03/03/2025
မတ် ၂ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သော MFF Vita Max Futsal League (I) 2024-25 (Week - 14) ပွဲစဉ် ရလဒ်များ
Hydra Fc
03/03/2025
မတ် ၂ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သော MFF Vita Max Futsal League (I) 2024-25 (Week - 14) ပွဲစဉ် ရလဒ်များ
03/03/2025
MFF Vita Max Futsal League (I) 2024-25 (Week 14) အပြီး အမှတ်ပေးဇယားရပ်တည်မှု
30/04/2024
ဒီနေ့ဟာဆိုရင်ဖြင့် ကျွန်တော်တို့ Hydra FC ရဲ့ ဂိုးသမားဖြစ်တဲ့ မောင်သက်ကိုကို ရဲ့မွေးနေ့ဘဲ ဖြစ်ပါတယ်
မွေးနေ့မှပျော်ရွှင်ပါစေ ဖြစ်ချင်တာတွေလဲ ဖြစ်ပါစေလို့ Hydra တစ်သင်းလုံးမှ ဆုတောင်းပေးလိုက်ပါတယ်နော်
26/09/2023
07/09/2020
ဒီနေ့ 8 9 2020 ဟာဆိုရင်ဖြင့် ကျွန်တော်တို့ Hydra အသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ မောင်သူရှိန်ထွန်းရဲ့ မွေးနေ့ရက်မြက်ဘဲ ဖြစ်ပါတယ်
မွေးနေ့မှစ နောင်နှစ်ပေါင်းများစွာတိုင်ပျော်ရွှင်နိုင်ပါစေလို့ ကျွန်တော်တို့ Hydra တစ်သင်းလုံးမှ ဆုတောင်းပေးလိုက်ပါတယ်
ပြောင်းလဲလိုက်သော ဖူဆယ်ဥပဒေများ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၀ -၂၀၂၁ ဘောလုံးရာသီအတွက် ပြောင်းလဲလိုက်သော ဖူဆယ်ဥပဒေများကို များကို ဖော်ပြပေးလိုက်ပါသည်။
(ဥပဒေ – ၃ ကစားသမားများ)
ယခင်က အသင်းတစ်သင်းစီ၏ အရံကစားသမားများအနေဖြင့် တစ်ချိန်တည်းတွင် သွေးပူလေ့ကျင့်ခန်းပြုလုပ်ခွင့်သည် ဂိုးသမားပါဝင်မှ ၅ ဦးပြုလုပ် ခွင့် ရရှိခဲ့သော်လည်း ယခုပြောင်းလဲလိုက်သော ဥပဒေများအရ တစ်ချိန်တည်းတွင် ဂိုးသမားမပါဘဲ ကစားသမား ၅ ဦးအထိ သွေးပူလေ့ကျင့်ခန်းပြုလုပ်နိုင်တော့မည် ဖြစ်သည်။
(ဥပဒေ – ၄ စားသမား အသုံးအဆောင်)
ယခင်က ဖူဆယ်ပွဲစဉ်များတွင် မျက်မှန်တပ်သူများကို ပွဲကစားခွင့် မပေးခဲ့ပဲ ယခုအချိန်တွင် အားကစားမျက်မှန်ကို ဝတ်ဆင် ကစားနိုင်မည် ဖြစ်သည်။ ထို့အပြင် နူးညံ့၍ ပေါ့ပါးသော ပစ္စည်းများဖြင့် ပြုလုပ်သည့် ဦးခေါင်းကာ၊ မျက်နှာဖုံး၊ ဒူး၊ လက်မောင်းကာနှင့် ဂိုးသမား ဦးထုပ်တို့ကို လည်း ခွင့်ပြု ပေးသွားမည် ဖြစ်သည်။
