06/10/2026
Gym ရောက်ရင် weight/fat loss ဖြစ်ဖို့ Treadmill ပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ အမောဆို့အောင် ပြေးနေတုန်းပဲလား? ❗
ပြီးရင် energy တွေကုန်၊ ဗိုက်တွေဆာပြီး ဆီပြန်ဟင်းတို့
ရှမ်းခေါက်ဆွဲ တို့ ငပိချက်လေးတို့နဲ့ ဗိုက်ဆာဆာနဲ့ အစားတွေ ပိုစားမိနေပြီမလား?🫡😆
မပြေးတတ်ရင် injuryက အပိုလက်ဆောင်ပါရအုံးမယ်
Fat lossအဓိကဖြစ်ဖို့အတွက် ပြေးတာဆိုရင်တော့ သင် လုပ်နေတဲ့ နည်းလမ်း မှားနေပါပြီ။❓
အမောခံနိုင်ဖို့ ဘာညာ ပြေးတာကြိုက်တဲ့သူကတော့ဆက်ပြေးပါ 🙏🙂
General people တွေအတွက်
အဆီကို ရေရှည်တကယ်ထိထိရောက်ရောက် ချချင်ရင် Zone 2 Cardio ကို ပြောင်းလုပ်ကြည့်ပါ။
✨ Zone 2 cadioက
• နှလုံးခုန်နှုန်းကို အလယ်အလတ်ပဲ ထားလို့ အဆီလောင်ကျွမ်းမှု ဇုန် (Fat Burning Zone) ထဲကို တိုက်ရိုက်ရောက်ပါတယ်။
• ကြွက်သားကို အပြည့်အဝ ထိန်းပေးထားနိုင်တယ်။
• နေ့တိုင်းလုပ်လည်း ခန္ဓာကိုယ်က နာကျင်ပင်ပန်းမနေပါ။
ကိုယ့်ရဲ့ အမြင့်ဆုံး နှလုံးခုန်နှုန်း (Max Heart Rate) ရဲ့ ၆၀% ကနေ ၇၀% ဝန်းကျင်မှာပဲ ရှိနေအောင် ညင်ညင်သာသာ လုပ်ရတဲ့ လေ့ကျင့်ခန်းပါ။
လွယ်လွယ်ပြောရရင် "မောတော့မောတယ်၊ ဒါပေမဲ့ ဘေးကလူနဲ့ စကားကောင်းကောင်း ပြောလို့ရသေးတဲ့ speed" မျိုး ဖြစ်ပါတယ်။✔️✔️
🔥
ပြင်းထန်တဲ့ Cardio (ဥပမာ- အပြင်းပြေးတာ) က ခန္ဓာကိုယ်ထဲက သကြားဓာတ် (Carbs) ကိုပဲ လောင်စာအဖြစ် အဓိကသုံးပေမဲ့ Zone 2 ကတော့ အဆီ fatsကို တိုက်ရိုက်ဆွဲထုတ်ပြီး လောင်ကျွမ်းပါတယ်။
ပီးတော့ အပြင်းအထန် ဆော့တာမဟုတ်လို့ ကြွက်သားဆုံးရှုံးမှု (Muscle Loss) မဖြစ်စေပါဘူး။
✅
မပင်ပန်းဘဲ ဒဏ်ရာရမှုနည်းခြင်း: အဆစ်အမြစ် ဒဏ်ရာ မရနိုင်သလို၊ Cortisol (စိတ်ဖိစီးမှု) မတက်လို့ ဗိုက်ခဏခဏ ဆာတာမျိုး မဖြစ်စေပါဘူး။
•
လမ်းလျှောက်စက်ကို incline တင်ပီးအရှိန်အလယ်အလတ်နဲ့ လျှောက်ခြင်း
(Incline Treadmill Walk)
Power walk လမ်းမြန်မြန်ရိုးရိုးလျောက်ခြင်း
•
လှေကားတက်စက် (Stairmaster) ကို
အရှိန်အေးအေးနဲ့ နင်းခြင်း
•
စက်ဘီး စီးခြင်း စသဖြင့် ကိုယ်ကြိုက်ရာတစ်ခုကို
➡️ တစ်ပတ်ကို ၃ ရက်ကနေ ၅ ရက်၊ တစ်ခါလုပ်ရင် မိနစ် ၃၀ မှ ၄၅ မိနစ်။
"အဆီကျဖို့က ပင်ပန်းဆင်းရဲစရာမလိုပါဘူး၊ သိပ္ပံနည်းကျ စနစ်တကျ သွားဖို့ပဲ လိုတာပါ။"
🎯
Heavy Weight Training တွေနဲ့ ဒီ Zone 2 Cardio ကိုသာ စနစ်တကျ ပေါင်းစပ်လိုက်ရင် သင့်ခန္ဓာကိုယ်က အဆီတွေ အရည်ပျော်ကျဖို့ပဲ ရှိပါတော့တယ်။
Bodybuilding လုပ်တဲ့လူတိုင်းနီးပါးလဲ ဒီနည်းစနစ်ကိုဘဲသုံးပါတယ်
ဒါပေမဲ့ cadio တော့နေ့တိုငိးလုပ်ပီး လက်လွတ်စပယ်စားချင်တိုင်းစားနေရင်တော့ ပြောင်းလဲမှာမဟုတ်ပါ❗❗
Key point ကတော့လူတိုင်း တော်တော်များများသိတဲ့
Calories Deficitပါ
ကိုယ်တိုင်ပြောင်းလဲချင်စိတ် ဘယ်လောက်ပျင်းပြလဲ
စိတ်ရှိတဲ့လူကတော့ဘာပဲဖြစ်ဖြစ် ကြိုးစားပြုပြင်ရပါမယ်
💪 စနစ်တကျနဲ့ ၆ ပတ်ကနေ ၁၂ ပတ်အတွင်း အပြောင်းအလဲကို မြင်ချင်တယ်ဆိုရင်:
ကျနော့်ရဲ့ Personal Coaching မှာ သင့်ရဲ့ အရပ်၊ ကိုယ်အလေးချိန်နဲ့ ကိုက်ညီမယ့် Target Macros (Protein/Carb/Fat) Schedule နဲ့ Cardio Plan ကို တိတိကျကျ လိုက်လုပ်နိုင်ရင် ဆွဲပေးပါတယ်
မိမိပြောင်းလဲဖို့က မိမိကိုယ်တိုင်ပါဘဲ ကျန်တော်တို့က ဘယ်လို အန်တရယ်ကင်းကင်းနဲ့ ထိထိရောက်ရောက် ပန်းတိုင်အမြန်ရောက်ဖို့ လမ်းဘဲ ညွှန်ပေးနိုင်တာပါ🫡