07/03/2023
*ရုန်းထွက်ခဲ့ပါ ဧရာဝတီ*
~~~~~~~~~~~~~~
*အလှူအတန်း ပဌာန်းဒေသနာ
မင်္ဂလာစုံ
ဆိုင်း၊ဗုံ၊ ဆောင်းဘောက်
သောက်သောက်ညံညံ
ပျော်ရွင်သံဖြင့်
စည်ကားဝေစည်
"ဧရာဝတီ" ….။
*ကရင် စကိုင်း မကွေတိုင်းနှင့်
တိုင်းရင်းဒေသ ပြာပုံကျလည်း
မလှုပ်မယှက် အဟုတ်မှတ်ခါ
အာဏာရှင်အောက် ပြားပြား
မှောက်လျှက် ဒူးထောက်ခစား
နေသားကျသည်
"ဧရာဝတီ"….။
*စပါးဆန်ရေ ပေါပါလေလည်း
လူပျော့ လူညံ့ လူကန့်လန့်နှင့်
ဘေးထိုင်ဘုပြော လူပေါလူသွပ်
လူဒရွတ် လည်း စုံပေါလေသည်
"ဧရာဝတီ"….။
အာဏာရှင်ကြိုက်
ယိမ်းလိုက်ဟန်ပြ
ခြံခွထိုင်သူ အူတူတူနှင့်
ဖောရှော မြှောက်စား
ငဖားတသိုက်
နောက်လိုက်ဝန်ထုပ်
ဟန်ရေးလုပ်ကာ
ရာထူးဂုဏ်မက်
သိုက်မပျက်ဖို့
ဘောမ ပေါသည့်
"ဧရာဝတီ"….။
တော်လှန်သူများ
လူငယ်အားနှင့်
ဓမ္မချစ်သူ မြတ်ထိုလူစု
ရပ်တည်မှုသာ
နောင်လာအနာဂါတ်
တိုင်းပြည်တွက်မို့
ကိုယ်စီသမိုင်း
မရိုင်းစေရန်
ရည်စိတ်သန်သည်
*ရုန်းထွက်ခဲ့ပါ ---ဧရာဝတီ*။
မင်းမာဃ(ဧရာဝတီ)
04/02/2023
iPhone ကိုင်တဲ့သူများ Aungpwe ကိုကလစ်ပေးကြပါဦးခင်ဗျာ။
Aungpwe လေးက စကတည်းက ad limit မတက်ပဲ ပုံမှန်လေးရနေတာဖြစ်ပါတယ်ခင်ဗျာ။
ဒါပေမယ့် သုံးတဲ့သူနည်းတော့ ငွေထင်သလောက်မရဘူးဖြစ်နေတာပါခင်ဗျာ။
ဒါကြောင့် များများလေးဝင်ကလစ်ပေးကြပါဦးခင်ဗျာ။
လူများများ ကလစ်ဖို့လိုတာဖြစ်ပါတယ်ခင်ဗျာ
ဒီညအတွက်
Aungpwe iOS
Lattsaung android
Eain Pyan Lann android အခြေအနေကောင်းပါတယ်ခင်ဗျာ
weclick4pdf website နဲ့ Pyithubawa website က လည်း တော်တော်အခြေအနေကောင်းပါတယ်ခင်ဗျာ။ website တွေဝင်ဖတ်ဖို့လည်း မမေ့ကြပါနဲ့ဦးခင်ဗျာ။
04/02/2023
အခုမှကြည့်မိတယ် သပြေခက် android ကလည်း ကြော်ငြာနည်းနည်းတက်နေပါပြီခင်ဗျာ။ ဒီနေ့အတွက်ဆို မြန်မာငွေ ၂သိန်းကျော်ရထားပါတယ်။ ကလစ်ကြပါဦးနော်။
လက်ဆောင်လည်းတက်နေတယ်။
မျက်စိမလည်အောင်ရှင်းပြလမ်းပြပေးပါ့မယ်ခင်ဗျာ
iphone ကိုင်တဲ့သူတွေက
aungpwe ios နဲ့
