ပြည်တွင်းနှင့် နိုင်ငံတကာက နာမည်ကြီး T-i-p-s ဆရာတွေဆီက ဒေါ်လာပေးဝယ်ရတဲ့ ပွဲစဉ်ခန့်မှန်းချက်တွေနဲ့ အတွင်းကျကျ သုံးသပ်ချက်တွေကို Free တင်ပေးမယ့် C-h-a-n-n-e-l ရှိပါတယ်။
🔗 ဝင်ရောက်ရန် C-h-a-n-n-e-l လင့်ခ် ➡️ https://t.me/ygn365tip
နေ့စဉ် (၂) ပွဲကနေ (၃) ပွဲအထိ တိကျသေချာတဲ့ သုံးသပ်ချက်တွေနဲ့ တင်ဆက်ပေးနေတာမို့ အရင်ဆုံး ဝင်ထားဖို့ တိုက်တွန်းချင်ပါတယ်။
Sport News Myanmar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sport News Myanmar, Sports, Taunggyi.
31/05/2026
ပီအက်စ်ဂျီ ချန်ပီယံလိဂ်ဗိုလ်စွဲပြီးနောက် ပဲရစ်တွင် ဆူပူမှုဖြစ်ပွား၊ ပရိသတ် ၂၃၅ ဦး ဖမ်းဆီးခံရ
ပဲရစ်၊ မေ ၃၁
ဘူဒါပတ်စ်တွင် ကစားခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ ပီအက်စ်ဂျီအသင်းက အာဆင်နယ်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ၂ ကြိမ်ဆက် ချန်ပီယံဖြစ်ခဲ့သော်လည်း၊ ပဲရစ်မြို့လယ်တွင်မူ ရုန်းရင်းဆန်ခတ်မှုများကြောင့် ပရိသတ် ၂၃၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။
အာဆင်နယ်က ဟာဗတ်ဇ်၏ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း ပီအက်စ်ဂျီက ဒမ်ဘီလီ၏ ပင်နယ်တီဖြင့် ချေပခဲ့သည်။ အချိန်ပိုအထိ ၁-၁ သရေကျသဖြင့် ပင်နယ်တီအဆုံးအဖြတ် ခံယူရာတွင် အာဆင်နယ်မှ အီဇီးနှင့် ဂါဘရီရယ်တို့ လွဲချော်ခဲ့၍ ပီအက်စ်ဂျီ သမိုင်းဝင်ဗိုလ်စွဲခဲ့သည်။
ဆူပူမှုအစ: ပွဲအစပိုင်း အာဆင်နယ် ဦးဆောင်ဂိုးရချိန်မှစ၍ ပဲရစ်မြို့ Chatelet ဧရိယာတွင် ရဲတပ်ဖွဲ့ကို ထိုင်ခုံ၊ ပုလင်းများဖြင့် ပစ်ပေါက်ကာ ဆူပူမှုစတင်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင် ၅,၀၀၀ နီးပါးဖြင့် ထိန်းသိမ်းခဲ့ရပြီး အချို့ဆိုင်များ တီဗွီပိတ်လိုက်ရသည်အထိ ဆိုးရွားခဲ့သည်။
ဖမ်းဆီးမှုနှင့် ပျက်စီးမှု: ဆူပူမှုကြောင့် ကားများနှင့် စတိုးဆိုင်မျက်နှာစာများ ပျက်စီးခဲ့သည်။ ပဲရစ်တွင် ၂၃၅ ဦးနှင့် ပြင်သစ်တစ်နိုင်ငံလုံးတွင် ၃၂၆ ဦးအထိ ဖမ်းဆီးခံခဲ့ရကာ ပရိသတ်များထံမှ လက်နက်နှင့် မီးရှူးများကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။
30/05/2026
"PSG ARE THE KINGS OF EUROPE AGAIN! 🏆✨
Champions League ဖလားကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ PSG အတွက် ဂုဏ်ယူပါတယ်။
"နောက်ဆုံးမိနစ်အထိ ရင်တမမနဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ PSG နိုင်သွားပြီ! 🏆🔥
