12/06/2026
Diving လဲလုပ်ချင်တယ်..Equipmentတွေလဲမဝယ်ရသေးဘူးဆိုရင်တော့ တစ်နေရာထဲ One Stop Service ရစေမှာ Myanmar Dive Center 🤿
🔹 Dive Equipment တွေ လိုအပ်နေလား...?
✅️ စျေးနှုန်းသက်သာပြီး အရည်အသွေးကောင်းတဲ့ နာမည်ကြီး Brand တွေဖြစ်တဲ့ Scubapro, Cressi, Aquatec, DeepBlue တံဆိပ်တွေရဲ့ Scuba Equipment များ၊ Snorkeling Set များ၊ Wet Suit များအစရှိတဲ့ Equipment အစုံအလင်ကိုရရှိနိင်ပါတယ်...
Order Link - ( https://bit.ly/3W6fSm4 )
🔹 Scuba Diving လုပ်ဖို့ Training နဲ့ Course ဆိုရင်လည်း
✅️ Discover Scuba Diving (DSD) Pool Training,
✅️ Padi Open Water Course တို့အပြင် အခြားသော Padi ရဲ့ Scuba Diving Course အဆင့်ဆင့်တွေကိုပါ သင်ကြားပေးနေပါပြီ...
🤿 DSD Pool Training - ( https://bitly.ws/TVSz )
🤿 Padi Open Water Course - ( https://bitly.ws/TVNL )
🤿 Website Padi Courses - ( https://bitly.ws/TVR3 )
✅️ ငွေဆောင်မှာရှိတဲ့ လှပတဲ့ Dive Site တွေကိုသွားရောက်ပြီး Dive လုပ်ဖို့အတွက်လဲ Package တွေအလိုက်စီစဉ်ပေးထားတာဖြစ်လို့ ငွေဆောင် မှာ Dive လုပ်ချင်သူတွေအတွက် အသေးစိတ်သိချင်ရင်တော့ 🌊ငွေဆောင် - ( https://bitly.ws/TVLn )
🔹ဒါတွေအပြင် Dive Equipment တွေအတွက် Repair Service လည်း အဆင့်သင့်ရှိတာဖြစ်လို့ Diver တွေအနေနဲ့ မိမိတို့ကိုယ်ပိုင်အသုံးပြုဖို့ဝယ်ယူထားကြတဲ့ Equipment တွေကို Repair လုပ်ချင်တာပဲဖြစ်ဖြစ် စစ်ဆေးချင်တာပဲဖြစ်ဖြစ် တစ်နေရာထဲမှာပဲ ယုံကြည်စိတ်ချစွာ Service ရရှိနိုင်အုံးမှာဖြစ်ပါတယ်။
ဒီလိုမျိုး Diving လုပ်ဖို့အတွက် Service တွေ အကုန်လုံး တစ်နေရာထဲမှာရနေပြီဆိုတော့ ကျန်တာတွေ ဘာမှမလိုအပ်တော့ဘူးနော်... ခုပဲ Myanmar Dive Center ကို ဖုန်းဆက်ပြီး ဆက်သွယ်စုံစမ်းလိုက်ပါ။
Myanmar Dive Center Website - (https://divinginmyanmar.com/mm/)
သင်တန်းအသေးစိတ်စုံစမ်းရန်:
☎️09 409 835 599
📍Showroom လိပ်စာ: MICT Park Building (11), Ground Floor, University of Hlaing Campus
09/06/2026
🌧️အပြင်မှာ မိုးတွေသည်းထန်စွာရွာသွန်းပြီး ပင်လယ်ပြင်ခရီးစဉ်တွေ ခေတ္တရပ်နားထားရတဲ့ ဒီလိုမိုးရာသီမှာ အိမ်ထဲမှာတင် အချိန်တွေကို ပျင်းပျင်းရိရိ ကုန်ဆုံးစေမှာလား?
