The Daily Kick Football News

The Daily Kick Football News

แชร์

Breaking football news, match updates & transfer rumors - all in one place

25/05/2025

Rumor သတင်းတွေ အရ ဒီနေ့ ညကန်မယ့် Manu Vs Aston Villa ပွဲမှာ မန်ယူ ဂိုးသမား အိုနာနာ ပါဝင်လာမည် မဟုတ်ပဲ အရောင်းစာရင်းထဲ တင်ထားသည် ဖြစ်သောကြောင့် ချန်လှပ် ခံရသည်ဟု သတင်းထွက်ပေါ်လာပါတယ်

The Daily Kick Football News

25/05/2025

ဒီတပတ် Premier ပွဲစဉ်ထဲက အကောင်းဆုံး ၄ပွဲ ကို ခန့်မှန်းပေးပါရစေ

Fulham Vs Mancity

ဖူဟမ် ကလဲ အမှတ်မလိုတော့တဲ့ အခြေအနေမှာ မန်စီးတီးကလဲ သရေ တမှတ် သို့မဟုတ် ရှုံးရင်တောင် သူ့အောက်က ၃သင်းလုံး နိုင်မှသာ ချံပီယံ league ဝင်ခွင့်က ထွက်ခွါရမှာ ဆိုတော့ ဖိအား ကင်းကင်းနဲ့ ကန်ရမှာဖြစ်တဲ့အပြင် ပုံမှန် ခြေစွမ်း ပြန်ရနေသော အသင်းဖြစ်လို့ နိုင်ရင်တောင် ၁လုံးလောက် ကပ်နိုင်ပြီး အဆိုးဆုံး သရေ ကျသွားနိုင်ပါတယ်

ManU Vs AstonVilla

Europa League ဖိုင်နယ်မှာ ရှုံးထားတဲ့ မန်ယူဟာ သိက္ခာ ပြန်ဆယ်ဖို့ အတွက် ဒီပွဲကို ရုန်းကန် ကစားမှာ ဖြစ်ပါတယ် နည်းပြနဲ့ မပြေလည်တဲ့ ဂါနာချိုက လွဲရင် ဒဏ်ရာ ကင်းတဲ့ သူ အကုန် ပြန်ပါနိုင်ပါတယ်

တဖက််မှာ Aston Villa ကလဲ နိုင်မှ ချံပီယံ league ကို ကန်ရဖို့ မျှော်လင့် နိုင်မှာပါ
ဒါတောင် ချလ်ဆီးက သရေ သို့မဟုတ် ရှုံးမှာသာ မျှော်လင့်နိုင်မှာပါ ဗီလာဟာ အဝေးကွင်း ၂ပွဲဆက် ရှုံး ထားတာက လွဲ ပြီး ပုံမှန်​ခြေစွမ်းကောင်းရထားတဲ့ အသင်းဖြစ်ေိပါတယ်
ဖိအားနဲ့ အနိုင်လိုနေတဲ့ ဗီလာကြောင့် သရေ သို့မဟုတ် ဗီလာက နိုင်မယ်လို့ ခန့်မှန်းရင်း ဂိုးများနိုင်ပါတယ်

Newcastle Vs Everton

Newcastle ကတော့ ချံပီယံ league ဝင်ခွင့် ပြိုင်တဲ့ ၄ပွဲမှာ ပွဲချောင်ဆုံးတဲ့ အသင်း ဖြစ်နေပါတယ်

အဲဗာတန်ရဲ့ အဝေးကွင်း ညံ့တဲ့ ခြေစွမ်းကြောင့် နယူးကာဆယ်အတွက် ဂိုးပြတ်မပြတ်သာ စောင့်ကြည့်ရမယ့် ပွဲစဉ်သာ ဖြစ်ပါတယ်

Nottingham Vs Chelsea

ဒီတပတ်ရဲ့ အကောင်းဆုံး ပွဲ တခုဖြစ်ပါတယ်

နိုင်တဲ့ အသင်းက ချံပီယံ ဝင်ခွင့်ရမှာ ဖြစ်ပြီး Nottingham ကတော့ Aston Villa အသင်းရဲ့ ပွဲအဖြေပေါ် မူတည်ပြီး ဝင့်ခွင့် ရမရ ကြည့်ရမှာပါ

ချဲလ်ကြီးကတော့ ဒီပွဲ ကန်ပြီးရင် Conference League Final ကန်ရမှာပါ

ပုံမှန်ခြေ စွမ်းရနေတဲ့ ချလ်ဆီး ကြောင့် ချလ်ဆီးဘက်က ရှိနေပြီး ယုတ်စွ အဆုံး သရေသာ

Nottingham မျှော်လင့်ရမှာပါ

The Daily Kick Football News

24/05/2025

Breaking New

Ruben Amorim မန်ယူနည်းပြကတော့ ဂါနာချိုအား အသင်းသစ် ရှာရန် ပြောကြားထားပြီး ဖြစ်ပါတယ်

