Grammy - Dance & Music Academy

Directions Contact the business

Grammy - Dance & Music Academy Inspire • Create • Perform

သင်တန်းပြီးသွားရင်လည်း 𝗣𝗮𝗿𝘁-𝗧𝗶𝗺𝗲 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 𝗠𝘂𝘀𝗶𝗰 𝗧𝗲𝗮𝗰𝗵𝗲𝗿 အနေနဲ့ကျောင်းမှာပြန်လည်လုပ်ကိုင်နိုင်မယ့် "𝟮 𝗠𝗼𝗻𝘁𝗵𝘀 𝗠𝘂𝘀𝗶𝗰 𝗧𝗿𝗮𝗶𝗻...
03/11/2026

သင်တန်းပြီးသွားရင်လည်း 𝗣𝗮𝗿𝘁-𝗧𝗶𝗺𝗲 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 𝗠𝘂𝘀𝗶𝗰 𝗧𝗲𝗮𝗰𝗵𝗲𝗿 အနေနဲ့ကျောင်းမှာပြန်လည်လုပ်ကိုင်နိုင်မယ့် "𝟮 𝗠𝗼𝗻𝘁𝗵𝘀 𝗠𝘂𝘀𝗶𝗰 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗣𝗿𝗼𝗴𝗿𝗮𝗺"

ကိုယ်ကPiano၊ Violin၊ Guitar တစ်ခုခုကို အခြေခံအနည်းငယ် သင်ယူထားပြီး ဂီတပညာကို ဆက်လက်လေ့လာချင်သူလား? ကိုယ်တတ်ထားတာတွေကို ပြန်လည်မျှဝေသင်ကြားပေးဖို့လည်း စိတ်ဝင်စားပါသလား? 💜

GRAMMY ရဲ့ "𝟮 𝗠𝗼𝗻𝘁𝗵𝘀 𝗠𝘂𝘀𝗶𝗰 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗣𝗿𝗼𝗴𝗿𝗮𝗺" မှာ ပါဝင်ဖို့ ကျွမ်းကျင်ပြီးသား ဖြစ်နေစရာမလိုပါဘူး။ အခြေခံတီးခတ်မှုရှိပြီး ဆက်လက်သင်ယူလိုစိတ်ရှိသူတွေကို ဖိတ်ခေါ်ပါတယ်။

ဒီ Program မှာ ကိုယ့်ရဲ့ Music Skill ကို ဆက်လက်ဖြည့်ဆည်းရင်း သင်ကြားရေးအတွက် လိုအပ်တဲ့ အခြေခံတွေကို လေ့လာနိုင်မှာဖြစ်သလို၊Trainingပြီးသွားရင် ကိုယ်က GRAMMY မှာ Part-time Assistant Teacher အဖြစ် ပါဝင်လုပ်ကိုင်ခွင့်ရနိုင်မယ့် အခွင့်အလမ်းလည်း ရှိပါတယ်။ ✨

ကိုယ်တိုင်လည်း သင်ယူ၊ အခြားသူတွေ သင်ယူနိုင်ဖို့လည်း ကူညီရင်း Music Teaching လမ်းကြောင်းပေါ် ပထမဆုံးခြေလှမ်းကို စတင်လိုက်ပါ။

⏰ သင်တန်းကာလ — 2 လ
📅 တစ်ပတ်လျှင် — 2ရက် 1ရက် 1နာရီခွဲ
🎹 တူရိယာများ — Piano | Violin | Guitar

📩 သင်တန်းတက်ရောက်ရန် လိုအပ်တဲ့ အခြေခံအဆင့်နဲ့
Part-time Assistant Teacher အခွင့်အလမ်းအကြောင်း အသေးစိတ်ကို GRAMMY Page Messenger မှာ စုံစမ်းနိုင်ပါတယ်။

03/11/2026

👀🔥𝟭𝟲 𝗕𝗲𝗮𝘁 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 !!!

