Asia Queen

Asia Queen

Share

နေ့စဥ် Update ဘော်လုံးသတင်းတွေဖတ်ရှုခံစားချင်တယ်ဆို Asia Queen ကို Like လုပ်ထားကြပါစို့

1xbet PromoCode 👉NN1099

29/05/2026

အာဂျင်တီးနား တိုက်စစ်မှူး ဟူလီယံအယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ညက အယ်လ်ဗာရက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ စပိန်မြေမှာ တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ပြီးနောက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု အပြည့်အဝ ရယူနိုင်ခဲ့ပြီလို့ သိရပါတယ်။

ဒါတင်မကသေးဘဲ အယ်လ်ဗာရက်ဇ်ကိုယ်တိုင်ကလည်း လက်ရှိမှာ အက်သလက်တီကိုမက်ဒရစ်ကနေ ထွက်ခွာချင်တယ်ဆိုတဲ့ ဆန္ဒကို ကလပ်အသင်းဆီ တရားဝင် အကြောင်းကြားထားပြီးသားပါ။

လက်ရှိမှာတော့ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ဖို့အတွက် ကလပ်အသင်းနှစ်ခုကြား သဘောတူညီမှု ရဖို့ပဲ ကျန်ပါတော့တယ်။ စပိန်သတင်းတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ လာမယ့်ရက်ပိုင်းအတွင်း အယ်လ်ဗာရက်ဇ်အတွက် ယူရို သန်း ၁၀၀ နဲ့ ကနဦးကမ်းလှမ်းမှုကို ပေးပို့ဖို့ ပြင်ဆင်နေပါတယ်။

ဒီကမ်းလှမ်းမှုမှာ အခြားကစားသမားတွေနဲ့ အလဲအထပ်လုပ်မယ့် Option မျိုး လုံးဝပါဝင်မှာမဟုတ်ဘဲ ငွေသားသီးသန့်နဲ့ ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။ ဂုန်းဆင်းကြီးရဲ့ ဒီရာသီမှာ ငွေသားအသုံးပြုဖို့အတွက် လက်ရဲဇက်ရဲရှိပုံကြီးက ကြောက်ဖို့ကောင်းပါတယ်။

29/05/2026

အာဆင်နယ်အသင်းကို နှစ်ပေါင်း ၂၂ ကြာ ဝေကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကြီးဆီ ပြန်လည် ရောက်ရှိစေခဲ့တာဟာ ပရိသတ်တွေမကြိုက်တဲ့ Set-piece သွင်းဂိုးတွေပါ။ ဒီ Set-piece သွင်းဂိုးတွေရဲ့ ပဲ့ကိုင်ရှင်ကတော့ အားလုံးနဲ့မစိမ်းတဲ့ နီကိုလက်စ်ဂျိုဗာ ဖြစ်ပါတယ်။

သူ့ရဲ့စွမ်းဆောင်ရည်ကောင်းနဲ့ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ဆုဖလားကို တစ်ကျော့ပြန်သိမ်းနိုင်ခဲ့ပြီး ဂျိုဗာ ကိုယ်တိုင်ကလည်း ငွေတွေဝင်ပြီးတော့ ပြုံးပျော်ရွှင်လို့နေပါတယ်။

နီကိုလပ်စ်ဂျိုဗာဟာ အာဆင်နယ်အသင်း Set-piece တွေကနေ ဂိုးသွင်းလိုက်တိုင်း ဆုကြေးငွေအဖြစ် ပေါင် ၁၀,၀၀၀ ပုံမှန်ရရှိနေတာ ဖြစ်ပါတယ်။ ဒီရာသီ အာဆင်နယ်ရဲ့ Set-piece သွင်းဂိုး ၃၄ ဂိုးအထိ ရှိနေလို့ ဂျိုဗာဟာ ပေါင် ၃၄၀,၀၀၀ အထိ အပိုဆုကြေးရထားတာ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်အောင်ပွဲမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ခဲ့တယ်။ နည်းပြ လောကမှာလည်း နီကိုလပ်စ်ဂျိုဗာဟာ နာမည်ရခဲ့သလို အခုလိုမျိုး ဆုကြေးငွေတွေကို ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။