ဗိုလ်လုပွဲစဉ်အပြီး ဂါနာချို နည်းပြနှင့်ပတ်သက် ပြောကြားခဲ့ပြီးနောက် အခုလို သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်

The Daily Kick Football News

Photos from The Daily Kick Football News's post 24/05/2025

မန်ယူ ထွက် လူကာကူ တော်မီနေး တို့ရဲ့ သွင်းဂိုးနဲ့ နာပိုလီဟာ ၄ကြိမ်မြောက် ဟာ ချန်ပီယံ ဖြစ်လာခဲ့ပြီး တော်မီနေး တနှစ်တာ အကောင်းဆုံးဆု MVP award ရခဲ့တဲ့ အဖိုးတန်ည

ဒီမနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့
Como 1907 နဲ့ Napoli တို့ ပွဲစဉ် အပြီးမှာ နာပိုလီ အသင်းဟာ အင်တာမီလန် ထက် ရမှတ် တမှတ် အသာဖြင့် ထိုက်တန်စွာ ချန်ပီယံ ဖြစ်လာခဲ့တာပါ

မန်ယူ ကစားသမားဟောင်း ၂ယောက်ဖြစ်တဲ့ တော်မီနေး 42’ လူကာကူ 51’ သွင်းဂိုးတို့နဲ့ ချန်ပီယံ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်

ဒါ့အပြင် တော်မီနေး ဟာလဲ League MVP award ဆုကိုလဲ ပထမဆုံး သူ၏ ကစားသမားဘဝ မှာ ပထမဆုံး နှစ်မှာပဲ အီတာလီယံ မြေမှာ ရရှိခဲ့တာဖြစ်ပါတယ်

Congratulations ပါ Napoli
The Daily Kick Football News

23/05/2025

ယခုနှစ် 2025 ရာသီမှာ free agent နဲ့ ရမယ့် နာမည်ကြီး football top players အကြောင်းကို တင်ပြပါရစေ

Cristiano Ronaldo, 40, FW, Al Nassr

Al-Nassr နဲ့ ထိပ်တန်းဂိုးသွင်း အသက် ၄၀ ရှိပြီဖြစ်တဲ့ Ronaldo ဟာ ဒီရာသီ အကုန်မှာ စာချုပ်ကုန်ဆုံးမယ် ဖြစ်ပြီး စာချုပ် သက်တမ်း မတိုးလိုတော့ပဲ Saudi Club ထဲက Club World Cup ယှဉ်ပြိုင်ခွင့်ရထားတဲ့ Al Hilal club ကလဲ ခေါ်ယူ ဖို့ ဆွေးနွေးနေကြောင်း သတင်း ထွက်ပေါ်ထားပါတယ်။ ဒါ့အပြင် ဘရာဇီး ကလပ် Botafogo ကလဲ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။ မည်သို့ပင်ဆိုစေကာမူ Ronaldo တယောက် ဘယ်လို မျိုးနဲ့ ဆက်လက် ဘောလုံးလောကမှာ ခြေဆန့်ဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ

Lionel Messi, 37, FW, Inter Miami CF

Messi ကတော့ ဒီနှစ် 2025 အကုန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ၁နှစ် သက်တမ်းထပ်တိုးဖို့ အသင်းဘက်က ဆွေးနွေးလိုနေတာပဲဖြစ်ပါတယ်
ဒါပေမယ့် Messi ဘက်ကတော့ ဆက်နေဖို့အတွက် စဉ်းစားနေပြီး လက်မှတ် ထိုးဖို့ မှင်တွေဟာ ခြောက်သွေ့သည့်တိုင်အောင် အကြောင်းပြချက်မျိုးစုံးနဲ့ တွန့်ဆုတ်နေကြောင်း ကြားသိရပါတယ်

Leroy Sané, 29, FW, Bayern Munich

Sane တယောက်ကတော့ ဘယန်မြူးနစ်နဲ့စာချုပ်သစ် ချုပ်ဖို့ မျှော်လင့်နေပေမယ့် Arsenal နဲ့ Liverpool ကလည်း ခေါ်ယူဖို့ စောင့်ကြည့်ခံနေရကြောင်း သတင်းထွက်ပေါ်နေပါတယ်

Kevin De Bruyne, 33, AM, Manchester City

မန်စီးတီး ကွယ်လယ်ကစားသမားကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ ပွဲစဉ်မှာတော့ မန်စီးတီးကွင်း Etihad ကွင်းမှာ မျက်ရည်များစွားနဲ့ ဝမ်းနည်းစွာ နှုတ်ဆက်ခဲ့ပါတယ်
ပြောင်းရွေ့မှုကိုတော့ ခုထိ သေချာ ရေရာစွာ မသိရသေးပဲ MLS Chicago Fire FC ,Saudi Clubs တွေအပြင် အီတလီ ကလပ် Napoli ကပါ စိတ်ဝင်စားနေကြောင်း သတင်းဆက်လက် ထွက်ပေါ်နေပါတယ်

