Brentford Myanmar Bees

Brentford Myanmar Bees ဘရန့်ဖို့ဒ်အသင်းနဲ့ ပတ်သက်တဲ့ သတင်း၊ ဆောင်းပါးတွေကို Brentford Myanmar Bees မှာ အခမဲ့ဖတ်ရှုနိုင်ပါတယ်
(280)

09/26/2026

၁၁၅ မှု ပြစ်ဒဏ်ကြောင့် မန်စီးတီးက ဖလားပြန်အပ်ရင်တောင် ဘရန့်ဖို့ဒ်က လုံးဝ(လုံးဝ) ပြန်မယူပါဘူးတဲ့ဗျာ။ ဘာပုလို့လဲဆိုတော့ ဒုတိယနေရာနဲ့ ပရီးမီးယားလိဂ်မှာ ဇာတ်မသိမ်းဖူးလို့ပါ။



09/24/2026

နော်ဝေအသင်းနဲ့ ဒိန်းမတ်အသင်းတို့ရဲ့ Nations League ပွဲစဉ်က ကွင်းလယ်လူ Damsgaardရဲ့ free kick သွင်းဂိုး

🐝 PLAYER NEWS 🇩🇪 : ပထမဆုံးအကြိမ်အဖြစ် နိုင်ငံအသင်းမှာ ရွေးချယ်ခံရတဲ့ ဗစ်တာလီ ယန်နက်လ်အသင်းရဲ့ကွင်းလယ်ကစားသမား ယန်နက်လ်ကတ...
09/23/2026

🐝 PLAYER NEWS 🇩🇪 : ပထမဆုံးအကြိမ်အဖြစ် နိုင်ငံအသင်းမှာ ရွေးချယ်ခံရတဲ့ ဗစ်တာလီ ယန်နက်လ်

အသင်းရဲ့ကွင်းလယ်ကစားသမား ယန်နက်လ်ကတော့ ဂျာမနီအသင်းရဲ့နည်းပြသစ် ယာဂန်ကလော့ပ်ပထမဆုံးကိုင်တွယ်မယ့် UEFA Nations League ပွဲအတွက် လူစာရင်းမှာ ကစားသမားဘဝ ပထမဆုံးအကြိမ်ဖြစ် ရွေးချယ်ခံခဲ့ရပါပြီ။ပရီးမီးယားလိဂ်အဖွင့် ၄ပွဲမှာ သွင်းဂိုး ၂ဂိုးသွင်းယူပေးထားပြီးဖြစ်တဲ့ ဒီကွင်းလယ်လူအနေနဲ့ အသင်းဖော် တိုက်စစ်မှူး ကီဗင်ရှာဒါနဲ့အတူ လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရတာလည်းဖြစ်ပါတယ်။

ဂျာမန်နည်းပြ ယာဂန်ကလော့ပ်အနေနဲ့ Nations League အတွက် လူရွေးချယ်ရာမှာ အများနဲ့မတူဘဲ ၄၄ ယောက်ထိရွေးချယ်ထားခဲ့ပြီး ပွဲစဉ် ၄ပွဲကို ၂သင်းခွဲကာ ကစားစေဖို့ စီစဉ်ထားလျက်ရှိပါတယ်။ ယန်နက်လ်အနေနဲ့ကတော့ အောက်တိုဘာထဲမှာ ကစားမယ့် ဆားဘီးယား၊ ဂရိတို့နဲ့ ပွဲစဉ်မှာ ပါဝင်သွားဖို့အခြေအနေများပါတယ်။ သူ့ရဲ့အသင်းဖော် ရှာဒါကတော့ နယ်သာလန်တို့နဲ့ ကစားမယ့် လူစာရင်းမှာတင်
ပါဝင်မှာလည်း ဖြစ်ပါတယ်။



NEWS : ကာရာဘောင်ဖလားပြိုင်ပွဲရဲ့ စတုတ္ထအဆင့်မှာတော့ ဘရန့်ဖို့ဒ်အသင်းဟာ ဆန်းဒါးလန်းအသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ကစားရဖို...
09/22/2026

NEWS : ကာရာဘောင်ဖလားပြိုင်ပွဲရဲ့ စတုတ္ထအဆင့်မှာတော့ ဘရန့်ဖို့ဒ်အသင်းဟာ ဆန်းဒါးလန်းအသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ကစားရဖို့ရှိပါတယ်။ အဲဲဒီပွဲစဉ်ကိုတော့ အောက်တိုဘာလ ၂၆ရက်နေ့မှာ ကစားသွားရမှာပါ။



အိုကေပါ။
09/19/2026

အိုကေပါ။

ပျားတုပ်ခံရတဲ့အခါမှာ တဆစ်ဆစ်နာကျင်ကိုက်ခဲမှုကို ခံစားရလေ့ရှိတဲ့အပြင် ဖူးရောင်ခြင်း၊ ယားနာခြင်း၊ အသက်ရှူမဝခြင်း၊ မူးဝေခြင...
09/19/2026

ပျားတုပ်ခံရတဲ့အခါမှာ တဆစ်ဆစ်နာကျင်ကိုက်ခဲမှုကို ခံစားရလေ့ရှိတဲ့အပြင် ဖူးရောင်ခြင်း၊ ယားနာခြင်း၊ အသက်ရှူမဝခြင်း၊ မူးဝေခြင်း၊ ဝမ်းပျက်ခြင်း၊ အော့အန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရလေ့ ရှိကြပါတယ်။ ဒီတော့ ပျားတုပ်ခံရခြင်း ဝေဒနာကို အလျင်အမြန်သက်သာပျောက်ကင်းစေနိုင်မယ့် နည်းလမ်းတွေကို တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်။



၂.၇၁ - ဘရန့်ဖို့ဒ်အသင်းဟာ သောကြာနေ့တွေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၇) ပွဲမှာ (၆) ပွဲအထိ အနိုင်ရရှိထားပါတယ်။ ...
09/19/2026

၂.၇၁ - ဘရန့်ဖို့ဒ်အသင်းဟာ သောကြာနေ့တွေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၇) ပွဲမှာ (၆) ပွဲအထိ အနိုင်ရရှိထားပါတယ်။ သရေ ၁ ပွဲ အပါအဝင် ရှုံးပွဲလည်း မရှိသေးပါဘူး။

သောကြာနေ့တွေမှာ ရရှိခဲ့တဲ့ တစ်ပွဲပျမ်းမျှရမှတ် ၂.၇၁ မှတ်ဆိုတဲ့ စံချိန်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်၊ သတ်မှတ်ထားတဲ့ ရက်တစ်ရက်တည်းမှာ (၃) ပွဲနဲ့အထက် ကစားခဲ့တဲ့ အသင်းတွေအားလုံးထဲမှာ အကောင်းဆုံးစံချိန်ပဲ ဖြစ်ပါတယ်။



"ကိုကြီးက အရမ်းဆိုးတယ်ကွာ" ဆိုပြီး ဆီစျေးကြီးလို့ ဝယ်ထားတဲ့  Leapmotor C11 ကားပေါ်မှာ ကိုယ့်ရင်ဘတ်ပေါ်မျက်နှာအပ်ပြီး အရှ...
09/18/2026

"ကိုကြီးက အရမ်းဆိုးတယ်ကွာ" ဆိုပြီး ဆီစျေးကြီးလို့ ဝယ်ထားတဲ့ Leapmotor C11 ကားပေါ်မှာ ကိုယ့်ရင်ဘတ်ပေါ်မျက်နှာအပ်ပြီး အရှက်သဲနေတဲ့ စော်လေးကို Junction City မှာ လိုချင်တာတွေ လိုက်ဝယ်ပေးလိုက်တော့ စော်လေးမျက်နှာမှာ တခဏအတွင်း ရေထိသွားတဲ့ ပန်းလေးလို လန်းဆန်းသွားတာ မြင်လိုက်ရတယ်။

စော်လေးကို လိုချင်တာတွေ လိုက်ဝယ်ပေးနေရင်း အောင်ဇမ္ဗူဇာတ်ပွဲကြည့်တဲ့ ဉာဏ်ရည်နိမ့် အမျိုးသမီးတွေလို ထိုင်းမှာ ဦးနှောက်မရှိ တနေကုန် တန်းစီရင်း ဝယ်လာတဲ့ iPhone 18 Pro Max ကနေ မြည်လာတဲ့ Ringtone အသံကြောင့် ဖုန်းကိုင်လိုက်တော့

"ကိုကို ခေး ကိုကို့ကို လွမ်းလို့တွေ့ချင်တယ်။ ညနေအားလား"လို့ မေးလာတဲ့ အသံချိုမြမြလေးကြောင့် ဒိန်းကနဲခုန်သွားတဲ့ ရင်ခုန်သံကို တစ်ချက်ထိမ်းလိုက်ရင်း

"အားတာပေါ့ ကိုကိုညနေကျရင်လာခဲ့မယ်
အခုအလုပ်ထဲမှာမို့ ဒါပဲနော်" ဆိုပြီး စျေးဝယ်နေတဲ့
ကိုယ့်ရှေ့က စော်လေးမသိအောင် ဖုန်းကိုအသာချလိုက်မိတယ်။

