21/05/2025
We are fight tonight 🔴🔴🔴
United Football Match Stream
21/05/2025
We are fight tonight 🔴🔴🔴
01/09/2024
Are You Ready
22/08/2024
🚨 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆: မန်ချက်စတာယူနိုက်တက်အသင်းဟာ PSG နဲ့ Manuel Ugarte တို့ကို စာချုပ်ချုပ်ဆိုဖို့ နီးစပ်နေပါပြီ။ 🔴 🇺🇾
လွန်ခဲ့သည့်တစ်လခန့်က ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ကို ထုတ်ဖော်ခဲ့ပြီးနောက် Ugarte သည် ယခုအခါ မန်ယူအသင်းနှင့် နီးစပ်နေပြီဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က ဖော်ပြခဲ့သည့်အတိုင်း ယူနိုက်တက်သည် PSG နှင့် တွေ့ဆုံမှုတွင် အငှားနှင့် ဝယ်ယူရန် သဘောတူညီမှု ရယူလိုခြင်းမှာ အပြုသဘောဆောင်ပါသည်။
အတ္တလန္တာ ကွင်းလယ်လူ Ederson အတွက် ကမ်းလှမ်းမှု မရှိသေးဘဲ... Man Utd က အလိုရှိပြီး အမြဲတမ်း အလိုရှိနေသည္မာ Ugarte ဖစ်ပါတယ်
soe
Please like&follow me 🙏
21/08/2024
OFFICIAL!
တောင်ပံကစားသမား ပယ်လစ္စထရီသည် ယူနိုက်တက် အသင်းမှ Panathinaikos အသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီးဖြစ်သည်။
ပြောင်းရွှေ့ကြေးမှာ ယူရို(6)သန်း+ အပိုဆုကြေး(2)သန်း
3 နှစ်အတွင်း Buy-back clause စာချုပ်ထည့်သွင်းခဲ့
ကစားသမားကို တစ်ခြားအသင်းသို့ရောင်းခဲ့သော (45%) အထိအကျိုးမြတ် ခံစားခွင့် စာချုပ်တို့ကို ထည့်သွင်းခဲ့သည်။
Good Luck 🔴
soe
Please like&follow me 🙏
21/08/2024
TRANSFER NEWS!
ယူနိုက်တက်က Ugarte အတွက် ပေါင် ၄၂ သန်း တန်ကြေးရှိသည်ဟု သတ်မှတ်ထားသည်။ PSG က Ugarte ကို ရောင်းချမည်ဖြစ်သော်လည်း စပို့တင်း ဆီမှ သူတို့ဝယ်ယူခဲ့စဉ်က အတိုင်း ပေါင် ၅၁ သန်း ရရှိလိုသည်။
နာပိုလီက Mctominay ကို အငှားဖြင့် အရင်ခေါ်ယူရန် ပိုအားသန်သော်လည်း ယူနိုက်တက်က အပြီးရောင်းချလိုသည်။
Vitek, Oyedele, Fish တို့ထွက်ခွာအပြီးတွင် Elyh Harrison နှင်လ Sonny Aljofree တို့လည်း အငှားထွက်နိုင်ချေရှိသည်။ နောက်ခံလူ Rhys Bennett ကိုမူ လိဂ်တူးကလပ် Fleetwood က အငှားခေါ်ရန် စိတ်ဝင်စားနေသည်။
ယူနိုက်တက်သည် နောက်တပတ်သောကြာတွင် ကုန်ဆုံးမည့် အပြောင်းအရွှေ့ နောက်ဆုံးရက်မတိုင်ခင် ကစားသမား ငါးဦး ထပ်မံထွက်ခွာရန် ကြိုးပမ်းနိုင်သည်။
