Nine Lethwei Club

Nine Lethwei Club

Share

A premier gym dedicated to the art of Lethwei, offering training for all levels.

Our mission is to empower athletes through discipline, respect, and intense training.

12/08/2026

MLWC-11 ခါးပတ်ချန်ပီယံသစ် ဖြစ်လာခဲ့တဲ့ နိုင်ဝင်းထွန်း! 🏆

Nine Lethwei Club ရဲ့ လက်ရွေးစင် Fighter နိုင်ဝင်းထွန်း နဲ့ ပြိုင်ဘက် ကမ္ဘာရှားတို့ရဲ့ MLWC-11 ခါးပတ်လုပွဲစဉ်မှာ ပွဲစတာနဲ့ တယောက်နဲ့တယောက် အငိုက်မပေးဘဲ ပြင်းထန်တဲ့ ထိုးချက်၊ ကန်ချက်တွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာကို ပရိသတ်ကြီးလည်း မြင်တွေ့ခဲ့ရမှာပါ။ 🥊💥

အချီတိုင်းမှာ နည်းဗျူဟာမြောက် ရိုးရာလက်ဝှေ့ သိုင်းကွက်တွေနဲ့ ဖိအားပေးထိုးသတ်ခဲ့ပြီး တံတောင်ရိုက်ချက် ကြောင့် ပြိုင်ဘက် ဒဏ်ရာရရှိကာ ဆေးရှုံးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

MLWC-11 ခါးပတ်ချန်ပီယံဆုကို ဆွတ်ခူးလိုက်တဲ့ အခိုက်အတန့်များကို ပြန်လည်ကြည့်ရှု ခံစားနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။ ✨🇲🇲

Naing Win Tun's journey to the MLWC-11
Championship Belt! 🏆

Relive every high-octane second of the historic battle between Nine Lethwei Club's Naing Win Tun and his fierce opponent in the MLWC-11 Championship fight! 🥊💥

From the opening bell, both fighters traded heavy combinations, showing incredible toughness and skill. The game-changing moment came when Naing Win Tun landed a precise, devastating elbow strike that resulted in a doctor stoppage (Medical TKO) and ultimately secured him the prestigious championship belt!

12/08/2026

ရလဒ်က သရေဖြစ်ခဲ့သော်လည်း ပရိသတ်၏ အားပေးသံကို အပြည့်အဝ သိမ်းပိုက်သွားသော ဒေါင်းမိုက်သွေး (Nine Lethwei Club) 🇲🇲🥊

ဒီပွဲစဉ်မှာတော့ ဒေါင်းမိုက်သွေးက ပထမအချီမှာတင် ပြိုင်ဘက်ကို အပြတ်အသတ် အလဲထိုး (ရယူနိုင်ခဲ့ပြီး ပွဲကို အနိုင်ရရှိဖို့ အနီးစပ်ဆုံးအထိ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အချီတိုင်းမှာ နှစ်ဖက်စလုံးက နောက်မဆုတ်တမ်း အပြန်အလှန် အကြိတ်အနယ် ထိုးသတ်ခဲ့ကြပြီး ပွဲအပြီးမှာတော့ ဒိုင်အဆုံးအဖြတ်နဲ့ သရေရလဒ် ပေါ်ထွက်ခဲ့ပါတယ်။

အနိုင်ရလဒ်နဲ့ လွဲချော်ခဲ့ရပေမဲ့ ဒေါင်းမိုက်သွေးရဲ့ သတ္တိ၊ ဇွဲနဲ့ ပြင်းထန်လှတဲ့ ရိုးရာလက်ဝှေ့ ထိချက်တွေကို ဒီဗီဒီယိုထဲမှာ အစအဆုံး ပြန်လည်ကြည့်ရှု ခံစားနိုင်မှာပါ။ ✨🇲🇲

A draw on paper, but a complete victory in the hearts of the fans — Dawn Mike Thway (Nine Lethwei Club)! 🇲🇲🥊