Jonathan Tah, 29, CB, Bayer Leverkusen

လေဗာကူဆင်က Tag ကတော့ ဘာယန်မြူးနစ် အသင်းကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ပြောင်းဖို့
ပြီးခဲ့တဲ့ နွေရာသီကတည်းက သဘောတူညီ ထားတယ်လို့ သိရပါတယ်

Trent Alexander-Arnold, 26, RB, Liverpool

လီဗာပူး ညာနောက်ခံ ကစားသမား Alexander-Arnold ကတော့ Real Madrid ကို အလွတ်နဲ့ ပြောင်းဖို့ကို သဘောတူညီမှု ရထားတယ်လို့ ရာသီ မကုန်ခင်ကတည်းက သတင်းကျယ်လောင်စွာ ထွက်ပေါ်ထားတာ ဖြစ်ပါတယ်

Luka Modrić , 39 ,CM Real Madrid

Real Madrid အသင်းမှာ ၁၃ နှစ်ကြာဖြတ်သန်းပြီးနောက် ဒီရာသီ စာချုပ် သက်တမ်း ကုန်ဆုံးရင် အလွတ် ထွက်ခွါမှာ ဖြစ်ပြီး ဘယ်အသင်းကိုပြောင်းမယ်ဆိုတာကို သတင်းထွက်ရှိမလာသေးကြောင်း သိရှိရပါတယ်

Jonathan David , 25,ST, Lille

စာချုပ်သက်တမ်း ကုန်ဆုံးပြီး အလွတ်ပြောင်းရွေ့ကြေးနဲ့ ရမယ့် Canadian Striker David ကို
Premier Club တွေ ဖြစ်တဲ့ ManU , Chelsea , Arsenal က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်

Neymar,33, LW, (Santos)

ကာလတို စာချုပ်နဲ့ Santos ကို ပြောင်းရွေ့လာတဲ့ နေမာ ကိုတော့ အသင်းက 2026 World Cup ပြီးတဲ့ အထိ စာချုပ်သက်တမ်း တိုးချင်းပေမယ့် ကစားသမားကတော့ Europe အသင်းတွေဘက် ပြောင်းရွေ့လိုကြောင်း သိရှိရပါတယ်

Callum Wilson , ST ,33, Newcastle United

ဒီရာသီမှာ ဒဏ်ရာတွေကြောင့် ရုန်းကန်နေရတဲ့ Wilson ကိုတော့ အသင်းက တနှစ် သက်တမ်းတိုးမယ်လို့ ကြားသိရသော်လည်း ထွက်ခွါလိုပါက ထွက်ခွါလို့ ရကြောင်း ပြောကြားထားပါတယ်
ကစားသမားကို Leeds United ကလဲ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်

ဘောလုံး အကြောင်းတွေကို အချိန်နဲ့ တပြေးညီ သိရှိလိုပါက like and follow လုပ်ထားကြဖို့ မမေ့ပါနဲ့နော် 😍

23/05/2025

Thomas Tuchel ကတော့ England လူစာရင်းထဲမှာ FODEN, MAGUIRE နဲ့ BOWEN တို့ကို ရွေးချယ်မထားကြောင်း ပြောကြားလာခဲ့ပြီး update line up အသင်းလူစား ထုတ်ပြန်ခဲ့ပါတယ်

Phil Foden: မန်စီးတီး ကစားသမားကတော့ ခြေဆစ် ဒဏ်ရာကနေ ပြန်လည်မသက်သာသေးပဲ ပြန်လည် သက်သာအောင် အချိန်ယူဖို့ လိုတဲ့ အတွက် လူစာရင်းကနေ သူ့ဘာသာ နှုတ်ထွက်ခဲ့တာပါ

Harry Maguire: မန်ယူနောက်ခံလူ ကစားသမားကိုတော့ အသင်းနည်းပြကိုယ်တိုင် ပုံမှန် ခြေစွမ်းပြန်မရသေးဘူး ယူဆလို့ ချန်ထညးခဲ့တာ ဖြစ်ပါတယ်

Jarrod Bowen: ဝက်စ်ဟမ်း တိုက်စစ် ကစားသမားကိုတော့ ဘာကြောင့် မရွေးချယ်လဲဆိုတာ အတိအကျ မထုတ်ပြန်ထားပါဘူး

Ivan Tony : AI-Ahli မှာ ကစားနေတဲ့ အိုက်ဗန်တိုနေးကတော့ 2024 Euro ပြီးကတည်းက အခုမှ လူစာရင်းထဲ ပြန်လည်ရွေးချယ်ခံရတာ ဖြစ်ပါတယ်