ပင်လယ်သွားလို့မရလဲ ရေငုပ်ချင်တဲ့စိတ်ကို အောင့်အီးထားမရဖြစ်နေသူတွေအတွက် အရှိန်မပျက် ဆက်လက်အကောင်အထည်ဖော်ဖို့ Myanmar Dive Center (MDC) ရဲ့ Pool Training တွေရှိနေပါပြီ။💁🏼♀️
သင်ဟာ ရေကူးရတာကို မြတ်နိုးတဲ့ “ရေပျော်လေး” တစ်ယောက်ဆိုရင် ပင်လယ်မသွားနိုင်တဲ့ ဒီလိုရာသီဥတုမျိုးက အခြေခံရေငုပ်နည်းစနစ်တွေကို စနစ်တကျနဲ့ စိတ်အေးလက်အေး လေ့ကျင့်ဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။ ✅
မိုးလေဝသအခြေအနေကို ပူပန်နေစရာမလိုဘဲ လုံခြုံစိတ်ချရတဲ့ ရေကူးကန်ရဲ့ ထိန်းချုပ်ထားတဲ့ ပတ်ဝန်းကျင်မှာ နိုင်ငံတကာအသိအမှတ်ပြု Professional နည်းပြတွေနဲ့အတူ ရေငုပ်ဝတ်စုံ စနစ်တကျ ဝတ်ဆင်ပုံ၊ အသက်ရှူကိရိယာ အသုံးပြုပုံ၊ ရေအောက်လှုပ်ရှားမှုနဲ့ အရေးပေါ်အခြေအနေ တုံ့ပြန်ပုံတွေကို အသေးစိတ် လက်တွေ့ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။
☝🏻ပွင့်လင်းရာသီ ရောက်လို့ ပင်လယ်ပြာပြာကြီးဆီ တကယ့်လက်တွေ့ သွားရောက်ငုပ်လျှိုးတဲ့အခါကျမှ အခက်အခဲမရှိ အဆင်သင့်ဖြစ်နေစေဖို့ ဒီမိုးရာသီမှာ Skill ကို ကြိုတင်ပြီး Solid ဖြစ်အောင် တည်ဆောက်ထားလိုက်ပါ။
မိုးရွာလည်း စိတ်ကြိုက် Fun ဖြစ်လို့ရမယ့် MDC ရဲ့ အသေးစိတ် သင်တန်းအချိန်ဇယားတွေကို သိရှိလိုပါက အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ!⬇️
☎️ 09 409 835 599
02/06/2026
🤔? ပထမဦးဆုံး Scuba Diving လုပ်ရတဲ့ ခံစားမှုအရသာကို သိချင်ပါသလား...
🤿 DSD သင်တန်းနဲ့ ပက်သက်ပြီး အသေးစိတ် သိလိုပါက - 👇(www.divinginmyanmar.com/mm/pool-training/)
🤿 Diving Suit နဲ့ Diving Equipment အပြည့်အစုံ ဝတ်လိုက်ပြီ ဆိုတာနဲ့ ရေထဲကိုဆင်းဖို့ Motivation နဲ့ Confidence အပြည့်ရရှိမှာ ဖြစ်ပြီး...
ရေထဲဆင်းပြီးလို့ ပထမဆုံး -
✅ ရေအောက်မှာ အသက်ရှုနေရတဲ့ ခံစားချက်
✅ ရေအောက်မှာ မြင်နေရမယ့် မြင်ကွင်း
✅ ရေအောက်မှာ Swim Fins နဲ့ လှုပ်ရှားသွားလာနေရတဲ့ ခံစားမှု
စတာတွေက ဘဝရဲ့ ပထမဆုံး ဘာနဲ့မှမတူတဲ့ အတွေ့အကြုံသစ်ကို ခံစားရစေမှာဖြစ်ပါတယ် ...
ဒီလိုမျိုး အတွေ့ကြုံ အသစ်တွေ ကို MDC ရဲ့ Discover Scuba Diving (DSD) Training မှာလာရောက်ခံစားလိုက်ပါ…
DSD မှာ ကျွမ်းကျင်တဲ့ Trainers များမှ ပင်လယ်မှာ ရေငုပ်တဲ့အချိန် သိထားသင့်တဲ့ အရေးကြီးသော Basic Knowledge များ ၊ Dive Equipment အသုံးပြုပုံများ၊ ရေအောက်မှာ တစ်ယောက်နှင့် တစ်ယောက် ဘယ်လို communicate လုပ်ရမလဲ ဆိုတာများကို သင်ကြားပေးပြီး Training ပြီးသွားတဲ့သူအားလုံးကိုလည်း DSD Certificate ကိုပါ ပေးအပ်သွားမှာဖြစ်လို့ အခုဘဲ ဆက်သွယ်ပြီး Booking ပြုလုပ်ထားလိုက်တော့နော်...