ရုန်းကန်ခဲ့သမျှ အားလုံးအတွက် ထိုက်တန်တဲ့ အောင်ပွဲပါပဲ။
🏆 Congratulations PSG
🏆 Back-to-Back Champions
30/05/2026
ပထမပိုင်းရလဒ်
PSG 0 - 1 Arsenal
ပထမပိုင်းမှာတော့ အာဆင်နယ်အသင်းဟာ ကိုင်ဟာဗက်ဇ်ရဲ့ ပွဲအစ ၆ မိနစ်က တစ်လုံးတည်းသောသွင်းဂိုးနဲ့ပဲ ပီအက်စ်ဂျီကို ဦးဆောင်ထားနိုင်ပါတယ်။
ပီအက်စ်ဂျီဟာ ဘောလုံးပိုင်ဆိုင်မှု အတော်လေးအသာစီးရခဲ့ပေမဲ့ အာဆင်နယ် နောက်တန်းရဲ့ ကျစ်လျစ်မှုကို မကျော်ဖြတ်နိုင်သေးတာကြောင့် ချေပဂိုးနဲ့အလှမ်းဝေးကွာနေပါတယ်။
ဒုတိယပိုင်းမှာ အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရမလား စောင့်ကြည့်ရပါမယ်။
30/05/2026
🛑 ရလဒ်ဆိုးများကြောင့် အာနယ်ဆလော့ကို လီဗာပူးလ်အသင်း ရာထူးမှ ထုတ်ပယ်
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်ရာသီက အသင်း၏ ရလဒ်ဆိုးရွားမှုများကြောင့် နည်းပြဖြစ်သူ အာနယ်ဆလော့ (Arne Slot) ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။
လီဗာပူးလ်အသင်း၏ ထုတ်ပြန်ချက်တွင် အသက် (၄၇) နှစ်အရွယ် ဒတ်ချ်လူမျိုးနည်းပြ အာနယ်ဆလော့သည် ၎င်း၏ရာထူးမှ ချက်ချင်းထွက်ခွာသွားပြီဖြစ်ပြီး၊ အသင်းအနေဖြင့် နည်းပြသစ် အစားထိုးခန့်အပ်နိုင်ရေး လုပ်ငန်းစဉ်များကို ချက်ချင်းစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် အာနယ်ဆလော့နှင့် လမ်းခွဲခဲ့ရခြင်းမှာ အသင်းအတွက် အလွန်ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။
🏆 အောင်မြင်မှုနှင့် ရုန်းကန်ခဲ့ရသည့် ရာသီ
အာနယ်ဆလော့သည် လီဗာပူးလ်အသင်းကို စတင်ကိုင်တွယ်သည့် ၎င်း၏ပွဲဦးထွက်ရာသီတွင် အသင်းအတွက် (၂၀) ကြိမ်မြောက်မြောက် ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို အရယူပေးနိုင်ခဲ့သူဖြစ်သည်။
သို့သော်လည်း ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့တွင် ကစားသမားသစ်ခေါ်ယူမှုအတွက် စံချိန်တင်ငွေကြေး သုံးစွဲခဲ့သော်လည်း အသင်းမှာ ရလဒ်ဆိုးများနှင့် ဆက်တိုက်ရုန်းကန်ခဲ့ရပြီး၊ ရာသီအသိမ်းတွင် ပရီးမီးယားလိဂ် အဆင့် (၅) နေရာသာ ရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။
🔮 နည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေသူ
လက်ရှိတွင် လီဗာပူးလ်အသင်း၏ နည်းပြသစ်ဖြစ်လာရန် ဘုန်းမောက်အသင်းနှင့် လမ်းခွဲခဲ့သည့် နည်းပြ အီရာအိုလာ (Andoni Iraola) က အရှိန်အဟုန်အကောင်းဆုံးနှင့် ရေပန်းအစားဆုံး ဖြစ်နေကြောင်း သိရသည်။
29/05/2026
🔴⚪️ ARSENAL လား? 🔵🔴 PSG လား?