After a dominant 1st-round knockdown, both fighters went toe-to-toe in a fierce battle that ended in a decision DRAW. Watch the full clip for Dawn Mike Thway's explosive strikes, courage, and heart! ✨🇲🇲

11/08/2026

🥊 ပထမအချီ အလဲထိုးနဲ့အတူ ပူးတွဲသရေ ရရှိခဲ့တဲ့Dawn Mike Thway 🔥

ပွဲစတာနဲ့ ပထမအချီမှာတင် ပြိုင်ဘက်ကို အပြတ်အသတ် အလဲထိုး ရယူပြီး ပွဲကို အသာစီးရယူနိုင်ခဲ့တဲ့ Dawn Mike Thway (ဒေါင်းမိုက်သွေး)! 💥

အချီတိုင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲအပြီးမှာတော့ ဒိုင်အဆုံးအဖြတ်နဲ့ သရေရလဒ် ပေါ်ထွက်ခဲ့ပါတယ်။ အနိုင်ရလဒ် မဟုတ်ခဲ့ပေမဲ့ ကြိုးဝိုင်းထဲက အကောင်းဆုံး စိတ်ဓာတ်နဲ့ အလှပဆုံး ထိချက်တွေကို ပြန်လည်ကြည့်ရှုဖို့ မျှဝေပေးလိုက်ပါတယ်။

🥊 Early Knockdown & Absolute Drama: Dawn Mike Thway’s Thrilling Battle! 🔥
Dawn Mike Thway set the ring on fire right from the start, landing a heavy first-round knockdown! 💥

After multiple rounds of relentless action and non-stop trades, the fight officially ended in a judge's decision DRAW. Even without a victory, the power and determination shown in this fight were unmatched. Check out the best highlights below! ✨🇲🇲

11/08/2026

🏆 ကြိုးစားမှုရဲ့ အသီးအပွင့်နဲ့ MLWC-11 ရဲ့ ချန်ပီယံသစ် Naing Win Tun (Nine Lethwei Club) 🏆

ကြိုးဝိုင်းထဲမှာ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ပြီး ပြင်းထန်တဲ့ တံတောင်ရိုက်ချက်ကြောင့် ပြိုင်ဘက် ဒဏ်ရာရရှိကာ ဆေးရှုံး နဲ့ MLWC-11 ခါးပတ်ချန်ပီယံဆုကို အပြတ်အသတ် ဆွတ်ခူးနိုင်ခဲ့တဲ့ Nine Lethwei Club ရဲ့ Fighter နိုင်ဝင်းထွန်း ရဲ့ အမှတ်တရ အခိုက်အတန့်ကို မြန်မာ့ရိုးရာလက်ဝှေ့ကို ချစ်မြတ်နိုးကြတဲ့ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။ ✨🇲🇲

🏆 Hard Work Pays Off: MLWC-11 New Champion, Naing Win Tun (Nine Lethwei Club)! 🏆

Witness the decisive moment inside the ring where Naing Win Tun from Nine Lethwei Club delivered a sharp elbow strike, leading to a doctor stoppage (Medical TKO) and securing his title as the new MLWC-11 Belt Champion! 🥊💥
Sharing this proud, unforgettable moment with all fans of traditional Myanmar Lethwei. ✨🇲🇲

⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠⁠ ⁠ ⁠ ⁠

09/08/2026

🔥 ဒီနေ့မှာပဲ ကျင်းပပြုလုပ်သွားမယ့် MYANMAR LETHWEI WORLD CHAMPIONSHIP 🔥

မြန်မာ့ရိုးရာလက်ဝှေ့ချစ်သူတွေ စောင့်မျှော်နေကြတဲ့ ပွဲကြီးပွဲကောင်းကို ဒီနေ့ မွန်းလွဲ (၂:၀၀) နာရီမှာ သိမ်ဖြူလက်ဝှေ့အားကစားကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်သွားတော့မှာဖြစ်ပါတယ်။

စိန်ခေါ်မှုတွေ၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ် လက်ဝှေ့ပွဲစဉ်တွေကို ကွင်းအတွင်း ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုပြီး အားပေးလိုက်ပါ။ သိမ်ဖြူကွင်းမှာ ဆုံကြမယ်! 🥊

