13/07/2026
11.07.26(Saturday)
ကျွန်တော်တို့ Mya Yee Nandar Cycling Group - MYND Bikersဘော်ဒါတွေ
အဖွဲ့ ထဲက အကိုကြီး ကိုစော Ko Saw စက်ဘီးသစ်ပြောင်းတဲ့ အထိမ်းအမှတ်
ည dinner ကို Main Sponsor ပေးပြီး စုပေါင်းပြီး ဖွင့်ပွဲ လုပ်ခဲ့ကြတယ်ဗျာ
ကျေးဇူးပါ အကိုကြီး
10/07/2026
10.07.26 တွင်
ကျွန်တော်တို့ မြရည်နန္ဒာစက်ဘီးအဖွဲ့မှ member တယောက်ဖြစ်တဲ့ ကိုကြီး ကိုသက်နိုင်(ခ)ကိုလက်ကောင်း ရဲ့ မွေးနေ့အမှတ်တရ
ကိုလက်ကောင်း မှ မွေးနေ့ အထိမ်းအမှတ် အဖွဲ့သားများအား မနက်စာ ကျွေးမွေးဧည့်ခံခဲ့ပါတယ်
ကျေးဇူးအများကြီးတင်ရှိပါတယ်
Happy Birthday ပါ
သက်ရှည် ကျန်းမာ အနာတရကင်းဝေးပါစေ
Mya Yee Nandar Cycling Group - MYND Bikers
05/07/2026
05.07.26 (Sunday)
ကျွန်တော်တို့ မြရည်နန္ဒာစက်ဘီးအဖွဲ့မှ member တစ်ယောက် ဖြစ်တဲ့ အကိုကြီး ကိုအောင်တင်ဝင်း Ko Aung Tin Win ရဲ့ သမီး
မသီရိစိုး
မြန်မာတစ်နိုင်ငံလုံး ပထမ (သိပ္ပံတွဲ) (The Whole Burma Tope One) ရဲ့
ဂုဏ်ပြုဧည့်ခံနေ့လည်စာ စားပွဲ ကို
The Palace by Golden Duck တွင် ကျင်းပရာ
ကျွန်တော်တို့ MYND Bikers များမှလည်း ဂုဏ်ပြုလက်ဆောင် နဲ့ အတူ ဂုဏ်ယူဝမ်းမြောက်စွာ တက်ရောက်ခဲ့ပါသည်။
Congratulation ပါ သမီး သီရိစိုး
02/07/2026
01.07.26(Wednesday )
ကျွန်တော်တို့ Mya Yee Nandar Cycling Group - MYND Bikersဘော်ဒါတွေ
လမ်းသစ်ထိပ် စက်ဘီးနင်းခဲ့ပြီး
အဖွဲ့ ထဲက အကိုလေး ကိုထက်နိုင် Htet Naing စက်ဘီးသစ်ပြောင်းတဲ့ အထိမ်းအမှတ်
မန်းခေတ် လက်ဖက်ရည်ဆိုင်တွင် မနက်စာနဲ့ ဧည့်ခံခဲ့သေးတယ်ဗျာ
ကျေးဇူးပါ အကိုကြီး
30/06/2026
29.06.26 (Monday)
ပဝါဆိုလပြည့်နေ့ ဆိုတော့
ကျွန်တော်တို့ Mya Yee Nandar Cycling အဖွဲ့တွေ Team Trip ခရီးစဉ်လေးထွက်ခဲ့ကြတယ်။ မန်းလေး ကနေ ကားနဲ့ မြို့ကြီး အထိ သွားပြီး မြို့ကြီး-ရွာငံ-မြို့ကြီး အသွားအပြန် ခရီးစဉ်လေး နင်းခဲ့ကြပြီး အပြန် ဆင်ခေါင်းတောင်မှာ ရေစိမ်ခဲ့တဲ့ အမှတ်တရလေးတွေ မှတ်တမ်းတင်ခဲ့ကြတယ်…