ယခင်က ဂိုးသမားများ ဝတ်ဆင်လေ့ရှိသည့် ဒူးကာ၊ တံတောင်ကာများကို ဂျာစီနှင့် ဘောင်းဘီတို့၏ အဓိက အရောင်များနှင့် မတူညီသော အရောင်များကို ဝတ်ဆင်ကစားခွင့် ပြုခဲ့သော်လည်း ယခု ပြောင်းလဲလိုက်သော ဥပဒေများ အရ ဒူးကာသည် ဘောင်းဘီ၏ အဓိက အရောင်နှင့် တူရမည် ဖြစ်ပြီး တံတောင်ကာသည် ဂျာစီ၏ အဓိက အရောင်နှင့် တူညီစွာ ဝတ်ဆင်ရမည်ဟု ဖော်ပြပါရှိသည်။
(ဥပဒေ – ၆ ပြိုင်ပွဲတာဝန်ရှိသူများ)
ယခင်က ဖူဆယ်ပြိုင်ပွဲများတွင် ဒိုင်လူကြီး လေးဦးဖြင့် ကြီးကြပ်စေခဲ့သော်လည်း ယခုအခါတွင် ဒိုင်လူကြီး ငါးဦးဖြင့် ကြီးကြပ်စေတော့မည် ဖြစ် သည်။ ထပ်မံပေါင်းထည့်ခဲ့သော ဒိုင်လူကြီးကို အရံဒိုင်လူကြီးဟု ခေါ်တွင်စေမည် ဖြစ်သည်။ အရံဒိုင်လူကြီးသည် ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင် နေသော ဒိုင်လူကြီးတစ်ဦးဦး ဆက်လက်တာဝန်မထမ်းဆောင်နိုင်ပါက တတိယဒိုင်အဖြစ် တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သလို ပွဲချိန်အတွင်းတွင် အခြားဒိုင်လူကြီးများကို အကူအညီပေးရမည် ဖြစ်သည်။
(ဥပဒေ – ၇ ကစားချိန်)
ကစားချိန်တစ်ပိုင်းပြီးဆုံးချိန်တွင် အသင်းတစ်သင်သည် စုပေါင်းပြစ်ဒဏ် ၆ ကြိမ်မြောက် တိုက်ရိုက်အလွတ်တည်ကန်ဘော ကန်ခွင့်ရရှိခဲ့သော်လည်းကောင်း၊ ပင်နယ်တီ ကန်ခွင့်ရရှိခဲ့သော်လည်းကောင်း၊ ကန်သွင်းခွင့် ပြီးမြောက်သည်အထိ ခွင့်ပြုရမည်ဟု ပြောင်းလဲလိုက်သောဥပဒေများတွင် ပါရှိသည်။
(ဥပဒေ – ၈ စတင်ခြင်းနှင့် ပြန်လည်စတင်ခြင်း)
ယခင်က ဖူဆယ်ပြိုင်ပွဲများတွင် စပေးဘောကို ပြိုင်ဘက်၏ ကွင်းဘက်ခြမ်းကိုသာ စတင်ပေးပို့ရပြီး ယခုအခါတွင် မိမိဘက်အခြမ်းသို့လည်း စတင်ဘောကို ပေးပို့နိုင်မည် ဖြစ်သည်။ ဘောလုံးကို စတင်ကစားသူမှ လွဲ၍ ကစားသမားအားလုံးသည် မိမိ၏ ကွင်းဘက်ခြမ်းတွင်သာ ရှိနေရမည် ဖြစ်ပြီး ဘောလုံးသည် သိသာထင်ရှားစွာ ရွေ့လျားသွားသည်နှင့် ကစားမှုမြောက်ပြီး တစ်ဖက်အသင်းဘက်သို့ တိုက်ရိုက်ကန်သွင်း၍ ဂိုးဝင်ခဲ့လျင် ဂိုးအဖြစ်သတ်မှတ်မည် ဖြစ်ပြီး မိမိဂိုးဘက်သို့ ကန်သွင်း၍ ဂိုးဝင်ခဲ့လျှင် ပြိုင်ဘက်အသင်းသို့ ထောင့်ကန်ဘော ပေးရမည်ဖြစ်သည်။
