28/08/2025
🚨HERE WE GO!🚨
✅ကဲဂါနာချိုတော့ဂိုးသွားပါပြီ ဆိုင်မွန်ပဲကျန်တော့တယ်။
ျစ်သူ
လွတ်လက်မှုကို ကြိုက်တယ် ပေါ့ပေါ့ပါးပါးနေတက်တယ်
28/08/2025
🚨HERE WE GO!🚨
✅ကဲဂါနာချိုတော့ဂိုးသွားပါပြီ ဆိုင်မွန်ပဲကျန်တော့တယ်။
ျစ်သူ
28/08/2025
✅UEFA မှ ချဲလ်ဆီးအသင်းကို ဥရောပဖလားစုံ သိမ်းပိုက်ရရှိခဲ့တဲ့ အတွက် အထူးဆုကို ချီးမြှင့်ခဲ့ပါတယ်။
✅ဒီဆုက ချဲလ်ဆီးလို ဥရောပဆုဖလား အားလုံးကို ဆွတ်ခူးရယူနိုင်ခဲ့တဲ့ အသင်းဖြစ်တဲ့အတွက် သီးသန့်ဆုအဖြစ် ချီးမြှင့်ပေးခဲ့တာဖြစ်ပြီး ဥရောပမှာ ပထမဆုံး ရရှိခဲ့တဲ့ တစ်သင်းတည်းသော ကလပ်အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။
{ Photo Credit }
ျစ်သူ
28/08/2025
✅UCL အုပ်စုအဆင့်မှာ ချယ်လ်ဆီး ရင်ဆိုင်ရမယ့် အသင်းများ။
✅ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဥ်အတွက် မဲခွဲရာမှာတော့ ချယ်လ်ဆီးအသင်းဟာ အောက်ပါအသင်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
✅ ဒါ့အပြင်...တစ်ချိန်က ခါးသီး ပြိုင်ဘက်ဟောင်း ဘာစီလိုနာနဲ့ တွေ့ဆုံချင်တဲ့ ချယ်လ်ဆီး ကစားသမားတွေရဲ့ ဆုတောင်းကလည်း ပြည့်ခဲ့ပြီလို့ပဲ ဆိုရမှာပေါ့ဗျာ။
ျစ်သူ
22/08/2025
🔹ချန်ပီယံခြေစွမ်းကိုပြန်လည်မြင်တွေ့ရတဲ့ပွဲ။ ကိုးလ်ပါးမား ဒဏ်ရာရခဲ့လို့ စိုးရိမ်ခဲ့ကြပေမယ့် ဒီအသင်းဟာ တစ်ဦးတည်းသောကစားသမား မှီခိုနေတဲ့အသင်းမဟုတ်ကြောင်း လက်ကျန်ကစားသမားတွေအကုန်လုံး ကစားပြသသွားခဲ့တယ်။
🔹အထူးသဖြင့် မြင်ချင်တဲ့ နက်တို ၊ အက်စတာဗို တောင်ပံတစ်စုံတွဲလုံးကလည်းအလုပ်ဖြစ်ခဲ့တယ်။ အန်ဇို ကိုင်စီဒို တို့ကလည်းပြီးခဲ့တဲ့ပွဲ ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ခြေပျောက်နေကြပေမယ့် ဒီပွဲမှာတော့ ခြေစွမ်းပြန်ရတယ်။
🔹ထိုက်ထိုက်တန်တန်နိုင်ပွဲပါ။ ဒီနိုင်ပွဲကြောင့်ပဲ အမှတ်ပေးဇယားထိပ်ဆုံးရောက်လာခဲ့ပါပြီ။
🔹 ယာယီဆိုပေမယ့် အသင်းသားတွေအတွက် စိတ်ဓာတ်ပိုင်းတွန်းအားတစ်ခုဖြစ်စေလိမ့်မယ်လို့ယူဆရပါတယ်။ ဘာပဲပြောပြော အိပ်ရေးပျက်ခံပြီးစောင့်ကြည့်ရကျိုးနပ်တဲ့ပွဲ ညီအကိုတို့။ အားလုံးမောနင်းပါဗျာ။
