Dream For You

Dream For You

แชร์

မင်္ဂလာပါခင်ဗျ နားထောင်ချင်သောသီချင်းများ တောင်းလို့ရသည်

15/10/2025

I gained 1,119 followers in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

02/06/2023

ကိုယ် ပြိုလဲသွားလို့မရဘူးလေ ။

ဘယ်လောက်ပဲ ခက်ခဲနေပါစေ ရှင်သန်ရမယ် ။ ဘယ်လောက်ပဲ ကြမ်းတမ်းနေပါစေ ကျော်ဖြတ်ရမယ် ဒဏ်ရာတွေကို မစာနာတာလဲ မဟုတ်ဘူး မင်းနေရာကို မ၀င်ကြည့်ဖူးလို့ ဒီစကားတွေပြောနေတာ မဟုတ်ဘူး တကယ်တမ်း အရေးကြုံလာတဲ့အခါ ကိုယ့်အနားကိုယ်ပဲ ရှိတတ်တာမို့ ကိုယ် ပြိုလဲသွားလို့မရဘူးဆိုတာမှန်း သတိပေးနေရုံပါ ။

ပင်ပန်းနေလား ...ခဏနားလိုက် ၀မ်းနည်းနေလား ငိုချလိုက် ။ ကိုယ့်မျက်ရည်ကို အပြစ်တင်မယ့်လူတွေရှေ့မှာ မငိုမိရင် ပြီးရော ။ မွန်းကျပ်နေလား အော်ဟစ်လိုက် သီချင်းကို အသံအဆုံးထိဖွင့်ပြီး အာပြဲကြီးနဲ့ လိုက်ဆိုနေတာမျိုးပေါ့ ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် မထိခိုက်စေမယ့် နည်းလမ်းနဲ့ ထွက်ပေါက်တော့ ရှာတတ်ရမယ်လေ ။

ကိုယ် အဆင်​မပြေတဲ့အခါ ဘယ်သူရှိမလဲဆိုပြီး ပြေးကြည့်တတ်တဲ့ အကျင့်လေးကိုတော့ ပြင်ပါ ။ တကယ်တကယ့် ကိုယ် ခက်ခဲသွားပြီဆိုရင် ဘယ်သူကမှ ကိုယ့်အနားရှိနေတော့မှာ မဟုတ်ဘူး မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့ အတိုင်း ကိုယ့်အနားကိုယ်ပဲ ရှိနေတာမျိုးလေ ။

နာကျင်နေရတာလား ...ပြီးတော့ ဒဏ်ရာတွေ အများကြီးရလာတာလား ဒီလူတော့ စာနာလောက်ပါရဲ့ဆိုပြီး ရင်ဖွင့်လိုက်တာထက်စာရင် မြိုသိပ်ပြီး ကြိတ်ငိုလိုက်တာ ​ကောင်းပါတယ် ။ လောကမှာ သူများဒဏ်ရာကို ကုစားပေးတတ်တဲ့ ကိုယ်ချင်းစာတရားတွေ လူတိုင်းမှာ မရှိတော့ဘူးလေ ။ နာကျင်နေလားဆိုပြီး ကိုယ့်ဒဏ်ရာကို ဟားတိုက်ပြီး လှောင်မယ့် လူတွေပဲ များတယ် ။

ဘယ်လောက်ပဲ ခက်ခဲနေပါစေ ... ရှင်သန်ဖို့ လမ်းကိုပဲ ရွေးပါ ဘယ်လောက်ပဲ ကြမ်းတမ်းနေပါစေ .... ဖြတ်ကျော်ဖို့ပဲ သတ္တိမွေးပါ ငါ့အနားမှာ ဘယ်သူမှ ရှိမနေပါလားဆိုပြီး တွေးနေတာထက်စာရင် ငါ့အနား ငါရှိနေတာပဲဆိုတဲ့ အတွေးလေးထားပါ ။ ၀မ်းနည်းနေရင်ငိုပါ လမ်းတွေ ပျောက်နေရင် အိပ်လိုက်ပါ

ဘာပဲ ဖြစ်ဖြစ် ကိုယ် ပြိုလဲသွားလို့မရဘူးဆိုတဲ့ သတိလေးရှိနေရင် ရပြီ ။
Crd.
#ကျေးကို

02/06/2023

သက်မဲ့ကိုတောင် စိတ်ကောက်တတ်တဲ့ တနင်္ဂနွေသမီးလေးအကြောင်း ...