(ဥပဒေ – ၁၀ ဂိုးဝင်ခြင်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ)
ဖူဆယ်ပြိုင်ပွဲများတွင် ပင်နယ်တီ အဆုံးအဖြတ်ကို ယခင်က ၃-၁-၁ ပုံစံဖြင့် ဆုံးဖြတ်ခဲ့သော်လည်း ယခုအခါတွင် ၅-၁-၁ ပုံစံဖြင့် ပြောင်းလဲသွားမည် ဖြစ်ကြောင်း ပြောင်းလဲထုတ် ပြန်ခဲ့သည်။ ယင်းကဲ့သို့ ကန်သွင်းယူသည့် နေရာတွင် အသင်းနှစ်သင်း၏ ကစားသမားအရေအတွက်(အရံကစားသမားများ အပါအဝင်) သည် တူညီနေရမည် ဖြစ်ပြီး မတူညီပါက ပိုများသည့် အသင်းမှကစားသမားကို လျှော့ချပေးရမည် ဖြစ်သည်။ လျှော့ချလိုက်သော ကစားသမားသည် ပင်နယ်တီ ကန်ခွင့်ရ မည် မဟုတ်ပေ။
(ဥပဒေ – ၁၃ အလွတ်တည်ကန်ခြင်း)
စုပေါင်းပြစ်ဒဏ်များမှ အလွတ်တည်ကန်ဘော ကန်ရမည့် အချိန်တွင် ကန်သွင်းသူကို အနှောက်အယှက် ပြုလုပ်ခဲ့ပါက နှောက်ယှက်သူသည် သတ်မှတ် အကွာအဝေး ၅ မီတာတွင် ရှိနေခဲ့လျှင်လည်း အဝါကတ်ပြသခံရမည်ဟု ပြောင်းလဲလိုက်သော ဥပဒေများတွင် ပါရှိသည်။
(ဥပဒေ – ၁၄ ပင်နယ်တီ)
ပင်နယ်တီ ကန်သွင်းမည့် အနေအထားတွင် ယခင်က ကာကွယ်မည့် ဂိုးသမား၏ ခြေထောက်နှစ်ချောင်းစလုံးသည် ဂိုးစည်းပေါ်တွင် ရှိနေရမည် ဖြစ်ပြီး ယခုအခါတွင် ခြေထောက်တစ်ချောင်း ဂိုးစည်းနှင့် ထိနေသည်နှင့် လုံလောက်သည်ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။ ပင်နယ်တီကန်သွင်းရာတွင်လည်း ခုခံသည့် အသင်းမှ ကန်သွင်းသူကို အနှောက်အယှက် ပြုလုပ်ခဲ့ပါက နှောက်ယှက်သူသည် သတ်မှတ် အကွာအဝေး ၅ မီတာတွင် ရှိနေခဲ့လျှင်လည်း အဝါကတ်ပြသခံရမည်ဟု ပြောင်းလဲလိုက်သော ဥပဒေများတွင် ပါရှိသည်။
(ဥပဒေ – ၁၅ ကန်သွင်းခြင်း)
ဘောလုံးသည် မျက်နှာကျက်ကို ထိခဲ့ပါက ပြိုင်ဘက်အသင်းကို မျက်နှာကျက်ထိသည့်နေရာနှင့် အနီးဆုံး ဘေးစည်းမှ ကန်သွင်းခွင့် ပေးရမည်ဖြစ်သည်။ ကန်သွင်းခြင်းမှ တိုက်ရိုက်ဂိုးသွင်းယူခွင့် မရှိပဲ ကန်သွင်းခြင်းမှ ပြိုင်ဘက်အသင်းဘက်သို့ ဂိုးဝင်ခဲ့ပါက ထောင့်ကန်ဘော ကန်ရမည် ဖြစ်ပြီး မိမိဘက်သို့ ဂိုးဝင်ခဲ့ပါက ပြိုင်ဘက် အသင်းသို့ ထောင့်ကန်ဘောပေးရမည် ဖြစ်သည်။
