Southern yoeyar tiger

Southern yoeyar tiger

แชร์

Myanmar lethwei fighters supporter 👊

14/12/2025

ONE Friday Fights 137 ပွဲတွေက ရှယ်ပဲဗျို့ 🔥

လာမယ့် ဒီဇင်ဘာ (၁၉) ရက်နေ့ သောကြာည ONE Friday Fights 137 ပြိုင်ပွဲမှာ ပါဝင်တဲ့ တွဲဆိုင်းအားလုံးကို ONE က ချပြလိုက်ပြီ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့ နာမည်ကျော် ထိုင်းဖိုက်တာအများစုကို ပွဲထုတ်ထားပြီး ခေါင်တွဲဆိုင်းကတော့ တာဝမ်ချိုင် နှင့် တရုတ်ဖိုက်တာ လီမင်ယန် တို့က Featherweight Kickboxing ပွဲကစားမှာ ဖြစ်ပြီး ဒုတိယခေါင်ပွဲကတော့ ကူလာဒမ် နဲ့ PTT တို့က Bantamweight Muay Thai ပွဲကစားမှာ ဖြစ်ပါတယ်။

ထိုင်းကရင်ဖိုက်တာ စူအာဘလက်က ထိုင်းဖိုက်တာ ပတ်ခွန်းနဲ့ မွေထိုင်းပွဲ ကစားမှာဖြစ်ပါတယ်။

ကဲညီအကိုတို့ ဒီတစ်ပတ်ပွဲစဉ်တွေက ရှယ်မို့လို့ ကြည့်ဖြစ်အောင် ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

07/10/2025

ကျော်ကြီး ONE ပွဲထိုးဖို့ စာချုပ်မှာ လက်မှတ်ထိုးထားပြီးပြီနော် မကြာခင် ကျော်ကြီးပွဲ ကြည့်ရတော့မှာပါ။

06/10/2025

မွန်ပုဆိုးနဲ့ ပွဲထွက်လေ့ရှိတဲ့ ထွန်းမင်းအောင်ရဲ့ ပွဲ လာပါပြီ။

Thai Fight ချန်ပီယံဟောင်း Tengnaung နဲ့ လာမယ့် (၁၇) ရက်နေ့ သောကြာည ONE Friday Fights 129 ကစားသွားတော့မှာ ဖြစ်ပါတယ်။

ထွန်းမင်းအောင်ကို အားပေးကြပါအုံး

Photos from Southern yoeyar tiger's post 27/09/2025

သွေးလင်းထက် Unanimous Desecion ဖြင့် ရှုံးနိမ့်သွားပါပြီ

ဆန်အေက အသက် (၄၁) နှစ်အရွယ် မထင်ရဘူး တော်တော်လေးကို ကောင်းပါတယ်။သူရဲ့ ခြေကန်ချက်တွေထိရင် သွေးလင်းထက် ခါခါထွက်သွားတဲ့အထိ အားပါနေခဲ့တယ်။

သွေးလင်းထက်က ဒီပွဲမှာ အားနည်းနေသလိုပဲ၊ ထိုးချက်ကန်ချက်တွေကို အားသိပ်မရဘူး၊ ဒုတိယအချီမှာ နောက်ပြန်တံတောင်ရိုက်ချက်ထိပြီး ဆန်အေ အမှတ်စဉ်ရေခံလိုက်ရပေမယ့် အဲဒီနောက်ပိုင်း ဆန်အေကပဲတောက်လျှောက် ဖိထိုးလာလာနိုင်ခဲ့တယ်။

တတိယအချီမှာဆိုရင် သွေးလင်းထက် အမှတ်စဉ်တစ်
ကြိမ် ရေခံလိုက်ရတယ်။ အလဲထိုးမခံလိုက်ရတာပဲ ကံကောင်းတယ်။ဒိုင်အဆုံးဖြတ်မှာတော့ ဆန်အေကပဲ အမှတ်ပြတ်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။

Fighting သွေးလင်းထက် အကောင်းဆုံးပြန်လာနိုင်ပါစေလို့ မျှော်လင့်ပါတယ်။


Photos from Southern yoeyar tiger's post 26/09/2025

ဒီညမှာ (26/09/25) အားပေးရမယ့် ဖိုက်တာ (၂) ယောက်

သွေးလင်းထက် 🇲🇲 vs 🇹🇭 ဆမ်အေ ( ပွဲစဉ် ၆)

စူအာဘလက် 🇹🇭 vs 🇹🇭 ဆက်ဆန်( ပွဲစဉ် ၉)

ပွဲက မြန်မာစံတော်ချိန် ည (၇:၀၀) မှာ စပါမယ် ဒီဖိုက်တာ (၂) ယောက်ကို အတူတူ အားပေးဝန်းရံကြရအောင်


25/09/2025

မနက်ဖြန်ည ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့ သွေးလင်းထက် ဒေါ်လာတစ်သိန်းတန် စာချုပ်ရယူနိုင်မလားဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုကြရအောင် ….

