555Mix Myanmar Senior Agent

555Mix Myanmar Senior Agent

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 555Mix Myanmar Senior Agent, Amateur Sports Team, Mandalay.

11/07/2026

🚨 လမ်မန်းစ်နဲ့ပတ်သက်လို့ ပီတာရှမိုက်ကယ်ရဲ့အမြင်

🗣️ သတင်းထောက် ''စပိန်ရဲ့အနိုင်ဂိုးမှာ လမ်မန်းစ် ဒီထက်ပိုကောင်းကောင်းဖမ်းနိုင်ခဲ့သင့်တယ်လို့ ထင်ပါတယ်''

ပီတာရှမိုက်ကယ်
''ဘောလုံးပွဲဆိုတာ အဲဒီလိုမဟုတ်ဘူးဗျ။ လူတွေက အခိုက်အတန့်တစ်ခုကိုပဲကြည့်ပြီး ဆုံးဖြတ်တတ်ကြတယ်။ ကျွန်တော်ကတော့ အားလုံးကို ခြုံကြည့်ပါတယ်။ လမ်မန်းစ်က ပြိုင်ပွဲတစ်ခုလုံး တစ်မိနစ်လေးတောင် ကစားခွင့်ရခဲ့တာမဟုတ်ဘူး။ အဲဒီနောက် ကော်တိုအာဒဏ်ရာရသွားလို့ ကွာတားမှာ စပိန်နဲ့ရင်ဆိုင်ရဖို့ဖြစ်လာတယ်''

''ဂိုးသမားတွေလည်း ရစ်သမ်လိုအပ်ပါတယ်။ ယုံကြည်မှုလည်း လိုအပ်ပါတယ်။ လမ်မန်းစ်က တစ်လျှောက်လုံး အရန်ခုံထိုင်လာခဲ့ပြီးမှ ဖိအားအရမ်းများတဲ့ စပိန်နဲ့ ရှုံးထွက်ပွဲမှာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်တဲ့ ကော်တိုအာရဲ့နေရာမှာ အစားဝင်ဖမ်းခဲ့ရတာပါ''

05/07/2026

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံးထွက်ပေါ်လာတဲ့ ကွာတားဖိုင်နယ်အတွဲက သိပ်ကိုကြည့်ကောင်းလာမှာသေချာပါတယ်။ 😍

🇲🇦 မော်ရိုကို Vs ပြင်သစ် 🇫🇷

၂၀၂၂ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် တစ်ကျော့ပြန်ပွဲလည်းဖြစ်၊ မကျေပွဲလည်းဖြစ်ပြီး ပွဲကြည့်ဖို့အတွက် မစောင့်နိုင်အောင်ဖြစ်နေမိပါတယ်။ 🍿

04/07/2026

🚨 ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့မှုအတွက် မာဇရာဝီနဲ့ မော်ရိုကိုအသင်းကို ဂုဏ်ပြုလိုက်ပါတယ်။ 🇲🇦

မာဇရာဝီဟာ ကနေဒါကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၁၆သင်းအဆင့်ပွဲမှာ တစ်ဦးချင်းယှဉ်လုမှု ၁၄ ကြိမ်အနက် ၁၁ကြိမ်အထိ အသာရခဲ့ပါတယ်။ 💪

03/07/2026

🚨💣 𝐇𝐄𝐑𝐄 𝐖𝐄 𝐆𝐎 𝐒𝐎𝐎𝐍! လီဗာပူးနည်းပြဟောင်း ယာဂင်ကလော့ပ်ဟာ ဂျာမနီလက်ရွေးစင်အသင်းနည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို လက်သင့်ခံလိုက်ပြီဖြစ်ပါတယ်။ 🇩🇪

စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ကျန်သေးပေမယ့် ကလော့ပ်ကတော့ နည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို လက်သင့်ခံခဲ့ပြီးဖြစ်သလို နည်းပြလောကထဲ ပြန်ဝင်ဖို့လည်း အသင့်ရှိနေပြီဖြစ်ပါတယ်။ 🫱🏻‍🫲🏼