eainpyanlann ios ကလစ်ရမှာပါခင်ဗျာ။
android ကိုင်တဲ့သူတွေက
Lattsaung
Eain Pyan Lann
Tha Pyay Khat
C2D
ပါခင်ဗျာ။ လေးခုလုံးကို VPN ပါတလှည့်မပါတလှည့် ကလစ်ပေးကြပါခင်ဗျာ။
----------------------------------------------------------------------------------------------------------------------------------------------
app တွေမကလစ်တတ်တဲ့သူတွေက
weclick4pdf .com နဲ့
pyithubawa .com ကို google ကနေရှာပြီးစာဝင်ဖတ်ပေးလို့ရပါတယ် သူတို့ကလဲ app တွေလောက်နီးနီးရပါတယ်ခင်ဗျာ။
----------------------------------------------------------------------------------------------------------------------------------------------------------
YOUTUBE သမားတွေက Raung Ni ချန်နယ်ကိုကြည့်ရမှာပါခင်ဗျာ
We Click က ပိုက်ဆံမရတော့တာကြောင့် လောလောဆယ်ကတနေ့တပုဒ်ပဲဲကြည့် တလနေရင်ပြန်လျှောက်မယ်ခင်ဗျာ
We Click 4MM က အပြီးမပိတ်သေးဘူး limit ပဲလုပ်ခံရတာ ပြန်လာနိုင်သေးတယ် ကြည့်ပါခင်ဗျာ
Raung Ni က အခုလေးတင်မှပိုက်ဆံပြန်ရဖို approve ခံထားရတာ အသေချာဆုံးပါ
တော်လှန်ရေးနဲ့မဆိုင်တဲ့ ပ်ုက်ဆံရဖိုသေချာတဲ့ content တွေတင်ပါ့မယ်ခင်ဗျာ
Rn မှာက တော်လှန်ရေးနဲ့မဆိုင်တာတွေပဲတင်မလိုခင်ဗျာ
တကယ်ပိုက်ဆံရတဲ့ဟာတွေပေါ့
တော်လှန်ရေးနဲ့ဆိုင်တဲ့ content တွေကျ ကြော်ငြာတက်ဖိုက်ိ မနည်းလုပ်နေရတာမိုပါခင်ဗျာ
ဒါမဲ့ လူကြည့်များတော့ သွေးမအေးနေအောင် wc မှာတင်ပေးရတာပါ
ပိုက်ဆံတော့မရပါဘူးခင်ဗျာ
11/12/2022
Buddy လဲ ရှေ့တန်းမှာ ဆေးအကူအနေနဲ့ တာဝန်ကျေပေးနေသလို၊ တော်လှန်ပြည်သူတွေလဲ ဘက်ဒီ့အတွက် ကံစမ်းမဲများများဝယ်ကူပေးကြပါလို့…
ဘက်ဒီ့ကိုချစ်ရင် ဘက်ဒီချစ်တဲ့ရဲဘော်တွေအတွက် ရံပုံငွေများများရဖို့ Ticket လေးတွေများများဝယ်ပေးကြပါလို့..
ပါဝင်အားဖြည့်ရန်
m.me/cdmmn
ျီတက်_စစ်တပ်ပျက်
11/12/2022
မီးပျက်တာကို
ဘာကြောင့်ပျက်လဲ?ဘာလို့မရတာလဲ?