"ရော့ ..... ဒီမှာ ခေးလိုချင်လို့ ပူဆာထားတဲ့ မန်ယူနိုက်တက် ပလေယာတွေနဲ့တွေ့ရမယ့်ပွဲအတွက် သိန်း ၂၀၀ တန် VVIP Tickets " လို့ ကိုသားကြီးရဲ့
ညှို့အားပြင်းပြင်းအကြည့်နဲ့ကြည့်ပြီး ဟန်ပါပါလှမ်းပေးလိုက်တာလေးကို လက်တုန်တုန်လေးနဲ့ လှမ်းယူပြီး "တကယ်လားကိုကို" ဆိုပြီးမယုံနိင်စွာ လှမ်းယူရင်း Pan Pacific Hotel Yangon က ရေကူးကန်ထဲမှာ ကလေးတစ်ယောက်လို ခုန်ပေါက်ပြေးလွှားနေတဲ့စော်လေးကြောင့် ကိုယ့်ကိုပါ အပျော်တွေကူးစက်လာစေတယ်။

"ဒါပေမယ့် ခေးမှာသွားဖို့ ပိုက်ဆံ"လို့ ထပ်ပြောလာတာကို လက်ကလေးနဲ့ "ရှူးးးးးမပြောနဲ့" လို့ အမူအရာလေးလုပ်ပြလိုက်ရင်း သူမရဲ့ ဖြူနုနုနားရွက်ကလေးနားကို ကပ်ပြီး

"အခု ခေး Bank Acc ထဲကို ကိုကို သိန်း ၅၀၀ လွှဲပေးထားတယ်။ ပြီးတော့ iPhone Duo Night Sky ကာလာလေးကို ပရီအော်ဒါ တင်ပေးထားတယ်"လို့ ပြောလိုက်တော့ အံ့သြလွန်းလို့ တဆတ်ဆတ်တုန်နေတဲ့ ဆော်လေးရဲ့ ပန်းဆီရောင်နှုတ်ခမ်းအိထွေးထွေးလေးကို ကိုယ့်နှုတ်ခမ်းနဲ့ ရုတ်တရက် ထိကပ်ပေးလိုက်ရင်း …

" ဘရန့်ဖို့ဒ်ပွဲတွေ ရှိနေသမျှ ကာလပတ်လုံး ခေးလေး လက်ညှိုးညွှန်ရာ ရေဖြစ်စေရမယ်ကွာ" လို့ စိတ်ထဲက ပြောလိုက်မိတော့တယ်။



လယ်တွင်းသားစောချစ်ပြောတဲ့ " ချိုဆိမ့်၊ အီပျစ်၊ ခွေလဲ" ဆိုတဲ့ အရသာဟာ ဒီကနေ့ပွဲပါပဲ။ အန်သိုနီက ဘရန့်ဖို့ဒ်ကစားသမားဘဝ ပထမဆု...
09/18/2026

လယ်တွင်းသားစောချစ်ပြောတဲ့ " ချိုဆိမ့်၊ အီပျစ်၊ ခွေလဲ" ဆိုတဲ့ အရသာဟာ ဒီကနေ့ပွဲပါပဲ။ အန်သိုနီက ဘရန့်ဖို့ဒ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးရတယ်။ ၄ပတ်ဆက်တိုက် ဂိုးပေါက်ပျောက်နေတဲ့ အီဂေါသီယာဂိုက အိမ်အပြန်လမ်းလေးကို ပြန်ရှာတွေ့သွားပြီ။

နောက်ပြီးတော့ ကာဗယ်လ်ဟို။ သူ့ခဗျာ ဒဏ်ရာတွေနဲ့ လုံးလည်ချာလည်လိုက်နေရရှာတာ။ ရီးဒင်းနဲ့ပွဲမှာလည်းဂိုးသွင်းတယ်။ အခုချယ်လ်ဆီးနဲ့ပွဲမှာလည်း ဂိုးရတယ်။

အဓိက အကောင်းဆုံးကစားသမားဆုဆိုရင် ကောလင်းနေရာဝင်လာတဲ့ ရှုစတာ။ သိပ်ကောင်းတဲ့ကောင်လေး။ ငြိမ်တယ်။ မာတယ်။ အမှားကင်းတယ်။ Block လုပ်တဲ့နေရာမှာ အကင်းပါတယ်။ Clearances တွေကလည်း လက်ဖျားခါ။ သိပ်ကောင်းပါတယ်။

ချယ်လ်ဆီးကတော့ ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်ကွင်းလာတိုင်း အနိုင်(၃) မှတ်မရတာ ၅ ပွဲဆက် ဖြစ်သွားခဲ့ပါပြီ။



09/18/2026

BRENTFORD 1-0 CHELSEA
61 ‘ Anthony
သိပ်ကောင်းတဲ့ ဂိုး၊ အရေးပါတဲ့ဂိုး။
သရေပွဲတွေမမြင်ချင်တော့ပါဘူး။ အနိုင်ရလဒ်နဲ့ပဲ အဆုံးသတ်ချင်မိတယ်။ အန်သိုနီအတွက် ပထမဆုံး ဘရန့်ဖို့ဒ်အတွက် သွင်းဂိုးလည်းဖြစ်ပါတယ်။



Address

New York, NY
10001

Alerts

Be the first to know and let us send you an email when Brentford Myanmar Bees posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Brentford Myanmar Bees:

Shortcuts

Share

Category