Trevoh Chalobah: ချဲလ်ဆီး နောက်ခံ ကစားသမားကတော့ သူ့ရဲ့ ဒီရာသီ ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် ပထမဆုံး Senior England လူစာရင်းမှာ ရွေးချယ် ခံခဲ့ရတာ ဖြစ်ပါတယ်

England လူစာရင်း

GK: Henderson, Pickford, Trafford

DF: Alexander-Arnold, Burn, Chalobah, Colwill, James, Konsa, Lewis-Skelly, Walker

MF: Bellingham, Eze, Gallagher, Gibbs-White, Henderson, Jones, Palmer, Rice, Rogers

FW: Gordon, Kane, Madueke, Saka, Toney, Watkins

Source
LiveScore

Photos from The Daily Kick Football News's post 23/05/2025

ဒီတပတ် Premier League ပွဲတွေရဲ့ နောက်ဆုံးပွဲစဉ်တွေထဲမှာ တန်းဆင်းဇုန် တိုက်ပွဲ အတွက် ရင်ခုန် စရာ မရှိပေမယ်
Champion League / Europa League နဲ့ Europa Conference League တွေရဲ့ ဝင်ခွင့်ပွဲစဉ် 4ပွဲ နဲ့အသင်း ၅သင်း အတွက်ကတော့ စိတ်ဝင်တစား စောင့်ကြည့်ရမယ့်အထဲ ပါလာပါပြီ

Fulham & (Manchester City)

Manchester United & (Aston Villa)

(Newcastle United)& Everton

(Nottingham Forest) & (Chelsea)

ဒီပွဲစဉ် ၄ပွဲကတော့ ကြည့်ကောင်းမယ့် ပွဲ ဖြစ်ပြီး

(Nottingham Forest) & (Chelsea) ပွဲစဉ်ကတော့ ကြည့်လို့ကောင်း စိတ်ဝင်စားဖို့ အကောင်းဆုံးပွဲစဉ် အဖြစ် ရှိနေမှာ ပဲ ဖြစ်ပါတယ်

Manchester City ကတော့ သရေ တမှတ် ရရုံနဲ့ Champions League ဝင်ခွင့်ရရှိမှာ ဖြစ်ပြီး ရှုံးခဲ့ရင်တော့ အခြားပွဲစဉ် ရလာဒ်ပေါ်မူတည်ပြီး စောင့်ကြည့်ရမှာပါ

Aston Villa ကတော့ အဝေးကွင်း ဖြစ်တဲ့ အပြင် Manchester United ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်လို့
အသင်းက မမဆောင်းလိုပဲ ချောင်သလိုလို မချောင်သလိုလို ဖြစ်နေလားပဲ ဘာလို့လဲ ဆိုတော့ ခြေပျက်နေတဲ့ အသင်း Europa Champion ကို ပူပူနွေးနွေး လက်လွှတ်ထားရတဲ့ အသင်းဖြစ်တဲ့အပြင် ရာသီ နောက်ဆုံးပွဲဖြစ်လို့ အနိုင်နဲ့ မပိတ်ရင်တောင် သရေနဲ့ ပိတ်ရအောင် ကန်မယ့် အသင်းဖြစ်နေလို့ Villa အတွက် သေချာ ကန်ရမယ့် ပွဲဖြစ်နေတာပဲ ဖြစ်ပါတယ်

Newcastle ကတော့ အချောင်ဆုံး အသင်း ဖြစ်မယ်လို့ မှတ်ယူရမှာပဲ ဖြစ်ပါတယ်

(Nottingham Forest) & (Chelsea)

ဒီပွဲစဉ်ကတော့ ၂သင်းစလုံး အသေအကြေ ရေကုန်ရေခမ်း ကန်ရမှာဆိုတော့ အတော်ကြည့်ကောင်းမယ့် ပွဲစဉ်လို့ သတ်မှတ်ရမှာပါ

Sunday မနက်မှာတော့ ပွဲစဉ် ၄ပွဲကို အသေးစိတ် ခန့်မှန်း ပြောပြပေးသွားပါမယ် ခင်ဗျာ

23/05/2025

Luka Modric ကတော့ ရီးရဲမှာ ၁၃ နှစ် ကာလ ကျော်ဖြတ်ပြီးတော့ ဒီနှစ် Club World Cup ပြီးရင် ထွက်ခွါ တော့မှာဖြစ်ကြောင်း သူ့ instagram မှာရေးသားခဲ့ပါတယ်။

“Wishing you all the best in your next adventure’’ ပါ Luka ရေ

23/05/2025

We’re excited to bring you the latest football news, match updates, transfer buzz, and everything in between — straight from the pitch to your feed!

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Chiang Mai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ที่อยู่


Chiang Mai
50230