Deadlift ဆွဲရင် Core Bracing, Lats Packing, Torque ဘာမှမလုပ်ဘဲ လက်ချောင်းနဲ့ ဆုပ်ကိုင်ပြီး တခါတည်းဆွဲ မ တဲ့လူတွေ ရှိတယ်
တချို့ ဆယ်လီဆိုတဲ့လူတွေလည်း လုပ်ပြနေကြတာပဲ သူ့ပရိတ်သတ်ကတော့ ချီးကျူးထောပနာပြုနေကြတယ် အရမ်းတော် ညာဘာပေါ့
ခုနကပြောခဲ့တဲ့ Core, Lats, Torque တို့ကို အမြဲတမ်းလုပ်နေရမယ်လို့တော့မဟုတ်ဘူး
သာမန် Training လုပ်နေတဲ့သူတွေကတော့ လုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ
အလေးများတဲ့အခါ အကျိုးကျေးဇူးပိုခံစားမိပါလိမ့်မယ်
T3 မှာ Exercise တခုချင်းစီကို အသေးစိတ်သင်ကြားပေးပါတယ် သို့ပေမယ့် လိုအပ်ချက်ဆိုတာ အမြဲတမ်းရှိနေမှာပါ
ွက်hybridfitness
T3 Fitness Studio
ဘဝအတွက်ဦးတည် Fitness Training
General Population အတွက် Hybrid Fitness
31/08/2026
အတော်လေးရင်းနှီးတဲ့ အပေါင်းအသင်းတချို့ကပြောတယ်ဗျာ Training ပေးတဲ့အခါ Exercise တခုချင်းစီကို ဘာကြောင့်လုပ်ရတယ် ဆိုတာကအစ အသေးစိတ်ရှင်းပြနေတာ အချိန်မကုန်ဘူးလား
သူတို့က ဒါတွေသိချင်တာမဟုတ်ဘူး ဝိတ်ကျလှပလာချင်တာ အချိန်တိုအတွင်းTransformဖြစ်ရင်ရပြီတဲ့
သူပြောတာစဉ်းစားကြည့်ပြန်တော့ မှန်သင့်သလောက်မှန်ပါတယ် ဒါပေမယ့် အဲသည်လို Exercise အကြောင်း နားလည်အောင်ရှင်းမပြဘဲ Train တာကြာလာတဲ့အခါ လူတွေရဲ့အတွေးအခေါ်အယူအဆတွေ ပြောင်းလဲလာမှာသေချာပါတယ်
လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ လှချင်လို့ ဗလကြီးအဆီကျဖို့ ဆိုတဲ့ အတွေးအခေါ်တွေဟာ အဲ့လိုနေရာကနေ အခြေခံလာတယ်လို့ မှတ်ယူနိုင်စရာဖြစ်လာပါတယ်
Exercise တခုချင်းစီကို အဆီကျမှာလား ကြွက်သားကြီးမှာလားဆိုတဲ့ ပေတံနဲ့ လိုက်တိုင်းနေကြတာလည်း တွေ့ဖူးကြုံဖူးကြမှာပါ
ကျွန်တော့်သူငယ်ချင်းက ဝိတ်ချချင်လို့ တလ5သောင်းနဲ့ ရန်ကုန်က Gymတခုမှာ သွားဆော့တယ် အလုပ်ပိတ်ရက် ပြန်လာတော့ ကျွန်တော့် Studio မှာ Lats Pulldown ဆွဲနေရင်း
သားကြီး ငါ Chest ကစားတာ မှန်ရဲ့လားလို့ မေးသွားသေးတယ် အဲ့အချိန်မှာ ကျွန်တော့် Client 11တန်းကလေးက KB Swing ကို အမှန်အကန်လုပ်နေပြီ
စေတနာထားပြီး Train ပေးတဲ့နေရာတွေရှိသလို စက်ပစ္စည်းအသုံးပြုခပဲ ယူထားတာ သေချာပြစေချင်ရင် PT ငှားဆိုတဲ့နေရာတွေလည်း တပြုံတမကြီးပါ
ကျွန်တော့် Studio မှာ လာ Join ရင်တော့ တခုချင်းအသေးစိတ်ရှင်းပြပါမယ် အားနည်းချက်ကတော့ Luxury ဆန်ပြီး Selfie ဆွဲလို့ကောင်းမှာမဟုတ်ပါဘူး
ွက်hybridfitness
ကားမောင်းရင် လီဗာနင်းရတယ်
ဆိုင်ကယ်စီးရင် ဂီယာနင်းရတယ်
Gym ရောက်လာတော့လည်း ခြေသလုံးလေ့ကျင့်ခန်းလို့ ပြောလိုက်ရင် ခြေဖျားထောက်တဲ့ movement ကိုပဲ ထပ်လုပ်တယ်
ဒီတော့ ကျွန်တော်တို့အများစုက Function တခုတည်းကို ပြင်ပဘဝမှာရော လေ့ကျင့်ခန်းလုပ်နေစဉ်မှာပါ ထပ်ခါထပ်ခါလုပ်နေတဲ့အခါ ဆန့်ကျင့်ဘက်လှုပ်ရှားမှုတွေ ကြုံလာရင် အခက်တွေ့နိုင်သလို
ကြွက်သားအတွင်း-အပြင် / ဘယ်-ညာ/ အထက်-အောက် မညီမျှမှုတွေဖြစ်လာပါတယ်