မေးခွန်းမထုပ်၊မပျက်အောင်ဘယ်လိုလုပ်၊
ဘယ်လိုဖိအားပေးရမလဲမစဉ်းစားဘဲ
မီတာခလေးပုံမှန်ပေး၊ဟာသလုပ်ပြော၊ဆဲနေရုံလောက်ဘဲတွေးတက်တက် fu***ng brain level တွေ
29/11/2022
ဧရာဝတီတိုင်းလိုနေရာမှာတောင်ဈေးဝယ်ရင် thayနက်ကြီးတကာကားနဲ့နောက်ကလိုက်စောင့်ပေးနေရတယ်
ငါတို့တွေဘယ်တော့မှမရှုံးဘူး
08/11/2022
အင်္ဂလိပ်စာသင်ပေးခဲ့တဲ့ဆရာက အတည်လိုလို နောက်တာလိုလိုပြောခဲ့တဲ့စကားကို အခုထိနားထဲစွဲနေသေးတယ်။
တို့မြန်မာတွေ တောင့်မခံနိုင်တဲ့ Trigger word နှစ်ခုရှိတယ်။ ပွဲ ဆိုတာရယ် အလကား ဆိုတာရယ်။
Beer ဆိုတဲ့စကားကိုဂျာမန်တွေ တောင့်မခံနိုင်သလိုမျိုး၊ ဗော့ဒ်ကာလို့ဆိုလိုက်ရုံနဲ့ ရုရှားတွေအာခြောက်လာသလိုမျိုး၊ ပွဲလို့ဆိုလိုက်ရုံနဲ့ မြန်မာအတော်များများ ဝင်မနွှဲဘဲမနေနိုင်။ ဒုတိယကမ္ဘာစစ်က မြန်မာပြည်စစ်ဆင်ရေးတစ်ခုအကြောင်းရေးထားတဲ့ မှတ်တမ်းတစ်ခုမှာ မြန်မာတွေအပျော်အပါး ကြိုက်တတ်လွန်းပုံကိုရေးထားတာ မှတ်မိသေးတယ်။
မတ်ဟောတန်ရဲ့ မြန်မာ့တောတွင်းရက် ၁၀၀ စစ်ဆင်ရေးလိုပဲ ဒီစာရေးသူကလည်း မြန်မာ့တောတွင်းတစ်နေရာကို လေထီးနဲ့ဆင်းပြီး ဆက်သွယ်ရေးစခန်းချရတယ်။ တစ်ရက်မှာသူတို့စခန်းနားကို မြန်မာရွာသူရွာသားတွေအုပ်စုလိုက်ကြီး ရောက်
လာလို့ ကင်းသမားတစ်ယောက်ထားပြီး အမြဲစောင့်ကြည့်ခိုင်းထားရတယ်။ ဒီရွာသားတွေက ဂျပန်တွေရွာထဲဝင်မွှေနေလို့ တောထဲလာရှောင်နေကြရတာ။
တောထဲမှာ ကာလသားတွေကဘာလုပ်တယ်မှတ်သလဲ။ ညတိုင်းမီးတုတ်ထွန်းပြီး ဆိုင်းမပါဘုံမပါ
ပါးစပ်ဆိုင်းနဲ့မိုးအလင်း ဇာတ်ကကြသတဲ့။ စာရေးသူကတော့ ဒီလောက်အိုးပစ်အိမ်ပစ်ဒုက္ခတောထဲမှာတောင် ကနိုင်ကြသေးတယ်လို့ ချီးကျူးစကားဆိုတယ်။ အကောင်းမြင်ဘက်ကဆိုရင်တော့ ဒီလိုပေါ့။
အဆိုးမြင်ကြည့်ရင်တော့ ဒုက္ခတောထဲမှာတောင် နန့်ကြောမသေသေးတာလို့ ပြောရမလား။