(ဥပဒေ – ၁၆ ဂိုးမှ ပြန်လည် ကစားခြင်း)
ဂိုးသမားသည် ပင်နယ်တီဧရိယာအတွင်း မည်သည့်နေရာမှ မဆို ဘောလုံးကို လက်ဖြင့် ပစ်ထုတ်နိုင်သည်။ ထိုသို့ပစ်ထုတ်ရာတွင် ယခင်က ပင်နယ်တီဧရိယာ ကျော်မှသာ ကစားမှုမြောက်ခဲ့ပြီး ယခုအခါတွင် ပင်နယ်တီ စည်းအတွင်းတွင်လည်း သိသာထင်ရှားစွာ ဘောလုံးရွေ့လျားခဲ့လျှင် ကစားမှုမြောက်သည်ဟု ပါရှိသည်။ ပြိုင်ဘက်ကစားသမားများ အနေဖြင့် ပင်နယ်တီ ဧရိယာ ပြင်ပတွင်သာ ရှိနေရမည် ဖြစ်သည်။
ထို့အပြင် ဂိုးသမားသည် ဂိုးမှ ပြန်လည်စတင်ကစားရာတွင် ယခင်ကကဲ့သို့ ပြိုင်ဘက် ကွင်းဘက်ခြမ်းအထိတိုက်ရိုက် ပစ်ပေး၍ ရတော့မည် မဟုတ်ပဲ မိမိကွင်းဘက်ခြမ်းကိုသာ ပစ်ပေး၍ရမည် ဖြစ်သည်။ ပစ်ပေးသည့် ဘောလုံးသည် ပြိုင်ဘက်ကွင်းဘက်ခြမ်းသို့ တိုက်ရိုက်ကျော်သွားခဲ့လျှင် ပြိုင်ဘက် အသင်းသို့ တစ်ဆင့် အလွတ်တည်ကန်ဘော ပေးရမည် ဖြစ်သည်။ (တစ်ဆင့် အလွတ်တည်ကန်ဘောသည် စုပေါင်းပြစ်ဒဏ်များ တွက်ချက်မှုတွင် မပါဝင်ပါ။)
မှတ်ချက်။ ။ ပွဲကစားနေစဉ်အတွင် ဖမ်းမိသည့်ဘောလုံးကိုမူ မည်သည့်နေရာကို မဆို ပစ်ပေး၍ ရသည်။
Credit MFFFutsal
07/05/2020
Covid 19 ကြောင့် တစ်လကျော်လောက်ဝေးကွာနေသော ဘောလုံးကွင်းကြီးကို ဒီနေ့ပြန်ထိတွေ့ခွင့်ရအောင် ခြေစမ်းပွဲ တစ်ပွဲစီစဥ်ပေးပါသော Faith Fc အသင်းအား
ကျွန်တော်တို့ Hydra Fc မှာ အထူးပင်ကျေးဇူးတင်မိပါတယ်
17/04/2020
ဒီနှစ်သစ်မှစ နောင်နှစ်ပေါင်းများစွာမြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ
ဒီကပ်ဆိုးကြီးမှလဲ အမြန်ဆုံးကင်းလွတ်ပါစေလို့
ကျွန်တော် Hydra အသင်းသားများမှ ဆုတောင်းလိုက်ပါတယ်
29/02/2020
ကျွန်တော်တို့ hydra fc ရဲ့ ကစားတစ်ယောက်ဖြစ်တဲ့
မောင်လင်းယုဝေ ပါဝင်တဲ့ သမိုင်းမေဂျာမှ ဒဂုံ တက္ကသိုလ် မေဂျာပေါင်စုံ ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တဲ့
အတွက် ကျွန်တော်တို့ hydra fc တစ်သင်းလုံးမှ အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်