ကြွက်သားရဲ့သန်မာပျော့ပျောင်းမှု မမျှတရင် တွယ်ဆက်ထားတဲ့ အရိုးတွေနေရာရွေ့ပါတယ် အရိုးတွေလိုတာထက်ပိုရွေ့လာရင် ကိုယ်နေဟန်ထားပျက်လာပါလိမ့်မယ်
အထိုင်များပြီးလက်ပြင်ကုန်းတဲ့လူတယောက်ကိုကြည့်လိုက်ပါ လက်ပြင်ကုန်းရုံမဟုတ်ဘဲ ခေါင်း က လိုတာထက်ပိုပြီး ရှေ့ကိုရောက်နေတာမြင်ရပါလိမ့်မယ်
ဝိတ်ကျရုံ ဝိတ်တင်ရုံ လှဖို့သက်သက် လေ့ကျင့်ခန်းလုပ်တာကိုနားလည်ပါတယ်
မိမိအတွက် လိုအပ်တဲ့ Functional Movement တွေကိုလည်း ထည့်သွင်းလေ့ကျင့်ပါလို့အကြံပြုချင်ပါတယ်
အားလုံးကျန်းမာကြပါစေ🫰
ွက်hybridfitness
Hybrid Training လို့ ပြောလာခဲ့ရင် Movement အစုံလေ့ကျင့်ရပါတယ်
Hybrid ဆိုတာ ကျယ်ပြန့်တယ် ကိုယ်လိုချင်တာနဲ့ ချိန်ညှိပြီး ဆွဲဆန့်လို့ရတယ်
ဝိတ်ကျရုံ ဗလကြီးရုံ သီးသန့်ဆိုရင် Movement အစုံမလုပ်နဲ့ Hypertrophy/ muscle Building ကို ဦးစားပေးလေ့ကျင့်တာကောင်းတယ်
ကိုယ့်အနေနဲ့ Body Beauty တင်မဟုတ်ဘဲ Performance ပါ ကောင်းချင်ရင်တော့ အစုံလုပ်ရပါမယ်
ွက်hybridfitness
T3 ရဲ့ Hybrid Training မှာ
✅ Strength - အလေးဝန် & Bodyweight Strength
✅ Power - အဓိက ကတော့ Force Production ကောင်းဖို့လုပ်တယ် KB Swings, Sn**ch, Clean, Jerk
✅ Endurance - အမောခံနိုင်ဖို့ HIFT, Met-Con လုပ်တယ်
✅ Hypertrophy - အဆီကျ ကြွက်သားကြီးဖို့လုပ်တယ်
✅ အထက်ပါ Major Skill တွေမှာ လိုအပ်တဲ့ Mobility, Stability, Flexibility ကို စနစ်တကျ လေ့ကျင့်ပေးတဲ့အပြင်
✅ တပတ်တရက် Recovery session ရှိပါတယ်
ဒါတွေ အကုန်လုံးကို စနစ်တကျပေါင်းစည်းထားတဲ့ Hybrid Training ကို တချိန်မှာ ၅ယောက်ပဲလက်ခံပြီး Trainပေးတာပါ
Hybrid Training အတွက်ဆိုရင် T3 မှာ လာ Joinလိုက်ပါ🤘
ွက်hybridfitness
Online Coaching ရှိလားမေးနေကြလို့ ပြောပြပေးပါမယ်
ကျွန်တော် Telegram/ Zoom ကနေ Video Call နဲ့ Coaching Service ပေးပါတယ်ခင်ဗျာ
PT Fees (1 month) = 300,000ks
အကယ်၍ သူငယ်ချင်း/ လင်မယားစုံတွဲ ၂ယောက် အတူတူလေ့ကျင့်မယ်ဆိုရင် 1 month = 500,000ks
တပတ်မှာ ၄-၅ရက် Client တဦးချင်းစီရဲ့ Fitness Level အလိုက် Trainပါတယ်
PT Service မှာ မိတ်ဆွေအတွက် သီးသန့်ရေးထားတဲ့ Customized Program+ Nutrition Guidelines အပြင်
Daily Activities ကို အမြဲစောင့်ကြည့်လမ်းညွှန်ပေးမှာမလို့ မိတ်ဆွေအနေနဲ့ အိမ်စာတော့လုပ်ရပါမယ်ခင်ဗျာ
အားလုံးကျန်းမာကြပါစေ🫰
ွက်hybridfitness #သစ်တောလမ်း
T3 ရဲ့ Training Session များ
Morning Sessions
✅6:00-7:00am
✅7:00-8:30am
✅8:30-10:00am
✅10:00-11:30am
Evening Sessions
3:00-4:30pm
4:30-6:00pm
တချိန်မှာ ၅ယောက်ပဲလက်ခံတာမလို့ Private Studio မှာ Training လုပ်ချင်သူများ အထူးသင့်လျော်ပါတယ်ခင်ဗျာ
ွက်hybridfitness #သစ်တောလမ်း
Hybrid Training လုပ်ရင် ရလာမယ့် Body က ဘယ်လိုမျိုးလဲ?