29/05/2026

ဘာစီလိုနာက မားကပ်ရက်ဖို့ဒ် သန်း ၃၀ ကို အင်တင်တင်လုပ်နေရာက သန်း ၈၀ နဲ့ အန်တိုနီဂေါ်ဒွန်ကို ဖြတ်ခေါ်သွားတယ်။ အခုလည်း အဲဗာရက်စ်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရထားပြီးတော့ သန်း ၁၀၀ နဲ့ ဈေးအလျှော့အတင်း ကမ်းလှမ်းပြီးရင် Here We Go တော့မယ်။

ဒီအကြောင်းအရာတွေကို ဆက်စပ်သုံးသပ်ကြည့်လိုက်ရင် ကစားသမား ၃ ဦးလုံးက တိုက်စစ်ပိုင်းမှာ နေရာစုံ အစုံသုပ်ပေးနိုင်တယ်။ မားကပ်ရက်ဖို့ဒ်ဆိုရင် ဂျိုထွက်အောင်ရုန်းပြီးတော့ တစ်ရာသီလုံးနီးပါး သက်သေပြထားပြီးပြီ...ဘာလို့မခေါ်ကြသလဲပေါ့။

ရက်ဖို့ဒ်ရဲ့ ပရိသတ်တွေက ခပ်ရှုပ်ရှုပ်တွေ တွေးနေကြတယ်။ အဖြေက ရှင်းရှင်းလေးပဲ။ ရက်ဖို့ဒ်ဟာ ဘယ်တုန်းကမှ ဘာစီလိုနာရဲ့ အကြိုက်မဟုတ်ခဲ့သလို ရေရှည်ခေါ်ဖို့ အတွေးမရှိခဲ့ဘူး။ လာပေါ်တာရဲ့ ရက်ဖို့ဒ်အပေါ် ချီးကျူးစကားတွေက PR ကောင်းဖို့ လူကြားကောင်းဖို့ပဲ။

ရက်ဖို့ဒ် ဘာစီလိုနာကို ရောက်လာတာက ဟန်ဆီဖလစ် အရမ်းသဘောလွန်းပြီး တိုက်စစ်နေရာအတွက် အရန်အင်အားရှိနေဖို့ သပ်သပ်ပဲ။ အခုလက်ရှိ ဘာစီလိုနာ ခေါ်ယူလိုက်တဲ့ ဂေါ်ဒွန်နဲ့ ခေါ်ယူနိုင်တော့မယ့် အဲဗာရက်စ်တို့ဆိုတာ ရက်ဖို့ဒ်ထက် အများကြီးသာတယ်။ ရက်ဖို့ဒ်ဟာ အရေးအကြောင်းဆို မတိုဘူး။

မားကပ်ရက်ဖို့ဒ်က ဘာစီလိုနာမှာ ကစားခွင့်ရဖို့ ရေလာမြောင်းပေးတယ်၊ လစာလျှော့ယူတယ်။ လုံးဝ သစ္စာရှိတယ် ဆိုပြီးတော့ မြင်ကြလိမ့်မယ်။ သို့ပေမဲ့ ဘောလုံးအားကစားဆိုတာ စီးပွားရေးတစ်ခုပဲ။ သစ္စာရှိတယ်ဆိုတာ တစ်ဖက်လူတွေ ရှေရည်လိုချင်လောက်တဲ့ တန်ဖိုးရှိနေမှပဲ အကြုံးဝင်တာပါ။

ဘာစီလိုနာရဲ့ လာပေါ်တာနဲ့ ဒေကိုတို့ရဲ့ အမြင်က ဒီလိုမဟုတ်ဘူး။ ရက်ဖို့ဒ်ဟာ မိခင်အသင်းမှာ နေရာ ပြန်မရနိုင်သလို သူတို့မှမခေါ်ရင် ဒီကစားသမား အသင်းကြီးမှာ ကစားနိုင်စရာ အကြောင်းမရှိဘူးဆိုတဲ့ ရှုထောင့်ကနေ ကြည့်နေကြတာဖြစ်တယ်။

