်းလည်းမလွှတ်ချနိုင်ဘူး။

အရင်ဆုံး ဘာကနေစလုပ်ရလဲဆိုရင်တော့

- ဆက်ဆံရေးကို တစ်ကယ်လွှတ်ချလိုက်တဲ့အချိန် ( Let Go ) လုပ်နိုင်တဲ့အချိန်ကနေအရင်စပါတယ်။

- အဲ့တာပြီးမှ Move On ဖို့အတွက် အချိန်ယူရပြီးတော့ ၊ အဲ့အချိန်အတွင်းမှာ လုပ်ရတာတွေလည်း Step by Step ရှိပါတယ်။

- ပြီးတော့မှ Starting Over ဆိုတဲ့ အရာအားလုံး ကိုပြန်စခြင်းဆိုတဲ့အဆင့်ကိုရောက်ပါတယ်။

အဆင့်တိုင်းက နည်းနည်းလေးတော့ခက်ခဲပေမယ့် တစ်ကယ်လည်းကျော်ဖြတ်နိုင်ပါလိမ့်မယ်။ ဂျက် ကိုယ်တိုင်လည်းကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အခုပြောပြတာတော့ အေးဆေးပေါ့နော် ။ ကျော်ဖြတ်ရတဲ့အချိန်တွေတုန်းကတော့ စိမ့် နေတာပဲ။ 🤌

ဒီတော့ တစ်ကယ်လို့ ဒီစာကို ရည်းစားနဲ့ပြတ်ထားတဲ့ကာလမှာတွေ့တာဆိုရင် ဒီနေ့ အဝငိိုလိုက်ပါ။ အကုန်ဖွင့်ထုတ်ချလိုက်ပါ။ မငိုနိုင်တော့တဲ့အထိငိုပြီးရင်တော့ အစကနေပြန်စဖို့အတွက် ဒီ Page ထဲကို ပြန်လာခဲ့ပါ။ ဘယ်လိုလုပ်ရမလဲ တစ်ရက်ခြားတစ်ခါ Share ပေးပါမယ်နော်။

* ဒီ Post ကို အသည်းကွဲနေတဲ့ သင့်သူငယ်ချင်းဆီပို့လိုက်ပါဦး။ *


Photos from Jess Wondering's post 11/09/2025

ဆက်ဆံရေးတိုင်းက ကိုယ်ဖြစ်ချင်သလို ဖြစ်မလာခဲ့ရင် နာကျင်ရတယ် ။ ပင်ပန်းရတယ် ။ ဒါပေမယ့် နောက်ဆုံးကျရင်တော့

ကိုယ့် ဘဝ အတွက် အကျိုးရှိတဲ့သင်ခန်းစာတစ်ခုခုတော့ ရလိုက်တယ်မလား။

ဂျက် အတွက်လည်းအဲ့လိုပဲ။ ဂျက် ဆီမှာက တစ်ခုခုဖြစ်ပြီးသွားရင် အဲ့ဒီ့ဖြစ်တဲ့ ကိစ္စရဲ့ အရင်းအမြစ် ၊ ဘာလို့ဖြစ်တယ် ၊ ဘာတွေသိလိုက်တယ်ဆိုတာကို အရမ်းတွေးတတ်တယ်အကျင့်ရှိတယ်။

ဒီတော့ နှစ်တွေအကြာကြီးအတွင်းမှာ ဆက်ဆံရေးပေါင်းစုံရှိခဲ့တာကနေ ရင်ဘတ်ကြီးနဲ့ရင်းပြီး သိလာရတဲ့ သင်ခန်းစာတွေကို ဂျက် ထက် ငယ်တဲ့ သူတွေနဲ့ တူညီတဲ့အခြေအနေ ရင်ဆိုင်နေရတဲ့သူတွေအတွက် Share ပေးသွားပါမယ်။ 👇

တစ်ပုံချင်း ကြည့်ပြီး အသေးစိတ်ဖတ်ကြည့်ပါ။ အကျိုးရှိတယ်လို့ ခံစားရရင် 💖 ပေးပြီး Share ပေးသွားပါ။ ပိုသိရဖို့ Page ကို Like and Follow လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်။