အဲ့လိုမမေးခင် မင်းဘာကြိုက်လဲ? ဘယ်အားကစားကိုအားသာလဲ? အရင်ပြန်စဉ်းစားကြည့်ပါ
ငါကတော့ Bodybuilding ကိုကြိုက်တယ် ဒါပေမယ့် Hypertrophy တမျိုးတည်း ဖိ လုပ်နေရင် နှစ်တွေကြာတဲ့အခါ Strength, Power, Mobility, Stability, Flexibility, Endurance က
ကြွက်သားကြီးတာနဲ့မမျှအောင် အားနည်းနေမှာစိုးလို့ Functional Training နဲ့ Muscle Building/Hypertrophy ကိုပေါင်းပြီး Hybrid Training လုပ်တယ် ဆိုခဲ့ရင် ကြွက်သားကြီး အချိုးအစားလှပြီး ပြိုင်ပွဲဝင်နိုင်တဲ့ Body ကို မင်းရလိမ့်မယ်
ငါကတော့ ဘောလုံးသမားဖြစ်ချင်တယ် အမြဲတမ်းပြေးနေရင် သက်လုံကောင်းပေမယ့် အရိုးသိပ်သည်းဆအားကောင်းဖို့ Strength Training လုပ်တယ်
ပြေးတဲ့အခါ တင်ပါး Functionပိုကောင်းဖို့ Power movement တွေလုပ်တယ် muscle အတွက်လည်း Hypertrophy လုပ်တယ်ဆိုရင် မင်းမှာ သင်တင့်တဲ့ကြွက်သားနဲ့ အမောခံနိုင်တဲ့ ခန္ဓာကိုယ်ကြီးရလိမ့်မယ်
ခုနက Bodybuilder လောက်တော့ မလှနိုင် မကြီးနိုင်ဘူးပေါ့ ဒါပေမယ့် မင်းက ပိုပြီး အမောခံနိုင်တယ်
အဲ့လိုပဲ မင်းက Boxer? Basketball Player? Swimmer? ဘာပဲကြိုက်ကြိုက် မင်းအားသာတဲ့ တခုကို ပံ့ပိုးပေးမယ့် Strength, Power, Endurance, Stability, Flexibility, Mobility တွေကို မျှပြီး Trainသွားရင် မင်းက Hybrid Athlete လို့ အကြမ်းဖျင်းပြောလို့ရတယ်
ဒါကို နားလည်ထားရင် Hybrid Body ဆိုတာ Bodybuilding စင်မြင့်ထက်ကလို ဘောလုံးကွင်းထဲက ကစားသမားတွေလို အားလုံးတပုံစံတည်းမဟုတ်ဘူးဆိုတာ သိလာလိမ့်မယ်
Hybrid Body ဆိုတာ သူ့အားသာချက်အလိုက် ရှိနိုင်တယ် အချိုးအစားလှတာနဲ့လည်းမဆုံးဖြတ်သလို အမောခံနိုင်တာနဲ့လည်း မတိုင်းတာဘူး
ွက်hybridfitness #သစ်တောလမ်း
05/08/2026
ပျော်ချင်ရင် မလာနဲ့
ပြင်ချင်မှ လာခဲ့ပါ
ဘာပြင်ရမှာလဲ?
အစားအသောက် ပြင်ရမယ်
အနေအထိုင်ပြင်ရမယ်
အချိုးအစားလှပဖို့နဲ့ ကြံ့ခိုင်သန်စွမ်းဖို့အတွက် ကျွန်တော့်တာဝန်ထားပါ
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
No. 734, 6th Street, Aung Myittar (B) Quarter
Magway