17/01/2020
ကစားသမားကောင်းတစ်ယောက်ကိုမြန်မာဖူဆယ်လိဒ်မှာထပ်တွေ့ရအုန်းမယ်
25/12/2019
ကွာတား အဆင့်သို့ ချီတက်ကြစို့
#ဖူဆယ်ကိုနည်းစနစ်ကျကျဘယ်လိုကစားကျမလဲ #
ဖူဆယ်ကစားတော့မယ်ဆ်ု နည်းစနစ်ကျကျနဲ့ အသင်းအတွက် အထောက်အကူဖြစ်အောင် ကစားချင်တယ်… ဘယ်လိုကစားရမလဲ? ဘယ်လိုကစားသင့်သလဲ?…
ပထမဦးဆုံးကျွန်တော့်မှာ အချုပ်လို့ပြောလို့ရတဲ့အရာ လေးမျိုးကို အရင်ပြည့်စုံအောင် လုပ်မယ်…
(1) Technique
(2) Mindset
(3) Game Intelligence
(4) Physique
ဒီလေးမျိုးကို ပြည့်စုံအောင် လုပ်မယ်… အသေးစိတ်ဆိုရင်
(1) Techique မှာဆိုရင် အဓိကသုံးမျိုးပိုင်အောင်လုပ်မယ်
Ball mastery & control - ဘောလုံးတစ်လုံးကို ကျွမ်းကျင်ပိုင်နိုင်အောင်လုပ်မယ်… ကိုယ့်ခြေထောက်ထဲက ဘောလုံးဟာ ကိုယ်လုပ်တဲ့အတိုင်းဖြစ်နေရမယ်… ကိုယ်နဲ့တစ်သားတည်းဖြစ်နေတာမျိုးကိုလိုချင်တယ်…
Dribbling & running with the ball - Futsal မှာ ကစားသမားတစ်ယောက်ရဲ့ အသက်လို့ပြောလို့ရတယ်… ဘောလုံးကို Dribble ဆိုတဲ့အခါ ခြေဖဝါးပဲသုံးပါလို့ ပြောခဲ့ဖူးတယ်… ခုနအပေါ်ကအချက်ကိုပိုင်နိုင်ရင် Dribbling ဆိုတာ ထမင်းစားရေသောက်ပါပဲ… Running with the ball ကတော့ Perfect ဖြစ်ဖို့ထက် ဘောလုံးကို မဆုံးရှုံးစေပဲ Run ရုံလောက်ဆိုရပါတယ် … ကွင်းက အရမ်းမကျယ်တော့ Run တာထက် ကစားကွက်နဲ့ ကစားတာက ပိုကောင်းပါတယ်…
Body movement & shapes - Possession & Teamwork အရမ်းအရေးကြီးတဲ့ကစားနည်းတစ်ခုမှာ ဘောလုံးတစ်လုံးကို ပေးပီးရင် ငါ့တာဝန်ကျေပီလုပ်လို့မရဘူး… နေရာယူတတ်ဖို့လိုတယ်… မှန်ကန်တိကျမြန်ဆန်တဲ့ ရွေ့လျားမှုနဲ့ နေရာယူတတ်မှုရှိရတယ်… ပီးတော့ ကစားကွက်ကို ပုံဖော်နိုင်ရမယ်… ဒါက Team အတွက်အရမ်းကောင်းတယ်…
(2) Mindset မှာဆိုရင်တော့ နည်းနည်းများတယ်… ဖူဆယ်ကစားနည်းဟာ တကယ်တမ်းအရမ်း Perfect ဖြစ်တဲ့အသင်းအတွက် ဂိုးတစ်ဂိုးဟာ တစ်မိနစ်မကြာပါဘူး… ဒီတော့ လေးငါးဂိုးပြတ် ရှုံးနေလို့လည်း စိတ်ဓာတ်ကျစရာမလိုဘူး… ဒီတော့ ကျွန်တော် ဘာတွေကြိုတင်လုပ်ထားမလဲ?