အဲရစ်တန်ဟက်က နေရာတစ်နေရာအတွက် ကစားသမားနှစ်ဦး အနည်းဆုံး အလိုရှိနေသည်။ သို့သော် မလိုအပ်ဘဲ ပိုလျှံနေသောကစားသမားများလည်း ရှိသည်ဟု ယူဆထားသည်။
ကာစီမီရို၏ ခြေစွမ်းပြန်လည်တိုးတက်လာခြင်းကြောင့် ရောင်းထုတ်နိုင်ချေလျော့နည်းလာသလို လင်ဒီလော့မှာလည်း ဒဏ်ရာကြောင့် သုံးပတ်ကြာ လေ့ကျင့်ခန်းမဆင်းနိုင်သည့်အတွက် အသင်းပြောင်းဖြစ်ဖို့ မလွယ်ကူတော့ပါ။
ဂျေဒန်ဆန်ချိုကိုမူ သင့်တော်သော ကမ်းလှမ်းမှုရရှိပါက အငှားဖြစ်စေ၊ အပြီးသတ်ဖြစ်စေ လက်လွှတ်မည်ဖြစ်သည်။
Jones, Samuelluckhurst
soe
Please like&follow me 🙏
20/08/2024
TRANSFER:
- Burnley အသင်းသည် Hannibal Mejbri အား ခေါ်ယူရန် စိတ်ဝင်စားပြီး အပြီးသတ် သို့မဟုတ် အငှါး + မဖြစ်မနေ ခေါ်ယူခွင့်ဖြင့် ခေါ်ယူရေး ဆွေးနွေးမှုများရှိသည်။
[athletic]
- အခြားလူငယ်ကွင်းလယ်လူ တစ်ဦးဖြစ်သူ Maxi Oyedele သည်လည်း Poland ကလပ် Legia Warsaw သို့ အပြီးပြောင်းရွှေ့ရန် ဆွေးနွေးနေပြီဖြစ်သည်။ United ဘက်က သင့်တော်သော ပြောင်းရွှေ့ကြေး + ကောင်းမွန်သော sell-on clause ဖြင့်ရောင်းချလိုသည်။ ကစားသမားကလည်း အပြောင်းအရွှေ့အား စိတ်ဝင်စားသည်။
[simon jones]
soe
Please like&follow me 🙏
20/08/2024
BREAKING!
ယူနိုက်တက်သည် ဘယ်နောက်ခံလူကို ယခုနွေအပြောင်းအရွှေ့မှာ မခေါ်ယူဖို့ ဆုံးဖြတ်လိုက်ကြောင်းသိရသည်။
ယူနိုက်တက်က ကွင်းလယ်လူ အဲရစ်ဆင်အတွက် အေဂျက်ဇ် အသင်းထံ ကမ်းလှမ်းမှုလုပ်ထားပြီး ခေါ်ယူလိုလျှင် ပြောင်းရွှေ့ကြေး ပေါင် (5)သန်းခန့်တောင်းဆိုထားသည်။
နှာပိုလီ အားကစားဒရိုက်တာဖြစ်သူ Giovanni Manna သည် တိုမီနေး အပြောင်းအရွှေ့အတွက် တိုးတက်မှုရှိစေရန် အင်္ဂလန်သို့လာရောက်ခဲ့ပြီး ကစားသမား နှင့် မျက်နှာချင်းဆိုင် စကားပြောဆွေးနွေးခဲ့သည်။ သို့ပေမယ့် အကြိုသဘောတူညီမှုတွေ မရသေးပေ။ တိုမီနေးကို ဖီနာဘာချီ နှင့် ဂါလာစာတာရေး တို့ကလည်း စိတ်ဝင်စားနေသည်။
[The Athletic]
soe
Please like&follow me 🙏
19/08/2024
ဘရိုက်တန်နဲ့ပွဲစဉ်၂အတွက်ကြိုတင်ပြင်ဆင်နေသောလေ့ကျင့်ရေးကွင်းက ယူနိုက်တက်ကစားသမားများရဲ့ပုံရိပ်တချို့။
soe
Please like&follow me 🙏
19/08/2024
Fabrizio Romano ပြောသော ယူနိုက်တက် သတင်းများ
"Ugarte ဟာ ယူနိုက်တက်ကို ပြောင်းခွင့်ရဖို့ သည်းသည်းလှုပ် ဆန္ဒပြင်းပြနေတာပါ။ အပြောင်းအရွှေ့ နောက်ကျနေလို့ အလွန်စိတ်ပျက်လျက်ရှိပါတယ်။