ကလော့ပ်ဟာ ပြီးခဲ့တဲ့ ၂ရက်ကတည်းက ဂျာမနီနည်းပြရာထူးအတွက် အရိပ်အမြွက်ဖွင့်ဟခဲ့ပြီး အခုလည်း နာဂယ်စ်မန်းရဲ့နေရာမှာ အစားထိုးတာဝန်ယူတော့မှာပဲဖြစ်ပါတယ်။ 🔥

03/07/2026

ခရိုအေးရှားနဲ့ပွဲမှ ရော်နယ်ဒိုရဲ့မှတ်တမ်း 🔥

▪️ ဘောလုံးထိချက် ၂၅ ကြိမ်
▪️ ဂိုးပေါက်ကန်သွင်း ၂ ကြိမ်
▪️ ကစားသမားဘ၀ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ပထမဆုံးဂိုးသွင်း
▪️ ပွဲစဉ်အလိုက်အကောင်းဆုံးဆုရရှိ ⭐️

02/07/2026

၂၀၂၆ ကမ္ဘာ့ဖလားမှာ ဝစ်ဆာရဲ့ မှတ်တမ်း

- ၅၂ နှစ်အတွင်း DR ကွန်ဂိုရဲ့ ပထမဆုံးကမ္ဘာ့ဖလားဂိုး သွင်းယူ
- ပေါ်တူဂီနဲ့ပွဲမှာ အဲဒီဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး အသင်းအတွက် ပထမဆုံးကမ္ဘာ့ဖလားရမှတ်လည်းဖြစ်ခဲ့
- အုပ်စုနောက်ဆုံးပွဲမှာ ၂ဂိုးသွင်းယူပြီး အသင်းကို ပထမဆုံးအကြိမ် ရှုံးထွက်အဆင့် တက်ရောက်စေခဲ့

DR ကွန်ဂိုနိုင်ငံကတော့ ဝစ်ဆာအတွက် ဂုဏ်ယူနေမှာသေချာပါတယ်။ 🥲🇨🇩

02/07/2026

🤔🏴󠁧󠁢󠁥󠁮󠁧󠁿 𝗗𝗜𝗗 𝗬𝗢𝗨 𝗞𝗡𝗢𝗪: အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူဟယ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွင်းလယ်လူ ၇ ဦးအထိ ရွေးချယ်ခဲ့ပြီး အခုချိန်အထိ မိုင်နူးတစ်ယောက်တည်း ပွဲလုံး၀မကစားရသေးတာဖြစ်ပါတယ်။

▪️ အီလီယော့အန်ဒါဆန် - ၃၃၈ မိနစ်
▪️ ဘယ်လင်ဂမ် - ၃၁၄ မိနစ်
▪️ ဒက်ကလန်ရိုက်စ် - ၂၅၂ မိနစ်
▪️ မော်ဂန်ရော်ဂျားစ် - ၁၂၅ မိနစ်
▪️ အက်ဇေ - ၅၅ မိနစ်
▪️ ဟန်ဒါဆန် - ၆ မိနစ်
▪️ မိုင်နူး - ၀ မိနစ်

02/07/2026

DR ကွန်ဂိုအသင်းညာနောက်ခံလူ ဝမ်ဘစ်ဆာကာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းသားတွေရဲ့ တစ်ကြိမ်မှ ကျော်ဖြတ်ခြင်းမခံခဲ့ရကြောင်း သိရပါတယ်။