GRAMMY Dance & Music Academy ရဲ့ "Toddler Music Program – Trial Class " အတန်းသစ်လေးကို လာမယ့် ကြာသပတေးနေ့မှာ ထပ်မံပြုလုပ...
03/11/2026

GRAMMY Dance & Music Academy ရဲ့ "Toddler Music Program – Trial Class " အတန်းသစ်လေးကို လာမယ့် ကြာသပတေးနေ့မှာ ထပ်မံပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ 🎵

🎹 သားသားမီးမီးတို့ ငယ်စဉ်ကတည်းက ဂီတနဲ့ရင်းနှီးပြီး / ဂီတကို ချစ်မြတ်နိုးလာစေဖို့ ပျော်ရွှင်စရာ Music Activities လေးတွေနဲ့ စတင်မိတ်ဆက်ပေးလိုက်ရအောင်။

ဂီတနဲ့ ထိတွေ့လေ့လာခြင်းက ကလေးငယ်လေးတွေရဲ့—
_ဖန်တီးနိုင်စွမ်း (Creativity)
_အာရုံစူးစိုက်မှုနဲ့ နားထောင်နိုင်စွမ်း (Focus & Listening)
_ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Confidence)
_ကိုယ်ပိုင်ခံစားချက်တွေကို ဖော်ပြနိုင်စွမ်း (Self-Expression)
_လူမှုဆက်ဆံရေးနဲ့ ဖျော်ဖြေတင်ဆက်မှုစွမ်းရည်
(Social & Performance Skills)
တို့ ဖွံ့ဖြိုးတိုးတက်လာဖို့ အထောက်အကူပြုနိုင်ပါတယ်။

Program အသေးစိတ်နဲ့ သင်တန်းအပ်နှံမှုများအတွက်
Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📅Date: Thursday, November 5, 2026
📍GRAMMY Dance & Music Academy
📍Google Map: https://maps.app.goo.gl/DToKDwHBaETNLPTo9

💌 Trial Class အတွက် စာရင်းပေးသွင်းလိုပါက Page Messenger ကနေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်။

✨ INSPIRE • CREATE • PERFORM

01/11/2026

"𝗧𝗼𝗱𝗱𝗹𝗲𝗿 𝗠𝘂𝘀𝗶𝗰 𝗣𝗿𝗼𝗴𝗿𝗮𝗺"

Trial Class|October 29 ရဲ့
movement လေးအချို့

#ကလေးဂီတသင်တန်း

31/10/2026

𝗖𝗿𝗼𝘄-𝗙𝗶𝗻𝗴𝗲𝗿𝘀𝘁𝘆𝗹𝗲 𝗚𝘂𝗶𝘁𝗮𝗿 𝗖𝗼𝘃𝗲𝗿

𝗖𝗹𝗮𝘀𝘀𝗿𝗼𝗼𝗺 𝗠𝗼𝗺𝗲𝗻𝘁𝘀 𝗮𝘁 𝗚𝗥𝗔𝗠𝗠𝗬!
30/10/2026

𝗖𝗹𝗮𝘀𝘀𝗿𝗼𝗼𝗺 𝗠𝗼𝗺𝗲𝗻𝘁𝘀 𝗮𝘁 𝗚𝗥𝗔𝗠𝗠𝗬!

Happy Blessed Birthday, Tr.Marvel🎂🎻 Wishing you good health, happiness, and success in everything you do. May your life ...
30/10/2026

Happy Blessed Birthday, Tr.Marvel🎂🎻

Wishing you good health, happiness, and success in everything you do. May your life always be filled with beautiful music, love, and countless blessings. Have a wonderful birthday!

With love,
Grammy Dance and Music Academy Team

🎻 Violin မှာ Guitar လို Fret တွေ ဘာကြောင့် မပါတာလဲ?🎸Guitar လည်တံပေါ်က သတ္တုတန်းလေးတွေကို “Fret” လို့ ခေါ်ပါတယ်။ ကြိုးကို...
28/10/2026

🎻 Violin မှာ Guitar လို Fret တွေ ဘာကြောင့် မပါတာလဲ?