(Photo credit)
ျစ်သူ
22/08/2025
❤️ Xavi Simons ဟာ ယခုကန်မဲ့ဘိုင်ယန်နဲ့ပွဲမာနောက်ဆုံးပွဲဖစ်ဖို့များ၍ပရိသတ်များကိုနူတ်ဆက်နေတာတွေ့ရပါတယ်။❤️❤️
ျစ်သူ
21/08/2025
🔹𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 🔹
❤️ချဲလ်ဆီး အသင်းဟာ ဒီနေ့ခင်းမှာတော့ အသင်းရဲ့ တတိယမြောက် အဝေးကွင်းဝတ်စုံကို တရားဝင်ကြေငြာခဲ့ပြီပဲဖြစ်ပါတယ် ။
❤️ဒီဝတ်စုံမှာတော့ အသင်းရဲ့ Logo ဟာ ဟိုအရင်တုန်းက Logo ပုံစံမျိုး ပြန်လည်ပြောင်းလဲထားခဲ့ပြီး တော်တော်လေးတော့ ဒီဇိုင်းဆန်းနေတာ မြင်တွေ့ခဲ့ရပါတယ် ။
{ Photo Credit }
ျစ်သူ
20/08/2025
🚨HERE WE GO!🚨
✅ Chelsea - Strasbourg နှစ်သင်းကို ပိုင်ဆိုင်တဲ့ အဂ်ဘာလီနဲ့ ဘိုလေးတို့ BlueCoအုပ်စုဟာ အသက် (၂၁)နှစ်အရွယ် ပါရာကွေးတိုက်စစ်ကစားသမား ဂျူလီယိုအန်စီဆိုကို ယူရို (၁၆)သန်းဖြင့်ခေါ်ယူရန် ဘရိုက်တန်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ပါတယ်။
✅အခုရာသီမှာတော့ အန်စီဆိုဟာ Strasbourgအသင်းဆီ သွားရောက်ပူးပေါင်းမှာဖြစ်ပေမယ့် BlueCoတို့က ထိုကစားသမားလေးကို ချဲလ်ဆီးရဲ့အနာဂတ်အတွက် အဓိကမျှော်မှန်ထားကြတာပါ။
✅BlueCoက အလုပ်လုပ်တာ တကယ်တော်တာပဲ။ အန်စီဆိုလို ကစားသမားကောင်းတစ်ယောက်ကို ယူရို (၁၆)သန်း ပေါင်အားဖြင့် (၁၃.၈)သန်းလေးနဲ့ ရအောင်ခေါ်ပြပြီး ချဲလ်ဆီးအတွက် တစ်ကွက်ချန်သွားတယ်။ ဒီဘဲတွေရွှေ့တဲ့အကွက်က တော့ လက်လန်တယ်။
ျစ်သူ
20/08/2025
✅ဗေဂါအတွက်ညှိနှိုင်းနေတဲ့ ချဲလ်ဆီးနဲ့ ဗီလာရီးရဲလ်
✅ပေါ်တူဂီနောက်ခံလူ ရီနာတိုဗေဂါကိုခေါ်ယူဖို့ ဗီလာရီးရဲလ်နဲ့ ချဲလ်ဆီးတို့ဟာ နောက်တဆင့်ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေပြီး ချဲလ်ဆီးဟာ ဗေဂါရဲ့ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းအပြင် အနာဂတ်မှာ ကစားသမားကို ရောင်းချခဲ့ပါက အကျိုးအမြတ် တစုံတရာရရှိမယ့် အချက်ကိုပါ စာချုပ်ထဲမှာ ထည့်သွင်းဖို့ချုပ်ဆိုဖို့ ညှိနှိုင်းနေကြောင်း သိရပါတယ်။
ျစ်သူ
20/08/2025
