25/09/2025
Personal training တွေနဲ့ Online camp တွေ မကြာခင်မှာ
ပြန်စမှာမလို့ ကျွန်တော်ဆော့နေတာတွေနဲ့ ပက်သက်ပြီး
သိလိုတာတွေသင်ချင်တာတွေကို စချင်သူများအနေနဲ့
အချိန်တွေကြိုတင် Booking လုပ်ထားနိုင်ပါပြီခင်ဗျာ ⭐
CrossFit affiliation မရှိ/မလုပ်ထားတာကြောင့်
CrossFit brand နာမည်သုံးလို့မရလို့ CF လို့ မရေးတာပါ
မြန်မာနိုင်ငံမှာ CF နဲ့ ပက်သက်လို့ အခြား SEA နိုင်ငံတွေထက်
အရမ်းအားနည်းနေတာတွေ့ရပါတယ် 📉
ဒီအတွက်လည်း free sharing တွေ
အများကြီးလုပ်ရပါအုံးမယ် ⭐
မကြာခင်မှာ တွေ့ကြပါမယ် 🔥
Personal training booking လုပ်ထားနိုင်ပါပြီ ✅
ဒီ account ကိုပဲ တိုက်ရိုက်ဆက်သွယ်ပေးပါခင်ဗျာ
https://www.facebook.com/share/1WFi1UCRWo/?mibextid=wwXIfr
23/08/2025
CrossFit training ဟာ တကယ်ကို လူတိုင်းအတွက်
အဆင်ပြေစေအောင် လိုက်လျောညီထွေဖြစ်အောင်နဲ့
အဓိက ရည်ရွယ်ချက်တွေထဲကတစ်ခုဖြစ်တဲ့
Overall fitness အတွက် အကောင်းဆုံး fitness program
တစ်ခုဖြစ်ပါတယ် ✅
Elite level athlete တွေ ဆော့နေတဲ့ Load, Intensity, Power တွေကို Pro level, Beginner level athletes တွေကလည်း မိမိတို့ fitness level အလိုက် Elite athlete တွေနဲ့ ထပ်တူကျတဲ့ Intensity, Fatigue ကို ခံစားနိုင်ပါယ်။
ဥပမာ ၁ - Elite level athele တွေအတွက် Deadlift ဆော့ရမဲ့အလေးက 120kg ဆိုရင်
Pro, Beginner athletes တွေအတွက် 100kg, 80kg or 60kg စသဖြင့် Category အလိုက် အလေးတွေ ခွဲလိုက်ခြင်းဖြစ်ပါတယ်
ဥပမာ ၂ - Elite athletes တွေအတွက် Bar Muscle up ဆိုရင်
Pro, Beginner athletes တွေအတွက် Kipping pull up, Assistant pull up, Banded စသဖြင့် level အလိုက်ခွဲဆော့ ခြင်းဖြစ်ပါတယ်။
အဲ့အချိန်တွေအတွင်းမှာလည်း athletes တွေအနေနဲ့
ကိုယ်မရသေးတဲ့ movement တွေကို အမြဲတမ်း လေ့ကျင့်သွားပြီး
စစဆော့ချင်းမှာ banded pull up
1 လလောက်အကြာမှာ kipping pull up 🔼
3 လလောက်အကြာမှာ Butterfly pull up 🔼
6/7 လ လောက်အကြာမှာ Muscle up 🔼
စသဖြင့် Movements practice လုပ်ရင်း
Level မြင့်လာပြီး Rx(standard) level တွေထိ အမြဲတမ်း
Train နေကြရပါတယ်။
CrossFit ဟာ overall fitness အတွက် လို့ပြောတဲ့အတိုင်း
Program ရေးတဲ့အခါမှာလည်း Cardio, Strength, Power, Speed, Balanced, etc….. စတာတွေကို
လစ်ဟင်းမှုမရှိအောင် သေချာရေးဆွဲပြီး တကယ် အသုံးတည့်ပြီး အကျိုးရှိတဲ့ Program တစ်ခုကို ဖန်တီးနိုင်ပါတယ်
Monostructural movements, Weightlifting, Gymnastics training တွေ နဲ့ သေချာ တည်ဆောက်ထားတဲ့