ဒါ့ကြောင့်လည်း ဂေါ်ဒွန်၊ အဲဗာရက်စ်လောက် မကောင်းရင်တောင် အရန်ခုံတန်းမှာ ထိုင်းခိုင်းလို့ရမယ်၊ အရည်အသွေးလည်း မဆိုးတဲ့ မာကပ်စ်ရက်ဖို့ဒ်ကို သန်း ၃၀ မပေးချင်ဘဲနဲ့ အင်တင်တင်လုပ်နေတာပဲ။

28/05/2026

အဖေဖြစ်သူအတိုင်း တစ်ထေရာတည်းနင်းခဲ့တဲ့ ကတ်စပါရှမိုက်ကယ်

ဘောလုံးသမိုင်းမှာ ကြီးကျယ်ခမ်းနားတဲ့ ဆုဖလားအောင်မြင်မှုတွေနဲ့ ဂုဏ်သတင်းတည်ဆောက်ခဲ့တဲ့ ဂိုးသမားကြီး ပီတာရှမိုက်ကယ်ဟာ အသက် ၂၉ နှစ်အရွယ်မှာ ပထမဆုံးပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးရယူခဲ့တာ ဖြစ်ပါတယ်။

သားဖြစ်သူ ကတ်စပါရှမိုက်ကယ်ဟာလည်း ဘယ်သူမှမထင်ထားတဲ့ လက်စတာစီးတီးနဲ့အတူ ထူးရှယ် စွမ်းဆောင်ရည်တွေ ပြသပြီးတော့ အသက် ၂၉ နှစ်အအရွယ်မှာ ပထမဆုံးပရီးမီးယားလိဂ်ဆုဖလားကြီး သိမ်းပိုက်ခဲ့ပါတယ်။

ပထမဆုံး ပရီးမီးယားလိဂ်ဆုဖလား သိမ်းပိုက်နိုင်တဲ့ အသက်အရွယ်ချင်းလည်း တူညီသလို သားအဖ နှစ်ယောက်ရဲ့ ကစားသမားဘဝအဆုံးသတ်တဲ့ အသက်အရွယ်ကလည်း ၃၉ နှစ် ဖြစ်ပြီးတော့ တူညီ နေပါတယ်။

ဖအေတူသား တစ်ထေရာတည်း နင်းခဲ့တာပါ။

28/05/2026

မန်ချက်စတာယူနိုက်တက်ရဲ့ နွေရာသီပထမဆုံး ခေါ်ယူမှုဟာ အန္တလန်တာရဲ့ ဘရာဇီးလ်ကွင်းလယ်ခံစစ် အီဒါဆန် ဖြစ်လာဖို့ သေချာသလောက်ရှိပါပြီ။ ကစားသမားနဲ့လည်း သဘောတူညီမှုရထားသလို ပေါင် ၃၅ သန်း + ၃ သန်း နဲ့ နှစ်ဖက်အသင်း သဘောတူညီမှုရလုနီးပါး ဖြစ်နေပါပြီ။

ပရိသတ်တွေ မျှော်လင့်တကြီးစောင့်နေသလို ယူနိုက်တက်ရဲ့ ပထမဆုံးခေါ်ယူမှုဟာ Tier A အမိုက်စား ခေါ်ယူကြီး ဟုတ်မနေပေမဲ့ ချန်ပီယံလိဂ် အတွေ့အကြုံလည်း ရှိထားတယ်၊ ဈေးနှုန်းလည်း မဆိုးတာမို့ လာမယ့်ရာသီမှာ ပွဲစဉ်များမယ့် ယူနိုက်တက်ရဲ့ Squad Depth အတွက် အဆင်ပြေတယ်။

ပြဿနာက ဒီကစားသမားက No.6 နဲ့ No.8 လှည့်ကစားရမယ့် Squad Depth အတွက်မဟုတ်နေဘဲနဲ့ ကပ်စ်မဲရိုးရဲ့ Long Term Replacement ဆိုပြီးတော့ Report တွေ တက်လာတာပဲ။ ဘယ်လိုတွေးတွေး အဓိပ္ပာယ်မရှိနေဘူး။

ထွက်ခွာသွားတဲ့ ဘရာဇီးလ်ကွင်းလယ်ခံစစ်ရဲ့နေရာမှာ ဘရာဇီးလ်သား ကွင်လယ်ခံစစ်နောက်တစ်ဦးနဲ့ အစားထိုးလိုက်သလိုကြီး ဖြစ်နေပြီ။

