The Madrid Guy From Myanmar

The Madrid Guy From Myanmar

แชร์

04/09/2026

ယနေ့ညမှာတော့ ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါ ပွဲစဉ် (၄) အဖြစ် ရီးရဲလ်ဘက်တစ်ရဲ့ Estadio de La Cartuja ကွင်းကို သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘက်တစ် ရဲကွင်းမှာ ကစားရမှာဖြစ်လို့ ပေါ့ပျက်ပျက်ကစားရင် အမှတ်လျော့သွားနိုင်ပါတယ်
"ဘက်တစ်အသင်းရဲ့ အိမ်ကွင်းဟာ ဘယ်အသင်းကြီးအတွက်မဆို အမှတ်လျော့လေ့ရှိတဲ့ ခက်ခဲတဲ့နေရာတစ်ခုပါ။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၈ ပွဲမှာ ဘက်တစ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကို ကြံ့ကြံ့ခံနိုင်ခဲ့တာ တွေ့ရသလို၊ အမှတ်ခွဲယူနိုင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
​ဒါကြောင့်မို့လို့ ပွဲစကတည်းက အာရုံစိုက်မှုအပြည့်နဲ့ ပွဲကို ထိန်းချုပ်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။
"ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်ဘက်က ကြည့်ရင်တော့ ရာသီအဖွင့် ၃ ပွဲစလုံး အနိုင်ရထားပြီး ရမှတ် ၉ မှတ် အပြည့်နဲ့ ဇယားအဆင့်၂မှာ ဦးဆောင်နေပါတယ်။ တိုက်စစ်ပိုင်းမှာလည်း ၃ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူထားပါတယ်
​ဒါပေမဲ့ ပြီးခဲ့တဲ့ပွဲတွေမှာ တွေ့ခဲ့ရတဲ့အတိုင်း Game Control ပိုင်း လိုအပ်ချက်တွေကိုတော့ ဒီပွဲမှာ အဓိက ပြင်ဆင်လာဖို့ မျှော်လင့်ရပါတယ်။"
"ဒီပွဲဟာ ဇယားထိပ်မှာ နေရာမြဲဖို့အတွက် မဖြစ်မနေ အနိုင် ၃ မှတ် ယူရမယ့် ပွဲဖြစ်ပြီး ခက်ခဲမှာ သေချာပေမဲ့ အသင်းရဲ့ တိုက်စစ်ထက်မြက်မှုနဲ့အတူ အနိုင်ရလဒ်ကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
​ကဲ... ညီအစ်ကိုတို့ရော ဒီနေ့ညပွဲမှာ ရီးရဲလ်မက်ဒရစ် ဂိုးဘယ်လောက်နဲ့ အနိုင်ရမလဲဆိုတာ Comment မှာ ခန့်မှန်းသွားကြပါဦး။ အားလုံးကို ကျေးဇူးတင်ပါတယ်။" Hala Madrid

31/08/2026

.ရီးရဲ ၄.၀ မာလာဂါ ပွဲပြီးအမြင်

30/08/2026

Full Time 4.0

ရသန်လေးတော့မှန်လာပီ အဖျားမရှူးဖို့ဘဲလိုတော့တယ်.အိပ်ပီဗျာ
Photo Madrid Zone

30/08/2026

ပထမပိုင်းအပြီးမှာတော့ အသင်းအနေနဲ့ မာလာဂါအသင်းကို ၃ - ၀ ဖြင့် ဂိုးပြတ် ဦးဆောင်ထားပါတယ်။
​ပထမဦးဆောင်ဂိုးကို ပွဲချ်န် (၁၉ မိနစ်):မှာ ဂျူးဘယ်လင်ဟမ်ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုမှတစ်ဆင့် စတင် ရယူပေးခဲ့တာ ဖြစ်ပါတယ်။
​ဒုတိယဦးဆောင်ဂိုးကိုတော့ (၂၆ မိနစ်): ဘာပေရဲ့ ပိတ်သွင်းချက်ကို ဂိုးသမား ပုတ်ထုတ်ရာမှ ပြန်ထွက်လာသည့်ဘောလုံးကို ဂျူးဘယ်လင်ဟမ်က ခေါင်းတိုက်သွင်းယူခဲ့ရာ ပြိုင်ဘက် နောက်ခံလူနှင့် ထိမှန်ပြီး (Own Goal) ဖြစ်သွားခဲ့ပါတယ်။
​တတိယဦးဆောင်ဂိုးကို အာနို (Alexander-Arnold) ရဲ့ ဖြတ်တင်ဘောမှတစ်ဆင့် ဘာပေက အပိုင် ပိတ်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ် ပြောပါတယ် ဂိုးပြတ်မပြတ်ပဲကည့်ရမှာလို့

30/08/2026

ယနေ့ည ရီးရဲမက်ဒရစ်ပွဲရှိသည်
လာမဲ့ အချိန်ကတော့ ည ၁၀ နာရီ ဖြစ်ပါတယ်
အသင်းအနေနဲ့ အိမ်ကွင်း ဘာနေဗျူးမှာ တန်းတက် မာလာဂါ အသင်းကို ဧည့်ခံကစားရမှာဖြစ်ပါတယ်
ဒီပွဲ မှာလည်း အနိုင် ၃မှတ်ကို အသာအယာ ယူသွားမယ်လို့ထင်ပါတယ် ဂိုးပြတ်မပြတ်ဘဲ စောင့်ကြည့်ရမယ်
ဒါပေမဲ့လည်း အသင်းက အစောပိုင်းပွဲတွေဆိုရင် ကြောင်ပျောက်နေကြဆိုတော့ ခပ်လန့်လန့်ရယ် 😊😊