overall fitness အတွက် အကောင်းဆုံးဖြစ်တဲ့ Program အပြင် Skill/Movement practice တွေပါ ပါဝင်မဲ့
Online Training Camp ကို မကြာခင်မှာ
စတင်နိုင်ဖို့ ကြိုးစားနေပါတယ်။
Crossfit ကို စိတ်ဝင်စား မြည်းစမ်းမဲ့
Beginner, Advanced level တွေအကုန်လုံးအတွက်
အကျိူးရှိစေမဲ့ Online Training Camp ဖြစ်ပါတယ်။
Stay tuned 🔥🔥
30/07/2025
Continue education - CrossFit CAP weekly education
မေးခွန်းကတော့ ၆ ခုပါပဲ၊ ခေါင်းကတော့ ပူထူသွား
အဓိကကတော့ CrossFit မှာ လူတိုင်းဆော့လို့အဆင်ပြေစေဖို့ WOD ကို Scaling နဲ့ Adaptive athletes တွေအတွက်
Program ကို အဆင်ပြေစေဖို့ Adapting လုပ်ရပါတယ်။
ဥပမာ - ဒီ Workout ကိုပဲ ခြေတစ်ဖက်မသန်တဲ့သူတွေ
လက်တစ်ဖက်ပြတ်နေတဲ့သူတွေလည်း CrossFit ကို Join နိုင်အောင် Program ကို ပုံမှန်မူလအရည်အသွေးအတိုင်း မပျက်ပဲ သူတို့လည်းဆော့လို့ အဆင်ပြေနိုင်တဲ့ Workout တစ်မျိုးနဲ့ Program ကို အစားထိုးရေးဆွဲတာပဲဖြစ်ပါတယ်။
CrossFit Coach ဖြစ်လာစေဖို့သင်ရိုးတွေမှာ
ဒါတွေလည်းပါတာမလို့ ဒီလို Program ကို လိုတိုးပိုလျော့နဲ့
လိုက်လျော့ညီထွေဖြစ်အောင် CrossFit coach တွေက
Program ရေးတဲ့အခါမှာ creative ဖြစ်ဖြစ်နဲ့ ရေးဆွဲရပါတယ်။
Creative လည်း ဖြစ်မယ်၊ Safe လည်းဖြစ်ရမယ်၊
Competative လည်း ဖြစ်ရမှာဖြစ်သလို Fun လည်းဖြစ်ရမယ်
လူတိုင်းအတွက်လည်း accessible ဖြစ်ရမယ်
Fitness level 0 to Elite level ထိ လူတိုင်းဆော့နိုင်ရမယ်
ဒီလို Perfect ဖြစ်တဲ့ Program တစ်ခုဖြစ်ဖို့အတွက်
Program ရေးဆွဲတဲ့အခါမှာ အပေါ်မှာပြောထားတဲ့အတိုင်း
လူတိုင်းဆော့နိုင်ဖို့အတွက် လိုတိုးပိုလျော့လိုက်လျောညီထွေဖြစ်အောင် Program ကို ကစားတာကို
Scaling နဲ့ Adapting လုပ်ခြင်းလို့ခေါ်ပါတယ် ❤️
27/03/2025
Hello, Hybrid monkeys 🐒🦍🔥
(တစ်ပုံချင်းစီ ထောက်ကြည့်ပေးပါခင်ဗျာ)
လက်ရှိမှာ CrossFit ကို သေချာ Train ပြီး ပြိုင်ပွဲဝင်ထားတဲ့
ကျွန်တော့်ဆီကနေ CrossFit style training program တွေကို စျေးသက်သက်သာသာနဲ့ သေချာစနစ်တကျ Train ဖို့
တာဆူနေတဲ့သူတွေအတွက် သတင်းကောင်းလာပါပြီ
မကြာခင်မှာ ပထမတစ်ခါဖြေပြီး မအောင်ထားတဲ့
CrossFit Level 1 ကိုလည်း သေချာပြင်ဆင်ပြီး
ထပ်ဖြေဖို့ရှိပါတယ် ဆိုတဲ့အကြောင်းလဲ
သတင်းကောင်း ပါးလိုက်ပါတယ်ခင်ဗျာ
Package (No) 1 and 2 ကတော့ recommend ပါ 🔥
Package (No) 2 ကတော့ လူဦးရေ Limit လေး ရှိနိုင်ပါတယ်
Let’s go, Register now ✍️✅