🎸Guitar လည်တံပေါ်က သတ္တုတန်းလေးတွေကို “Fret” လို့ ခေါ်ပါတယ်။ ကြိုးကို ဖိတီးတဲ့အခါ ဒီ Fret လေးတွေက အသံအနိမ့်အမြင့်ကို သတ်မှတ်ပေးပါတယ်။

ဒါပေမဲ့ Violin ရဲ့ လက်ချောင်းတင်ရာ Fingerboard ပေါ်မှာတော့ Fret တွေ မရှိပါဘူး။ ဘာကြောင့်ပါလဲ? 🤔

🎵 အသံကို အသေးစိတ် ချိန်ညှိနိုင်ဖို့

Violin မှာ လက်ချောင်းဖိတဲ့နေရာ အနည်းငယ်ရွေ့ရုံနဲ့ အသံအနိမ့်အမြင့် ပြောင်းသွားပါတယ်။ Fret မရှိတဲ့အတွက် တီးခတ်သူက နားနဲ့သေချာနားထောင်ပြီး တခြားတူရိယာတွေနဲ့ လိုက်ဖက်အောင် အသံကို နူးနူးညံ့ညံ့ ချိန်ညှိနိုင်ပါတယ်။

🎶 အသံတစ်သံကနေ တစ်သံကို ချောမွေ့စွာ ကူးပြောင်းနိုင်ဖို့

ကြိုးပေါ်မှာ လက်ချောင်းကို လျှောရွှေ့လိုက်တဲ့အခါ အသံက တစ်ဆင့်ချင်း ခုန်ကူးသွားတာမျိုးမဟုတ်ဘဲ ဆက်တိုက် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလို အသံဆွဲတီးခြင်းက သီချင်းရဲ့ ခံစားချက်ကို ပိုမိုပေါ်လွင်စေပါတယ်။

✨ Vibrato နဲ့ အသံကို အသက်ဝင်စေဖို့

လက်ချောင်းဖိထားတဲ့နေရာမှာ နူးညံ့စွာ လှုပ်ရှားပြီး အသံအနိမ့်အမြင့်ကို အနည်းငယ် လှိုင်းထစေတဲ့ နည်းစနစ်ကို “Vibrato” လို့ ခေါ်ပါတယ်။ Violin ရဲ့ Fret မပါတဲ့ မျက်နှာပြင်က ဒီလိုအသံအလှဆင်မှုကို လွတ်လပ်စွာ လုပ်ဆောင်နိုင်စေပါတယ်။

💡 ဒါဆို စသင်တဲ့အခါ အသံမှန်အောင် ဘယ်လိုတီးရမလဲ?

ဆရာရဲ့ လမ်းညွှန်မှုနဲ့အတူ နားထောင်ခြင်း၊ လက်ချောင်းနေရာမှန် လေ့ကျင့်ခြင်းတို့ကနေ တဖြည်းဖြည်း တတ်မြောက်လာနိုင်ပါတယ်။ အစပိုင်းမှာ လက်ချောင်းတင်ရမယ့်နေရာကို သိလွယ်ဖို့ Tape အမှတ်အသားလေးတွေ အသုံးပြုလေ့လည်း ရှိပါတယ်။ 😊

Fret လေးတွေ မရှိပေမယ့် လေ့ကျင့်မှုနဲ့အတူ ကိုယ့်လက်ချောင်းနဲ့ နားက အသံမှန်ကို ရှာဖွေပေးနိုင်လာမှာပါ။ 💛

🎻 Violin ကို အခြေခံကနေ စတင်လေ့လာချင်ပါသလား?
GRAMMY Dance & Music Academy ရဲ့ သင်တန်းအကြောင်း သိရှိလိုပါက Page Messenger မှာ မေးမြန်းနိုင်ပါတယ်။