နောက်ဆက်တွဲသတင်းတွေအရတော့ ကွင်းလယ်ခေါ်ယူမှုအတွက် နောက်ထပ် အမိုက်စားတွေလာဖို့ ရှိနေသေးတယ်လို့ ဖော်ပြထားပါတယ်။ မာသီးယပ်စ်ဖာနန်ဒက်စ်၊ တိုနာလီနဲ့ ဘာလီဘာတို့တွေထဲကနေ ၁ ဦးကို ရွေးချယ်သွားမယ်လို့ သိရပါတယ်။

28/05/2026

ညက ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲ မှာ ခရစ္စတယ်ပဲလေ့စ် တို့ ဗိုလ်စွဲခဲ့တာကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်နေရာတစ်ခု ရခဲ့ပါတယ် ။

ဒါကြောင့် လာမယ့် ရာသီ ဥရောပ ပြိုင်ပွဲတွေအတွက် ပရီးမီးယားလိဂ် ကနေ

ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ၅သင်း
ယူရိုပါလိဂ်ပြိုင်ပွဲဆီ ၃ သင်း
ကွန်းဖရန်စ်လိဂ်ပြိုင်ပွဲဆီ ၁ သင်း

စုစုပေါင်း ၉သင်းအထိ ဝင်ရောက် ယှဥ်ပြိုင်မှာ ဖြစ်ပါတယ် ။

ဒီရာသီ ဥရောပ ဗိုလ်လုပွဲ ၃ ပွဲလုံး ပရီးမီးယားလိဂ် က အသင်းတွေ ပါဝင်နေသလို လာမယ့်ရာသီ မှာလည်း ဒီနှုန်းထားအရဆို ပရီးမီးယားလိဂ်အသင်းတွေပဲ ဆက်လက် ကြီးစိုးအုံးမယ့် သဘောမှာတော့ ရှိနေပါတယ် ။

27/05/2026

🗣️ဝိန်းရွန်နီ "ကျွန်တော့်ကို တီဗီဖွင့်ပြီး ဘောလုံးပွဲကြည့်ချင်စိတ် ဖြစ်ပေါ်စေတဲ့ တစ်ဦးတည်းသော ကစားသမားကတော့ မက်ဆီ ပါပဲ။ ကျွန်တော့်အတွက်တော့ မက်ဆီဟာ မာရာဒိုနာလိုပါပဲ၊ ပြီးတော့ သူက ကျွန်တော် တကယ်နှစ်သက်မြတ်နိုးရတဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။

ကျွန်တော် သူနဲ့ ပြိုင်ဘက်အဖြစ် အကြိမ်အနည်းငယ် ကစားခဲ့ဖူးပြီး ကျွန်တော့်အမြင်မှာတော့ သူဟာ အကောင်းဆုံးပါပဲ။ အခုလို အသက်အရွယ်ရလာတဲ့ အချိန်မှာတောင် ကွင်းထဲမှာ သူကစားနေတာကို ကြည့်ရုံနဲ့တင် ကျွန်တော့်ကို ပြုံးမိစေတဲ့ တစ်ဦးတည်းသော ကစားသမားက မက်ဆီပဲ ဖြစ်ပါတယ်။"

ရွန်းနီဟာ ရော်နယ်ဒိုနဲ့အတူ မန်ချက်စတာယူနိုက်တက်မှာ အောင်မြင်မှုတွေ အတူတူရယူခဲ့ဖူးပေမဲ့ အကောင်းဆုံးကစားသမားကို ရွေးချယ်ခိုင်းတဲ့အခါတိုင်း လီယိုမက်ဆီကိုပဲ အမြဲတမ်း ဘက်လိုက်မှုမရှိ ရွေးချယ်လေ့ရှိသူပါ။

27/05/2026

ဒီယိုမန်ဒီအတွက် ဥရောပ ထိပ်သီးကလပ်အသင်းကြီးတွေရဲ့ အားပြိုင်မှု အရှိန်အဟုန်က တဖြည်းဖြည်း မြင့်တက်လာနေပြီ ဖြစ်ပါတယ်။