ရှေးတုန်းက ဘုန်းကြီးသေ ရွာကြေလို့ ဆိုရိုးရှိတယ်။ဘုန်းကြီးတစ်ပါးပျံတော်မူလိုက်တာနဲ့ လုပ်လိုက်တဲ့ပွဲတွေကမဆုံးနိုင်တော့လို့ ရွာပါမွဲတဲ့အထိ။ အလ ကားဆိုတဲ့စကားလုံးနဲ့ Discount ဆိုတဲ့စကားလုံးတွေကိုလည်း မြန်မာတွေတောင့်မခံနိုင်ကြ။ ဒီစကားမျိုးကြားလိုက်ရုံနဲ့ ရန်ငြိုးတွေ သောက်မြင်ကပ်တာတွေ မေ့သွားလောက်တဲ့အထိ။ ကာတွန်းမောင်စိန်ရဲ့ ကာတွန်းတစ်ကွက်ကိုသတိရမိသေးတယ်။ ဆိုင်ဝမှာ အဝစား၁ ကျပ်လို့ရေးထားလိုက်တာ လူကိုဆိုင်ထဲကထမ်းစင်နဲ့ထမ်းထုတ်လာရတဲ့အထိပဲ။ အလကား၊ discount၊ ပွဲ ဆိုတဲ့ စကားတွေက လူတွေရဲ့ အာရုံကိုဆွဲဆောင်နိုင်တဲ့စကားလုံးတွေဖြစ်နေတာမို့ ခေတ်အဆက်ဆက် အသုံးချတာခံခဲ့ရတယ်။
Boycott လို့ ကြွေးကြော်ခဲ့ကြပေမယ့် အလကားပေးမယ်လို့ပြောလိုက်ရုံနဲ့ boycott ထားတဲ့လူရဲ့ ပို့စ်အောက်ကိုစုပြုံရောက်လာတာမျိုး၊ Discount လို့ ဆိုလိုက်ရုံနဲ့ boycott ထားတာကိုမေ့ပြီး အစုလိုက်အပြုံ လိုက်သွားဝယ်ကြတာမျိုး၊ ပျော်ပွဲရွှင်ပွဲလို့ဆိုလိုက်ရုံနဲ့ တနေ့ကလူတွေသေထားတာကိုမေ့ပြီး ပျော်ပျော်ကြီးသွားနွဲကတာမျိုး။ မျိုးစိတ်တစ်ခုဟာ evolution ဖြစ်လာလေ အာရုံမြဲမှုပိုလာလေလို့ သိပ္ပံပညာရှင်တွေကဆိုကြတယ်။ အာရုံမြဲမှုဟာ အသိဉာဏ်လက္ခဏာတစ်ခုဖြစ်ပြီး ရှေးခေတ်လူထက် ဒီနေ့ခေတ်လူဟာအာရုံစူးစိုက်နိုင်စွမ်းပိုလာတယ်လို့ ဆိုကြတယ်။ လူနဲ့တိရစ္ဆာန်ကတော့ ပြောင်းပြန်။ ကြောင်လေး ခွေးလေးတွေမှာ တစ်ဦးချင်းအလိုက် လူတွေထက်အာရုံမြဲမှုအားနည်းတာကိုတွေ့ရတယ်။ သခင်နဲ့စိတ်ကောက်ထားတာမှမကြာသေး အစာခွက်သံပေးလိုက်ရင် စိတ်ဆိုးထားတာမေ့ပြီးပြေးလာသလိုမျိုး၊ ဘောလုံးနဲ့ကစားနေရင်း နံရံပေါ်လေဆာမီးထိုးလိုက်ရင် ဘောလုံးကိုမေ့ခဲ့ပြီးလေဆာနောက်လိုက်သလိုမျိုး။ ကိုယ်တွေရဲ့ အာရုံမြဲမှုဟာလည်း ကောက်ရိုးမီးဖြစ်နေသလား။ ဒါမှမဟုတ် Finding Nemo ထဲက Dory လို ရေတိုမှတ်ဉာဏ်ဆုံးရှုံးမှုဝေဒနါကို အုပ်စုလိုက်ကြီးဖြစ်နေကြသလား။ မြန်မာ့ပထမဆုံးကျောင်းသားသပိတ်စတင်တဲ့အခါ ပညာမင်းကြီးမတ်ဟန်းတားဆိုတဲ့သူက ဆန္ဒပြကျောင်းသားတွေကိုကြည့်ပြီး အလကားပါ၊ ခဏနဲ့ ငြိမ်းသွားမယ့်ကောက်ရိုးမီးပါ လို့ပြောခဲ့သတဲ့။ ဒီလိုစကားမျိုးမြန်မာ့သမိုင်းတစ်လျှောက်ပြောခဲ့သူ ဘယ်နှယောက်တောင်ရှိမလဲ။ ဒီလိုတွေးတိုင်း ကျွန်မစိတ်ချမယ်နော်၊ ကောက်ရိုးမီးမဟုတ်ဘူးနော် ဆိုတဲ့အသံရှင်ကို အားနာမိတယ်။
အာရုံမမြဲမှုက ကိုယ်ကိုယ်တိုင်မှာလည်းတောင့်မခံနိုင်တာတွေအများကြီး။ အကျင့်ဆိုးသီချင်းထဲကလိုအစရှိပြီး အလယ်နဲ့ အဆုံးမရှိတဲ့အလုပ်တွေ လုပ်ထားမိတာတွေအများကြီး။ အာရုံငါးပါးကို စောင့် ကြည့်ထိန်းချုပ်ဖို့အဟောဆုံးနိုင်ငံမှာ အာရုံကိုမထိန်းနိုင်သူတွေချည်းစုနေကြတာ ရယ်စရာပါပဲ။
လုပ်သင့်တာ၊ လုပ်ထိုက်တာ၊ လုပ်အပ်တာထက်
အာရုံလွှဲမှုတွေ၊ကိုယ်ကြိုက်တဲ့ အာရုံနောက်ကောက်ကောက်ပါအောင်လိုက်မှုတွေက မဆုံးနိုင်အောင်။
မဂ္ဂဇင်းတွေခေတ်ကောင်းစဉ်က ဝတ္ထုတစ်ပုဒ်ကို သတိရမိသေးတယ်။ ဝတ္ထုတိုထဲက အဓိကဇာတ်ကောင်က ကျေးဇူးရှင်ဖခင်ဆုံးလို့ ရွာကိုပြန်လာတယ်။ ရွာတွေမှာစျာပနက မြို့စျာပနနဲ့မတူ။ ဆိုင်းနဲ့ အဆိုနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ကြီး။ Pagodas & Peacock ကိုရေးခဲ့တဲ့ ပေါလ်အက်ဒမွန်က မြန်မာတွေရဲ့ဒုမင်္ဂလက ဥရောပမှာလိုမဟုတ်ဘဲပျော်စရာကြီးဖြစ်နေကြောင်း အံ့သြတကြီးရေးခဲ့ဖူးတယ်။ အခုလည်းစျာပနက အဆိုတွေဆိုင်းတွေနဲ့ပျော်စရာကြီး။ အကဝါသနာပါတဲ့ဇာတ်လိုက်က အစမှာတော့ထိန်းသေးတယ်။ အဖေဆုံးထားတာမကြာသေးလို့ ငိုလက်စတောင်မပြတ်သေး။လက်ချိုး ခြေချိုးကချင်နေပြီ။ မြေချခါနီး ကျင်းဦးတိုက်တော့ဆိုင်းကမြိုင်အောင်တီးတဲ့အခါ မခံနိုင်တော့ဘဲ ကွေးနေအောင်ထကတော့တယ်။ ဟဲ့ နင့်အဖေကိုမြေချမှာနော်ဆိုလည်း တားလို့မရတော့။ သူ့အဖေရဲ့အသုဘကိုမေ့ပြီး ကွေးနေအောင်ကတော့တယ်။
အခုလည်းနိုင်ငံစျာပနကို မေ့ပြီး…။
Elvis
12/09/2022
သူများကန်က ငါးတွေ ကျန်းမာကြပါစေ
ကာတွန်း - ဟယ်မား
#ဟယ်မား