27/08/2026

၂၀၂၆/၂၇ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် (UCL) League Phase မဲခွဲပွဲအရ ရီးယဲလ် မဒရစ်အသင်း ရင်ဆိုင်ရမည့် အသင်း (၈) သင်း
​ အာဆင်နယ်အသင်းနှင့် အဝေးကွင်း (Emirates Stadium) မှာ သွားရောက်ရင်ဆိုင်ရမည့် ပွဲကတော့ Madridsta တွေသေချာပေါက် မလွတ်တမ်း စောင့်ကြည့်ရမဲ့ ပွဲဘဲဗျာ ဒီ League Phase ကိုဘယ်လိုမြင်ကြလဲ ညီကိုတို့

Photo Madrid Zone

27/08/2026

Breaking New
အသင်းက
ဂရန်နာဒါ နောက်ခံလူ
အော်စကာ နာဆေးကို ခေါ်ယူတော့မယ်လို့ သိရပါတယ်

အသက် ၂၁ နှစ် အရွယ် ဂါနာ နောက်ခံလူ အတွက်
ယူရို ၂ သန်း ပေးချေခဲ့ရပြီး ကတ်စတယ်ယာမှာ
အရင် ကစားမယ်လို့ သိရပါတယ် ။

Photo: Madrid Zone

26/08/2026

Man Of The Match ကတော့ Hattrick ရယူသွားတဲ့ လိပ်ကလေး ဖြစ်ပါတယ်😍😍

26/08/2026

Full Time
Real Madrid 4-1 Real Socieded

​"ဒုတိယပိုင်း စစချင်းမှာပဲ နည်းပြအနေနဲ့ ပထမပိုင်းမှာ အဝါကတ် ထိထားတဲ့ Carreras (ကာရီးရက်စ်) အစား Cucurella (ကူကူရယ်လာ) နဲ့ အမြန် အစားထိုးပြီး နည်းဗျူဟာ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။
​ ပွဲချိန် မိနစ် ၆၀ မှာတော့ Jude Bellingham ရဲ့ဝမ်းတူးရိုက်ပီး ဖန်တီးပေးမှုကနေ Kylian Mbappé က ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။"
၂-၁ နဲ့ ဦးဆောင်လိုက်ရပြီးတဲ့ နောက်ပိုင်းမှာတော့ အသင်းဟာ ပွဲကို ပိုပြီး စိုးမိုးနိုင်ခဲ့သလို ကစားပုံလည်း ပိုငြိမ်သွားခဲ့ပါတယ်။
​ခဏအကြာမှာပဲ Bellingham ရဲ့ နောက်ထပ် ဖန်တီးပေးမှုကနေ Vinícius Jr. က အသာအယာ ပိတ်သွင်းယူခဲ့ပြီး ဂိုးပြတ်သွားခဲ့တာပါ။ ဒီပွဲမှာ Vini က ပထမပိုင်း ရုန်းကန်ခဲ့ရပေမဲ့ ဒုတိယပိုင်းမှာတော့ အသင်းအတွက် အရေးပါတဲ့ ဂိုးနဲ့ ဖန်တီးမှုကို ပြန်လည် လုပ်ပြနိုင်ခဲ့ပါတယ်။"
​"အပိတ်ဂိုးကိုတော့ Vini ရဲ့ တိကျတဲ့ ဖန်တီးပေးမှုကနေပဲ Mbappé က ထပ်မံ သွင်းယူပေးခဲ့တာကြောင့် အသင်းအတွက် သုံးမှတ် အပြည့်ရခဲ့သလို... Mbappé အနေနဲ့လည်း ဒီရာသီ လာလီဂါ ဒုတိယမြောက် ပွဲစဉ်မှာတင် Hattrick ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
​ကစားပုံ အစောပိုင်းမှာ လိုအပ်ချက် အချို့ ရှိခဲ့ပေမဲ့ ဒုတိယပိုင်း နည်းဗျူဟာ အပြောင်းအလဲနဲ့ တိုက်စစ်မှူးတွေရဲ့ တိကျမှုကြောင့် အိမ်ကွင်းဘာနေဗျူး မှာ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တဲ့ ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။"

26/08/2026

HT Real Madrid 1.1 Real Socieded
ကစားပုံက ဘာဖြစ်နေတာလဲ အာဒရာဂူလာကို ညာတောင်ပံမှာ အဆင်မပြေပါဘူးဆိုတာကို ထည့်ဖြစ်အောင်ထည့်သေးတယ် အိမ်ကွင်းက ပရိတ်သတ်တွေကိုမှ အားမနာ ကန်ချင်သလိုကန်နေကြတယ် ဒုတိယပိုင်း အပြောင်းအလဲ လုပ်သင့်ပါတယ်

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Kanchanaburi?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Thai Food Group Public Company Limited, หมู่ที่ 4 46/19 Tambon U Lok Si Mun
Kanchanaburi
71000