27/12/2023
✅Fatloss အတွက်ပဲဖြစ်ဖြစ်
✅Muscle Gain အတွက်ပဲဖြစ်ဖြစ်
Balance Nutrition is the keyပါ
Weight lossဖြစ်ချင်လို့ Fasting တွေလုပ်တယ်။
Body weightကျပါတယ်။
တစ်ခုသိထားရမှာက Weight Loss ဖြစ်ခြင်းဟာ Fatlossဖြစ်တာမဟုတ်သလို
ခန္ဓာကိုယ်အတွက် အရေးပါတဲ့ Muscle နဲ့ ရေဓါတ်ဆုံးရှုံးလို့ weight loss ဖြစ်နေတာဖြစ်ပါတယ်။
Musle lossဖြစ်ပြီဆိုရင်တော့ Fatburnဖို့အတွက်
အရေးပါတဲ့ Metabolism ထိုးကျပါတယ်။
အဲ့အတွက် Fatburnတဲ့ ဖြစ်စဉ်ကလည်း မဖြစ်နိုင်တော့ပါဘူး။
အဲ့တာကြောင့် Fasting ရပ်လိုက်တာနဲ့ တစ်ပြိုင်နက်
Body Weightတစ်ဟုန်ထိုးပြန်တက်လာတာဖြစ်ပါတယ်။
အဲ့ဒီကစပြီး ဖောင်းပိန် သံသရာ စတာပါပဲ။
အဲ့တာကြောင့် ကိုယ်လိုချင်တဲ့ပန်းတိုင်ရဖို့
✅စိတ်ရှည်ပါ
✅တစ်စိုက်မတ်မတ်လုပ်ဆောင်ပါ
✅မှန်ကန်တဲ့လမ်းစဉ်ကို ရွေးချယ်ပါ လို့ပဲ အကြံပေးချင်ပါတယ်။
01/12/2023
Why is hybrid training important in our daily life?
ကမ္ဘာ့နိုင်ငံအသီးသီးဟာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ တဖြည်းဖြည်းနဲ့ Robot ဆန်လာကြပါတယ်။
တစ်နေရာကနေ တစ်နေရာ ဆိုင်ကယ်နဲ့ ကားနဲ့သွားကြတယ်။ အလုပ်ရောက်တော့လည်းအထိုင်များကြပါတယ်။
ကလေးတွေတောင်မှပဲ အိမ်ထဲမှာ ဖုန်းတစ်လုံးနဲ့ ငြိမ်နေကြပါပြီ။ အပြင်ထွက်ဆော့တဲ့ကလေးတောင် သိပ်မတွေ့ရသလောက်ပါ။
ဒါတင်မက လေ့ကျင့်ခန်းသွားလုပ်ဖို့ Gymရောက်ပြန်တော့လည်း အလေးတွေကို အထက် အောက် အရှေ့နောက် သာလျှင်လှုပ်ရှားကြပြန်ပါတယ်။
တကယ်တော့ ပြင်ပလက်တွေ့ဘ၀မှာပါ သန်မာဖို့(Movement strength)အတွက် အထက် အောက် အရှေ့ အနောက်နဲ့တင် မလုံလောက်ပါဘူး။
Why?
1. ကျွန်တော် ပြင်ပဘ၀မှာ လှုပ်ရှားမှုတွေဟာ လားရာ
မျိုးစုံကို လှုပ်ရှားကြရတယ်။
2. ကြွက်သားအုပ်စုတစ်ခုတည်း လှုပ်ရှားရခြင်းမဟုတ်
ဘဲ တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေရော
Connective Tissues တွေပါ Kinetic Chain
ကြီးတစ်ခုလုံး အတွဲလိုက် ဟန်ချက်ညီညီ
(Mobility - Stability)လှုပ်ရှားကြရပါတယ်။
အဲ့လို မလေ့ကျင့်ထားတဲ့အခါ ကျွန်တော်တို့ရဲ့ နေ့စဉ် ဘ၀ အလုပ်တွေမှာ
- ဒဏ်ရာ ရလွယ်ခြင်း (Knee Pain, Lowerback pain, Shoulder pain)
- လေးလံထိုင်းမှိုင်း သွက်လက်မှုမရှိခြင်း
- ကိုယ်နေဟန်ထားပျက်လာခြင်း တွေဟာ မီးခိုးကြွက်လျောက်ဖြစ်လာတတ်ပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ Daily Fitnessမှာ (Hypertrophy) ကြွက်သားကြီးထွားဖို့အတွက်ပဲ လေ့ကျင့်တာထက် အဘက်ဘက်က သန်မြန်ဖျတ်လတ်အောင် Movement Strength, Movement Speed,
Cardio respiratory, Functional Training တွေ
တစ်ပါတည်းပေါင်းစပ်ထားတဲ့ Hybrid Trainingတွေ လေ့ကျင့်ဖို့ လိုအပ်နေပြီလို့ အကြံပြုပါရစေ။
ယနေ့ခေတ် Fitnessမှာ
Everyday is athlete
Everyone can be an athlete
Life as sport လို့ခံယူကြလို့
Performance exerciseတွေဟာ အားကစားသမားတွေအတွက်သာမက ကလေး၊ လူငယ်၊ လူကြီး အတွက် လေ့ကျင့်ဖို့လိုအပ်နေပါပြီ။
ကျွန်တော်တို့ Gym Joe Page ကနေပြီးတော့ Fitness နဲ့ပတ်သတ်တဲ့ Knowledge တွေ Share လုပ်ပေးသွားမှာဖြစ်လို့ Like and Follow လုပ်ထားကြပါဦးနော်။