မျက်လုံး၀ိုင်း၀ိုင်း နှုတ်ခမ်းပါးပါးနဲ့ ကောင်မလေးတစ်ယောက်ကို နေ့တွေ အများကြီးရှိတဲ့ ကြားမှာမှ တနင်္ဂနွေနေ့မှာ မွေးတယ် ။ သူမကလေ လှတယ်လို့ ပြောလို့ရတဲ့ ကောင်မလေးတစ်ယောက်ဘူး ဒါပေမယ့် သိပ်ကို ချစ်ဖို့ကောင်းတယ် ။ နှစ်လိုဖွယ်အပြုံးလေးရှိတယ် ။ နှစ်ခါပြန်ငေးကြည့်ရတဲ့ အလှမဟုတ်ပေမယ့် တစိမ့်စိမ့်ကြည့်ရင်းတောင် ရိုးမသွားတဲ့ အလှမျိုးပေါ့ ။

ပျော်ပျော်နေတတ်တယ် ... စိတ်ညစ်စရာတွေ ရှိမနေသလိုမျိုး ဘ၀ကို ဖြတ်သန်းနေတတ်သလို တကယ်တမ်းကျတော့ဆိုတဲ့ အနောက်မှာလေ ဘယ်သူမှ မသိခြင်းတွေက အများကြီးပဲ ။ အတွေးတွေ အများကြီးရှိနေတတ်သလို ဘာမှမဟုတ်တာလေးနဲ့တောင် အနောက်မှာ မျက်ရည်တွေ ကျချင်ကျနေတတ်တာ ။ စိတ်ဆိုးလိုက်တော့မှာနော် ဆိုတဲ့ စကားတွေ ခဏခဏပြောတတ်တယ် ။ စိတ်ဆိုးချင်ယောင်လဲ ဆောင်တတ်တယ် ။ အကြာကြီးတော့ စိတ်တွေ မဆိုးတတ်ဘူး ။ ဒါပေမယ့် စိတ်တွေတော့ မကောင်းဖြစ်သွားတတ်တယ် ။

၀မ်းနည်းသွားရင် အသံလေး ... တိမ်၀င်သွားတတ်သလို အနားမှာရှိပြီး မျက်ရည်လေး ၀ဲသွားတာကို မြင်ရလိမ့်မယ် ။ သူကလေ ... သိပ်ကို ပွင့်လင်းတာ ပြီးတော့ စိုးရိမ်ကြောင့်ကြမှုများတယ် တွေဝေတတ်လွန်းတယ် ။ မွေးကတည်းက ... ဘာလုပ်ချင်တယ် ဘာဖြစ်ချင်တယ်ဆိုတဲ့ အိပ်မက်တွေ ဖက်ပြီး မွေးလာသလိုပဲ သူက တစ်ခုခုကို ဖြစ်ချင်တာရှိရင် ဘယ်တော့မှ မေ့မသွားတတ်သလို တစ်ခါတစ်လေကျတော့ သူတို့ကိုယ်တိုင်ကြောင့်ပဲ ဘယ်တော့မှလဲ ဖြစ်မလာတတ်ကြဘူး ။ မကြိုးစားခဲ့တာတော့ ဘယ်ဟုတ်ပါ့မလဲ ... တစ်ခါတစ်လေ တခြားသူတွေအတွက်တွေးပြီး ကိုယ့်အိပ်မက်ကို ကိုယ်ကိုယ်တိုင် ရင်နာနာနဲ့မေ့ပစ်ခဲ့လိုက်တာ ။