Passion & Drive - စိတ်ဆန္ဒပြင်းပြင်းကစားမယ်… ဘာလို့လဲဆိုတော့ စိတ်ပါမှ အဆင်ပြေတာဗျ… အရမ်းနိုင်ချင်တယ်… အနိုင်ပဲလိုချင်တယ်… နိုင်အောင်လည်း ကျွန်တော်အသင်းသားတွေကို ကျွန်တော်ကိုယ်တိုင် မောင်းနှင်မယ်… တစ်ခုပဲသတိထားရမယ်… နိုင်လိုစိတ်အရမ်းများရင် အမှားပါတတ်တယ်
Mental toughness - စိတ်ဓာတ်ခိုင်မာရအောင်နေမယ်… ခုနပြောသလို ကျွန်တော်တို့ရှုံးနေတဲ့အခါ စိတ်ပျက်ကြမယ်… အဲဒီစိတ်ကပဲ ခြေစွမ်းကို ပိုထိခိုက်စေတယ်… ဒီတော့ ကျွန်တော်ကိုယ်တိုင် စိတ်ဓာတ်မာကျောခိုင်မာအောင်နေမယ်… ကျွန်တော့်ကြောင့် ကျွန်တော့်အသင်းသားတွေ စိတ်ဓာတ်မကျစေရဘူး…
Leadership - လူတိုင်းဟာ ခေါင်းဆောင်တတ်ဖို့လိုတယ်…ခေါင်းဆောင်စိတ်ဓာတ်ရှိဖို့လည်းလိုတယ်… ကျွန်တော့်အသင်းရှုံးနေခဲ့ရင် စိတ်ဓာတ်မြင့်တက်လာအောင် မြှင့်တင်ပေးရမှာ ကျွန်တော့်အလုပ်ပဲ… သူတို့ တက်ကြွနေမှ ကျွန်တော့်အသင်းအနိုင်ရမှာ… ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပီး နိုင်ပွဲရအောင်လုပ်မယ်… ဒါက ဆရာလုပ်တာမဟုတ်ဘူး… ခေါင်းဆောင်စိတ်ဓာတ်မွေးခိုင်းတာ…
Coachability - ခေါင်းဆောင်စိတ်မွေးရုံနဲ့တော့ မဖြစ်သေးဘူး… ကျွန်တော့်မှာ ကစားကွက်ကအစ အားနည်းချက် အားသာချက်ကို မြင်နိုင်ပီး ညွှန်ကြားနိုင်တဲ့ အရည်အသွေးလည်းရှိဖို့လိုအပ်တယ်လို့ထင်တယ်… ကျွန်တော်နဲ့ကစားရင် ကျွန်တော်အကြံပေးတာကို ခင်ဗျားနားမထောင်ချင်လည်းကြားနေရမှာပဲ… ဒီနေရာလေးကတော့ ဒီလိုကန်ရင် ပိုအဆင်ပြေတယ်… ဒီလိုလေးကစားရင် ပိုကောင်းမယ်… သူ့ရဲ့ အားနည်းချက်ကို ကျွန်တော်ပြောပြမယ်… သူ့အားသာချက်ကို သုံးတတ်အောင် ပြောပြပေးမယ်…
Responsibility - ကျွန်တော့်ရဲ့ အသုံးမကျခြင်းတွေကို ကျွန်တော်တာဝန်ယူမယ်… ကျွန်တော့်ကြောင့် ဂိုးပေးလိုက်ရရင် ကျွန်တော်ဂိုးပြန်ရအောင် လုပ်မယ်… ကျွန်တော့်ကြောင့် ဘောလုံးဆုံးရှုံးသွားရင် ပြန်ရအောင်လိုက်လုမယ်… ကျွန်တော့်ရဲ့အမှားကို ကျွန်တော် တာဝန်ယူမယ်…
