delete ခလုတ်နှိပ်သလို မလွယ်ကူတဲ့ move on ဖို့ ခက်ခဲစေတဲ့ အကြောင်းရင်းများ
သင်ရော ဘယ်အကြောင်းအရင်းကြောင့် move on ဖို့ခက်ခဲနေသလဲ အဖြေရှာလိုက်တော့နော်
#မေကိုး
May Coe - Words For Soul
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Coe - Words For Soul, Yangon.
စာရေးသူ ကျွန်မဘဝတစ်လျှောက်တွေ့ကြုံခဲ့ရတဲ့ လူ့သဘောသဘာဝတစေ့တစောင်းနှင့် ဘဝရဲ့လောကဓံ မှရရှိခဲ့တဲ့ ဘဝသင်ခန်းစာ၊ စိတ်ဓာတ်ခွန်အား ၊ စာပေ တို့မှရရှိသော နှလုံးသားမှ ဖြစ်တည်အသိတရား ဘဝသင်ခန်းစာများကို စကားလုံးများဖြင့်ကိုယ်တိုင်ရေးသားတင်ပြထားတဲ့ page ဖြစ်ပါတယ်
17/04/2026
ကိုယ့်ကိုနာကျင်စေခဲ့သူတွေ နောက်တစ်ကြိမ်ပြန်လာခြင်းက ချစ်ခြင်း နဲ့ နောင်တ ဖြစ်ချင်မှဖြစ်လိမ့်မယ်
#မေကိုး
လူတစ်ယောက်ကိုသည်းခံခွင့်လွှတ်ဖို့ကြိုးစားတဲ့အခါ ပြုပြင်ပြောင်းလဲမှုမရှိတဲ့ လူတစ်ယောက်ကို အကြိမ်ကြိမ်ခွင့်လွှတ်သည်းခံနေခြင်းက ကိုယ်တန်ဖိုးကို ကိုယ်တိုင်နှိမ့်ချနေခြင်းဖြစ်ပီး အဆိပ်ပင်ကို ကိုယ်ကိုယ်တိုင်ရေလောင်းနေခြင်းပါပဲ
#မေကိုး
"အချိန်ကစကားပြောလိမ့်မယ်ဆိုတာ" ငယ်ငယ်တုန်း အဓိပ္ပာယ်ကို သေချာနားမလည်ခဲ့ဘူး။
အသက်အရွယ်ရင့်ကျင့်လာတော့ သိလိုက်ရတာ
အချိန်က- ကိုယ့်အပေါ်မကောင်းသူတွေရဲ့မျက်နှာဖုံးကို ကွာကျစေတယ်။
အချိန်က - ဘယ်လောက်ပဲချစ်ခင်ခဲ့ပါစေ ကိုယ်အပေါ်မကောင်းခဲ့တဲ့သူကို အပြုံးလေးနဲ့ လျစ်လျူရှုသွားတတ်စေနိုင်တယ်။
အချိန်က - နာကျင်ခဲ့တဲ့ စိတ်ဒဏ်ရာတွေကို တဖြည်းဖြည်းအနာကျက်စေတယ်။
တကယ်တော့ အချိန်ဆိုတာ စောင့်ဆိုင်းတတ်ရင် အမှန်တရား နဲ့ ကုစားတတ်ရင် သမားတော် လိုပါပဲ။
#မေကိုး
12/03/2026
မျက်ရည်ကျတာ အားနည်းတာမဟုတ်ပါဘူး ။ စိတ်ကို သန့်ရှင်းပေါ့ပါးအောင်ပြုလုပ်တဲ့ သဘာဝလုပ်ငန်းစဉ်လေးတစ်ခုပါ။
#မေကိုး✍️✍️✍️
07/03/2026
မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ ကိုယ့် ကွယ်ရမှာတောင် ကိုယ့်နာမည်နဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးတတ်သူပါ
#မေကိုး✍️✍️✍️
03/03/2026
ပြန်မရနိုင်တဲ့ကိုယ်ရဲ့အဖိုးတန်အချိန်တွေက ကိုယ်အတွက် အမြဲတမ်းရှိနေမယ့် ထိုက်တန်တဲ့ သူတွေ အတွက်ပဲဖြစ်သင့်တယ်။
#မေကိုး ✍️✍️
28/02/2026
တိတ်ဆိတ်ခြင်းက စကားလုံးတွေမပါတဲ့ အပြင်းထန်ဆုံး အဖြေတစ်ခုပါ။
#မေကိုး✍️✍️✍️28.2.26
ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင်ပဲမြှင့်တင်တတ်ရတယ်။
#မေကိုး
Click here to claim your Sponsored Listing.