📌 ပွဲစဉ်အသေးစိတ်
• နေ့ရက် - (၉ ရက်၊ ဩဂုတ်လ ၂၀၂၆)
• အချိန် - မွန်းလွဲ ၂:၀၀ နာရီ
• နေရာ - သိမ်ဖြူလက်ဝှေ့အားကစားကွင်း၊ ရန်ကုန်မြို့

🔥 MYANMAR LETHWEI WORLD CHAMPIONSHIP IS TODAY! 🔥
The moment Lethwei fans have been waiting for has arrived! Join us this afternoon at 2:00 PM to catch all the fierce action live inside the ring. See you at Thein Phyu Stadium! 🥊

📌 Event Details:
• Date: Today (August 9, 2026)
• Time: 2:00 PM
• Location: Thein Phyu Lethwei Stadium, Yangon

06/08/2026

9.8.2026 နေ့ သိမ်ဖြူကွင်းမှာ ကျင်းပမယ့် Myanmar Lethwei Championship MLWC-11 မှာ ယှဉ်ပြိုင်မယ့် Nine Lethwei Club ရဲ့ လူငယ် Fighter Dawn Mike Thway ကို လာရောက်အားပေးဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။ 💪🏻💯

06/08/2026

9.8.2026 နေ့ သိမ်ဖြူကွင်းမှာ ကျင်းပမယ့် Myanmar Lethwei Championship MLWC-11 မှာ ယှဉ်ပြိုင်မယ့် Nine Lethwei Club ရဲ့ Fighter Naing Win Tun ကို လာရောက်အားပေးဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။ 💪🏻💯

05/08/2026

🔥 ရဲရင့်တဲ့ စိတ်ဓာတ်နဲ့ လူငယ်ကြယ်ပွင့် ဒေါင်းမိုက်သွေး

အသက် (၁၈) နှစ်ပဲ ရှိသေးပေမယ့် ကြိုးဝိုင်းထဲမှာ ပြတ်သားတဲ့ ထိုးသတ်မှုတွေ၊ လျင်မြန်တဲ့ တိုက်စစ်တွေနဲ့ လူငယ် Fighter ဒေါင်းမိုက်သွေး ရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် နိုင်ပွဲအမှတ်တရများနှင့် ထိုးသတ်ချက် တွေကို ဝေမျှပေးလိုက်ပါတယ်။ 💥

လာမယ့် ဩဂုတ်လ (၉) ရက် (တနင်္ဂနွေနေ့)၊ နေ့လယ် (၂:၀၀) နာရီ မှာ ရန်ကုန်မြို့၊ သိမ်ဖြူ မြန်မာ့ရိုးရာလက်ဝေ့အားကစားရုံ မှာ ကျင်းပပြုလုပ်မယ့် Myanmar Lethwei World Championship (MLWC-11) ပြိုင်ပွဲကြီးမှာ ကျွန်တော်တို့ Nine Lethwei Club ရဲ့ Fighter ဒေါင်းမိုက်သွေး က ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ကြိုးဝိုင်းအတွင်း အပြင်းစား ထိုးသတ်မှုတွေကို ကွင်းအတွင်း ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုအားပေးကြဖို့ Nine Lethwei Club မိသားစုမှ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။

သိမ်ဖြူကွင်းမှာ ဆုံကြရအောင်! 👊💥

05/08/2026

MLWC ရွှေတံဆိပ်ဆုရှင် နိုင်ဝင်းထွန်း ရဲ့ ပရိသတ်ကြီးတို့ရေ...⚡️

ကြိုးဝိုင်းထဲရောက်တာနဲ့ တစ်ဖက်ပြိုင်ဘက်ကို အလျှော့မပေးဘဲ အစွမ်းကုန်ယှဉ်ပြိုင်တတ်တဲ့ Nine Lethwei Club ရဲ့ လက်ရွေးစင် Fighter နိုင်ဝင်းထွန်း ရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် နိုင်ပွဲအမှတ်တရများနှင့် အကြိတ်အနယ် ထိုးသတ်ချက် အလှအပများကို ဝေမျှပေးလိုက်ပါတယ်။ 💯