ကျန်တဲ့နှစ်ပိုင်းကတော့ Game Intelligence နဲ့ Physique ပိုင်းဖြစ်ပါတယ်… Game Intelligence မှာဆိုရင် အဓိက နှစ်မျိုးဖြစ်တဲ့ Spatial Awareness နဲ့ Risk assessment ကို သိအောင်လုပ်မယ်…
Spatial Awareness ဆိုတာ နေရာလွတ်တွေကို ကိုယ်ဘာသာနားလည်သဘောပေါက်ဖို့ပဲ…1-2-1 Diamond ဖြစ်နေချိန်မှာ 2 နေရာက နှစ်ယောက်က စည်းပေါ်ကနေ ဘောလုံးတောင်းတာမျိုး … အရှေ့က တစ်ယောက်က ဘော်ဒီခုပီး ဘောလုံးလက်ခံဖို့ အသင့်ဖြစ်နေတမျိုး … ဘောလုံးပေးပီးတာနဲ့ ပြန်လက်ခံဖို့ Free space တွေရှာတာမျိုး… ကိုယ့်ကစားဖော်ကြောင့်ရတဲ့ နေရာလွတ်တွေကို အသုံးချတတ်အောင် သင်ယူရမယ်…
Risk Assessment ဆိုတာကတော့ တစ်စုံတစ်ခုပြုလုပ်ဖို့အတွက် ပိုင်နိုင်တဲ့ဆုံးဖြတ်ချက်ချပီး စွန့်စားလိုက်တာမျိုး… လုပ်လိုက်တာမျိုးပါပဲ… ဥပမာ … ဂိုးပေးရတော့မယ့်အနေအထားမှာ Slide လုပ်လိုက်တာမျိုး… ဂိုးရဖို့အတွက် နှစ်ယောက်လုံးကို ဖြတ်ကျော်ရမယ့်အနေအထားမှာ ကိုယ့်ဘက်က နိုင်မယ်ကျိန်းသေလို့ စွန့်စားမှုလုပ်လိုက်တာမျိုး…အာ့လိုလုပ်တဲ့အခါ ကိုယ် ဒဏ်ရာရသွားနိုင်တယ်သိတာတောင် ရင်းလိုက်တာမျိုးပေါ့… တစ်ကိုယ်တော်ထိုးဖောက်တာမျိုး… ဒါပေမယ့် ဖူဆယ်မှာ Risk အရမ်းယူလို့ မကောင်းပါဘူး…
ပီးရင် Physique ပိုင်းကို ထပ်ပီး ကျွန်တော် ပိုင်နိုင်အောင်လုပ်မယ်… ABC လို့ခေါ်တဲ့ Agility , Balance and Coordination ပိုင်းရယ် နောက်ပီးတော့ Power and Strength , Speed နဲ့ Stamina ပိုင်းကို အဓိက ထားမယ်… Agility အတွက် လေ့ကျင့်ခန်းကို ပီးခဲ့တဲ့ ပိုစ်မှာ Video လေးတင်ပေးထားပါတယ်… ဖူဆယ်မှာက လျင်မြန်သွက်လက်မှုက အဓိကပါပဲ… Off the ball အနေအထားမှာလည်း Movement လုပ်တာက အစ လျင်မြန်သွက်လက်မှုရှိရတယ်… ရုတ်တရက် ပြေးထွက်သွားတာမျိုး ဘောလုံးလိုက်လုတာမျိုးဆို Agility အရမ်းလိုပါတယ်… နောက်ပီး ကွင်းထဲမှာ ကျွန်တော့်ကိုကျွန်တော် ပြာယာမခတ်နေအောင်နေမယ်… တည်တည်ငြိမ်ငြိမ်နဲ့ ပြိုင်ဘက်က ကျွန်တော့်အားနည်းချက်ကို ရှာမရအောင် စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်စွာကစားမယ်… အဲဒီလိုမှ ကျွန်တော့်အသင်းသားတွေက ကျွန်တော့်ကို ယုံကြည်မှုရှိပီး တစ်သင်းလုံး ညီညီညွတ်ညွတ်ကစားနိုင်မှာပါ…တစ်ယောက်နဲ့ တစ်ယောက် အချိတ်အစပ်မိမိ ကစားနိုင်မှာလေ…