ခရီးတွေထွက်ရင် အိမ်ပြောင်းပြီးပြန်လာတတ်တဲ့ လူတစ်ယောက်လိုပါပဲ ... ဒါက ဘယ်သူ့အတွက် ဘယ်ဝါ့အတွက်ဆိုပြီး ဘယ်သူ့ကိုမှ မမေ့ပဲ သတိတရတွေရှိနေတတ်တာလေ ။ သူက အပေါင်းအသင်းဆို တွယ်တာတတ်တယ် ။ အနားမှာ တစ်ယောက်ယောက်ရှိနေဖို့ လိုအပ်တဲ့အထိ သိမ်ငယ်တတ်တယ် ။ ဒါပေမယ့် ဘယ်သူ့မှ မသိအောင် ဖုံးထားနိုင်တာကြောင့်ပဲ တည်ငြိမ်တယ် ရင့်ကျက်တယ်လို့ ထင်တတ်ကြတာပါ ။ တစ်ခုခုဆို သိပ်အားနာတတ်တာ ။ စကားတွေဟာ သိပ်မချောတတ်ပေမယ့် တစ်ဖက်သားကြောင့် ကိုယ် ခက်ခဲနေရင်တောင် ကူညီဖို့ မပျက်ကွက်တတ်ဘူး ။ ပြီးတော့ သူပဲ ဒီထက်ပိုပြီး ခက်ခဲရတာလေ ။

ငါတော့ ဒီလိုလုပ်ရင် အဆင်ပြေမယ်ဆိုတာသိရဲ့နဲ့ တစ်ခါတစ်လေကျ တွေဝေတတ်တယ် ။ ဆုံးဖြတ်ရလဲခက်နေတတ်တယ် ။ တချို့အရာတွေက အဲ့လိုတွေကြောင့် ဆုံးရှုံးရတတ်တာပေါ့ ။ ပြီးတော့ ဒီတနင်္ဂနွေသမီးလေးရဲ့ ပြောစမှတ်တွင်ရလောက်တဲ့ အချက်ကတော့ ... သက်မဲ့တွေတောင် သူက စိတ်ကောက်တတ်တယ် ။ တစ်ခါက မြို့လေးတစ်မြို့ကို သူ သိပ်ကို သွားချင်ခဲ့တာ ပထမတစ်ခါ ပျက်တယ် ... မသွားဖြစ်ခဲ့ဘူး ဒုတိယတစ်ခါ ထပ်ပြီးတော့ ကြိုးစားတယ် ... ထပ်ပြီး လွဲပြီးတဲ့နောက်မှာ အဲ့ဒီမြို့ကလေ ကိုယ်လာချင်တာကိုတောင် မခေါ်ဘူးဆိုတဲ့ အတွေးနဲ့ တစ်သက်လုံး လှည့်မကြည့်တော့အောင် စိတ်ကောက်သွားတတ်တာ တစ်နည်းအားဖြင့် စိတ်ပျက်သွားတာပေါ့ ။

ကလေးတွေကို ချစ်တတ်တယ် ဒါပေမယ့် ကလေးတွေကို ထိန်းရမှာကျ စိတ်မရှည်တတ်ဘူး ။ အော်တယ် ငေါက်တယ် ပြီးတော့ ကလေးနဲ့အပြိုင် ရန်ဖြစ်တဲ့နေရာမှာ ပြိုင်စံရှားပေါ့ ။ မကြိုက်တာများလုပ်လို့ ပြောမရဆိုမရတွေဖြစ်ရင် သူကပါ ကလေးနဲ့အပြိုင် လိုက်ပြီးစိတ်ဆိုးနေတာမျိုး ။ ကလေးတစ်ကောင်နဲ့သာ ပစ်ထားရင် တစ်အိမ်လုံး ဆူညံပွက်လောရိုက်နေတတ်တာမျိုးပေါ့ ။ ဒါက ချစ်ဖို့လဲကောင်းသလို တစ်ခါတစ်လေကျတော့ ကလေးကိုတောင်ဆိုပြီး စိတ်တွေ ဆိုးရခက် မဆိုးရခက်တွေ ဖြစ်ရတယ် ။