👇👇


Photos from Jess Wondering's post 08/09/2025

သူငယ်ချင်းမှမပါရင် မသွားရဲဘူး။ ဘယ်မှလည်းမသွားတတ်ဘူး။ 👥

ရည်းစားရတော့လည်း အရာရာ ရည်းစားနဲ့ပဲလုပ်တယ်။ အပြင်လည်းရည်းစားနဲ့ပဲသွားတယ်။ ပြတ်လည်းပြတ်ရော တစ်ယောက်တည်းပြန်ဖြစ်ပြီး အဲ့ဒီ့
` တစ်ယောက်တည်း ´ ဆိုတဲ့အခြေအနေက ကိုယ့်အတွက် အရမ်းခက်ခဲနေတဲ့သူတွေကို

စိတ်ခွန်အားပေးဖို့အတွက် ဂျက် ကိုယ်တိုင် တော်တော်များများ အရာတွေကို တစ်ယောက်တည်းလုပ်ပြပါမယ်။

ဥပမာ Shopping Mall သွားတာ ၊ ရုပ်ရှင်ကြည့်တာ ၊ အပြင်တွေလျှောက်သွားတာ ၊ တစ်ခုခုသွားစားတာ စသည်ဖြင့် မိတ်ဆွေတွေ ပါမှ ၊ တစ်ယောက်ယောက်ပါမှ ပျော်ရွှင်ရတယ်လို့ ခံစားရတဲ့အရာမျိုးတွေကို တစ်ယောက်တည်းလုပ်ပြပါမယ်။

ထင်သလောက်မခက်ခဲဘူးဆိုတာရယ် ၊ ကိုယ့်ဘာသာလည်းလုပ်နိုင်တယ်ဆိုတာလေးသိစေချင်တာရယ် ၊ ကိုယ့် ` ခွက် ´ က ပြည့်နေရင် သူများလာဖြည့်ပေးတာစောင့်စရာမလိုဘူး ဆိုတာကို သက်သေပြချင်လို့

အရင်ဆုံး တစ်ယောက်တည်း ` Hiking ´ သွားပြထားပါတယ်။

ဂျက် အတွက်က အဲ့ဒီ့နေရာက ပူပူနွေးနွေး သဘောကျထားတဲ့ တစ်ယောက်နဲ့ အမှတ်တရတွေ
ရှိပြီးတော့ ဆက်ဆံရေးကတော့ ပူပူနွေးနွေး အဆုံးသတ်ထားတာပေါ့နော်။ အဲ့တော့ တူတဲ့နေရာကိုရောက်ရင် ၊ တူတဲ့အမှတ်တရတွေသွားသွား သတိရပြီး စိတ်မခိုင်လို့ မ Move On နိုင်ဘူးဆိုတာကိုမဖြစ်ရအောင်လို့ ဂျက်ကတော့ တစ်ယောက်တည်းလည်းထပ်သွားတယ်။ ထပ်လုပ်တယ်။ အဲ့ဒီ့ အတွေ့အကြုံကို Share ထားတဲ့ Video လေးရိုက်ထားပါတယ်။

Tiktok မှာ အရင်တင်ထားတာမို့လို့ ဒီ Link ထဲမှာဝင်ကြည့်ပြီး Like and Follow လုပ်ခဲ့ပေးပါဦးနော်။ 👇

https://vm.tiktok.com/ZP8SRMwdu/

ရဲဖမ်းခံရတာနဲ့ ၊ ကြောက်စရာတွေ့လို့ ထွက်ပြေးလာတဲ့ ဂယက်လည်းပါတာပေါ့နော်။ 🤌

ကိုယ့်ဘာသာ ပဲသွားကြည့်လိုက်ပါတော့။

__________

IG - jess_wondering25


Photos from Jess Wondering's post 07/09/2025

vd content ရိုက်မယ်ဆိုပြီး ၊ တစ်ယောက်တည်း hiking သွားတယ်ပေါ့နော်။ အစမှာ တင် ရဲနဲ့တိုးပြီး လိုင်စင်မရှိပဲမောင်းလို့ Ticket ရလာရော။ 🥹
အဲ့တာနဲ့ Ticket ယူ ။ တောင် ရောက်တဲ့ထိ ဆက်မောင်းပြီး Vd တွေရိုက်ပြီး ပြန်ရောက်ပြီးတော့ ဒဏ်ငွေဆောင်ရမယ့်စာရွက်ကို အိမ်က ` ကြောင် ´ က စားလိုက်ရော။ 🤌

ဒီတိုင်း Online ကရှင်းရင်ပြီးမယ့် ကိစ္စ ကို ရဲစခန်းသွားရတော့မယ်။ 🤌

ဘာဖြစ်တာလဲဆို ကြောင် စားလိုက်တာလို့ပြောရင် ရော်ကဲ တွေက ယုံကြမှာလား။ 🤌

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Chiang Mai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Chiang Mai