☎️ 09 409 835 599
27/05/2026
မြန်မာတစ်နိုင်ငံလုံးမှာ မှ Myanmar Dive Center-PADI-S25655 မှာပဲသင်လို့ရတဲ့ နိုင်ငံတကာ အသိအမှတ်ပြု PADI Free diving
-Free Diving ဆိုတာ ရေအလကားငုတ်ရတာကို ပြောတာမဟုတ်ပါဘူး
🤿Free Diving ဆိုတာ ရေအောက်အနက်ထဲကို ဘာအသက်ရှူကိရိယာမှမပါပဲ အသက်အောင့်ပြီး ဆင်းတာကို ပြောတာပါ
ရေကူးတတ်ဖို့တော့လိုပါတယ် ၊
🥰အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အတတ်ပညာတစ်ခုပါပဲ (နိုင်ငံခြားမှာဆို ကလေးတွေကို ရေကူးသင်ပြီးတာနဲ့ သင်နေကြပြီ)
ထက်အိတော့ ရေထဲမှာ အသက် ၄ မိနစ်ထိ အောင့်ပြီးနေနိုင်နေပါပြီ ၊ ကျင့်ရင်ရပါတယ် (တစ်ယောက်တည်းမကျင့်ရပါဘူး၊ ဘေးကစောင့်ကြည့်ပေးတဲ့သူလိုပါတယ်… )
🤿မြန်မာနိုင်ငံမှာ Scuba Diving ကို ထက်အိတင်ပြီး လူစိတ်ဝင်စားမှုများပြီး သိရှိခဲ့ပေမယ့်
အခု Free Diving ကိုတော့ သူ့ terms ရော အဲ့ အားကစားကို လူသိပ်မသိကြသေးပါဘူး…
Myanmar မှာလည်း ဒီနှစ်မှစရတာဆိုတော့ ပုံမှန် နိုင်ငံခြားကို သွားသင်ရတဲ့အရာ က ကိုယ့်မြန်မာနိုင်ငံမှာ သင်လို့ရပြီဆိုတော့ အားရစရာပါ … သင်ထားတတ်ထားသင့်တယ်လို့မြင်ပါတယ်..
စိတ်ဝင်စားရင် Myanmar Dive Centre ကို ပဲ Cb ကနေမေးမြန်းနိုင်ပါတယ်
Extra Facts:
လူတွေက Scuba Diving နဲ့ Snorkeling ကလည်းရောကြတယ်
scuba diving က လေအိုးကြီးထမ်းပြီး ကိရိယာတွေနဲ့ ရေအောက်ထဲသွားတာပါ ၊ သူကရေမကူးတတ်လည်းရတယ်
Snorkeling ဆိုတာကကျ ရေပေါ်မှာတင်ပဲ dry snorkel 🤿 mask တပ် ပိုက်ကိုက်ပြီး ရေအောက်ရေတိမ်က အလှကိုကြည့်တာပါ
ထက်အိရဲ့ PADI free diving ကို ကြည့်ချင်ရင် https://youtu.be/Xl1fqwKclv0?si=e__026YQApMNATpM
25/05/2026
Freediving လောကထဲကို အတူတူ ခြေလှမ်းစလိုက်ရအောင်! 🐠🌊
အသက်ရှူကိရိယာ အကူအညီမပါဘဲ၊ ကိုယ့်ရဲ့ စိတ်နဲ့ကိုယ်ကို သဘာဝတရားနဲ့ တစ်သားတည်းကျအောင် ပေါင်းစည်းပြီး MDC နဲ့အတူ ရေအောက်ကမ္ဘာကို စူးစမ်းကြည့်ဖို့ အဆင်သင့်ပဲလား?
DFD (Discover Free Diving) မိတ်ဆက်သင်တန်း 🧜♂️✨
"ငါရော Freediving လုပ်နိုင်ပါ့မလား?" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်နေလား? ဒါမှမဟုတ် ရေအောက်ထဲမှာ လွတ်လပ်စွာ ကူးခတ်နေတဲ့ ပုံရိပ်တွေကို ကြည့်ပြီး အမြဲအားကျနေတာလား? ဒါဆိုရင်တော့ ဒီ DFD (Discover Free Diving) အစီအစဉ်လေးက သင့်အတွက် အကောင်းဆုံးနဲ့ အလန်းဆုံး အခွင့်အရေးပါပဲ!