ခရီးစဉ်လေး ဖြစ်မြောက်အောင် တဖက်တလမ်းကနေ ကူညီပေးကြတဲ့
Transportation အတွက်
ကိုအောင်ကျော်စိုး
Zeyar ZP
Aung Chan Phyo
Beverages အတွက်
Ko Ko Thein (Tiger 1ဖာ)
ကိုကျော်ထွန်း (Royal D 1ဖာ)
ကိုလက်ကောင်း(ခ)ကိုသက်နိုင် (Lipo 2ကဒ်)
လမ်းမှာ လိုအပ်တာသုံးဖို့အတွက်ဆိုပြီး မုန့်ဖိုး ထည့်ပေးတဲ့
ကိုစောနိုင်ထွန်း နဲ့ ကိုခိုင်ကြီး
ရော့ဗျာ
ဘီးတွေပေါက်ရင် လဲရအောင် ဆိုပြီး
29ကျွတ် လက်ဆောင်ပေးတဲ့
Pyae Pyae Bike Accessories Shop
ခရီးစဉ်ဖြစ်မြောက်ရေးအတွက် တဖက်တလမ်းမှ ကူညီပေးတဲ့
ဘော်ဒါဘော်ကျွတ် အကိုတော်ညီတော်များ အားလုံးကိုလည်း ကျွန်တော်တို့ မြရည်နန္ဒာစက်ဘီးအဖွဲ့မှ
ကျေးဇူးအထူးတင်ရှိပါတယ်
28/06/2026
ကျွန်တော်တို့ မြရည်နန္ဒာစက်ဘီးအဖွဲ့မှ member တစ်ယောက် ဖြစ်တဲ့ ကိုအောင်ကိုဦး Aung Ko Ooရဲ့ ညီလေး
ကိုနိုင်ကိုဝင်း မနတ - ၇၃၅
၂ ဘာသာဂုဏ်ထူး (မြန်မာစာ နှင့် သင်္ချာ) ဖြင့်
စာမေးပွဲအောင်မြင်၍
ညီအကို တို့ မိသားစု နှင့် ထပ်တူ
ကျွန်တော်တို့ MYND Bikers များမှ ဂုဏ်ယူဝမ်းမြောက်မိပါသည်။
Congratulation ပါ ညီလေး နိုင်ကိုဝင်း
28/06/2026
ကျွန်တော်တို့ မြရည်နန္ဒာစက်ဘီးအဖွဲ့မှ member တစ်ယောက် ဖြစ်တဲ့ အကိုကြီး ကိုအောင်တင်ဝင်း Ko Aung Tin Win ရဲ့ သမီး
မသီရိစိုး မနတ - ၆၇၀
၆ ဘာသာဂုဏ်ထူး ၅၆၂ မှတ်ဖြင့်
မြန်မာတစ်နိုင်ငံလုံး ပထမ (သိပ္ပံတွဲ)ရရှိ၍
အကိုကြီး တို့ မိသားစု နှင့် ထပ်တူ
ကျွန်တော်တို့ MYND Bikers များမှ ဂုဏ်ယူဝမ်းမြောက်မိပါသည်။
Congratulation ပါ သမီး သီရိစိုး
27/06/2026
27.06.26(Saturday)
ကျွန်တော်တို့ Mya Yee Nandar Cycling Group - MYND Bikersဘော်ဒါတွေ
ကျုံးပတ် စက်ဘီးနင်းခဲ့ပြီး
အဖွဲ့ ထဲက အကိုကြီး ကိုဇာနည် Zar Ni စက်ဘီးသစ်ပြောင်းတဲ့ အထိမ်းအမှတ်
မနက်စာ ကို ရှမ်းမလေး ရှမ်းခေါက်ဆွဲဆိုင်တွင် မနက်စာဆွဲခဲ့သေးတယ်ဗျာ
ကျေးဇူးပါ အကိုကြီး