ပေါ်တူဂီနဲ့ပွဲ ကျော်ဖြတ်ခံရမှု ၀ ကြိမ် 🇵🇹
ကိုလံဘီယာနဲ့ပွဲ ကျော်ဖြတ်ခံရမှု ၀ ကြိမ် 🇨🇴
ဥဇဘက်ကစ္စတန်နဲ့ပွဲ ကျော်ဖြတ်ခံရမှု ၀ ကြိမ် 🇺🇿
အင်္ဂလန်နဲ့ပွဲ ကျော်ဖြတ်ခံရမှု ၀ ကြိမ် 🏴󠁧󠁢󠁥󠁮󠁧󠁿

02/07/2026

▪️ သူက အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားပါ။
▪️ သူက ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားပါ။
▪️ သူက ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အတွက် ၇ ဂိုးသွင်းယူပေးထားပါတယ်။
▪️ သူက ချန်ပီယံလိဂ်မှာ ဂိုးသွင်းအများဆုံးအင်္ဂလိပ်ကစားသမားပါ။
▪️ သူက ချန်ပီယံလိဂ်သွင်းဂိုး ၅၀ ပြည့်တဲ့ ပထမဆုံးအင်္ဂလိပ်ကစားသမားပါ။
▪️ သူက ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆု ၃ ကြိမ်ရခဲ့သူပါ။
▪️ သူက ဘွန်ဒက်စ်လီဂါဂိုးသွင်းဘုရင်ဆု ၃ ကြိမ်ရခဲ့သူပါ။
▪️ သူက တစ်ရာသီအနည်းဆုံး ၂၅ ဂိုးသွင်းနိုင်ခဲ့တာ ၆ ရာသီတောင်ရှိပါတယ်။
▪️ သူက ပရီးမီးယားလိဂ်မှာ ၂၁၃ ဂိုးသွင်းထားသူပါ။
▪️ သူက ဒီရာသီသီးသန့်ဆိုရင်တောင်မှ ၇၂ ဂိုးတောင် သွင်းယူထားသူပါ။
▪️ သူက ကမ္ဘာ့ဖလားဂိုးသွင်းဘုရင်လည်းဖြစ်ဖူးပါတယ်။
▪️ သူက ယူရိုဂိုးသွင်းဘုရင်လည်းဖြစ်ဖူးပါတယ်။
▪️ သူက ကစားသမားဘ၀ ဂိုးပေါင်း ၅၀၀ ကျော်သွင်းထားပါတယ်။
▪️ သူက DR ကွန်ဂိုနဲ့ပွဲမှာ အင်္ဂလန်ကို ကယ်တင်ခဲ့သူပါ။

သူကတော့ ဟယ်ရီကိန်းပဲဖြစ်ပါတယ်။🏴󠁧󠁢󠁥󠁮󠁧󠁿

30/06/2026

တောင်အမေရိက 🌎 9️⃣ - 3️⃣ ဥရောပ 🌍

လက်ရှိ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အမေရိကအသင်းတွေ အမြင့်ပျံသန်းနေပြီး ဥရောပအသင်းတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ ၇ပွဲမှာ ၅ပွဲအထိ အနိုင်ရထားပါတယ်။ 👀

🇧🇷 ဘရာဇီး ၃-၀ စကော့တလန် 🏴󠁧󠁢󠁳󠁣󠁴󠁿 ✔️
🇵🇾 ပါရာဂွေး ၁-၀ တူရကီ 🇹🇷 ✔️
🇪🇨 အီကွေဒေါ ၂-၁ ဂျာမနီ 🇩🇪 ✔️
🇺🇾 ဥရုဂွေး ၀-၁ စပိန် 🇪🇸 ❌
🇦🇷 အာဂျင်တီးနား ၂-၀ ဩစတြီးယား 🇦🇹 ✔️
🇨🇴 ကိုလံဘီယာ ၀-၀ ပေါ်တူဂီ 🇵🇹 🤝
🇵🇾 ပါရာဂွေး ၁-၁ ဂျာမနီ 🇩🇪 (ပင်နယ်တီနဲ့ ပါရာဂွေးနိုင်) ✔️

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Mandalay