ဥရောပဘုရင် ခန့်မှန်းပြီး ဆုငွေယူပါ။
Champions League ဗိုလ်လုပွဲကြီးမှာ အမြောက်တပ်သားတွေ သမိုင်းသစ်ရေးမလား? ဒါမှမဟုတ် ပါရီသားတွေ ချန်ပီယံဂုဏ်ကို ဆက်ထိန်းမလား 🏆
ရင်ခုန်စိတ်လှုပ်ရှားစရာ ဒီပွဲကြီးအတွက် ပွဲရလဒ်ကို ကွက်တိခန့်မှန်းနိုင်မယ့် "ဘောလုံးဆရာကြီး" တွေအတွက် စုစုပေါင်း ဆုကြေးငွေ ၉၀,၀၀၀ ကျပ် ပြင်ဆင်ထားပါတယ် 👇
💰 ဆုကြေးငွေ စာရင်း-
🏆 ပထမဆု: ၅၀,၀၀၀ ကျပ်
🥈 ဒုတိယဆု: ၃၀,၀၀၀ ကျပ်
🥉 တတိယဆု: ၁၀,၀၀၀ ကျပ်
🎁 ပါဝင်ကံစမ်းရန် စည်းကမ်းချက်များ (၃) ဆင့်
၁။ ဒီ Post ကို Like လုပ်ပြီး Public နဲ့ Share ပေးပါ။
၂။ ကျွန်တော်တို့ရဲ့ Telegram Channel ကို Join ထားပေးပါ။
👉 https://t.me/ygn365tip
၃။ အားလုံးပြီးရင်တော့ အောက်က Comment မှာ အောက်ပါအတိုင်း ပုံစံကွက်တိ ခန့်မှန်းပေးရုံပါပဲဗျာ။
👉 ခန့်မှန်းရမည့် ပုံစံ-
ပထမပိုင်းရလဒ် -
(ဥပမာ - Arsenal 1 - 0 PSG)
ပွဲပြီးရလဒ် -
(ဥပမာ - Arsenal 2 - 1 PSG)
ပထမဆုံး ဂိုးသွင်းမည့်သူ - (ဥပမာ - Saka)
(ဥပမာ - Arsenal 2 - 1 PSG)
⚠️ အရေးကြီးသော စည်းမျဉ်းများ (မဖြစ်မနေ ဖတ်ပေးရန်)
⏰ ခန့်မှန်းခြင်းကို ပွဲမစခင် အချိန်အထိပဲ လက်ခံပါမယ်။ ပွဲစပြီးမှ မန့်တဲ့ Comment တွေ ထည့်သွင်းတွက်ချက်မှာ မဟုတ်ပါဘူး။
🚫 Comment ကို Edit လုပ်ထားရင် (သို့မဟုတ်) Account တစ်ခုတည်းကနေ အဖြေမျိုးစုံ ပတ်မန့်ထားရင် ပယ်ဖျက်ပါမယ်။
📸 ဆုပေါက်မဲ ထွက်လာတဲ့အခါ တကယ်ပဲ Like, Share လုပ်ထားပြီး Telegram Channel ထဲ Join ထားကြောင်း Screenshot (အထောက်အထား) ပြသနိုင်မှသာ ဆုလက်ဆောင်ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။
(မှတ်ချက်။ ။ ရလဒ်မှန်ကန်သူများထဲမှ စည်းကမ်းချက်နှင့် ကိုက်ညီသူ (၃) ဦးကို မဲနှိုက်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုများ အလိုက် ပေးအပ်သွားပါမည်။)
အဖြေမှန်သူ ၃ဦးထက်မက ရှိပါက ပထမဆုံး အဖြေမှန် ဖြေဆိုသူ ၃ဦးကိုသာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
28/05/2026
HERE WE GO 🔵🔴 ဂေါ်ဒန် ဘာစီလိုနာကို ပြောင်းပြီ။
ဘာစီလိုနာအသင်းဟာ နယူးကာဆယ်ရဲ့ တောင်ပံကြယ်ပွင့် အန်တိုနီဂေါ်ဒန်ကို ယူရို သန်း ၇၀ + အပိုဆုကြေး (စုစုပေါင်း Package သန်း ၈၀) နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။
📌 အပြောင်းအရွှေ့ အသေးစိတ်
ပုဂ္ဂိုလ်ရေးသဘောတူညီမှု: ကစားသမားဖြစ်သူနဲ့ အရင်ဆုံး သဘောတူညီမှုရခဲ့တာဖြစ်ပြီး၊ ကလပ်အသင်းအချင်းချင်းကြားမှာ ၂၄ နာရီအတွင်း အမြန်ဆန်ဆုံး ဆွေးနွေးနားလည်မှု ရယူနိုင်ခဲ့တာပါ။
စာချုပ်သက်တမ်း: ၅ နှစ်စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။
ဆေးစစ်မှု: မနက်ဖြန်မှာ ဘာစီလိုနာမြို့ကို သွားရောက်ပြီး ဆေးစစ်မှု ခံယူတော့မှာပါ။
📊 Financial Fair Play (FFP) အခြေအနေ ဂေါ်ဒန်ကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူတဲ့အတွက် FFP စည်းမျဉ်းအရ တစ်နှစ်ကို ပြောင်းရွှေ့ကြေးနဲ့ လစာအချိုးအစား ယူရို ၂၅ သန်းပဲ စာရင်းပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါဟာ ဥပမာအားဖြင့် ရက်ချ်ဖို့ဒ်ကို ယူရို သန်း ၃၀ နဲ့ ၃ နှစ်စာချုပ် ချုပ်ပြီး တစ်နှစ်ကို FFP Space ၂၄ သန်း ပြရမယ့် အခြေအနေနဲ့ အတူတူနီးပါးပဲမို့ ဘာစီလိုနာအတွက် ဘဏ္ဍာရေးအရ တွက်ချေကိုက်တဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်လာမှာပါ။