#ဂီတဗဟုသုတ

27/10/2026

𝗖𝗹𝗮𝘀𝘀𝗿𝗼𝗼𝗺 𝗠𝗼𝗺𝗲𝗻𝘁𝘀 𝗮𝘁 𝗚𝗥𝗔𝗠𝗠𝗬 𝗗𝗮𝗻𝗰𝗲&𝗠𝘂𝘀𝗶𝗰 𝗔𝗰𝗮𝗱𝗲𝗺𝘆
-------
𝗨𝗸𝘂𝗹𝗲𝗹𝗲 𝗖𝗹𝗮𝘀𝘀

#ဂီတသင်တန်း

🎵🧠 𝗪𝗵𝘆 𝗗𝗼 𝗞𝗶𝗱𝘀 𝗟𝗲𝗮𝗿𝗻 𝗦𝗼𝗻𝗴𝘀 𝗙𝗮𝘀𝘁𝗲𝗿 𝗧𝗵𝗮𝗻 𝗟𝗲𝘀𝘀𝗼𝗻𝘀?ကလေးတွေက စာတွေထက် သီချင်းတွေကို ဘာကြောင့် ပိုမှတ်မိလွယ်ကြတာလဲ? 🤔🎶ကလေးတွေက...
26/10/2026

🎵🧠 𝗪𝗵𝘆 𝗗𝗼 𝗞𝗶𝗱𝘀 𝗟𝗲𝗮𝗿𝗻 𝗦𝗼𝗻𝗴𝘀 𝗙𝗮𝘀𝘁𝗲𝗿 𝗧𝗵𝗮𝗻 𝗟𝗲𝘀𝘀𝗼𝗻𝘀?

ကလေးတွေက စာတွေထက် သီချင်းတွေကို ဘာကြောင့် ပိုမှတ်မိလွယ်ကြတာလဲ? 🤔🎶

ကလေးတွေကို စာတစ်ပိုဒ် အလွတ်ကျက်ခိုင်းရင် ခဏခဏ ပြန်မေ့တတ်ကြပေမယ့် ကြိုက်နှစ်သက်တဲ့ သီချင်းတစ်ပုဒ်ကိုတော့ အကြိမ်အနည်းငယ် နားထောင်ရုံနဲ့ လိုက်ဆိုနိုင်တာမျိုး သတိထားမိကြလား? 👀

မင်မင်ကိုယ်တိုင်လည်း "နင်သာဒီသီချင်းတွေကိုအလွတ်ရသလောက် စာတွေကိုသာအလွတ်ရရင်အတန်းထဲမှာစာအတော်ဆုံးဖြစ်နေလောက်ပြီ"ဆိုပြီးစသဖြင့်စနောက်ပြီးတော့ရော အတည်ရောအပြောခံရဖူးပါတယ်😁
အခုထိလည်းငယ်ငယ်ကအလွတ်ရခဲ့တဲ့သီချင်းတွေကိုမှတ်မိနေသေးပေမယ့် ငယ်ငယ်ကအလွတ်ကျက်ခဲ့တဲ့စာတွေကိုတော့မမှတ်မိနိုင်တော့ပါဘူး။

ဒါဆိုဘာလို့လဲ.....?

