27/02/2026
TEAM PHOENIX (W)FC 💙💙
🔥 ONE NIGHT, TWO EPIC MOMENTS! 🔥
📣 28 FEB 2026 စနေနေ့ညနေ (၈:၀၀) နာရီမှာတော့ ကျွန်တော်တို့ရဲ့ UNICORN CHIANGMAI LEAGUE ပွဲသိမ်းအခမ်းအနားကို ပိုမိုတောက်ပစေမယ့် "Unicorn Women Cup" ချင်းမိုင်ကအမျိုးသမီးအသင်းများရဲ့ ဖိတ်ခေါ်ဖလား ပြိုင်ပွဲကြီးကို ကျင်းပသွားမှာ ဖြစ်ပါတယ်။
ခြေစွမ်းခြေစရှိတဲ့ အမျိုးသမီးအသင်း (၃) သင်းရဲ့ အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေကို အားပေးရင်း အမျိုးသမီးချန်ပီယံအဖြစ် ဘယ်အသင်း အနေနဲ့ ထွက်ပေါ်လာမလည်းတစ်နေရာတည်းမှာ ရှုစားရမှာပါ။
🏆 ပါဝင်ယှဉ်ပြိုင်မယ့် အသင်းများ:
၁။ Phoenix Dok FC
၂။ Zinme’ United
၃။ Tai Nova FC
⏱ ပြိုင်ပွဲပုံစံကိုတော့ သုံးသင်းပတ်လည် (Round Robin) စနစ်ဖြင့် တစ်ပွဲလျှင် မိနစ် (၂၀) စီ ကစားကာ အမှတ်အများဆုံးအသင်းက Unicorn Women Cup ကို သိမ်းပိုက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
🎊 The Grand Finale & Trophy Presentation 🎊
အမျိုးသမီးဖိတ်ခေါ်ဖလား ပွဲစဉ်များအပြီးမှာတော့ ကျွန်တော်တို့အားလုံး စောင့်မျှော်နေကြတဲ့ League Season 1 ရဲ့ ချန်ပီယံ NOVA FC နဲ့ အတူ အောင်မြင်မှု ရရှိထားတဲ့ Phoenix Dok FC၊ ZINME’ United တို့ကို ဆုဖလား၊ဆုတံဆိပ်များနှင့်အတူ ဆုကြေးငွေများဖြင့်ဂုဏ်ပြုမယ့် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပသွားမှာပါ။
ဘယ်အမျိုးသမီးအသင်းက UNICORN WOMEN CUP ဖလားကိုအရယူသွားမလဲ? ဆိုတာကိုတော့ အတူတူ လာရောက်အားပေးရင်း စောင့်ကြည့်သွားဖို့ ဖိတ်ခေါ်လိုက်ပါတယ်!
📍 နေရာ: Allmag Arena 🏟️
🕗 အချိန်: ညနေ ၈:၀၀ နာရီမှ စတင်၍
24/02/2026