လက်ရှိမှာ လီဗာပူးလ်နဲ့ PSG အသင်းတို့ဟာ လိုက်ပ်ဇစ်အသင်းရဲ့ ကြပွင့်လေးကို ခေါ်ယူနိုင်ဖို့အတွက် အပြိုင်အဆိုင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီး တကယ့်ကို အကြိတ်အနယ် ရှိလှတဲ့ အပြောင်းအရွှေ့ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလာဖို့ ရှိပါတယ်။

အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့က ဒီယိုမန်ဒီကိုယ်တိုင် ဘယ်အသင်းရဲ့ ပရောဂျက်ကို ပိုသဘောကျလဲ ဆိုတဲ့ ဆုံးဖြတ်ချက်အပြင် လိုက်ပ်ဇစ်အသင်းဘက်က သတ်မှတ်လာမယ့် ပြောင်းရွှေ့ကြေးအပေါ်မှာပါ မူတည်နေပြီး၊ အနိမ့်ဆုံး ယူရို သန်း ၁၀၀ ကျော်အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

တကယ်တော့ လိုက်ပ်ဇစ်ဘက်က ဒီယိုမန်ဒီကို လစာတိုးပြီး ပိုမြင့်တဲ့ စာချုပ်ဖျက်သိမ်းကြေးနှုန်းထားနဲ့ စာချုပ်သစ်ချုပ်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း ကစားသမားကိုယ်တိုင်က အခုနွေရာသီမှာပဲ အသင်းပြောင်းဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီအပြောင်းအရွှေ့ရဲ့ နောက်ဆက်တွဲ ဂယက်ပဲ ဖြစ်ပါတယ်။

တကယ်လို့ ဒီယိုမန်ဒီသာ PSG အသင်းဆီ ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင် လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ရေဒါထဲမှာ ရှိနေတဲ့ PSG တောင်ပံကစားသမား ဘရက်ဒ်လေဘာကိုလာကို ခေါ်ယူဖို့အတွက် ချက်ချင်း ဦးတည်သွားမှာပါ။

ဘာကိုလာဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက လီဗာပူးလ်ရဲ့ အဓိက ပစ်မှတ်ဖြစ်ခဲ့ပြီးတော့ လက်ရှိ အပြောင်းအရွှေ့ဈေးကွက်မှာလည်း လီဗာပူးလ်တင်မကဘဲ အာဆင်နယ်အသင်းကပါ ခေါ်ယူချင်နေတဲ့ စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒိုင်အိုမန်ဒီရဲ့ အပြောင်းအရွှေ့ ဆုံးဖြတ်ချက်ဟာ လီဗာပူးလ်၊ PSG နဲ့ အာဆင်နယ် အစရှိတဲ့ ဥရောပ အင်အားကြီး ၃ သင်းရဲ့ ကစားသမား အားဖြည့်မှု ကံကြမ္မာကိုပါ တစ်ပါတည်း ဆွဲခေါ်သွားမယ့် အလှည့်အပြောင်းတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။

27/05/2026

ပြီးဆုံးတဲ့ ပရီးမီးယားလိဂ် ရာသီရဲ့ အကောင်းဆုံး နည်းပြဆုကိုတော့ ချွင်းချက်မရှိ မီခေးလ်အာတေတာ က ရရှိသွားခဲ့ပါတယ် ။ သိပြီးတဲ့အတိုင်း အာတီတာ ဟာ အကြိမ်ကြိမ် လွဲချော်နေတဲ့ ပရီးမီးယားလိဂ် ဆုဖလားကြီးကို အရယူရာမှာ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမှ အစွမ်းကုန်ပေးဆပ်ခဲ့သူ ဖြစ်ပါတယ် ။

ဆရာ ဂွာဒီယိုလာ ရဲ့ နောက်ကောက်ချခြင်းကို ခံနေရတဲ့ ဘဝ ကနေ တွန်းလှန်ကာ ဆုဖလား ကို အရယူပေးခဲ့တာကြောင့် ဒီဆုဟာ အာတီတာ က လွဲပြီး တခြား မရှိနိုင်တော့တာ ဖြစ်ပါတယ် ။

Congratulations အာတီတာ...

