07/10/2026
Overweight မဟုတ်ရင် Gym လာဆော့စရာမလိုဘူးလို့ ထင်နေသေးလား? 🧐
Gym ကိုလာတာဟာ Weight loss လုပ်ဖို့တစ်ခုတည်း မဟုတ်ပါဘူး။
ဒီပုံတွေက ကျွန်မဆီမှာ နှစ်ရှည်လများ လေ့ကျင့်လာတဲ့ client အစ်မ ၃ ယောက်ရဲ့ပုံတွေပါ။
အစ်မတို့ ၃ ယောက်လုံးမှာ အစကတည်းက ကိုယ်ပိုင် body shape လေးတွေရှိပြီးသား၊ အဝလွန်နေတဲ့သူတွေလည်း မဟုတ်ပါဘူး။
ဒါပေမယ့် “ပိန်သွားဖို့” ထက် “ပိုကောင်းတဲ့ body composition နဲ့ proportion ရဖို့” ဆိုတာကလည်း training ရဲ့ အရေးကြီးတဲ့ရည်ရွယ်ချက်ထဲကတစ်ခုပါ။
ကျွန်မ Trainer တစ်ယောက်အနေနဲ့ သူတို့ကို Weight လျှော့ဖို့ပဲ focus မလုပ်ဘဲ
- ဘယ် muscle group ကို ပိုတည်ဆောက်သင့်လဲ
- ဘယ်နေရာတွေကို balance လုပ်သင့်လဲ
- Waist–hip ratio ကို ဘယ်လိုပိုညီအောင်လုပ်မလဲ
- Glute, leg development နဲ့ upper body balance ဘယ်လိုလေ့ကျင့်ပေးမလဲ
- Posture နဲ့ movement quality ကို ဘယ်လိုတိုးတက်အောင်လုပ်မလဲ
- သူတို့ရဲ့ မူလ body structure နဲ့ lifestyle ကို မပျက်စေဘဲ ဘယ်လို shape ကိုပိုပြီး enhance လုပ်မလဲ
ဆိုတာတွေကို တစ်ယောက်ချင်းစီရဲ့ body structure အလိုက် program ခွဲပြီး train ပေးထားတာပါ။
ကျမအတွက် Body Composition Training က Weight Loss ထက် ပိုပြီး ပညာသားပါတဲ့အလုပ်တစ်ခုလို့ ခံစားရပါတယ်။
ဘာလို့လဲဆိုတော့ Weight loss ဆိုတာ scale ပေါ်က number လျှော့တာတစ်ခုတည်းနဲ့ ပြီးသွားနိုင်ပေမယ့်၊ Body composition နဲ့ proportion ကို improve လုပ်တာကတော့ muscle development, fat distribution, symmetry, proportion, posture နဲ့ individual body structure အားလုံးကို ထည့်စဉ်းစားရလို့ပါ။
အရေးကြီးဆုံးကတော့ လူတိုင်းကို တပုံစံတည်း train လို့မရပါဘူး။
သူတို့လိုချင်တဲ့ look ၊ သူတို့ရဲ့ natural body structure ၊ ကျမ Trainer အနေနဲ့မြင်တဲ့ လိုအပ်ချက်
ဒီ ၃ ခုကို balance လုပ်ပြီးမှ result ကို ပုံဖော်ပေးရတာပါ။
ဒီ အစ်မ၃ ယောက်ရဲ့ transformation ကို တစ်ယောက်ချင်းစီအနေနဲ့ အရင်ကတည်းက တင်ထားပြီးသားပါ။
ဒါပေမယ့် သူငယ်ချင်း ၃ ယောက်လုံးကို တစ်ချိန်တည်းမှာ train ပေးပြီး ၃ ယောက်လုံးရဲ့ body composition နဲ့ shape တွေ တဖြည်းဖြည်းပြောင်းလဲလာတာကို ပြန်ကြည့်မိတော့ ဒီ memory လေးကို သီးသန့် save ချင်လာလို့ပါ။ 🥹🤍
သူတို့အကြိုက်၊ ကျမအမြင်နဲ့ expertise
နှစ်ဖက်လုံးပေါင်းပြီး သူတို့တစ်ယောက်ချင်းစီနဲ့ လိုက်ဖက်တဲ့ body ကို ပုံဖော်လာနိုင်ခဲ့တာလေးပါ။
ပြီးတော့ ဒီလို result တွေက တစ်လ၊ နှစ်လနဲ့ ရလာတာမဟုတ်ပါဘူး။
Consistency + proper training + patience နဲ့ နှစ်ရှည်လများ တည်ဆောက်လာခဲ့တာပါ။ 🤍