Power and Strength ကတော့ အရေးကြီးပါတယ်… ကစားနိုင်စွမ်းရှိပါတဲ့ Stamina ကောင်းပါတယ်ဆိုတဲ့သူတွေတောင် ဖူဆယ်မှာ တကယ်တမ်း Non-stop play ရင် ဆယ်မိနစ်လောက်ဆို မောဟိုက်လာပါတယ်… တချို့ ကြံ့ခိုင်မှုအားနည်းရင် ခြေထောက်တွေ လေးလံလာမယ်… ချွေးထွက်များမယ်… လူလည်း နုံးလာမယ်… ဒါကြောင့် အပျော်တမ်းမဟုတ်ပဲ ပြိုင်ပွဲရှိတဲ့ရက်တွေဆို ညကတည်းက အိပ်ရေးဝအောင်အိပ်သင့်ပါတယ်… အိပ်ရေးပျက်များတာနဲ့ အလုပ်ပင်ပန်းတာက Power ., Strength and Stamina ကို ထိခိုက်စေပါတယ်…
ဒါတွေ အကုန်နီးပါး ပြည့်စုံတယ်မဟုတ်ရင်တောင် လိုအပ်ချက်သိပ်မရှိအောင် ကြိုးစားလေ့ကျင့်သင်ယူပီးတဲ့နောက် ဖူဆယ်ရဲ့ သွေးကြောဖြစ်တဲ့ အချက် ငါးချက်အတိုင်း ကန်ပါ့မယ်… အဲဒါတွေကတော့
(1) Touch
(2)Decision Making
(3)Dribbling
(4)Short passing
(5)Creativity and Shooting
တစ်ယောက်ချင်း နိုင်ချင်ရင် နည်းလမ်းတစ်ခုရှိပါတယ်… နည်းလမ်းကတော့ လွယ်ပါတယ်… လုပ်ရတာကခက်တယ်… ကိုယ့်ရဲ့ အရည်အချင်းနဲ့ ဘောလုံးကစားခြင်းဥာဏ်ရည်က အဓိကကျတယ်… အဲဒီနည်းကတော့ ပြိုင်ဘက်ရဲ့ အားသာချက်နဲ့ အားနည်းချက်ကို ရအောင်ရှာတာပဲ… အရမ်းကောင်းတဲ့ကစားသမားတိုင်းမှာ အားနည်းချက်တစ်ခုတော့ရှိစမြဲပါ… သူ့ရဲ့ အားသာချက်ကို တားဆီးရမှာဖြစ်ပီး သူ့ရဲ့ အားနည်းချက်ကို အသုံးချရမှာဖြစ်ပါတယ်… အလိမ်အခေါက်ကောင်းတဲ့သူကို ဝင်မလုပဲ အလိုက်သင့်နောက်ဆုတ်ပေးတာမျိုး… ဘောလုံးဆွဲတာ မသေသပ်သူကို ဘောလုံးပေးဆွဲတာမျိုး… Slide ကောင်းတဲ့ ဂိုးသမားကို Lob လုပ်တာမျိုး ပွဲကစားနေစဉ်အတွင်းမှာပဲ ချက်ချင်းလေ့လာပီး ချက်ချင်းအသုံးချနိုင်ရင် ဘယ်သူ့ကိုမှ ထိန်းမရနိုင်စရာမရှိပါဘူး… Skill အရမ်းကွာတဲ့ ကစားသမားတွေဆိုရင်တော့ ချွင်းချက်ပေါ့ဗျာ…
အားလုံးပဲ… ပြိုင်ဘက်ရဲ့
အားသာချက်ကိုတားဆီးပါ…
အားနည်းချက်ကို အသုံးချပါ…
Credit မူရင်းရေးသားသူ 🙏