ဒါဟာ ပုံမှန်သင်တန်းတစ်ခုထက် ပိုပါတယ်။ Certified Class တွေလို ဖိအားမရှိဘဲ ရေကူးကန်ထဲမှာ Freediving ရဲ့ အရသာကို အဝပတ် စမ်းသပ်ကြည့်နိုင်မယ့် Special Pool Training လေးဖြစ်လို့ တကယ်ကို လက်လွတ်မခံသင့်တဲ့ အခိုက်အတန့်လေးပါ။
📍 သင်တန်းနေရာ: YCDC Pool (Yangon)
🗓 သင်တန်းရက်: အပတ်စဉ် ဗုဒ္ဓဟူးနေ့ (Weekday) သို့မဟုတ် စနေနေ့ (Weekend) — ကြားရက်ပဲဖြစ်ဖြစ်၊ ပိတ်ရက်ပဲဖြစ်ဖြစ် အဆင်ပြေတဲ့ရက်ကို ရွေးချယ်ပြီး သူငယ်ချင်းတွေနဲ့အတူ တက်ရောက်နိုင်ပါတယ်။
⏱️ ကြာချိန်: (၁) ရက်တည်းနဲ့ ၂ နာရီမှ ၃ နာရီခန့် သာ ကြာမြင့်မှာဖြစ်လို့ သင့်ရဲ့ ပိတ်ရက်တွေကို အဓိပ္ပာယ်အရှိဆုံး ဖြစ်စေမှာပါ။
🤿 Equipment: သင်တန်းတက်နေစဉ်အတွင်း အသုံးပြုဖို့ Mask နဲ့ Fins (ခြေယက်ပြား) တွေကို MDC ကနေ အခမဲ့ ငှားရမ်းပေးသွားမှာပါ (သင်တန်းချိန်အတွင်းသာ)။ ကိုယ်တိုင်ယူလာရမှာကတော့ ရေကူးဝတ်စုံနဲ့ ပျော်ရွှင်ဖို့ စိတ်အားထက်သန်မှုလေးပဲ လိုပါတယ်။
ဘာကြောင့် Freediving ကို စမ်းကြည့်သင့်တာလဲ?
🧘♂️ Ultimate Relaxation: ရေအောက်ထဲက ငြိမ်သက်မှုက Spa သွားတာထက်တောင် သင့်စိတ်ကို ပိုပြီး Relax ဖြစ်စေတာနော်။ နေ့စဉ်ဘဝရဲ့ မောပန်းမှုတွေကို ရေထဲမှာ ခဏတာ ထားခဲ့လိုက်ပါ။
🌊 Fun & Excitement: အသက်ရှူစက်တွေ မပါဘဲ ငါးလေးတစ်ကောင်လို ကူးခတ်ရတဲ့ ခံစားချက်က ဘယ်အရာနဲ့မှ မလဲနိုင်အောင် ရင်ခုန်ဖို့ကောင်းပါတယ်။ ဒီလို အတွေ့အကြုံသစ်ကို သူငယ်ချင်းတွေကြားမှာ သင်က အရင်ဆုံး စမ်းကြည့်လိုက်ပါ။
📸 Level Up your Skills: အခြေခံကို ပိုင်နိုင်သွားတဲ့အခါ နောက်ပိုင်း ပင်လယ်ထဲသွားရင် သင်ဟာ သူများတွေထက် ပိုထူးခြားပြီး ရေအောက်မှာ ပိုပြီး Confidence ရှိရှိ ကူးခတ်နိုင်မှာပါ။
ရေကူးတတ်ပြီး အသစ်အဆန်းတွေကို ချစ်မြတ်နိုးသူတိုင်း တက်ရောက်နိုင်ပါတယ်။ အထူးသဖြင့် Scuba Diver တွေအတွက်လည်း အသက်ရှူနှုန်း ထိန်းချုပ်မှု (Air Consumption) ပိုကောင်းလာစေဖို့ အများကြီး အထောက်အကူပြုပါတယ်။
ဒီလို အခွင့်အရေးမျိုးက ခဏခဏ မလာတတ်တာမို့ သူများတွေ အရင် စမ်းကြည့်ပြီးမှ လိုက်လုပ်တာထက် အခုပဲ ကိုယ်တိုင် ပါဝင်ဆင်နွှဲလိုက်တာက ပိုမမိုက်ဘူးလား? MDC ရဲ့ အတွေ့အကြုံရှိ နည်းပြတွေက ဘေးကနေ စနစ်တကျနဲ့ လုံခြုံစိတ်ချစွာ ကူညီပေးသွားမှာမို့ ဒီရင်ခုန်စရာ ခရီးစဉ်လေးကို အခုပဲ စတင်လိုက်ရအောင်နော်!