ယူနိုက်တက် ကလည်း ကွင်းလယ်အတွက် အရံပစ်မှတ်တွေရှိပေမယ့် Ugarte ကသာ အကောင်းဆုံး လို့ မြင်ထားဆဲပါ။
ဖူလ်ဟမ်ဟာ တိုမီနေးအတွက် တတိယအကြိမ် မကမ်းလှမ်းရသေးပါဘူး။ ဒါပေမယ့် ယူနိုက်တက် နဲ့ ပြန်လည် စကားပြောနေပါပြီ။
တိုမီနေးက အီတလီ ကို ပြောင်းဖို့လည်း လမ်းဖွင့်ထားပါတယ်။ နာပိုလီ က တိုမီနေးကို ခေါ်ယူဖို့ဟာ အော်ဆီမန် အပြောင်းအရွှေ့ ပေါ် မူတည်နေတာမို့ တရားဝင် မကမ်းလှမ်းရသေးတာပါ။
နွေရာသီအစမှာ ကာစီမီရိုကို ရောင်းဖို့ စီစဉ်ခဲ့သလို အယ်လ်အီတီဟက် ကလည်း စိတ်ဝင်စားခဲ့ပါတယ်။ ယခုတော့ ဆွေးနွေးမှုတွေ အေးစက်သွားပါပြီ။
ဆန်ချိုရဲ့ အေးဂျင့်ဟာ PSG နဲ့ အကြိမ်ပေါင်းများစွာ စကားပြောခဲ့ပေမယ့် တရားဝင်ကမ်းလှမ်းမှု မရခဲ့ပါ။ ဆန်ချို ယူနိုက်တက်မှာ ဆက်ရှိနိုင်ချေ ၆၀% ရှိပါတယ်။
Pellistri ဟာ ပါနာသီနိုင်ကို့စ်ကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။ယနေ့ စာချုပ်ကိစ္စ ဆက်လက်ဆွေးနွေးလျက်ရှိပြီး အသင်းဘက်ကရော ကစားသမားကရော ဒီအပြောင်းအရွှေ့ ဖြစ်လာမယ်လို့ ယုံကြည်မှုရှိနေပါတယ်။
Kadioglu ကို ယူနိုက်တက်ခေါ်ဖို့ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ ဖီနာဘာချီ က ယူရိုသန်း ၃၀ ခေါ်ထားသလို ယူနိုက်တက်ကလည်း ယခုရာသီမှာ ဘယ်နောက်ခံနေရာအတွက် ဈေးများများသုံးဖို့ ရည်ရွယ်ချက်မရှိပါဘူး။
ယူနိုက်တက်က Chiwell ကို မခေါ်ဖို့များပါတယ်။ ချယ်လ်ဆီး က အပြီးရောင်းချင်ပြီး ယူနိုက်တက်က အငှားနဲ့သာ စဉ်းစားထားတာကြောင့်ပါ။
Jarrad Branthwaite ကိုတော့ ဒီရာသီ မခေါ်လောက်တော့ပါဘူး။ ယူနိုက်တက်ရဲ့ ဒီရာသီ Centre back ဖြည့်တင်းမှုတွေက ပြီးသွားပါပြီ။
Victor Lindelof က ယူနိုက်တက်က ထွက်ခွာဖို့ စိတ်အားထက်သန်မနေပါဘူး။ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှု ရရှိထားပေမယ့် လာရောက်ကမ်းလှမ်းဖို့ မရေရာပါ။ နောက်ရာသီမှ အလွတ်နဲ့ ထွက်ခွာနိုင်ချေလည်း ရှိပါတယ်။
ယူနိုက်တက်က Ivan Toney ကို ခေါ်ယူဖွယ်မရှိပါ။ Toney ဟာ Al Ahli နဲ့ဆွေးနွေးမှု အတော်ခရီးရောက်နေပြီး ဆော်ဒီလိဂ်ကိုသာ ရောက်ရှိနိုင်ချေများပါတယ်။"
Fabrizio Romano Youtube
soe
Please like&follow me 🙏
| จันทร์ | 09:00 - 17:00 |
| อังคาร | 09:00 - 17:00 |
| พุธ | 09:00 - 17:00 |
| พฤหัสบดี | 09:00 - 17:00 |
| ศุกร์ | 09:00 - 17:00 |