Photos from Southern yoeyar tiger's post 25/09/2025

မနက်ဖြန်ညမှာ ကြည့်ရှုရမယ့် အလန်းစား တွဲဆိုင်းများ ..

25/09/2025

သွေးလင်းထက် vs ဆမ်အေ ဆေးစစ်ဝိတ်ချိန်ပြီးစီး မနက်ဖြန်ည ဗျင်းကြမယ်။ သွေးလင်းထက် အနိုင်ရမယ်လို့ ယုံကြည်တယ်။

24/09/2025

မင်းကတော့ နည်းနည်းများသွားလို့ ရေမန်းမှုတ်ဆရာရေ .. ထိုင်းဖိုက်တာတွေကိုပဲ အနိုင်ပေးပြီး ခန့်မှန်းတယ် ။

Photos from Southern yoeyar tiger's post 24/09/2025

ကျော်စွာဝင်းရဲ့ သူငယ်ချင်း နာ့ရွတ် ပွဲလာပြီ။

လာမယ့် နိုဝင်ဘာလ (၇) ရက်နေ့မှာ ရော့ထန်ကို ရှုံးနိမ့်ထားတဲ့ ဂျက်ကော့ စမစ် နဲ့ ONE Fights Night 37 ပြိုင်ပွဲမှာ ကစားရမှာ ဖြစ်ပါတယ်။

နာ့ရွတ် နောက်ဆုံးကစားထားတဲ့ ပွဲမှာ ကျောက်ဆူရိုင်းကို ပထမအချီမှာ အလဲထိုးနဲ့ ရှုံးနိမ့်ထားတာပါ။ဒီတစ်ကြိမ်မှာတော့ ONE က ရှုံးပွဲတွေ့ထားတဲ့ ဖိုက်တာအချင်းချင်း ပွဲတည်ပေးထားပြီး တစ်ယောက်ယောက်ကို နိုင်ပွဲရစေချင်တာပါ။

ဘယ်ဖိုက်တာ အနိုင်ရသွားမလဲဆိုတာ ...



Photos from Southern yoeyar tiger's post 23/09/2025

မကြာခင်မှာ ကြိုးဝိုင်းထဲ ပြန်လည်မြင်တွေ့ရတော့မယ် ကျော်စွာဝင်းရဲ့နည်းပြ Y2K

ကျော်စွာဝင်းရဲ့ Fairtex Gym ဆရာလည်းဖြစ် နည်းပြပြလည်းဖြစ်တဲ့ Y2K ကို မြန်မာပရိတ်သတ်တွေ တော်တော်များများ သိကြမှာပါ။

Y2K ဟာ မကြာမီ ကြိုးဝိုင်းထဲကို တစ်ကျော့ပြန်လာတော့မှာပါ။

လာမယ့် အောက်တိုဘာလ (4) ရက်၊ စနေနေ့ည Max Muay Thai Promotion ရဲ့ (၆၁ )ကီလိုတန်းမှာ အီတလီဖိုက်တာ Anuar Cisneros နဲ့ မွေထိုင်းပွဲ ယှဉ်ပြိုင်မှာဖြစ်လို့ အားပေးကြရအောင်ဗျာ ...

Y2K ကြီး ပွဲဝေးနေတာ ကြာပြီဖြစ်ပေမဲ့ အနိုင်ရပါစေလို့ ဆုတောင်းပါတယ်။


23/09/2025

ဘဝမှာပထမဦးဆုံး ကိုကြီးမပါဘဲနဲ့ခရီးထွက်ရတော့ ရင်ထဲမှာတ မျိုးကြီးနဲ့ခံစားရခက်တယ် ဒါပေမဲ့ ကောင်းစေချင်လို့ ကိုကြီး ရွေးချယ်ပေးခဲ့တဲ့လမ်းကို သားအစွမ်းကုန်ကြိုးစားပါ့မယ် ကို ကြီးကသားအတွက်မရှိမဖြစ်စွမ်းအားတခုမို့ ကျန်းမားရေးကို အထူးဂရုစိုက်ပါ။

🗣️ သန့်ဇင်

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน patong?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Patong
83150