13/11/2026
🏋️⛔️Gym မဆော့ခင် စားသင့်တဲ့ အစားအစာများ(Pre_Workout)💪
ဆော့ ခါနီး အချိန်မှာ ခန္ဓာကိုယ် အတွက် စွမ်းအင် အမြန်ဆုံး ရရှိသည့် ကာဗိုက်ဒရိတ် (Carbohydrates)နဒ့ ကြွက်သားတွေ မပျက်စီး အောင် ကာကွယ်ပေးမည်ပရိုတင်း(Protein)အနည်းငယ်ပါဝင်တဲ့ အစားအစာတွေကိူရွေးချယ်သင့်ပါတယ်။
💢ဆော့ခါနီး (၃၀-၆၀မိနစ်အလ်ု)အလွယ်တကူ စားလို့ ရတာတွေ,
🍌ငှက်ပျောသီး -စွမ်းအင်အမြန်ဆုံးရစေပြီး အစာကြေလွယ်ပါတယ်)
🍞ပေါင်မုန့်ဖြူ(သို့)ပေါင်မုန့်ညို တစ်ချပ်ကို မြေပဲထောပတ်(Peanut Butter)အနည်းငယ်သုတ်စားခြင်း
🍦ရိုးရိုးဒိန်ချဥ် (Yogurt)နဲ့ သစ်သီးအနည်းငယ်
အုတ်ဂျုံ (Oatmeal)အနေတော်တစ်ပန်ကန်
💢ဆော့ခါနီး(၂-၃နာရီအလို)-အစားကောင်းကောင်း စားထားခင်ရင်း
ထမင်းဖြူ၊ ကြက်သားပြုတ်(မဟုတ်)ရင်ပံုသားနဲ့ ဟင်းသီးဟင်းရွက် အနည်းငယ် အာလူးပြုတ် (သိုမဟုတ်) ကန်စွန်းဥပြုတ် ကြက်ဥပြုတ်
⛔Gymဆော့ပြီး စားသင့်တဲ့ အစားစားများ (Post-Workout) Gymဆော့ပြီးချိန်မှာတော့ ပင်ပန်းသွားတဲ့ကြွက်သားတွေက်ိိုပြန်လည်ပြုပြင်ဖို့(Muscle Repair)နဲ့ ကုန်ခမ်းသွားတဲ့ စွမ်းအင်တွေကို ပြန်ဖြည့်တင်းဖို့အတွက် ပရုိတင်း(Protein) နဲ့ ကာဗိုဟိုက်ဒရိတ်(Carbohydrates)များကိုအဓိက ထားစားသူံးရပါမယ်။ဆော့ပြီးနာရီဝက်ကနေ နှစ်နာရီ အတွင်း စားသုံးသင့်ပါတယိ။
⭕️ပရိုတင်းဓာတ် မြင့်မားတဲ့ အစားစား များ
ကြက်ဥပြုတ် ၊ ကြက်သားရင်ပုံသား၊ ငါး ၊အမဲသား (သို့မဟုတ်)ပင်လယ်စာ
ပဲနီလေး၊ ပဲအမျိုးမျိုး ၊ တို့ဖူး
Whey Protein (မြန်ဆန်လွယ်ကူစွာ သောက်ချင်ရင်
ကာဗိုဟိုက်ဒရိတ်(စွမ်းအင်ပြန်ပြည်ရန်),
ထမင်း၊ ခေါက်ဆွဲ သို့မဟုတ် အာလူး ကန်စွန်းဥ
ကွေကာအို(Oats)သို့မဟုတ် သစ်သီးဖျော်ရည် (Smoothies)
❌ရှောင်ရန်: အဆီများတဲ့ အစားစာတွေနဲ့ အမျှင်ဓာတ် အရမ်းများတဲ့ အစားစာတွေကိူ ဆော့ခါနီးမှာ မစားသင့်ပါဘူး။ အစာကြေနှေးပြီး ဗိုက်နာတာ၊ မအိမသာ ဖြစ်တာတွေ ဖြစ်စေနိုင်ပါတယ်။
❗အထူးသတိပြုရန်(ရေဓာတ်)
လေ့ကျင့်ခန့းမလုပ်မီ၊ လုပ်နေစဥ်နဲ့ လုက်ပြီးချိန်တွေမှာ ရေဓာတ်ပြည့်ဝနေဖို့ ရေကိူ ပုံမှန်သောက် သုံးပေးဖို့ လိုအပ်ပါတယ်။ ရေဓာတ် ခမ်းခြောက်ရင်အားအင်ကုန်ခမ်း လွယ်ပြီး ေလ့ကျင့်ခန်း လုပ်ရတာ ထိရောက်မှူနည်းသွားပါလိမ့်မယ်ခင်ဗျာ⛔ Train Smart. Build Strong. 🔥
Trainer – Paing Thu Chit
#ပြည်တွင်းပြည်ပonlinetrainer
& P Fitness Center