🔹ဒီနွားက ရာသီ အစ တိုင်းဆို 🔥လေး မွှေးလိုက်ရမှနော်
ရောက်ရောက်ချင်းဆေးရုံတက်ရတယ် တရာသီလုံးလစ်။
🔹မနှစ်ကလဲ ဆေးရုံပေါ်ကနေ အန်ဇို ကို လှမ်းလှမ်း ရန်လုပ်တယ်။ပြင်သစ်သားတွေကိုဦးဆောင်ပြီး အကုန်အသင်းအတွက်မကစားပေးအောင်လုပ်မယ်ဘာညာ။
🔹တကယ်တမ်း တခြားပြင်သစ်သားတွေက အန်ဇို ဒုတိယ အသင်းခေါင်းဆောင်ဖြစ်လာတာတောင်မကန့်ကွက်ခဲ့ကြတော့ ကောင်လေးကရူးချင်ယောင်ဆောင်။
🔹ဂျိမ်းတို့အန်ကွန်ကူတို့နဲ့တူတူနာတာဟို၂ယောက်ကပြန်တောင်မနားရတော့ဘူး ဒီဘဲလေးက ကိုယ့်ဘာသာဘောလုံးတက်နင်းပြီးဆေးရုံထပ်ရောက်သွားသေး။
🔹အခုလဲ ခံစစ်လိုနေတယ် အသင်းအတွက်သိပ်အရေးကြီးနေတယ်ဆိုမှ ဘာတွေထလုပ်မှန်းမသိဘူး ဂျက်ဆင်၊အန်ကွန်ကူတို့ စိတ်ကောက်တယ်ဆိုတာကမှသူတို့ကနည်းနည်းအကျိူးပြုသေးတယ်။ဒီနွားက 🔥 လောင်ရာဆီလောင်းတဲ့ငနဲလေး။
ျစ်သူ
20/08/2025
❤️ချဲလ်ဆီး အသင်းရဲ့ ပစ်မှတ် ဂါနာချို ကတော့ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ကစားရဖို့ အလွန်ကို စိတ်အားထက်သန်နေသလို သူ့ရဲ့ဖုန်း အဝင်အသံတောင် ချဲလ်ဆီး....ချဲလ်ဆီး...လို့တောင် ပြောင်းထားလိုက်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပါတယ် ။
❤️ ဒါ့အပြင် ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ကစားတော့မယ့် အကြောင်းလည်း အသင်းဖော်တွေကိုအသိပေးထားလိုက်ပြီ လို့သိရပါတယ်။ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းကလည်း ဂါနာချို ဟာ ချဲလ်ဆီးကိုပြောင်းရွှေ့ဖို့အတွက် ဘိုင်ယန်မြူးနစ် အသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချထားခဲ့တယ်လို့ သိရပါတယ်။
❤️လက်ရှိမှာတော့ ချဲလ်ဆီး အသင်းရဲ့ တာဝန်ရှိသူတွေဟာ မန်ယူ အသင်းနဲ့ ဆက်လက်ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေခဲ့ပြီး ကလပ်နှစ်သင်ကြား သဘောတူညီမှုရရှိဖို့ နီးစပ်နေသလို မန်ယူအသင်းရဲ့ ကစားသမား ဂါနာချို ကိုလည်း စိတ်ရှည်ရှည်လေးနဲ့စောင့်ပေးဖို့ အကြောင်းထားခဲ့တယ်လို့ သိရပါတယ်။
