Kabaw Sports News

Kabaw Sports News

Share

အားကစားသတင်းစုံ

Photos from Kabaw Sports News's post 07/06/2026

⚽ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲရလဒ်များ

07/06/2026

#၂၀၂၆-၂၇ ဘော်လုံးရာသီအတွက် ပွဲကြိုဒိုင်းဆုကြီး ဗိုလ်လုပွဲ
🏆 အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ ထိပ်တိုက်တွေ့ဆုံမယ့် ၂၀၂၆ ရဲ့ Community Shield ပွဲစဉ်ကို ဝင်ဘလေကွင်းအစား ကာဒစ်ဖ်မြို့က Principality Stadium မှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ တရားဝင် ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ပွဲစဉ်ကျင်းပမယ့်ရက်: သြဂုတ်လ ၁၆ ရက် (တနင်္ဂနွေနေ့)
မြန်မာစံတော်ချိန်: ည ၈:၃၀ နာရီ (UK စံတော်ချိန် ညနေ ၃:၀၀ နာရီ)

07/06/2026

#၂၀၂၅-၂၆ ဘော်လုံးရာသီ ပရီးမီးယားလိဂ်မှ အကောင်းဆုံးဂိုးတစ်ဂိုး

07/06/2026

#ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီရန်အသင်းကို အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေး

⚽လာမည့်ရက်ပိုင်းအတွင်း စတင်ကျင်းပတော့မည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အီရန်အမျိုးသား ဘောလုံးအသင်းကို အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့်ဗီဇာများ ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်အာဏာပိုင်များက အတည်ပြု ပြောကြားလိုက်သည်။

ယခု ဗီဇာခွင့်ပြုချက်သည် လာမည့် ဇွန်လ ၁၅ ရက်နေ့တွင် လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပမည့် အီရန်နှင့် နယူးဇီလန်အသင်းတို့၏ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ် မတိုင်မီ ၁၀ ရက်အလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်အရာရှိများက အီရန်အားကစားသမားများနှင့် လိုအပ်သော ပံ့ပိုးကူညီရေးအဖွဲ့ဝင်များ အပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရန် လိုအပ်သည့် ဗီဇာအားလုံးကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

သို့သော် အီရန်အသင်းအနေဖြင့် ယခုဗီဇာစနစ်ကို အလွဲသုံးစားပြုကာ အမေရိကန်နိုင်ငံအတွင်းသို့ အကြမ်းဖက်သမားများအား အယောင်ဆောင် ခိုးသွင်းလာမည့် လုပ်ရပ်မျိုးကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းတို့က သတိပေးပြောဆိုသည်။

အမေရိကန်၊ ကနေဒါနှင့် မက္ကစီကိုနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ယခု ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးသည် ဇွန်လ ၁၁ ရက်နေ့တွင် စတင်ကန်တော့မည်ဖြစ်သည်။

ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အိမ်ရှင်နိုင်ငံတစ်ခုက ၎င်းနှင့် စစ်မက်ဖြစ်ပွားနေသော ရန်သူနိုင်ငံတစ်ခု၏ အားကစားအသင်းကို ပထမဆုံးအကြိမ် လက်ခံကျင်းပပေးရသည့် ထူးခြားသော ပြိုင်ပွဲတစ်ခုလည်း ဖြစ်လာသည်။

အီရန်အသင်းသည် ဗီဇာအခက်အခဲများကြောင့် ပြီးခဲ့သည့် မေလနှောင်းပိုင်းက အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်ရှိ ဆပ်ဆွန် (Tucson) လေ့ကျင့်ရေးစခန်းမှ မက္ကဆီကိုနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ရကြောင်း အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မဟ်ဒီတာ့ဂျ် (Mehdi Taj) က ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် သောကြာနေ့အထိ အီရန်အသင်း၏ နည်းပြအဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်အချို့ အမေရိကန်ဗီဇာ မရရှိသေးကြောင်း ဖားစ် (Fars) သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယခုအပတ်အစောပိုင်းကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က အီရန်နိုင်ငံ၏ အင်အားကြီးစစ်တပ်တစ်ခုဖြစ်သော အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် ပတ်သက်ဆက်နွှယ်နေသူ မည်သူ့ကိုမျှ အမေရိကန်သို့ ပေးမဝင်ဟု လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

ထို့ကြောင့် အီရန်စစ်တပ်တွင် မဖြစ်မနေ စစ်မှုထမ်းခဲ့ရဖူးသည့် အီရန်လက်ရွေးစင်ကစားသမား အချို့အတွက် ဗီဇာပြဿနာ ကျပ်တည်းခဲ့ရပြီးနောက် ယခုကဲ့သို့ ဗီဇာအားလုံးကို အမေရိကန်ဘက်က ထုတ်ပေးလိုက်ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ အီရန်ဘောလုံးအဖွဲ့ချုပ်ဘက်ကမူ ယခုဗီဇာရရှိမှုအပေါ် တစ်စုံတစ်ရာ လူသိရှင်ကြား တုံ့ပြန်ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ - Reuters

#အီရန်အသင်း #ပြည်ဝင်ခွင့်ဗီဇာ

Photos from Kabaw Sports News's post 02/06/2026

#ဥဇဘက်ကစ္စတန်အမျိုးသမီးကစားသမားအချို့ရဲ့အလှပုံရိပ်များ

Photos from Kabaw Sports News's post 02/06/2026

#ဇွန်လ ၃ ရက် (ဒီညနေ) တွင် ယှဉ်ပြိုင်ကစားမည့် AYA Tri-Nations Cup 2026 အဖွင့်ပွဲစဉ်အတွက် Official Training ပြုလုပ်ခဲ့သည့်
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း