တနင်္ဂနွေသမီးကို ချစ်ရတာကလေ ...တစ်ခါတစ်လေ ကလေးတစ်ယောက်ကို လိုက်ပြီးထိန်းနေရသလိုမျိုး အများကြီးလျှော့ရတတ်သလို တစ်ခါတစ်လေကျတော့ ကိုယ့်ပဲ ခေါင်းထခေါက်တော့မလိုမျိုး ဆုံးမတတ်တယ် ။ တစ်ခုပဲသူကလေ သစ္စာတရားဆိုတဲ့အရာကို သိပ်ကိုးကွယ်တတ်တာ ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာရင်ကျေးဇူးပြုပြီးတော့ ... ကျွန်မကို သစ္စာရှိပေးပါဆိုပြီး ခဏခဏပြောလိမ့်မယ် ။ ကျွန်မကလေ သစ္စာမရှိဘူးဆို သိပ်ကို မုန်းတာဆိုတဲ့အကြောင်းတွေ ထပ်ခါထပ်ခါပြောလိမ့်မယ် တကယ်ဖြစ်လာတဲ့အခါကျ ... တချိန်ကျချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်မှ ဟုတ်မှဟုတ်ပါလေစဆိုတဲ့အထိ ပြောင်းလဲသွားတတ်ကြတာ ။

မသန်မာပေမယ့် သန်မာချင်ယောင်ဆောင်တဲ့နေရှာမှာတော်တယ် ။ မမာကျောပေမယ့် မာကျောချင်ယောင်တွေ ဆောင်တတ်တယ် ။ အားကိုးမိသွားရင် အရာရာကို အားကိုးမိတဲ့အထိ အားငယ်တတ်တယ် ။ စိတ်ဆိုးစိတ်ကောက်တယ်ဆိုတဲ့ ခေါင်းစဥ်တွေ အောက်မှာလေ စိတ်မကောင်းခြင်းတွေ အများကြီးဖွက်ထားတတ်တဲ့ တနင်္ဂနွေ သမီးလေးပေါ့ ။ အိမ်မှာ ကျန်နေတတ်တဲ့ သမီးလေးဖြစ်သလို အဖေနဲ့ အမေအနားမှာ အချိန်အကြာကြီး ရှိနေမယ့် သမီးလေးတစ်ယောက်လို့ပဲထင်ပါတယ် ။ အရာရာမှာ သူ့စိတ်တိုင်းကျ လုပ်ရမှ ကျေနပ်ပေမယ့် နေရာတကာမှာ သူများတကာကိုငဲ့ညှာတတ်လွန်းတဲ့ အကျင့်တွေကြောင့် ဘ၀မှာ စိတ်တိုင်းမကျတာတွေ များတယ် ။

တကယ်လို့ပေါ့ ... တနင်္ဂနွေသမီးလေးတစ်ယောက်သာ အနားမှာရှိရင်လေ ... စိတ်ဆိုးတယ် စိတ်ကောက်တယ်ဆိုတိုင်း မယုံပါနဲ့ တစ်ခါတစ်လေ စိတ်မကောင်းဖြစ်သွားမှာကို ဖုံးဖို့ သုံးတဲ့ စကားလေးသက်သက်ပါ ။ ခဏခဏ သတိပေးနေတဲ့အရာတွေကို အမှားမလုပ်မိစေနဲ့ ...စိတ်တွေကောက်တယ်ဆိုတာ ဟန်ဆောင်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် စိတ်တွေ နာသွားရင် သူတို့ကလေ ဘယ်တော့မှ လှည့်မကြည့်တတ်အောင် ပြတ်သားသွားတတ်ကြတာ ။

#ကျေးကို Crt-ကျေးကို

17/07/2020

တိမ္တိုက္နတ္သမီး
===========
တေးရေး-ကောင်းဆက်
တေးဆို-ကောင်းဆက် /ဂျေမောင်မောင်

10/07/2020

နေရာဟောင်း
တေးရေး--ခိုင်ထူး
တေးဆို--ဝိုင်းလေး
အရမ်းကောင်းတဲ့သီချင်းလေးပါ နားဆင်ခံစားပေးပါအုံးဗျ

22/06/2020

ပြန်တွေ့မယ့်ရက်
🖊စောထက်နိုင်စိုး
🎤Benjamin sum

Photos from Dream For You's post 06/10/2018

အယ်​မရယ်​ ဘီလို​တောင်​လှ​နေတာလဲကွယ်
😘😘😘😍

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Yala?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Yala