သင်တန်းအသေးစိတ်စုံစမ်းရန်:
☎️ 09 409 835 599
Showroom လိပ်စာ: MICT Park Building (11), Ground Floor, University of Hlaing Campus
23/05/2026
🐢ဒီနေ့ May 23 ရက်နေ့ဟာ World Turtle Day ဖြစ်ပါတယ်။
ပင်လယ်ရေအောက်ကမ္ဘာရဲ့ ရေရှည်တည်တံ့မှုနဲ့ သန္တာကျောက်တန်း ဂေဟစနစ်တွေ မျှတဖို့အတွက် ပင်လယ်လိပ်တွေဟာ အရေးပါလှတဲ့ သဘာဝရဲ့ အင်ဂျင်နီယာတွေ ဖြစ်ကြပါတယ်။
❗️ဒါပေမဲ့ လက်ရှိမှာ ပလတ်စတစ်ညစ်ညမ်းမှုတွေ၊ ငါးဖမ်းပိုက်ဟောင်းတွေနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် သူတို့ရဲ့ ရှင်သန်ရပ်တည်ရေးဟာ နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်ခံနေရပါတယ်။
💁🏼♀️Myanmar Dive Center (MDC) အနေနဲ့ ရေအောက်အလှအပတွေကို ဖော်ထုတ်ရုံတင်မကဘဲ ဒီလိုအဖိုးတန်ပင်လယ်ပြာ သတ္တဝါလေးတွေ ဘေးကင်းရာဆီ စိတ်အေးချမ်းသာ ကူးခတ်နိုင်ဖို့ ရေအောက်အမှိုက်သိမ်းတာတွေနဲ့ အဏ္ဏဝါထိန်းသိမ်းရေး လုပ်ငန်းတွေကို အစဉ်တစိုက် လုပ်ဆောင်နေပါတယ်။
🌊 လိပ်လေးတွေကို ကာကွယ်ဖို့ ကျွန်ုပ်တို့ ဘာလုပ်နိုင်မလဲ။
✔️Single-use Plastic လျှော့ချပါ: ပင်လယ်ထဲရောက်သွားတဲ့ ပလတ်စတစ်အိတ်တွေကို လိပ်တွေက သူတို့အစားအစာ အမှတ်နဲ့ မှားယွင်းစားသုံးမိတတ်ပါတယ်။
✔️တာဝန်သိ Diver တစ်ဦး ဖြစ်ပါစေ: ရေငုပ်တဲ့အခါ ပင်လယ်လိပ်တွေကို အနီးကပ် လိုက်လံနှောင့်ယှက်တာ၊ ကိုင်တွယ်တာမျိုး မလုပ်ဘဲ သူတို့ရဲ့ သဘာဝအတိုင်း ကူးခတ်မှုကို အကွာအဝေးတစ်ခုကနေပဲ ကြည့်ရှုအားပေးပါ။
✔️အမှိုက်ကင်းစင်တဲ့ ကမ်းခြေဖြစ်အောင် ဝိုင်းဝန်းကူညီပါ: လိပ်မကြီးတွေ ဥဥဖို့ ကမ်းခြေတက်တဲ့အခါ အမှိုက်ပိတ်ဆို့မှုတွေ မရှိစေဖို့ ကမ်းခြေသန့်ရှင်းရေးဟာလည်း အလွန်အရေးကြီးပါတယ်။
လိပ်တွေရဲ့ သက်တမ်းဟာ နှစ်ပေါင်း ရာချီရှည်လျားနိုင်ပေမယ့်၊ လူသားတွေပစ်လိုက်တဲ့ ပလတ်စတစ်တစ်စကတော့ သူတို့ရဲ့ဘဝကို မိနစ်ပိုင်းအတွင်း အဆုံးသတ်သွားစေနိုင်ပါတယ်။
ဒီနေ့ ကမ္ဘာ့လိပ်များနေ့မှာ ပိုမိုသန့်ရှင်းပြီး ဘေးကင်းတဲ့ သမုဒ္ဒရာပြင်ကြီးဖြစ်လာဖို့ တစ်ယောက်တစ်လက် ပလတ်စတစ်လျှော့ချရင်း အတူတူ လက်တွဲ ကာကွယ်လိုက်ရအောင်ဗျာ။ 🐢💙
Center *