27/05/2026
တိတိကျကျပြောရရင် လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဖြစ်ပါတယ်။ ပက်ဂွာဒီယိုလာ မန်စီးတီးအသင်းနည်းပြအဖြစ် စတင်တာဝန်ယူကိုင်တွယ်ခဲ့စဥ်ကပေါ့။ ဂွာဒီယိုလာ ရောက်ရောက်ချင်းမှာပဲ မန်စီးတီးအသင်းက သူ့အတွက် စီစဥ်ပေးထားတဲ့ Taxi ကားလေးနဲ့ မန်ချက်စတာမြို့ကို လှည့်ပတ်ကြည့်ရှုစေခဲ့ပါတယ်။ မထင်မှတ်ဘဲ လမ်းမပေါ်က မန်စီးတီးပရိသတ် ကလေးငယ်တစ်ယောက်ကိုတွေ့လို့ ဂွာဒီယိုလာက သူနဲ့အတူ ကားကြုံလိုက်စီးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
အဆိုပါကလေးငယ်လေးရဲ့ နာမည်ကတော့ ဘရေဒန်ဘန့်လို့ခေါ်ပါတယ်။ ဘရေဒန်ဘန့်ဟာ ကားပေါ်တက်လိုက်တာနဲ့ ဂွာဒီယိုလာကိုတွေ့လိုက်ရလို့ အရမ်းအံ့သြသွားခဲ့တာပါ။ ကမ္ဘာကျော်နည်းပြကြီးတစ်ဦးနဲ့ ကားကြုံလိုက်စီးရဖို့ဆိုတာ သူ့အတွက်တော့ အိပ်မက်တစ်ခုလို ဖြစ်နေပါတယ်။ ဂွာဒီယိုလာကလည်း ဘရေဒန်ဘန့်ကို ရင်းရင်းနှီးနှီး ပွေ့ဖက်နှုတ်ဆက်ခဲ့ပြီး အမှတ်တရ ဆဲလ်ဖီလေးလည်း အတူရိုက်ခဲ့ပါသေးတယ်။ ဘရန်ဒန်ဘန့်အတွက်တော့ မေ့မရတဲ့နေ့စွဲလေးတစ်ခုပါပဲ။
ဒီလိုနဲ့ ၉ နှစ်ခန့်ကြာသွားပြီးနောက်မှာတော့ ဂွာဒီယိုလာဟာ မန်စီးတီးနည်းပြရာထူးကနေ အနားယူပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ဂွာဒီယိုလာဟာ မန်စီးတီးနည်းပြဘဝအစက တွေ့ဆုံခဲ့ရတဲ့ ဘရန်ဒန်ဘန့်ကို မမေ့ဘဲ သူ့ရဲ့နှုတ်ဆက်ပွဲကို မှတ်မှတ်ရရ ဖိတ်ကြားခဲ့ပါတယ်။ ဘရေဒန်ဘန့်ဟာ လက်ရှိအချိန်မှာတော့ အသက် ၁၇ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဂျာနယ်လစ်တစ်ဦးအဖြစ်တောင် အသက်မွေးဝမ်းကြောင်းပြုနေပါပြီ။ ဘရန်ဒန်ဘန့်ကလည်း ဂွာဒီယိုလာရဲ့ နှုတ်ဆက်ပွဲမှာ အမှတ်တရဆဲလ်ဖီ ပြန်ရိုက်ကာ အတူအောင်ပွဲခံခဲ့ကြပြီး သူတို့နှစ်ဦးရဲ့ရင်းနှီးမှုကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ ကမ္ဘာကျော်နည်းပြတစ်ဦးဖြစ်ပေမယ့် မောက်မာမှုကင်းပြီး ရိုးသားပွင့်လင်းလွန်းတဲ့ ဂွာဒီယိုလာဟာ မန်စီးတီးပရိသတ်တွေအတွက်တော့ အမြဲတမ်းအမှတ်ရနေမယ့် ဂန္တဝင်တစ်ဦးပဲ ဖြစ်ပါတော့တယ်။
🏆 ဗုဒ္ဓဟူးည ကွန်ဖရန့်လိဂ် ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက် 🏆
🔥 စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဗိုလ်လုပွဲ သုံးသပ်ချက်များကို အောက်ပါ Channel များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ 👇
📲 Burma 365 Tip
👉 https://t.me/burma365tip
📲 YGN 365 Tip
👉 https://t.me/ygn365tip
⚽ ပွဲကြိုခန့်မှန်းချက်တွေနဲ့ အကြိုက်တူတာတွေကို ဆွေးနွေးဖို့ Channel တွေကို အခုပဲ Joint ထားလိုက်တော့နော်👑✨
25/05/2026
Real Madrid ကစားသမား တယောက်မှ မပါဝင်တဲ့
စပိန်ကမ္ဘာ့ဖလားလူစာရင်း 🇪🇦
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Taunggyi
06101