❤️မန်ယူ အသင်းဘက်က ဂါနာချို အတွက် ပေါင်သန်း ၅၀ အထိ သတ်မှတ်ထားခဲ့သလို ချဲလ်ဆီး အသင်းဘက်ကတော့ ဂါနာချို ဟာ အမ်မိုရင် နဲ့ ပြဿနာရှိတဲ့အပြင် မန်ယူအသင်းကလည်းသုံးဖို့အစီစဥ်မရှိတော့တာကြောင့် အောက်ဈေးနဲ့ရနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
Photo Credit
ျစ်သူ
20/08/2025
🔴 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 𝐍𝐄𝐖𝐒 🔴
🔺ချဲလ်ဆီး အသင်းရဲ့နောက်ခံလူ ဖိုဖာနာဟာ ပြီးခဲ့တဲ့နာရီပိုင်းအတွင်းကပဲ သူ့ရဲ့ social media အကောင့်ဖြစ်တဲ့ instagram account မှာ ချဲလ်ဆီး အသင်းနဲ့ပတ်သက်တဲ့ အရာတွေမှန်သမျှ အားလုံးကို ဖျက်ပစ်လိုက်တယ်လို့သိရပါတယ် ။
🔺အသင်းကို ရောက်တာ ဘောလုံးရာသီ နှစ်ရာသီတိုင်အောင်ရှိခဲ့ပြီဆိုပေမယ့် ချဲလ်ဆီး အသင်းအတွက် ပွဲပေါင်း ၄၀ ပြည့်အောင်တောင် မကစားပေးနိုင်သေးပါဘူး ။ ဒါက သူ့ရဲ့ဒဏ်ရာကြောင့်ပါပဲ။
🔺ဒါဟာ ဖိုဖာနာ တစ်ယောက် ချဲလ်ဆီး အသင်းကနေ ထွက်ခွာသွားတော့မှာလားဆိုတဲ့ မေးခွန်းတွေနဲ့အတူ ပရိသတ်တွေကြားမှာ အမျိုးမျိုး ပြောဆိုနေကြပြီပဲဖြစ်ပါတယ် ။
🔺 ပြောရမယ်ဆိုရင်တော့ ဖိုဖာနာဟာ ခြေစွမ်းပိုင်း ကောင်းမွန်တဲ့ကစားသမားဖြစ်ပေမယ့် သူ့ရဲ့ဒဏ်ရာကတော့ အခုလိုမျိုး မကြာခဏနှိပ်စက်နေတဲ့အပေါ် ပရိသတ်တွေလည်း သူ့ကိုစိတ်ပျက်နေခဲ့ကြပါပြီ ။
🔺 လစာလည်း အများကြီးယူထားတဲ့ ကစားသမားဖြစ်သလို ယူထားတဲ့လစာနဲ့တန်အောင် အသင်းအတွက် ကောင်းကောင်း ကစားပေးနိုင်ခဲ့ခြင်းလည်း မရှိသေးပါဘူး။
🔺ဒါကြောင့် လက်ရှိမှာတော့ သူ့ရဲ့အကောင့်မှာ ချဲလ်ဆီး အသင်းနဲ့ ပတ်သက်တာမှန်သမျှ အကုန်ဖျက်ချလိုက်ပြီဆိုတော့ မကြာခင်မှာ အသင်းကနေ ပြောင်းရွှေ့သွားတော့မှာလား ဒါမှမဟုတ် နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းမှာလားဆိုတာ သံသယတွေနဲ့စောင့်ကြည့်နေကြပါပြီ ။
🔺 အသင်းကနေပြောင်းရွှေ့ဖို့ကလည်း ဖိုဖာနာကို ခေါ်ယူချင်တဲ့အသင်း မရှိတာကလည်းခက်ပါတယ် ။ ဒီတော့ စာချုပ်ဖျက်သိမ်းတာမျိုး ၊ အသင်းကနေ ထွက်ခွာသွားတာမျိုး မြင်လာရနိုင်တယ်ဆိုပြီးလည်း ပရိသတ်တွေကတော့ စောင့်ကြည့်နေကြတာဖြစ်ပါတယ် ။
Photo Credit
ျစ်သူ