26/05/2026

ဂရန်းနစ်ချာကာ ဆိုတဲ့ ဆွစ်ဇာလန်သားကြီးရဲ့ ကစားသမားဘဝ အလှည့်အပြောင်းတွေက တအားကို ကြီးကျယ်ခမ်းနားလွန်းပါတယ်။ အာဆင်နယ်နဲ့အတူ နာမည်ကျော်လာတယ်။ ဆုဖလားသိမ်းနိုင်ဖို့ရာ မလုံလောက်ဘူးဆိုပြီးတော့ လွင့်ထွက်လာတယ်။

တစ်ရွာပြောင်းလို့ သူကောင်းဖြစ်ဆိုသလို အာဆင်နယ်က ထွက်ခွာလာပြီးတဲ့နောက်မှာ ချာကာဟာ ဇာဘီအလွန်ဆိုရဲ့ လေဗာကူဆင်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီးတော့ ရှုံးပွဲမရှိစံချိန်နဲ့ ဘွန်ဒက်လီဂါမှာ Invincible ချန်ပီယံဖြစ်ခဲ့တယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ဆန်းဒါးလန်းနဲ့အတူ ပရီးမီးယားလိဂ်ဆီကို တစ်ကျော့ပြန်လာခဲ့တယ်။ ဒီတစ်ကြိမ် ချာကာရဲ့ ရွေးချယ်မှုဟာလည်း မှန်ကန်ခဲ့သလို သူ့ရဲ့ဦးဆောင်မှုနဲ့ ၁၉၇၃ ခုနှစ်နှောင်းပိုင်း ပထမဆုံးသော အကြမ်အဖြစ် ကြောင်နက်တွေကို ဥရောပဝင်ခွင့် အရယူပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်ကနေ ထွက်ခွာလာပြီးတည်းက အသက် ၃၃ နှစ်အရွယ် ဆွစ်ဇာလန်သားကြီးဟာ တကယ့် သမိုင်းဝင်အခိုက်အတန့်တွေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

26/05/2026

ဘရူနိုဖာနန်ဒက်စ်ရဲ့ ဂိုးဖန်တီးမှုစံချိန် မချိုးဖျက်နိုင်သေးတဲ့ အချိန်တုန်းတည်းက Set-piece ဂိုးဖန်တီးမှု များနေလို့ ဘောင်မဝင်ပါဘူးဆိုပြီး တိုက်ခိုက်ခဲ့ကြတဲ့ ဖွတ်ကျားမင်းတွေရဲ့ မနာလိုစိတ်ဟာ အင်မတိ အင်မတန် ဆိုးရွားလွန်းလှပါတယ်။

ပရီးမီးယားလိဂ် ဖြစ်တည်လာတဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဘောလုံးတစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး ဆိုတဲ့ သမိုင်းမှတ်တမ်းဝင်ခဲ့တဲ့ ၂၁ ကြိမ် ဂိုးဖန်တီးမှုမှာ ဒေါ်ကူ ခေါင်းတိုက်ရာမှာ ဂိုးသမားနဲ့ထိပြီး ပြန်ဝင်သွားလို့ OG သတ်မှတ်ပေးဖို့ ပရီးမီးယားလိဂ်ကို တောင်းဆိုးကြပါတယ်။

ပရီးမီးယားလိဂ်က ဘာပြန်ပြောသလဲ ဆိုတော့ ‘မနာလိုစိတ်အပြည့်နဲ့ ဖွတ်ကျားမင်းတို့ရေ အဲ့ဒီဟာက ဂိုးဖန်တီးမှု စစ်မှန်တာဖြစ်လို့ မျက်ရည် ၂၁ စက် ကျကြကုန်လော့’ လို့ တုန့်ပြန်လာပါတယ်။

အချက်အလက်ပိုင်းမှာ ဆရာကျတဲ့ Opta ကလည်း ပရီးမီးယားလိဂ်ဘက်ကို အတည်ပြုပေးခဲ့သလို ဒိုင်လူကြီးတွေနဲ့ ကစားသမားဟောင်းတွေ ပါဝင်တဲ့ ဂိုးအတည်ပြုရေးကော်မတီကလည်း ဘရူနိုဟာ ၂၁ ကြိမ်မြောက် ဂိုးဖန်တီးမှုကို ရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

Want your business to be the top-listed Gym/sports Facility in Taunggyi?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Taunggyi