ဒါဟာ တိုက်ဆိုင်မှုတစ်ခုတည်း မဟုတ်ပါဘူး။ Music နဲ့ Rhythm တွေက ကလေးတွေရဲ့ သင်ယူမှုနဲ့ မှတ်ဉာဏ်ကို အထောက်အကူပြုနိုင်တာကြောင့်ဖြစ်ပါတယ်။💜

🎯 ကလေးတွေ သီချင်းတွေကို ပိုမှတ်မိလွယ်စေတဲ့ အကြောင်းရင်း (၄) ချက်

🎼 1. Rhythm & Melody – စည်းချက်နဲ့ တေးသွား

သီချင်းတွေမှာ ပါဝင်တဲ့ စည်းချက် (Rhythm) နဲ့ တေးသွား (Melody) တွေက စကားလုံးတွေကို အစီအစဉ်တကျ ချိတ်ဆက်မှတ်မိဖို့ ကူညီပေးနိုင်ပါတယ်။

ဒါကြောင့် ABC သီချင်းလိုမျိုး စည်းချက်ပါတဲ့ သင်ခန်းစာတွေကို ကလေးတွေ ပိုပြီး လွယ်လွယ်ကူကူ မှတ်မိတတ်ကြတာပါ။

🔁 2. Repetition – ထပ်ခါထပ်ခါ သင်ယူခြင်း

ကလေးတွေက သူတို့ကြိုက်တဲ့ သီချင်းတွေကို အကြိမ်ကြိမ် နားထောင်ပြီး ပြန်ဆိုရတာ နှစ်သက်ကြပါတယ်။

ဒီလို ထပ်ခါထပ်ခါ နားထောင်ခြင်းနဲ့ လိုက်ဆိုခြင်းက စကားလုံးအသစ်တွေနဲ့ အချက်အလက်တွေကို ရေရှည်မှတ်မိဖို့ အထောက်အကူဖြစ်စေပါတယ်။

😊 3. Emotion & Enjoyment – ပျော်ရွှင်မှုနဲ့ စိတ်ဝင်စားမှု

ကလေးတွေက ပျော်ရွှင်စရာကောင်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေမှာ ပိုမိုအာရုံစိုက်နိုင်တတ်ကြပါတယ်။
Music က သင်ယူမှုကို ပျော်စရာအတွေ့အကြုံတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်တာကြောင့် ကလေးတွေကို စိတ်ပါဝင်စားစွာ သင်ယူစေနိုင်ပါတယ်။

💃 4. Learning Through Movement – လှုပ်ရှားမှုနဲ့ သင်ယူခြင်း

သီချင်းဆိုရင်း လက်ခုပ်တီးတာ၊ ကခုန်တာ၊ လက်ဟန်ခြေဟန်တွေနဲ့ လိုက်လုပ်တာတွေကလည်း ကလေးတွေရဲ့ သင်ယူမှုကို ပိုမိုအသက်ဝင်စေပါတယ်။
အသံ၊ လှုပ်ရှားမှုနဲ့ စကားလုံးတွေကို ပေါင်းစပ်သင်ယူခြင်းက အကြောင်းအရာတွေကို ပြန်လည်မှတ်မိဖို့ ကူညီပေးနိုင်ပါတယ်။

💡 Parents တွေအတွက် Small Tip!

ကလေးတွေကို Alphabet, Numbers, Colors နဲ့ Daily Habits တွေ သင်ပေးတဲ့အခါ သီချင်းလေးတွေ၊ စည်းချက်လေးတွေနဲ့ ပေါင်းစပ်သင်ကြားကြည့်ပါ။

Music ဆိုတာ ဖျော်ဖြေရေးတစ်ခုတည်း မဟုတ်ဘဲ ကလေးတွေရဲ့ Memory, Listening Skills, Language Development နဲ့ Creativity တွေကို ပံ့ပိုးပေးနိုင်တဲ့ သင်ယူမှုနည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ 🌱

💜 At GRAMMY Dance & Music Academy, we believe learning music should be fun, creative, and meaningful.

✨ INSPIRE • CREATE • PERFORM

Address

No. 210, 214, 216, Diamond Condo, Tower 1, နာနတ်တောလမ်းနှင့်ပြည်လမ်းထောင့်, ကမာရွတ်မြို့နယ်။
Insein
11041

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 13:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Grammy - Dance & Music Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Grammy - Dance & Music Academy:

Shortcuts

Share

Category

Nearby gyms & sports facilities