လာမယ့် ဩဂုတ်လ (၉) ရက် (တနင်္ဂနွေနေ့)၊ နေ့လယ် (၂:၀၀) နာရီ မှာ ရန်ကုန်မြို့၊ သိမ်ဖြူ မြန်မာ့ရိုးရာလက်ဝေ့အားကစားရုံ မှာ ကျင်းပပြုလုပ်မယ့် Myanmar Lethwei World Championship (MLWC-11) ပြိုင်ပွဲကြီးမှာ ကျွန်တော်တို့ Nine Lethwei Club ရဲ့ Fighter နိုင်ဝင်းထွန်းက ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ကြိုးဝိုင်းအတွင်း အကြိတ်အနယ် အပြင်းစားထိုးသတ်မှုတွေကို ကွင်းအတွင်း ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုအားပေးကြဖို့ Nine Lethwei Club မိသားစုမှ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။

သိမ်ဖြူကွင်းမှာ ဆုံကြရအောင်! 👊💥

03/08/2026

Nine Lethwei Club ရဲ့ ပရိသတ်ကြီးနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ချစ်သူများအတွက် MLWC-11 ပြိုင်ပွဲကြီး ရဲ့ လက်မှတ်များကို ဝယ်ယူနိုင်နေပြီနော် 🔥🥊

▪️နိုင်ဝင်းထွန်း (MLWC ရွှေတံဆိပ်ဆုရှင်) VS ကမ္ဘာရှား (ကရင်အောင်လံဆုရှင်) - (၆၇ ကီလိုတန်း)

▪️ဒေါင်းမိုက်သွေး VS စောရူဘီ - (၅၃ ကီလိုတန်း)

ကျွန်တော်တို့ Club ရဲ့ လက်ရွေးစင် Fighter တွေဖြစ်ကြတဲ့ နိုင်ဝင်းထွန်း နဲ့ ဒေါင်းမိုက်သွေး တို့ရဲ့ အကြိတ်အနယ်ပွဲစဉ်တွေကို သိမ်ဖြူကွင်းမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

📅 -၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၉) ရက်
⏰ - နေ့လယ် (၂:၀၀) နာရီ
📍 - သိမ်ဖြူ မြန်မာ့ရိုးရာလက်ဝှေ့အားကစားရုံ၊ ရန်ကုန်။

🎟️ ကြိုတင်လက်မှတ်ဈေးနှုန်းများ - ၃၀,၀၀၀ ကျပ် / ၅၀,၀၀၀ ကျပ် / ၁၀၀,၀၀၀ ကျပ်

ဆက်သွယ်ဝယ်ယူရန် - ကိုရဲမင်း (Ph: 09-789951817)

ပွဲနေ့ ကွင်းအရောက် လက်မှတ်ဝယ်ယူသူများအတွက် ၁၅,၀၀၀ ကျပ်တန် လက်မှတ်များကို ပြိုင်ပွဲကျင်းပမည့်အချိန် သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့ခန်းမ တွင်လည်း ကိုယ်တိုင်လာရောက်ဝယ်ယူနိုင်ပါတယ်။

📺 ပွဲရုံသို့ ကိုယ်တိုင်မလာရောက်နိုင်သူများအတွက်လည်း SkyNet Sports X နှင့် SkyNet Application တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Nine Lethwei Club ရဲ့ Fighter တွေကို အတူတူ သွားရောက်အားပေးပြီး ကြိုးဝိုင်းထဲက အမိုက်စားထိုးသတ်မှုတွေကို ခံစားလိုက်ကြရအောင်။ 💪⚡

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon
11041

Opening Hours

Monday 07:30 - 20:00
Tuesday 07:30 - 20:00
Wednesday 07:30 - 20:00
Thursday 07:30 - 20:00
Friday 07:30 - 20:00
Saturday 07:30 - 20:00
Sunday 07:30 - 20:00