ဥဇဘတ်ကစ္စတန် အမျိုးသမီးလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ရမည့် အဖွင့်ပွဲစဉ်ကို ညနေ ၅ နာရီအချိန်၊ သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။
#မြန်မာ

02/06/2026

#ဒီနှစ်ကမ္ဘာ့ဖလားတော့ စည်းကမ်းတင်းကျပ်လာ
- ၂၀၂၆ ကမ္ဘာ့ဖလားပွဲအတွက် အတည်ပြုလိုက်တဲ့ စည်းမျဉ်းသစ်များ

- ကစားသမားတဦးဟာ လက်ပစ်ဘောအတွက် ၅ စက္ကန့်သာ အချိန်ရပါမယ်။ အဲဒီအချိန်ထက် ကျော်လွန်ပြီး မပစ်မြှောက်သေးရင် ပြိုင်ဘက်အသင်းက မြှောက်ခွင့်ရမှာပါ။

- ဂိုးလွန်ဘော ကန်တင်ဖို့အတွက်လည်း ၅ စက္ကန့်သာ အချိန်ရမှာပါ။ ၅ စက္ကန့်ကျော်လွန်ခဲ့ရင် ပြိုင်ဘက်အသင်းကို ထောင့်ကန်ဘောကန်ခွင့် ပေးရမှာဖြစ်ပါတယ်။

- လူစားလဲဖို့ ၁၀ စက္ကန့်အချိန်ရမှာပါ။ လူစားလဲကစားသမားဟာ ၁၀ စက္ကန့်ကျော်တဲ့အထိ ကွင်းပြင်မရောက်သေးရင် လူစားဝင်မယ့် ကစားသမားဟာ ၁ မိနစ်ကြာ စောင့်ဆိုင်းရမှာဖြစ်ပြီး အဆိုပါအချိန်အတွင်း မိမိအသင်းက ၁၀ ယောက်တည်းနဲ့ ကစားရမှာပါ။

- Physio ရဲ့ ကုသမှုကို ခံယူရတဲ့ ကစားသမားဟာ ကွင်းပြင်ပမှာ တမိနစ်ကြာ နေရမှာပါ။ ဒီနေရာမှာ ဂိုးသမားတွေ၊ ဒဏ်ရာရရှိမှုနဲ့ ပြိုင်ဘက်ကစားသမား အဝါကတ်ပြခံရတာ ဒါမှမဟုတ် ထုတ်ပယ်ခံရတာအတွက် ခြွင်းချက်တချို့ရှိပါတယ်။

- ကစားသမားတွေဟာ ပြိုင်ဘက်ကစားသမားနဲ့ စကားပြောချိန် ပါးစပ်ကို လက်နဲ့ကွယ်ခဲ့ပါက အခြေအနေအပေါ် မူတည်ပြီး အနီကတ်ပြခံရနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

- ထောင့်ကန်ဘောတွေကိုလည်း VAR နဲ့ စစ်ဆေးမှာပါ။ ဒါပေမယ့် ဂိုးလွန်ဘောကို မှားပေးမိတာတွေအတွက်တော့ ပြန်စစ်ဆေးမှာမဟုတ်ပါဘူး။

30/05/2026

#အာဆင်နယ်အသင်းကိုဒီရာသီးချန်ပီယံလိဂ်မှာချီးကျူးစရာအကောင်းဆုံးအသင်းပါ.. ဘာကြောင့်လဲဆိုတော့

ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်လျှောက်လုံးမှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ် (မိနစ် ၁၂၀ အပြီး ပင်နယ်တီ ထည့်မတွက်ပါ)။ သို့သော်..

သူတို့က ချန်ပီယံမဖြစ်ခဲ့ပါ!! အဲဒါကတော့ ပန်းတိုင်ရောက်တယ်လို့၊ အကောင်းဆုံးဖြစ်တယ်လို့မဆိုနိုင်သေးပါ..

ဒါကြောင့် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်မှာ
အကောင်းဆုံး ဒုတိယအသင်းရှင်လို့ ဆက်လက်တည်ရှိနေအုံးမယ်..

08/05/2026

အုပ်စု (ဂ) ပထမပိုင်းရလဒ်များ
=======================

မြောက်ကိုးရီးယား (၁-၀) တောင်ကိုးရီးယား

ဖိလစ်ပိုင် (၀-၀) တရုတ်တိုင်ပေ

U17


08/05/2026

အိန္ဒိယအသင်း ဂိုးပြတ်အနိုင်ရရှိတာကြောင့် တတိယအကောင်းဆုံးအသင်းနဲ့ ကွာတားဖိုင်နယ်တက်ရောက်ဖို့ အခွင့်အရေးရှိလာပါတယ်။

မကြာခင်မှာ ကစားမယ့် အုပ်စု (ဂ) မှ ဖိလစ်ပိုင်အသင်းက ပြိုင်ဘက် တရုတ်တိုင်ပေအသင်းကို အနည်းဆုံး (၈-၀) ဂိုးသွင်းနိုင်ခဲ့ရင် ဖိလစ်ပိုင် ကွာတားတက်မယ်။ မနိုင်ရင် အိန္ဒိယအသင်းကွာတားဖိုင်နယ်တက်မယ်။

အုပ်စု (ခ) ပွဲပြီးရလဒ်
အိန္ဒိယ (၄-၀) လက်ဘနွန်

U17


Want your business to be the top-listed Gym/sports Facility in Melbourne?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


56 Sanpyah Street
Melbourne, VIC
11121